မွေးကင်းစက အမှိုက်ပုံမှာ စွန့်ပစ်ခံခဲ့ရပေမယ့် သန်းကြွယ်သူဋ္ဌေးကြီး ဖြစ်လာသူ

 774

ဝတီ (NP News) - ဩဂုတ် ၂၄
ဖရက်ဒီဖစ်ဂါစ် (Freddie Figgers)ဆိုတဲ့ သူဟာ အမိဝမ်းက ကျွတ်ပြီးလို့ နာရီပိုင်းပဲ ရှိသေးတဲ့အချိန်မှာပဲ အမှိုက်ပုံထဲ စွန့်ပစ်ခံခဲ့ရသူဖြစ်ပါတယ်။ ဖြတ်သွားဖြတ်လာတစ်ယောက်က သူ့ကိုတွေ့သွားပြီး ရဲကို အကြောင်းကြားလိုက်ပါတယ်။ နုနုနယ်နယ်အရွယ်
လေးမှာပဲ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်က အမှိုက်ပုံမှာ စွန့်ပစ်ခံခဲ့ရ တာဆိုတော့ သူဟာ ဒဏ်ရာတွေဘာတွေ နည်းနည်းပါးပါးရသွားခဲ့ပါတယ်။ အဲဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေက သူ့ကို နှစ်ရက်လောက် ဆေးရုံတင်ပေးလိုက်ရပြီး ပြီးတော့မှမွေးစားမိဘတွေလက်ထဲ ထည့်ပေးလိုက်ပါတယ်။

သူ့ကိုမွေးစားလိုက်တဲ့ ဇနီးမောင်နှံကတော့ နေသန် နဲ့ ဘက်တီဖစ်ဂါစ် (Nathan and Betty Figgers) ပဲဖြစ်ပါတယ်။ သူတို့မှာ သမီးလေးတစ်ယောက်ရှိနေပေမယ့် ဒီကလေးကို သနားလို့ဆိုပြီး မွေး စားလိုက်တာပါ။ သူတို့ဇနီးမောင်နှံက ဖလော်ရီဒါပြည်နယ်မှာပဲ နေထိုင်တာဖြစ်ပါတယ်။ ကလေးလေးဟာ ကံကောင်းထောက်မစွာနဲ့ မွေးစားမိဘနှစ်ပါး ရသွားခဲ့ပေမယ့် မူလတန်းကျောင်းလည်း တက်ရောကျောင်းမှာ အနှိမ်ခံရပါတော့တယ်။ တခြားကလေးတွေက သူတို့မိဘတွေကတစ်ဆင့် သူ့ဘဝအကြောင်းသိသွားကြပြီး သူ့ကို အမှိုက်ပုံထဲက ကလေးဆိုပြီး အနိုင်ကျင့်ကြတော့တာပါ။

"ကျွန်တော် စွန့်ပစ်ခံခဲ့ရတဲ့နေရာက ကျေးလက်ဒေသမှာဆိုတော့ တစ်ခုခုဖြစ်တာနဲ့ ဒေသတစ်ခုလုံးက သိသွားကြတာမျိုးပေါ့။ ဒါကြောင့် ဒေသခံတွေအားလုံးက ကျွန်တော့်အကြောင်းသိကြပြီး အဲဒီလို ဝိုင်းနှိမ်ကြတော့တာပဲ။ မွေးစားမိဘတွေကလည်း ကျွန်တော် သိတတ်စအရွယ်လေး ရောက် လာတော့ ကျွန်တော့်ကို ကျွန်တော်ဘဝအဖြစ်မှန် ပြောပြကြတယ်လေ။ ကလေးဘဝတုန်းကတော့ ကိုယ် စွန့်ပစ်ခံခဲ့ရတဲ့ကိစ္စအကြောင်း အတော်ကြီးတွေးမိတယ်။ ကလေးဘဝတုန်းကတော့ အဲဒါကို ရှက်တာပေါ့လေ" လို့ အခုအချိန်မှာ အသက် ၃၃ နှစ် ရှိနေပြီဖြစ်တဲ့ သူက ပြန်ပြောင်းပြောပြပါတယ်။

zawgyi version
ေမြးကင္းစက အမႈိက္ပုံမွာ စြန႔္ပစ္ခံခဲ့ရေပမယ့္ သန္းႂကြယ္သူေ႒းႀကီး ျဖစ္လာသူ
ဝတီ (NP News) - ဩဂုတ္ ၂၄

