ဂျာမနီ၌ အလုပ်လက်မဲ့ဦးရေ ဆယ်နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိ

198

Pika (NP News) - September 7
ဂျာမနီနိုင်ငံတွင် အလုပ်လက်မဲ့ဦးရေသည် ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံးအဆင့်သို့ မြင့်တက်လာခဲ့ ကြောင်း တရားဝင်ထုတ်ပြန်ခဲ့သော ကိန်း ဂဏန်းအချက်အလက်များအရသိရသည်။
ဂျာမနီနိုင်ငံ၏ စီးပွားရေးကျဆင်းမှုအန္တရာယ်များသည် သုံးနှစ်ဆက်တိုက်ဖြစ်ပွားလာနိုင်ခြေ ရှိမှုနှင့်အတူ အဆိုပါအလုပ်သမားအစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဂျာမနီနိုင်ငံတွင် အလုပ်လက်မဲ့ဦးရေသည် (၂၀၁၅) ခုနှစ်နောက်ပိုင်း ပထမဆုံးအ ကြိမ်အဖြစ် ပြီးခဲ့သည့်ဩဂုတ်လတွင် (၃)သန်း ကျော် အထိမြင့်တက်လာခဲ့ကြောင်း အဆိုပါ အစီရင်ခံစာ တွင် ရေးသားဖော်ပြထားသည်။
အလုပ်လက်မဲ့ဦးရေသည် လစဉ် (၄၆၀ဝဝ) ဦးမြင့်တက်လာမှုနှင့်အတူ ရာသီအလိုက်ချိန်ညှိထားခြင်းမျိုးမရှိသောသတ်မှတ်ချက်များတွင် အလုပ်လက် မဲ့ဦးရေသည် (၃ ဒသမ ဝ၂)သန်း သို့မဟုတ် ဂျာမနီနိုင်ငံလူဦးရေ၏ (၆ ဒသမ ၄)ရာခိုင်နှုန်းအထိ ရှိလာခဲ့ ကြောင်းသိရသည်။ ထို့ပြင် ဂျာမနီနိုင်ငံ၏ အားနည်း သောစီးပွားရေးတွင် အလုပ်သမား ဈေးကွက်ရုန်းကန် နေရမှုများကို ဖက်ဒရယ်အလုပ်အကိုင်အေဂျင်စီအ ကြီးအကဲ က ပြစ်တင်ဝေဖန်ခဲ့ ကြောင်းသိရသည်။
ဥရောပသမဂ္ဂ၏ အကြီးဆုံးစီးပွားရေးဖြစ် သော ဂျာမနီစီးပွားရေးသည် (၂၀၂၃)ခုနှစ်တွင် (ဝ ဒသမ ၃) ရာခိုင်နှုန်းကျဆင်းသွားခဲ့ပြီးနောက် (၂၀၂၄)ခုနှစ်တွင် (ဝ ဒသမ ၂)ရာခိုင်နှုန်း ထပ်မံ ကျ ဆင်းသွားခဲ့ကြောင်းသိရသည်။ (၂၀၂၅)ခုနှစ် ပထမ သုံးလပတ်တွင် ဂျာမနီစီးပွားရေးသည် (ဝ ဒသမ ၃) ရာခိုင်နှုန်းတိုးလာခဲ့သော်လည်း အမေရိ ကန်၏အခွန် စည်းကြပ်မှုအသစ်များကြောင့် မသေချာမရေရာမှုများ ကြီးထွားလာမှုနှင့်အတူ ဒုတိယသုံးလ ပတ်တွင် (ဝ ဒသမ၃)ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဂျာမနီနိုင်ငံ၏စီးပွားရေးသည် ဖွံ့ဖြိုးတိုးတက်လာမှုမရှိဘဲ သုံးနှစ်ဆက်တိုက်ကျဆင်း မှုများကိုကြုံတွေ့ ရနိုင်ကြောင်း နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့က မကြာသေးမီက သတိပေး ပြောဆိုခဲ့သည်။
