ခင်ပွန်း (၁၅) ဦးခန့်ကို အဆိပ်ခတ်သတ်ကာ စည်းစိမ်များကိုသိမ်းပိုက်ခဲ့သည့် အီရန်အမျိုးသမီး

903

Pika (NP News) - စက်တင်ဘာလ ၇
အီရန်နိုင်ငံမှ ကိုလ်ဆမ်အက်ဂ်ဘာရီအမည်ရှိ အသက်(၅၆)နှစ်အရွယ်အမျိုးသမီးသည် (၂၂)နှစ်ကျော်အတွင်း ခင်ပွန်း (၁၁)ဦးကို အဆိပ်ခတ်သတ်ဖြတ်ခဲ့သည်ဟုစွပ်စွဲခံခဲ့ရကြောင်းသိရသည်။ သို့သော်လည်း ၎င်းအဆိပ်ခတ် သတ်ဖြတ်ခဲ့သည့် ခင်ပွန်းအရေအတွက်မှာ (၁၁)ဦးထက် ပိုများနိုင်ပြီး အရေအတွက်ကို အတိအကျမှတ်မိခြင်းမျိုး မရှိတော့ကြောင်း ကိုလ်ဆမ်အက်ဂ်ဘာရီက ထုတ်ဖော်ပြောဆိုခဲ့သည်။
ကိုလ်ဆမ်အက်ဂ်ဘာရီသည် နှစ်ပေါင်း (၂၀) ကျော်အတွင်း အသက်ကြီးသော အမျိုးသားများ ကိုသာ ရွေးချယ် ကာလက်ထပ်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့ကို သွေးပေါင်ကျဆေး၊ ဆီးချိုဆေးများ၊ စိတ်ငြိမ်ဆေးများ၊ လမ်းဘေး အရက်များဖြင့် အဆိပ်ခတ် သတ်ဖြတ်ခဲ့ပြီးနောက် ၎င်းတို့၏ပိုင်ဆိုင်မှုများနှင့် ခန်းဝင်ပစ္စည်းများကို သိမ်းပိုက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ထို့ပြင် ၎င်းလက်ထပ်ခဲ့သောအမျိုးသားများမှာ အသက်အရွယ်ကြီးရင့်မှုနှင့် ကျန်းမာရေးအခြေ အနေများကြောင့် သဘာဝအလျောက် သေဆုံးသွားခဲ့ ပုံပေါ်သောကြောင့် ကိုလ်ဆမ်အက်ဂ်ဘာရီကို မည်သူ ကမှ သံသယမဝင်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် ကိုလ်ဆမ်အက်ဂ်ဘာရီသည် လူအများ အာရုံစိုက်ခံရမှုမှရှောင်ကြဉ်ရန်အတွက် မြို့အများအပြားတွင် လှည့်ပတ်နေထိုင်ခဲ့ကြောင်းလည်းသိရသည်။ ကိုလ်ဆမ်အက်ဂ်ဘာရီ၏ သတ်ဖြတ်မှုသည် (၂၀ဝဝ)ခုနှစ် တွင်စတင်ခဲ့ ခြင်းဖြစ်ပြီး (၂၀၂၃) ခုနှစ် မတိုင်မီအချိန်အထိ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။ သို့သော်လည်း နောက်ပိုင်းတွင် ၎င်း နောက်ဆုံးသတ်ဖြတ်ခဲ့သည့် အသက်(၈၂)နှစ်အရွယ် အမျိုးသား၏သားဖြစ်သူက ကိုလ်ဆမ်အက်ဂ်ဘာရီကို သံသယ ဝင်ခဲ့ကာ ရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့ပြီး နောက် ဖြစ်ရပ်မှန်များပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရသည်။
ကိုလ်ဆမ်အက်ဂ်ဘာရီသည် ခင်ပွန်း(၁၁)ဦးကိုသတ်ဖြတ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က စွပ်စွဲပြောဆိုခဲ့ သော်လည်း အဆိပ်ခတ်သတ်ဖြတ်ခဲ့သည့်ခင်ပွန်းအရေအတွက်မှာ (၁၃)ဦးမှ (၁၅)ဦးကြားဖြစ်နိုင်ကြောင်း ၎င်းကိုယ်တိုင်က ပြော ကြားခဲ့သည်။ ကိုလ်ဆမ်အက်ဂ် ဘာရီက ‘ဘယ်နှယောက်အထိ သတ်ဖြတ်ခဲ့လဲဆိုတာ ကျွန်မကိုယ်တိုင် မမှတ်မိပါဘူး။ အရေအတွက်က (၁၃)ဦးကနေ (၁၅)ဦးကြားဖြစ်နိုင်ပါတယ်။ အရေအတွက်အတိအကျကိုတော့ ကျွန်မ မမှတ်မိတော့ ပါဘူး’ဟုပြောဆိုခဲ့သည်။