ဖရက္ဒီဖစ္ဂါစ္ (Freddie Figgers)ဆိုတဲ့ သူဟာ အမိဝမ္းက ကြၽတ္ၿပီးလို႔ နာရီပိုင္းပဲ ရွိေသးတဲ့အခ်ိန္မွာပဲ အမႈိက္ပုံထဲ စြန႔္ပစ္ခံခဲ့ရသူျဖစ္ပါတယ္။ ျဖတ္သြားျဖတ္လာတစ္ေယာက္က သူ႔ကိုေတြ႕သြားၿပီး ရဲကို အေၾကာင္းၾကားလိုက္ပါတယ္။ ႏုႏုနယ္နယ္အ႐ြယ္
ေလးမွာပဲ အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္က အမႈိက္ပုံမွာ စြန႔္ပစ္ခံခဲ့ရ တာဆိုေတာ့ သူဟာ ဒဏ္ရာေတြဘာေတြ နည္းနည္းပါးပါးရသြားခဲ့ပါတယ္။ အဲဒါေၾကာင့္ သက္ဆိုင္ရာတာဝန္ရွိသူေတြက သူ႔ကို ႏွစ္ရက္ေလာက္ ေဆး႐ုံတင္ေပးလိုက္ရၿပီး ၿပီးေတာ့မွေမြးစားမိဘေတြလက္ထဲ ထည့္ေပးလိုက္ပါတယ္။

သူ႔ကိုေမြးစားလိုက္တဲ့ ဇနီးေမာင္ႏွံကေတာ့ ေနသန္ နဲ႔ ဘက္တီဖစ္ဂါစ္ (Nathan and Betty Figgers) ပဲျဖစ္ပါတယ္။ သူတို႔မွာ သမီးေလးတစ္ေယာက္ရွိေနေပမယ့္ ဒီကေလးကို သနားလို႔ဆိုၿပီး ေမြး စားလိုက္တာပါ။ သူတို႔ဇနီးေမာင္ႏွံက ဖေလာ္ရီဒါျပည္နယ္မွာပဲ ေနထိုင္တာျဖစ္ပါတယ္။ ကေလးေလးဟာ ကံေကာင္းေထာက္မစြာနဲ႔ ေမြးစားမိဘႏွစ္ပါး ရသြားခဲ့ေပမယ့္ မူလတန္းေက်ာင္းလည္း တက္ေရာေက်ာင္းမွာ အႏွိမ္ခံရပါေတာ့တယ္။ တျခားကေလးေတြက သူတို႔မိဘေတြကတစ္ဆင့္ သူ႔ဘဝအေၾကာင္းသိသြားၾကၿပီး သူ႔ကို အမႈိက္ပုံထဲက ကေလးဆိုၿပီး အႏိုင္က်င့္ၾကေတာ့တာပါ။

"ကြၽန္ေတာ္ စြန႔္ပစ္ခံခဲ့ရတဲ့ေနရာက ေက်းလက္ေဒသမွာဆိုေတာ့ တစ္ခုခုျဖစ္တာနဲ႔ ေဒသတစ္ခုလုံးက သိသြားၾကတာမ်ိဳးေပါ့။ ဒါေၾကာင့္ ေဒသခံေတြအားလုံးက ကြၽန္ေတာ့္အေၾကာင္းသိၾကၿပီး အဲဒီလို ဝိုင္းႏွိမ္ၾကေတာ့တာပဲ။ ေမြးစားမိဘေတြကလည္း ကြၽန္ေတာ္ သိတတ္စအ႐ြယ္ေလး ေရာက္ လာေတာ့ ကြၽန္ေတာ့္ကို ကြၽန္ေတာ္ဘဝအျဖစ္မွန္ ေျပာျပၾကတယ္ေလ။ ကေလးဘဝတုန္းကေတာ့ ကိုယ္ စြန႔္ပစ္ခံခဲ့ရတဲ့ကိစၥအေၾကာင္း အေတာ္ႀကီးေတြးမိတယ္။ ကေလးဘဝတုန္းကေတာ့ အဲဒါကို ရွက္တာေပါ့ေလ" လို႔ အခုအခ်ိန္မွာ အသက္ ၃၃ ႏွစ္ ရွိေနၿပီျဖစ္တဲ့ သူက ျပန္ေျပာင္းေျပာျပပါတယ္။

