မန္တလေးငလျင်ကြီးဒဏ်ကြောင့် သေဆုံးသူ (၃,၈၀၀)ကျော် ရှိ

 134

ချယ်ရီ (NP News) - စက်တင်ဘာ ၆

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ယမန်နေ့ (စက်တင်ဘာလ ၅ ရက်)အထိ သေဆုံးသူ (၃,၈၀၀)ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၆)ခုတွင် မန္တလေးငလျင်ကြီးဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရပြီး စက်တင်ဘာလ (၅)ရက်အထိ သေဆုံးသူ (၃၈၁၃)ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၅၁ဝ၄)ဦးနှင့် ပျောက်ဆုံးသူ (၅)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ အပျက်အစီးရှင်းလင်းရေးနှင့် ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ စက်တင်ဘာလ (၅)ရက်အထိ အသက်ရှင်သူ (၆၅၃)ဦး ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ (၈၇၆)ဦးကို ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေပြီး မန္တလေးငလျင်ဘေးဒဏ်သင့် အာမခံအလုပ်သမားများအတွက် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ကျပ်သန်းပေါင်း (၂၁,၇၀၃ ဒသမ ၁၀၄)ကို ထောက်ပံ့ပေးအပ်ရန် စီစဉ်ထားကာ လက်ရှိတွင် နေပြည်တော်နှင့် မန္တလေ

zawgyi version






နိုင်ငံတော်အစိုးရအနေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေပြီး မန္တလေးငလျင်ဘေးဒဏ်သင့် အာမခံအလုပ်သမားများအတွက် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ကျပ်သန်းပေါင်း (၂၁,၇၀၃ ဒသမ ၁၀၄)ကို ထောက်ပံ့ပေးအပ်ရန် စီစဉ်ထားကာ လက်ရှိတွင် နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများကို ထောက်ပံ့ပေးအပ်ထားပြီလည်း ဖြစ်သည်။

Related news

© 2021. All rights reserved.