ဥရောပသမဂ္ဂက အကျင့်ပျက်ခြစားမှုအတွင်းမှာ နစ်မြုပ်နေတယ်လို့ ဟန်ဂေရီအစိုးရ ဝေဖန်

136

Pika (NP News) - ဒီဇင်ဘာ ၈
ဥရောပသမဂ္ဂဟာ အကျင့်ပျက်ခြစားမှုအတွင်းမှာ နစ်မြုပ်နေပေမယ့်လည်း ကိုယ့်ကျင့်တရားပိုင်းမှာ ကောင်းမွန်တဲ့ အခြေခံရှိတယ်ဆိုပြီး ကြွေးကြော်နေဆဲဖြစ်တယ်လို့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တောအော်ဗန်က ဝေဖန်ပြောဆိုခဲ့ပါ တယ်။ ဒါ့ပြင် ဥရောပသမဂ္ဂနဲ့ ယူကရိန်းတို့ဟာ အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံတွေကနေ အချင်းချင်းကာကွယ် ပေးနေကြတယ်လို့ ဗစ်တောအော်ဗန်က စွပ်စွဲပြောဆိုခဲ့ပါတယ်။
ဥရောပအစိုးရရှေ့နေရုံး (EPPO) ဟာ ဥရောပသမဂ္ဂရဲ့နိုင်ငံခြားရေးမူဝါဒရေးရာအကြီးအကဲဟောင်းနဲ့ ဥရောပ ကော်မရှင်ဒုဥက္ကဋ္ဌ Federica Mogherini အပါအဝင် ထိပ်တန်းသံသယရှိသူ(၃)ဦးကို လိမ်လည်မှု၊ အကျင့်ပျက်ခြ စားမှု၊ အကျိုးစီးပွားဆိုင်ရာပဋိပက္ခနဲ့ ပရော်ဖက်ရှင်နယ်လျှို့ဝှက်ချက်ကို ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး တရားဝင် စွပ်စွဲမှုတွေ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
ဒါ့ပြင် အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံတွေရှိနေပေမယ့်လည်း ဥရောပသမဂ္ဂက လာမယ့်နှစ်မှာ ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ(၁၅၆)ဘီလျံပေးအပ်မယ့်အစီအစဉ်ကို အတည်ပြုဖို့ ကြိုးပမ်းခဲ့တယ်လို့လည်း သိရပါတယ်။ ဥရောပသမဂ္ဂဟာ ယူကရိန်းရဲ့အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံအတွက် သင့်လျော်တဲ့တုံ့ပြန်မှုတွေလုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း ဗစ်တောအော်ဗန်က ဝေဖန်ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ဥရောပသမဂ္ဂရဲ့ခေါင်းဆောင်ပိုင်းဟာ ယူကရိန်းရဲ့အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကို ဖုံးကွယ်ပြီး ကာကွယ် ပေးထားတယ်လို့လည်း ဗစ်တောအော်ဗန်က စွပ်စွဲပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ဥေရာပသမဂၢက အက်င့္ပ်က္ျခစားမႈအတြင္းမွာ နစ္ျမဳပ္ေနတယ္လို႔ ဟန္ေဂရီအစိုးရ ေဝဖန္
Pika (NP News) - ဒီဇင္ဘာ ၈
ဥေရာပသမဂၢဟာ အက်င့္ပ်က္ျခစားမႈအတြင္းမွာ နစ္ျမဳပ္ေနေပမယ့္လည္း ကိုယ့္က်င့္တရားပိုင္းမွာ ေကာင္းမြန္တဲ့ အေျခခံရွိတယ္ဆိုၿပီး ေႂကြးေၾကာ္ေနဆဲျဖစ္တယ္လို႔ ဟန္ေဂရီဝန္ႀကီးခ်ဳပ္ ဗစ္ေတာေအာ္ဗန္က ေဝဖန္ေျပာဆိုခဲ့ပါ တယ္။ ဒါ့ျပင္ ဥေရာပသမဂၢနဲ႔ ယူကရိန္းတို႔ဟာ အက်င့္ပ်က္ျခစားမႈအရႈပ္ေတာ္ပုံေတြကေန အခ်င္းခ်င္းကာကြယ္ ေပးေနၾကတယ္လို႔ ဗစ္ေတာေအာ္ဗန္က စြပ္စြဲေျပာဆိုခဲ့ပါတယ္။
ဥေရာပအစိုးရေရွ႕ေန႐ုံး (EPPO) ဟာ ဥေရာပသမဂၢရဲ႕ႏိုင္ငံျခားေရးမူဝါဒေရးရာအႀကီးအကဲေဟာင္းနဲ႔ ဥေရာပ ေကာ္မရွင္ဒုဥကၠ႒ Federica Mogherini အပါအဝင္ ထိပ္တန္းသံသယရွိသူ(၃)ဦးကို လိမ္လည္မႈ၊ အက်င့္ပ်က္ျခ စားမႈ၊ အက်ိဳးစီးပြားဆိုင္ရာပဋိပကၡနဲ႔ ပေရာ္ဖက္ရွင္နယ္လွ်ိဳ႕ဝွက္ခ်က္ကို ခ်ိဳးေဖာက္မႈေတြနဲ႔ပတ္သက္ၿပီး တရားဝင္ စြပ္စြဲမႈေတြ လုပ္ေဆာင္ထားတယ္လို႔ သိရပါတယ္။
ဒါ့ျပင္ အက်င့္ပ်က္ျခစားမႈအရႈပ္ေတာ္ပုံေတြရွိေနေပမယ့္လည္း ဥေရာပသမဂၢက လာမယ့္ႏွစ္မွာ ယူကရိန္းအတြက္ အေမရိကန္ေဒၚလာ(၁၅၆)ဘီလ်ံေပးအပ္မယ့္အစီအစဥ္ကို အတည္ျပဳဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔လည္း သိရပါတယ္။ ဥေရာပသမဂၢဟာ ယူကရိန္းရဲ႕အက်င့္ပ်က္ျခစားမႈအရႈပ္ေတာ္ပုံအတြက္ သင့္ေလ်ာ္တဲ့တုံ႔ျပန္မႈေတြလုပ္ေဆာင္ဖို႔ ပ်က္ကြက္ခဲ့တယ္လို႔လည္း ဗစ္ေတာေအာ္ဗန္က ေဝဖန္ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ ဥေရာပသမဂၢရဲ႕ေခါင္းေဆာင္ပိုင္းဟာ ယူကရိန္းရဲ႕အက်င့္ပ်က္ျခစားမႈ အရႈပ္ေတာ္ပုံကို ဖုံးကြယ္ၿပီး ကာကြယ္ ေပးထားတယ္လို႔လည္း ဗစ္ေတာေအာ္ဗန္က စြပ္စြဲေျပာဆိုခဲ့ပါတယ္။