သူ အသက် (၉) နှစ်အရွယ် ရောက်တော့ သူ့ဘဝပြောင်းလဲဖို့ အကြောင်းဖန်လာပါတယ်။ သူ့မွေးစားအဖေက ဖလော်ရီဒါပြည်နယ် တက္ကသိုလ်မှာ ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းဖြစ်ပြီး သူ့အတွက် ကွန်ပျူတာအဟောင်းလေးတစ်လုံး ဝယ်ပေးလိုက်တာပါ။ သူ့အဖေ ၂၅ ဒေါ်လာနဲ့ ဝယ်လာတဲ့ ကွန်ပျူတာလေးက သူ့ဘဝကို အကောင်းဘက် ပြောင်းလဲသွားစေခဲ့တာဖြစ်ပါတယ်။ သူ့အဖေက သူ့သား ကလိလို့ရအောင်ဆိုပြီး ကွန်ပျူ တာလေးကို မီးဖိုချောင်ကစားပွဲပေါ်မှာ ဆင်ပေးလိုက်ပါတယ်။ "ကွန်ပျူတာထဲ စိတ်ရောက်သွားရင် ကျွန်တော် စိတ်လေမှာ မဟုတ်တော့ဘူးလို့ အဖေက တွေးတယ်လေ" လို့ သူက ဆက်ပြောပြပါတယ်။ သူ့အဖေ ထင်ထားတဲ့အတိုင်းပါပဲ။ ကွန်ပျူတာလည်း ရရော သူဟာ ကွန်ပျူတာကို တစ်စစီ ဖြုတ်လိုက်၊ ပြန်တပ်လိုက် အကြိမ်ကြိမ် လုပ်ကြည့်ပြီး အဲဒီကွန်ပျူတာမကောင်းရတဲ့ အကြောင်းရင်းကို လိုက်ရှာပါတယ်။ နောက်ဆုံးကျမှကွန်ပျူတာထဲက အစိတ်အပိုင်းလေးတစ်ခု ပျက်နေတာကို ရှာတွေ့သွားပြီး သူ့အဖေရဲ့ ရေဒီယိုအဟောင်းလေးထဲက အစိတ်အပိုင်းအကောင်းနဲ့ အစားထိုးတပ်ဆင်လိုက်ပါတယ်။ ဒါနဲ့ပဲ ကွန်ပျူတာကကောင်းသွားပါတော့တယ်။

"အခုထက်ထိ အဲဒီကွန်ပျူတာလေးကို သိမ်းထားတုန်းပဲ။ အဲဒီကွန်ပျူတာလေးကြောင့်သာ ကျွန်တော်နည်းပညာမှာ စိတ်ဝင်စားသွားတာလေ"လို့ သူက ဆက်ပြောပါတယ်။သူဟာ ကွန်ပျူတာ ပြင်တဲ့နေရာမှာ အရမ်းကျွမ်းကျင်သွားလို့ အသက် ၁၃ နှစ်အရွယ်လေးမှာတင် ကွန်ပျူတာပြင်သမားအဖြစ် အချိန်ပိုင်းအလုပ်စရလာပါတယ်။ အသက် ၁၅ နှစ်အရွယ်မှာတော့ သူက ပထမဦးဆုံးအကြိမ် ကုမ္ပဏီ စထောင်ပါတယ်။ ကွန်ပျူ တာပြင်တာအပြင် သူကဖောက်သည်တွေရဲ့အရေးကြီး ဒေတာအချက်အလက်တွေကို ဆာဗာတွေမှာ သိမ်းပေးတဲ့အလုပ်တွေပါ လုပ်လာပါတယ်။ သူဟာ ကိုယ့်ဘဝကြီးပွား ရေးအတွက် ကိုယ့်အားကိုယ်ကိုး စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး အင်မတန်လည်း အတတ်မြန်ပါတယ်။ ကိုယ်ပိုင် Cloud database ကို တည်ဆောက်ပြီးတဲ့အခါမှာတော့ သူကကောလိပ်ဆက်မတက်တော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

