(၁၉၄၁)ခုနှစ်ထွက် Citizen Kane ဇာတ်ကားမှ Rosebud စွတ်ဖားကို အမေရိကန်ဒေါ်လာ (၁၄ ဒသမ ၇၅) သန်းဖြင့် လေလံတင်ရောင်းချ

 232

Pika (NP News) - ဇူလိုင် ၂၉

ဒါရိုက်တာ Orson Welles ရိုက်ကူးထားသော (၁၉၄၁)ခုနှစ်ထွက် ရုပ်ရှင်ဇာတ်ကား Citizen Kane ထဲမှ အထင်ကရပစ္စည်းတစ်ခုဖြစ်သော Rosebud စွတ်ဖားကို အမေရိကန်ဒေါ်လာ (၁၄ ဒသမ ၇၅)သန်းဖြင့် လေလံတင်ရောင်းချခဲ့ကြောင်းသိရသည်။ အဆိုပါလေလံတင်ရောင်းချမှုသည် ရုပ်ရှင်နှင့်ပတ်သက်သော အမှတ်တရပစ္စည်းများရောင်းချမှု အားလုံးထဲတွင် ဒုတိယမြောက်ဈေးအကြီးဆုံးရောင်းချမှုတစ်ခုဖြစ်ခဲ့ကြောင်းလည်းသိရသည်။

ကာလရှည်ကြာစွာပျောက်ကွယ်သွားခဲ့သော အဆိုပါစွတ်ဖားကို ဒါရိုက်တာဂျိုးဒန်တီက (၁၉၈၄)ခုနှစ်တွင် RKO Pictures စတူဒီယိုနေရာ ဟောင်းတွင်အလုပ်လုပ်နေစဉ် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့နောက် ဂျိုးဒန်တီသည် အဆိုပါစွတ်ဖားကို Heritage Auctions မှတစ်ဆင့်ရောင်းချခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၄ ဒသမ ၇၅) သန်းအထိ ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (၁၉၃၉)ခုနှစ်ထွက် The Wizard of Oz ရုပ်ရှင် ဇာတ်ကားမှ ပတ္တမြား ဖိနပ်များကို အမေရိကန်ဒေါ်လာ(၃၂ ဒသမ ၅)သန်းဖြင့် လေလံတင်ရောင်းချခဲ့ပြီးနောက် အဆိုပါစွတ်ဖားသည် ရုပ်ရှင်နှင့် ပတ်သက်သော အမှတ်တရပစ္စည်းများရောင်းချမှုတွင် ဒုတိယမြောက်ဈေးအကြီးဆုံးရောင်းချမှုတစ်ခုဖြစ်လာခဲ့ခြင်း ဖြစ် ကြောင်းသိရသည်။

ဂျိုးဒန်တီက ‘‘ဒီရုပ်ရှင်သမိုင်းကို ဆယ်စု နှစ်ပေါင်းများစွာကြာအောင် အကာအကွယ်ပေးနိုင်တဲ့ ဂုဏ်သိက္ခာကို ကျွန်တော်ရခဲ့ပါတယ်။ ဒီအထင်ကရပစ္စည်း စွတ်ဖားက နေရာအသစ်ကိုရှာတွေ့ပြီး သမိုင်းတစ်ခုကိုဖန်တီးနိုင်ခဲ့တာ တကယ်ကိုဂုဏ်ယူစရာပါပဲ” ဟုပြောဆိုခဲ့သည်။

zawgyi version
(၁၉၄၁)ခုႏွစ္ထြက္ Citizen Kane ဇာတ္ကားမွ Rosebud စြတ္ဖားကို အေမရိကန္ေဒၚလာ (၁၄ ဒသမ ၇၅) သန္းျဖင့္ ေလလံတင္ေရာင္းခ်
Pika (NP News) - ဇူလိုင္ ၂၉

ဒါ႐ိုက္တာ Orson Welles ႐ိုက္ကူးထားေသာ (၁၉၄၁)ခုႏွစ္ထြက္ ႐ုပ္ရွင္ဇာတ္ကား Citizen Kane ထဲမွ အထင္ကရပစၥည္းတစ္ခုျဖစ္ေသာ Rosebud စြတ္ဖားကို အေမရိကန္ေဒၚလာ (၁၄ ဒသမ ၇၅)သန္းျဖင့္ ေလလံတင္ေရာင္းခ်ခဲ့ေၾကာင္းသိရသည္။ အဆိုပါေလလံတင္ေရာင္းခ်မႈသည္ ႐ုပ္ရွင္ႏွင့္ပတ္သက္ေသာ အမွတ္တရပစၥည္းမ်ားေရာင္းခ်မႈ အားလုံးထဲတြင္ ဒုတိယေျမာက္ေဈးအႀကီးဆုံးေရာင္းခ်မႈတစ္ခုျဖစ္ခဲ့ေၾကာင္းလည္းသိရသည္။

ကာလရွည္ၾကာစြာေပ်ာက္ကြယ္သြားခဲ့ေသာ အဆိုပါစြတ္ဖားကို ဒါ႐ိုက္တာဂ်ိဳးဒန္တီက (၁၉၈၄)ခုႏွစ္တြင္ RKO Pictures စတူဒီယိုေနရာ ေဟာင္းတြင္အလုပ္လုပ္ေနစဥ္ ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ေနာက္ ဂ်ိဳးဒန္တီသည္ အဆိုပါစြတ္ဖားကို Heritage Auctions မွတစ္ဆင့္ေရာင္းခ်ခဲ့ၿပီး အေမရိကန္ေဒၚလာ (၁၄ ဒသမ ၇၅) သန္းအထိ ရရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ (၁၉၃၉)ခုႏွစ္ထြက္ The Wizard of Oz ႐ုပ္ရွင္ ဇာတ္ကားမွ ပတၱျမား ဖိနပ္မ်ားကို အေမရိကန္ေဒၚလာ(၃၂ ဒသမ ၅)သန္းျဖင့္ ေလလံတင္ေရာင္းခ်ခဲ့ၿပီးေနာက္ အဆိုပါစြတ္ဖားသည္ ႐ုပ္ရွင္ႏွင့္ ပတ္သက္ေသာ အမွတ္တရပစၥည္းမ်ားေရာင္းခ်မႈတြင္ ဒုတိယေျမာက္ေဈးအႀကီးဆုံးေရာင္းခ်မႈတစ္ခုျဖစ္လာခဲ့ျခင္း ျဖစ္ ေၾကာင္းသိရသည္။

ဂ်ိဳးဒန္တီက ‘‘ဒီ႐ုပ္ရွင္သမိုင္းကို ဆယ္စု ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ အကာအကြယ္ေပးႏိုင္တဲ့ ဂုဏ္သိကၡာကို ကြၽန္ေတာ္ရခဲ့ပါတယ္။ ဒီအထင္ကရပစၥည္း စြတ္ဖားက ေနရာအသစ္ကိုရွာေတြ႕ၿပီး သမိုင္းတစ္ခုကိုဖန္တီးႏိုင္ခဲ့တာ တကယ္ကိုဂုဏ္ယူစရာပါပဲ” ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.