ပါကစ္စတန်နိုင်ငံ၏ သုံးပုံတစ်ပုံ ရေအောက်သို့ ရောက်ရှိသွားဟုဆို

834

Htay Oung (NP News) - ဩဂုတ် ၃ဝ
ပါကစ္စတန်နိုင်ငံမှာ စံချိန်တင်မုတ်သုန်မိုး သည်းထန်စွာ ရွာသွန်းပြီးနောက် နိုင်ငံတစ်ခုလုံးရဲ့ သုံးပုံတစ်ပုံမှာ ရေလွှမ်းမိုးခံနေရတယ်လို့ တောင်အာရှနိုင်ငံရဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဝန်ကြီးက ပြောဆိုကြောင်း India Today က ဩဂုတ်လ ၃ဝ ရက်မှာရေးသားပါတယ်။
ဧရိယာ စတုရန်းမိုင်ပေါင်း ၃၄ဝ၅ဝ၉ ရှိတဲ့ ပါကစ္စတန်နိုင်ငံဟာ တူရကီ-ပြင်သစ်နဲ့ ဂျာမနီတို့ထက် ပိုမို ကျယ်ဝန်းပြီး ဧရိယာအလိုက် ကမ္ဘာ့ ၃၃ ခုမြောက် အကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ လူဦးရေ ၂၄၂ သန်းနီးပါး နေထိုင်ကြတဲ့အတွက် ကမ္ဘာပေါ်မှာ ပဉ္စမမြောက် လူဦးရေအများဆုံးနိုင်ငံလည်းဖြစ်ပါတယ်။
သမုဒ္ဒရာကြီးတစ်ခုလို အားလုံးဖြစ်သွားကြောင်း၊ ရေစုပ်ထုတ်ဖို့အတွက် ခြောက်သွေ့တဲ့ မြေနေရာပင် မရှိတော့ကြောင်း၊ ပါကစ္စတန်မှာ ယခုလို ဖြစ်ပျက်နေပုံဟာ ပုံမှန်မုတ်သုန်ရာသီဖြစ်စဉ်များနဲ့ အလွန်အမင်း ခြားနားနေကြောင်း၊ နိုင်ငံဟာ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုရဲ့ တံခါးပေါက်ဖြစ်ပါတယ်လို့ ဝန်ကြီးက ဆက်လက်ပြောဆိုပါတယ်။
ဂျာမန် Deutsche Welle (DW) သတင်းစာနဲ့ တွေ့ဆုံရာမှာတော့ ရေကြီးရေလျှံမှုဟာ နိုင်ငံအတွင်း မှန်းဆ မရလောက်တဲ့ အတိုင်းအတာအထိ အကျပ်အတည်းတွေကို ဖန်တီးခဲ့ကြောင်း၊ ရေဖုံးလွှမ်းသွားတဲ့ ဧရိယာတွေဟာ ကြီးမားကျယ်ပြန့်လွန်းတာကြောင့် ကူညီကယ်ဆယ်ရေးအတွက် ရေတပ်မတော်ကို အကူအညီတောင်းခံရသည်အထိ ဖြစ်ခဲ့ရကြောင်း၊ အဲ့ဒါ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲအပြီး ပထမဆုံးအကြိမ် တပ်ဖြန့်ရခြင်းဖြစ်ကြောင်း ဝန်ကြီးက ရှင်းပြပါတယ်။
မုတ်သုံမိုးရွာသွန်းမှုကြောင့် ဇွန်လလယ်ပိုင်းမှစပြီး တနင်္လာနေ့အထိ ပါကစ္စတန်မှာ သေဆုံးသူ ၁ဝ၆၁ ဦးအထိ ရှိလာခဲ့ကြောင်း၊ ရေကြီးမှုကြောင့် လမ်းပေါင်း ၃ဝဝဝ ကျော်၊ တံတား ၁၃ဝ ကျော်နဲ့ အိမ်ခြေပေါင်း ၄၉၅ဝဝဝ ကျော် ပျက်စီးခဲ့ကြောင်း အစ္စလာမ်မာဘတ် အမျိုးသားသဘာဝဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအေဂျင်စီထံမှ သိရှိရပါတယ်။
မူမမှန် မုတ်သုန်မိုးရွာသွန်းခြင်း ကပ်ဘေးကျရောက်တဲ့အတွက် ပါကစ္စတန်နိုင်ငံအတွင်းနေ လူပေါင်း (၃၃)သန်းခန့်အပေါ် ထိခိုက်ရလိမ့်မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ခန့်မှန်းထားပါတယ်။