"ကျောင်းတစ်ဝက်တစ်ပျက်နဲ့ ထွက်လိုက်တာဟာ လူတိုင်းအတွက်မသင့်တော်ပါဘူး။ ဒါပေမဲ့ ကျွန်တော်နဲ့တော့ သင့်တော်ခဲ့ပါတယ်"လို့ သူက ဆိုပါတယ်။ သူဟာ အသက် ၁၇ နှစ်အရွယ်လေးမှာပဲဖောက်သည်ပေါင်း ၁၅ဝ အတွက် ဝက်ဘ်ဆိုက်ဒ်စ်တွေလုပ်ပေးရ၊ သူတို့ဖိုင်တွေ သိမ်းဆည်းဖို့အတွက် လုပ်ပေးလာရပါတယ်။ အဲဒီကနေစပြီး သူ့ဘဝဟာ အပေါ်ကို ရောက်ပြီးရင်း ရောက်လာပါတော့တယ်။

၂ဝ၁၂ ခုနှစ်အရောက်၊ သူ့အသက် ၂၃ နှစ်အရွယ်မှာတော့ သူ့ဘဝအတွက် အောင်မြင်မှု ကြီးကြီးမားမားတစ်ခု စရလာပါတယ်။ အဲဒါကတော့ သူတီထွင်ထားတဲ့ ဂျီပီအက်စ်ခြေရာခံစနစ်ကို ဒေါ်လာ ၂ ဒသမ ၂ သန်းနဲ့ ရောင်းချလိုက်တာပါပဲ။ အဲဒီစနစ်ကို တီ ထွင်ဖြစ်သွားပုံကတော့ ဒီလိုပါ။ သူ့မွေးစားအဖေဟာ အသက်ကြီးလာတော့ အယ်လ်ဇိုင်းမားဖြစ်ပြီး ဘာမှသိပ်မမှတ်မိတော့ဘဲ အိမ်ကနေ ထွက်ထွက်သွားတတ်ပါတယ်။ ဒါကြောင့်သူက အဖေ့ရှုးဖိနပ်ထဲကို ခြေရာခံစနစ်လေး ထည့်ထားလိုက်ဖို့ စိတ်ကူးရသွားတာပါ။ ပြီးတော့ အဲဒီခြေရာခံစနစ်ကနေတစ်ဆင့် စကားလည်းလှမ်းပြောလို့ရတယ်လေ။ ဒီနည်းပညာကို ရောင်းချလို့ရတဲ့ပိုက်ဆံနဲ့ သူက Figgers Communications ဆိုတဲ့ ဆက်သွယ်ရေးကုမ္ပဏီကိုထောင်လိုက်ပါတယ်။ သူ အဲဒီကုမ္ပဏီ ထောင်လိုက်ပြီး သိပ်မကြာခင်မှာပဲ သူ့အဖေ ဆုံးပါးသွားခဲ့ပါတယ်။ "အဖေတို့ကို အရမ်းကျေးဇူးတင်တယ်။ ကိုယ့်ဘဝအခြေအနေက ဘယ်လိုပဲ ဖြစ်နေပါစေ ကိုယ်ကြိုးစားရင် ကိုယ့်ဘဝ မြင့်မားလာမှာပဲဆိုတဲ့ အသိကို သူတို့က ရိုက်သွင်းပေးသွားခဲ့တယ်လေ။ ဖေဖေဆုံးသွားတော့ အရမ်းပဲ ခံစားရတယ"လို့ သူက ဆိုပါတယ်။

