ကင်းလှည့်နေတဲ့ ဖိလစ်ပိုင်လေယာဉ်ကို တရုတ်တပ်ဖွဲ့တွေက မီးကျည်(၃)ခုနဲ့ပစ်ခတ်ပြီး ရန်စ

227

Pika (NP News) - ဒီဇင်ဘာ ၈
အငြင်းပွားတောင်တရုတ်ပင်လယ်အတွင်းမှာ ပုံမှန်ကင်းလှည့်မှုတွေ လုပ်ဆောင်နေတဲ့ ဖိလစ်ပိုင်လေယာဉ်တစ်စင်း ကို တရုတ်တပ်ဖွဲ့တွေက မီးကျည်(၃)ခုနဲ့ပစ်ခတ်ခဲ့တယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပြောကြား ခဲ့ပါတယ်။
ဒါပေမယ့်လည်း တရုတ်ဘက်က ပစ်လွှတ်လိုက်တဲ့ မီးကျည်(၃)ခုဟာ ဖိလစ်ပိုင်လေယာဉ်ကို ထိမှန်ခဲ့တာမျိုးမရှိဘဲ ၎င်းရဲ့စောင့်ကြည့်ရေးမစ်ရှင်ကို အောင်မြင်စွာဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တရုတ်အစိုးရတာဝန်ရှိသူတွေက ချက်ချင်း မှတ်ချက်ပြုပြောဆို တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းပိုင်ဆိုင်တယ်လို့ တရုတ်အစိုးရက အခိုင်အမာပြောဆိုထားသလို အခြားနိုင်ငံအများအပြားကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားကြပါတယ်။ တရုတ်တပ်ဖွဲ့တွေဟာ အငြင်းပွားတောင်တရုတ်ပင်လယ်အတွင်းက ၎င်းတို့ရဲ့ ရေပိုင်နက်ထဲကိုဝင်လာတဲ့ နိုင်ငံခြားလေယာဉ်တွေကို ဝေးရာကိုသွားဖို့ သတိပေးချက်အဖြစ် မီးကျည်တွေကို ပစ်ခတ်ခဲ့တယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ပြောကြားထားပါတယ်။
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က “ပုံမှန်ကင်းလှည့်မှုတွေလုပ်ဆောင်နေတဲ့ဖိလစ်ပိုင်လေယာဉ်ကို တရုတ်တပ်ဖွဲ့ တွေက မီးကျည်(၃)ခုနဲ့ပစ်ခတ်ခဲ့ပေမယ့် ထိခိုက်ပျက်စီးတာမျိုးတော့ မရှိခဲ့ပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ကင္းလွည့္ေနတဲ့ ဖိလစ္ပိုင္ေလယာဥ္ကို တ႐ုတ္တပ္ဖြဲ႕ေတြက မီးက်ည္(၃)ခုနဲ႔ပစ္ခတ္ၿပီး ရန္စ
Pika (NP News) - ဒီဇင္ဘာ ၈
အျငင္းပြားေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ပုံမွန္ကင္းလွည့္မႈေတြ လုပ္ေဆာင္ေနတဲ့ ဖိလစ္ပိုင္ေလယာဥ္တစ္စင္း ကို တ႐ုတ္တပ္ဖြဲ႕ေတြက မီးက်ည္(၃)ခုနဲ႔ပစ္ခတ္ခဲ့တယ္လို႔ ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕က ထုတ္ျပန္ေျပာၾကား ခဲ့ပါတယ္။
ဒါေပမယ့္လည္း တ႐ုတ္ဘက္က ပစ္လႊတ္လိုက္တဲ့ မီးက်ည္(၃)ခုဟာ ဖိလစ္ပိုင္ေလယာဥ္ကို ထိမွန္ခဲ့တာမ်ိဳးမရွိဘဲ ၎ရဲ႕ေစာင့္ၾကည့္ေရးမစ္ရွင္ကို ေအာင္ျမင္စြာဆက္လက္လုပ္ေဆာင္ခဲ့တယ္လို႔ ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး တ႐ုတ္အစိုးရတာဝန္ရွိသူေတြက ခ်က္ခ်င္း မွတ္ခ်က္ျပဳေျပာဆို တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။
ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးကို ၎ပိုင္ဆိုင္တယ္လို႔ တ႐ုတ္အစိုးရက အခိုင္အမာေျပာဆိုထားသလို အျခားႏိုင္ငံအမ်ားအျပားကလည္း ေတာင္တ႐ုတ္ပင္လယ္အတြင္း တစ္စိတ္တစ္ပိုင္းကို ၎တို႔ပိုင္ဆိုင္တယ္လို႔ အခိုင္အမာေျပာဆိုထားၾကပါတယ္။ တ႐ုတ္တပ္ဖြဲ႕ေတြဟာ အျငင္းပြားေတာင္တ႐ုတ္ပင္လယ္အတြင္းက ၎တို႔ရဲ႕ ေရပိုင္နက္ထဲကိုဝင္လာတဲ့ ႏိုင္ငံျခားေလယာဥ္ေတြကို ေဝးရာကိုသြားဖို႔ သတိေပးခ်က္အျဖစ္ မီးက်ည္ေတြကို ပစ္ခတ္ခဲ့တယ္လို႔ တ႐ုတ္အစိုးရက ထုတ္ျပန္ေျပာၾကားထားပါတယ္။
ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕က “ပုံမွန္ကင္းလွည့္မႈေတြလုပ္ေဆာင္ေနတဲ့ဖိလစ္ပိုင္ေလယာဥ္ကို တ႐ုတ္တပ္ဖြဲ႕ ေတြက မီးက်ည္(၃)ခုနဲ႔ပစ္ခတ္ခဲ့ေပမယ့္ ထိခိုက္ပ်က္စီးတာမ်ိဳးေတာ့ မရွိခဲ့ပါဘူး” လို႔ ေျပာခဲ့ပါတယ္။