zawgyi version
ပါကစၥတန္ႏိုင္ငံ၏ သုံးပုံတစ္ပုံ ေရေအာက္သို႔ ေရာက္ရွိသြားဟုဆို
Htay Oung (NP News) - ဩဂုတ္ ၃ဝ
ပါကစၥတန္ႏိုင္ငံမွာ စံခ်ိန္တင္မုတ္သုန္မိုး သည္းထန္စြာ ႐ြာသြန္းၿပီးေနာက္ ႏိုင္ငံတစ္ခုလုံးရဲ႕ သုံးပုံတစ္ပုံမွာ ေရလႊမ္းမိုးခံေနရတယ္လို႔ ေတာင္အာရွႏိုင္ငံရဲ႕ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာဝန္ႀကီးက ေျပာဆိုေၾကာင္း India Today က ဩဂုတ္လ ၃ဝ ရက္မွာေရးသားပါတယ္။
ဧရိယာ စတုရန္းမိုင္ေပါင္း ၃၄ဝ၅ဝ၉ ရွိတဲ့ ပါကစၥတန္ႏိုင္ငံဟာ တူရကီ-ျပင္သစ္နဲ႔ ဂ်ာမနီတို႔ထက္ ပိုမို က်ယ္ဝန္းၿပီး ဧရိယာအလိုက္ ကမာၻ႔ ၃၃ ခုေျမာက္ အႀကီးဆုံးႏိုင္ငံျဖစ္ပါတယ္။ လူဦးေရ ၂၄၂ သန္းနီးပါး ေနထိုင္ၾကတဲ့အတြက္ ကမာၻေပၚမွာ ပၪၥမေျမာက္ လူဦးေရအမ်ားဆုံးႏိုင္ငံလည္းျဖစ္ပါတယ္။
သမုဒၵရာႀကီးတစ္ခုလို အားလုံးျဖစ္သြားေၾကာင္း၊ ေရစုပ္ထုတ္ဖို႔အတြက္ ေျခာက္ေသြ႕တဲ့ ေျမေနရာပင္ မရွိေတာ့ေၾကာင္း၊ ပါကစၥတန္မွာ ယခုလို ျဖစ္ပ်က္ေနပုံဟာ ပုံမွန္မုတ္သုန္ရာသီျဖစ္စဥ္မ်ားနဲ႔ အလြန္အမင္း ျခားနားေနေၾကာင္း၊ ႏိုင္ငံဟာ ရာသီဥတုေျပာင္းလဲေဖာက္ျပန္မႈရဲ႕ တံခါးေပါက္ျဖစ္ပါတယ္လို႔ ဝန္ႀကီးက ဆက္လက္ေျပာဆိုပါတယ္။
ဂ်ာမန္ Deutsche Welle (DW) သတင္းစာနဲ႔ ေတြ႕ဆုံရာမွာေတာ့ ေရႀကီးေရလွ်ံမႈဟာ ႏိုင္ငံအတြင္း မွန္းဆ မရေလာက္တဲ့ အတိုင္းအတာအထိ အက်ပ္အတည္းေတြကို ဖန္တီးခဲ့ေၾကာင္း၊ ေရဖုံးလႊမ္းသြားတဲ့ ဧရိယာေတြဟာ ႀကီးမားက်ယ္ျပန္႔လြန္းတာေၾကာင့္ ကူညီကယ္ဆယ္ေရးအတြက္ ေရတပ္မေတာ္ကို အကူအညီေတာင္းခံရသည္အထိ ျဖစ္ခဲ့ရေၾကာင္း၊ အဲ့ဒါ အိႏၵိယ-ပါကစၥတန္စစ္ပြဲအၿပီး ပထမဆုံးအႀကိမ္ တပ္ျဖန္႔ရျခင္းျဖစ္ေၾကာင္း ဝန္ႀကီးက ရွင္းျပပါတယ္။
မုတ္သုံမိုး႐ြာသြန္းမႈေၾကာင့္ ဇြန္လလယ္ပိုင္းမွစၿပီး တနလၤာေန႔အထိ ပါကစၥတန္မွာ ေသဆုံးသူ ၁ဝ၆၁ ဦးအထိ ရွိလာခဲ့ေၾကာင္း၊ ေရႀကီးမႈေၾကာင့္ လမ္းေပါင္း ၃ဝဝဝ ေက်ာ္၊ တံတား ၁၃ဝ ေက်ာ္နဲ႔ အိမ္ေျခေပါင္း ၄၉၅ဝဝဝ ေက်ာ္ ပ်က္စီးခဲ့ေၾကာင္း အစၥလာမ္မာဘတ္ အမ်ိဳးသားသဘာဝေဘးအႏၲ ရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈေအဂ်င္စီထံမွ သိရွိရပါတယ္။
မူမမွန္ မုတ္သုန္မိုး႐ြာသြန္းျခင္း ကပ္ေဘးက်ေရာက္တဲ့အတြက္ ပါကစၥတန္ႏိုင္ငံအတြင္းေန လူေပါင္း (၃၃)သန္းခန္႔အေပၚ ထိခိုက္ရလိမ့္မယ္လို႔ ၿပီးခဲ့တဲ့ သီတင္းပတ္က ခန႔္မွန္းထားပါတယ္။