အခုဆိုရင် ဖစ်ဂါစ် တည်ထောင်ထားတဲ့ ကုမ္ပဏီဟာ တန်ဖိုးအားဖြင့် ဒေါ်လာ ၆၂ သန်း ကောင်းကောင်းကျော်နေပါပြီ။ သူက ဖစ်ဂါစ်ဖောင်ဒေးရှင်းကိုလည်း ထောင်ထားပြီးသဘာဝဘေးအန္တရာယ် ဒဏ်ခံရတဲ့လူတွေ၊ ကျောင်းတက်ဖို့ ငွေကြေး မတတ်နိုင်သူတွေ၊ ကျောင်းပစ္စည်းပစ္စယဝယ်ဖို့ အဆင်မပြေတဲ့ ဆရာ၊ ဆရာမတွေကို ကူညီပေးနေပါတယ်။ သူကြီးလာတော့မှပဲ သူ့ကို စွန့်ပစ်ခဲ့တဲ့ အမေအရင်းဟာ ပြည့်တန်ဆာဖြစ်တဲ့ အကြောင်း၊ ဆေးလည်း စွဲနေကြောင်း သိလာရပါတယ်။ အဲဒီအမျိုးသမီးနဲ့ အခုထက်ထိ မတွေ့ဖူးသေးဘူး၊ တွေ့လည်းတွေ့ချင်စိတ် မရှိဘူးလို့ သန်းကြွယ်သူဋ္ဌေးကြီး ဖစ်ဂါစ်က ဆိုပါတယ်။

zawgyi version
သူ အသက္ (၉) ႏွစ္အ႐ြယ္ ေရာက္ေတာ့ သူ႔ဘဝေျပာင္းလဲဖို႔ အေၾကာင္းဖန္လာပါတယ္။ သူ႔ေမြးစားအေဖက ဖေလာ္ရီဒါျပည္နယ္ တကၠသိုလ္မွာ ျပဳျပင္ထိန္းသိမ္းေရးဝန္ထမ္းျဖစ္ၿပီး သူ႔အတြက္ ကြန္ပ်ဴတာအေဟာင္းေလးတစ္လုံး ဝယ္ေပးလိုက္တာပါ။ သူ႔အေဖ ၂၅ ေဒၚလာနဲ႔ ဝယ္လာတဲ့ ကြန္ပ်ဴတာေလးက သူ႔ဘဝကို အေကာင္းဘက္ ေျပာင္းလဲသြားေစခဲ့တာျဖစ္ပါတယ္။ သူ႔အေဖက သူ႔သား ကလိလို႔ရေအာင္ဆိုၿပီး ကြန္ပ်ဴ တာေလးကို မီးဖိုေခ်ာင္ကစားပြဲေပၚမွာ ဆင္ေပးလိုက္ပါတယ္။ "ကြန္ပ်ဴတာထဲ စိတ္ေရာက္သြားရင္ ကြၽန္ေတာ္ စိတ္ေလမွာ မဟုတ္ေတာ့ဘူးလို႔ အေဖက ေတြးတယ္ေလ" လို႔ သူက ဆက္ေျပာျပပါတယ္။ သူ႔အေဖ ထင္ထားတဲ့အတိုင္းပါပဲ။ ကြန္ပ်ဴတာလည္း ရေရာ သူဟာ ကြန္ပ်ဴတာကို တစ္စစီ ျဖဳတ္လိုက္၊ ျပန္တပ္လိုက္ အႀကိမ္ႀကိမ္ လုပ္ၾကည့္ၿပီး အဲဒီကြန္ပ်ဴတာမေကာင္းရတဲ့ အေၾကာင္းရင္းကို လိုက္ရွာပါတယ္။ ေနာက္ဆုံးက်မွကြန္ပ်ဴတာထဲက အစိတ္အပိုင္းေလးတစ္ခု ပ်က္ေနတာကို ရွာေတြ႕သြားၿပီး သူ႔အေဖရဲ႕ ေရဒီယိုအေဟာင္းေလးထဲက အစိတ္အပိုင္းအေကာင္းနဲ႔ အစားထိုးတပ္ဆင္လိုက္ပါတယ္။ ဒါနဲ႔ပဲ ကြန္ပ်ဴတာကေကာင္းသြားပါေတာ့တယ္။