zawgyi version
ခင္ပြန္း (၁၅) ဦးခန႔္ကို အဆိပ္ခတ္သတ္ကာ စည္းစိမ္မ်ားကိုသိမ္းပိုက္ခဲ့သည့္ အီရန္အမ်ိဳးသမီး
Pika (NP News) - စက္တင္ဘာလ ၇
အီရန္ႏိုင္ငံမွ ကိုလ္ဆမ္အက္ဂ္ဘာရီအမည္ရွိ အသက္(၅၆)ႏွစ္အ႐ြယ္အမ်ိဳးသမီးသည္ (၂၂)ႏွစ္ေက်ာ္အတြင္း ခင္ပြန္း (၁၁)ဦးကို အဆိပ္ခတ္သတ္ျဖတ္ခဲ့သည္ဟုစြပ္စြဲခံခဲ့ရေၾကာင္းသိရသည္။ သို႔ေသာ္လည္း ၎အဆိပ္ခတ္ သတ္ျဖတ္ခဲ့သည့္ ခင္ပြန္းအေရအတြက္မွာ (၁၁)ဦးထက္ ပိုမ်ားႏိုင္ၿပီး အေရအတြက္ကို အတိအက်မွတ္မိျခင္းမ်ိဳး မရွိေတာ့ေၾကာင္း ကိုလ္ဆမ္အက္ဂ္ဘာရီက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ကိုလ္ဆမ္အက္ဂ္ဘာရီသည္ ႏွစ္ေပါင္း (၂၀) ေက်ာ္အတြင္း အသက္ႀကီးေသာ အမ်ိဳးသားမ်ား ကိုသာ ေ႐ြးခ်ယ္ ကာလက္ထပ္ခဲ့ၿပီး ေနာက္ပိုင္းတြင္ ၎တို႔ကို ေသြးေပါင္က်ေဆး၊ ဆီးခ်ိဳေဆးမ်ား၊ စိတ္ၿငိမ္ေဆးမ်ား၊ လမ္းေဘး အရက္မ်ားျဖင့္ အဆိပ္ခတ္ သတ္ျဖတ္ခဲ့ၿပီးေနာက္ ၎တို႔၏ပိုင္ဆိုင္မႈမ်ားႏွင့္ ခန္းဝင္ပစၥည္းမ်ားကို သိမ္းပိုက္ခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။ ထို႔ျပင္ ၎လက္ထပ္ခဲ့ေသာအမ်ိဳးသားမ်ားမွာ အသက္အ႐ြယ္ႀကီးရင့္မႈႏွင့္ က်န္းမာေရးအေျခ အေနမ်ားေၾကာင့္ သဘာဝအေလ်ာက္ ေသဆုံးသြားခဲ့ ပုံေပၚေသာေၾကာင့္ ကိုလ္ဆမ္အက္ဂ္ဘာရီကို မည္သူ ကမွ သံသယမဝင္ခဲ့ၾကျခင္းျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ ကိုလ္ဆမ္အက္ဂ္ဘာရီသည္ လူအမ်ား အာ႐ုံစိုက္ခံရမႈမွေရွာင္ၾကဥ္ရန္အတြက္ ၿမိဳ႕အမ်ားအျပားတြင္ လွည့္ပတ္ေနထိုင္ခဲ့ေၾကာင္းလည္းသိရသည္။ ကိုလ္ဆမ္အက္ဂ္ဘာရီ၏ သတ္ျဖတ္မႈသည္ (၂၀ဝဝ)ခုႏွစ္ တြင္စတင္ခဲ့ ျခင္းျဖစ္ၿပီး (၂၀၂၃) ခုႏွစ္ မတိုင္မီအခ်ိန္အထိ သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရ သည္။ သို႔ေသာ္လည္း ေနာက္ပိုင္းတြင္ ၎ ေနာက္ဆုံးသတ္ျဖတ္ခဲ့သည့္ အသက္(၈၂)ႏွစ္အ႐ြယ္ အမ်ိဳးသား၏သားျဖစ္သူက ကိုလ္ဆမ္အက္ဂ္ဘာရီကို သံသယ ဝင္ခဲ့ကာ ရဲတပ္ဖြဲ႕ကိုအေၾကာင္းၾကားခဲ့ၿပီး ေနာက္ ျဖစ္ရပ္မွန္မ်ားေပၚေပါက္လာျခင္းျဖစ္ေၾကာင္း သိရသည္။
ကိုလ္ဆမ္အက္ဂ္ဘာရီသည္ ခင္ပြန္း(၁၁)ဦးကိုသတ္ျဖတ္ခဲ့သည္ဟု ရဲတပ္ဖြဲ႕က စြပ္စြဲေျပာဆိုခဲ့ ေသာ္လည္း အဆိပ္ခတ္သတ္ျဖတ္ခဲ့သည့္ခင္ပြန္းအေရအတြက္မွာ (၁၃)ဦးမွ (၁၅)ဦးၾကားျဖစ္ႏိုင္ေၾကာင္း ၎ကိုယ္တိုင္က ေျပာ ၾကားခဲ့သည္။ ကိုလ္ဆမ္အက္ဂ္ ဘာရီက ‘ဘယ္ႏွေယာက္အထိ သတ္ျဖတ္ခဲ့လဲဆိုတာ ကြၽန္မကိုယ္တိုင္ မမွတ္မိပါဘူး။ အေရအတြက္က (၁၃)ဦးကေန (၁၅)ဦးၾကားျဖစ္ႏိုင္ပါတယ္။ အေရအတြက္အတိအက်ကိုေတာ့ ကြၽန္မ မမွတ္မိေတာ့ ပါဘူး’ဟုေျပာဆိုခဲ့သည္။