zawgyi version
ဂ်ာမနီ၌ အလုပ္လက္မဲ့ဦးေရ ဆယ္ႏွစ္အတြင္း အျမင့္ဆုံးအဆင့္သို႔ ေရာက္ရွိ
Pika (NP News) - September 7
ဂ်ာမနီႏိုင္ငံတြင္ အလုပ္လက္မဲ့ဦးေရသည္ ဆယ္စုႏွစ္တစ္ခုအတြင္း အျမင့္ဆုံးအဆင့္သို႔ ျမင့္တက္လာခဲ့ ေၾကာင္း တရားဝင္ထုတ္ျပန္ခဲ့ေသာ ကိန္း ဂဏန္းအခ်က္အလက္မ်ားအရသိရသည္။
ဂ်ာမနီႏိုင္ငံ၏ စီးပြားေရးက်ဆင္းမႈအႏၲရာယ္မ်ားသည္ သုံးႏွစ္ဆက္တိုက္ျဖစ္ပြားလာႏိုင္ေျခ ရွိမႈႏွင့္အတူ အဆိုပါအလုပ္သမားအစီရင္ခံစာ ထြက္ေပၚလာျခင္းျဖစ္သည္။ ဂ်ာမနီႏိုင္ငံတြင္ အလုပ္လက္မဲ့ဦးေရသည္ (၂၀၁၅) ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအ ႀကိမ္အျဖစ္ ၿပီးခဲ့သည့္ဩဂုတ္လတြင္ (၃)သန္း ေက်ာ္ အထိျမင့္တက္လာခဲ့ေၾကာင္း အဆိုပါ အစီရင္ခံစာ တြင္ ေရးသားေဖာ္ျပထားသည္။
အလုပ္လက္မဲ့ဦးေရသည္ လစဥ္ (၄၆၀ဝဝ) ဦးျမင့္တက္လာမႈႏွင့္အတူ ရာသီအလိုက္ခ်ိန္ညႇိထားျခင္းမ်ိဳးမရွိေသာသတ္မွတ္ခ်က္မ်ားတြင္ အလုပ္လက္ မဲ့ဦးေရသည္ (၃ ဒသမ ဝ၂)သန္း သို႔မဟုတ္ ဂ်ာမနီႏိုင္ငံလူဦးေရ၏ (၆ ဒသမ ၄)ရာခိုင္ႏႈန္းအထိ ရွိလာခဲ့ ေၾကာင္းသိရသည္။ ထို႔ျပင္ ဂ်ာမနီႏိုင္ငံ၏ အားနည္း ေသာစီးပြားေရးတြင္ အလုပ္သမား ေဈးကြက္႐ုန္းကန္ ေနရမႈမ်ားကို ဖက္ဒရယ္အလုပ္အကိုင္ေအဂ်င္စီအ ႀကီးအကဲ က ျပစ္တင္ေဝဖန္ခဲ့ ေၾကာင္းသိရသည္။
ဥေရာပသမဂၢ၏ အႀကီးဆုံးစီးပြားေရးျဖစ္ ေသာ ဂ်ာမနီစီးပြားေရးသည္ (၂၀၂၃)ခုႏွစ္တြင္ (ဝ ဒသမ ၃) ရာခိုင္ႏႈန္းက်ဆင္းသြားခဲ့ၿပီးေနာက္ (၂၀၂၄)ခုႏွစ္တြင္ (ဝ ဒသမ ၂)ရာခိုင္ႏႈန္း ထပ္မံ က် ဆင္းသြားခဲ့ေၾကာင္းသိရသည္။ (၂၀၂၅)ခုႏွစ္ ပထမ သုံးလပတ္တြင္ ဂ်ာမနီစီးပြားေရးသည္ (ဝ ဒသမ ၃) ရာခိုင္ႏႈန္းတိုးလာခဲ့ေသာ္လည္း အေမရိ ကန္၏အခြန္ စည္းၾကပ္မႈအသစ္မ်ားေၾကာင့္ မေသခ်ာမေရရာမႈမ်ား ႀကီးထြားလာမႈႏွင့္အတူ ဒုတိယသုံးလ ပတ္တြင္ (ဝ ဒသမ၃)ရာခိုင္ႏႈန္းက်ဆင္းသြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ဂ်ာမနီႏိုင္ငံ၏စီးပြားေရးသည္ ဖြံ႕ၿဖိဳးတိုးတက္လာမႈမရွိဘဲ သုံးႏွစ္ဆက္တိုက္က်ဆင္း မႈမ်ားကိုႀကဳံေတြ႕ ရႏိုင္ေၾကာင္း ႏိုင္ငံတကာေငြေၾကး ရန္ပုံေငြအဖြဲ႕က မၾကာေသးမီက သတိေပး ေျပာဆိုခဲ့သည္။