"အခုထက္ထိ အဲဒီကြန္ပ်ဴတာေလးကို သိမ္းထားတုန္းပဲ။ အဲဒီကြန္ပ်ဴတာေလးေၾကာင့္သာ ကြၽန္ေတာ္နည္းပညာမွာ စိတ္ဝင္စားသြားတာေလ"လို႔ သူက ဆက္ေျပာပါတယ္။သူဟာ ကြန္ပ်ဴတာ ျပင္တဲ့ေနရာမွာ အရမ္းကြၽမ္းက်င္သြားလို႔ အသက္ ၁၃ ႏွစ္အ႐ြယ္ေလးမွာတင္ ကြန္ပ်ဴတာျပင္သမားအျဖစ္ အခ်ိန္ပိုင္းအလုပ္စရလာပါတယ္။ အသက္ ၁၅ ႏွစ္အ႐ြယ္မွာေတာ့ သူက ပထမဦးဆုံးအႀကိမ္ ကုမၸဏီ စေထာင္ပါတယ္။ ကြန္ပ်ဴ တာျပင္တာအျပင္ သူကေဖာက္သည္ေတြရဲ႕အေရးႀကီး ေဒတာအခ်က္အလက္ေတြကို ဆာဗာေတြမွာ သိမ္းေပးတဲ့အလုပ္ေတြပါ လုပ္လာပါတယ္။ သူဟာ ကိုယ့္ဘဝႀကီးပြား ေရးအတြက္ ကိုယ့္အားကိုယ္ကိုး စတင္လုပ္ကိုင္ခဲ့တာျဖစ္ၿပီး အင္မတန္လည္း အတတ္ျမန္ပါတယ္။ ကိုယ္ပိုင္ Cloud database ကို တည္ေဆာက္ၿပီးတဲ့အခါမွာေတာ့ သူကေကာလိပ္ဆက္မတက္ေတာ့ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။

"ေက်ာင္းတစ္ဝက္တစ္ပ်က္နဲ႔ ထြက္လိုက္တာဟာ လူတိုင္းအတြက္မသင့္ေတာ္ပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ္နဲ႔ေတာ့ သင့္ေတာ္ခဲ့ပါတယ္"လို႔ သူက ဆိုပါတယ္။ သူဟာ အသက္ ၁၇ ႏွစ္အ႐ြယ္ေလးမွာပဲေဖာက္သည္ေပါင္း ၁၅ဝ အတြက္ ဝက္ဘ္ဆိုက္ဒ္စ္ေတြလုပ္ေပးရ၊ သူတို႔ဖိုင္ေတြ သိမ္းဆည္းဖို႔အတြက္ လုပ္ေပးလာရပါတယ္။ အဲဒီကေနစၿပီး သူ႔ဘဝဟာ အေပၚကို ေရာက္ၿပီးရင္း ေရာက္လာပါေတာ့တယ္။

၂ဝ၁၂ ခုႏွစ္အေရာက္၊ သူ႔အသက္ ၂၃ ႏွစ္အ႐ြယ္မွာေတာ့ သူ႔ဘဝအတြက္ ေအာင္ျမင္မႈ ႀကီးႀကီးမားမားတစ္ခု စရလာပါတယ္။ အဲဒါကေတာ့ သူတီထြင္ထားတဲ့ ဂ်ီပီအက္စ္ေျခရာခံစနစ္ကို ေဒၚလာ ၂ ဒသမ ၂ သန္းနဲ႔ ေရာင္းခ်လိုက္တာပါပဲ။ အဲဒီစနစ္ကို တီ ထြင္ျဖစ္သြားပုံကေတာ့ ဒီလိုပါ။ သူ႔ေမြးစားအေဖဟာ အသက္ႀကီးလာေတာ့ အယ္လ္ဇိုင္းမားျဖစ္ၿပီး ဘာမွသိပ္မမွတ္မိေတာ့ဘဲ အိမ္ကေန ထြက္ထြက္သြားတတ္ပါတယ္။ ဒါေၾကာင့္သူက အေဖ့ရႈးဖိနပ္ထဲကို ေျခရာခံစနစ္ေလး ထည့္ထားလိုက္ဖို႔ စိတ္ကူးရသြားတာပါ။ ၿပီးေတာ့ အဲဒီေျခရာခံစနစ္ကေနတစ္ဆင့္ စကားလည္းလွမ္းေျပာလို႔ရတယ္ေလ။ ဒီနည္းပညာကို ေရာင္းခ်လို႔ရတဲ့ပိုက္ဆံနဲ႔ သူက Figgers Communications ဆိုတဲ့ ဆက္သြယ္ေရးကုမၸဏီကိုေထာင္လိုက္ပါတယ္။ သူ အဲဒီကုမၸဏီ ေထာင္လိုက္ၿပီး သိပ္မၾကာခင္မွာပဲ သူ႔အေဖ ဆုံးပါးသြားခဲ့ပါတယ္။ "အေဖတို႔ကို အရမ္းေက်းဇူးတင္တယ္။ ကိုယ့္ဘဝအေျခအေနက ဘယ္လိုပဲ ျဖစ္ေနပါေစ ကိုယ္ႀကိဳးစားရင္ ကိုယ့္ဘဝ ျမင့္မားလာမွာပဲဆိုတဲ့ အသိကို သူတို႔က ႐ိုက္သြင္းေပးသြားခဲ့တယ္ေလ။ ေဖေဖဆုံးသြားေတာ့ အရမ္းပဲ ခံစားရတယ"လို႔ သူက ဆိုပါတယ္။

အခုဆိုရင္ ဖစ္ဂါစ္ တည္ေထာင္ထားတဲ့ ကုမၸဏီဟာ တန္ဖိုးအားျဖင့္ ေဒၚလာ ၆၂ သန္း ေကာင္းေကာင္းေက်ာ္ေနပါၿပီ။ သူက ဖစ္ဂါစ္ေဖာင္ေဒးရွင္းကိုလည္း ေထာင္ထားၿပီးသဘာဝေဘးအႏၲရာယ္ ဒဏ္ခံရတဲ့လူေတြ၊ ေက်ာင္းတက္ဖို႔ ေငြေၾကး မတတ္ႏိုင္သူေတြ၊ ေက်ာင္းပစၥည္းပစၥယဝယ္ဖို႔ အဆင္မေျပတဲ့ ဆရာ၊ ဆရာမေတြကို ကူညီေပးေနပါတယ္။ သူႀကီးလာေတာ့မွပဲ သူ႔ကို စြန႔္ပစ္ခဲ့တဲ့ အေမအရင္းဟာ ျပည့္တန္ဆာျဖစ္တဲ့ အေၾကာင္း၊ ေဆးလည္း စြဲေနေၾကာင္း သိလာရပါတယ္။ အဲဒီအမ်ိဳးသမီးနဲ႔ အခုထက္ထိ မေတြ႕ဖူးေသးဘူး၊ ေတြ႕လည္းေတြ႕ခ်င္စိတ္ မရွိဘူးလို႔ သန္းႂကြယ္သူေ႒းႀကီး ဖစ္ဂါစ္က ဆိုပါတယ္။

https://www.inquirer.com/life/freddie-figgers-entrepreneur-millionaire-20200101.html

Picture

Khin Thidar Htay

24/08/2022 18:24

👍👏👏👏

Picture

Khinkyaw Nyo

26/08/2022 13:09

👍👍👍

Related news

© 2021. All rights reserved.