ဗုဒ္ဓဘာသာအခြေခံသော အာရှ-ဥရောပ ခရီးသွားလုပ်ငန်းအတွက် စပိန်တွင် မြန်မာ၏ အထင်ကရ စေတီ ပုထိုးများ၊ ဘာသာရေးဆိုင်ရာအဆောက်အဦးများ တည်ဆောက်သွားမည်

1179

ဖူးပြည့် (NP News) - စက်တင်ဘာ ၁
စပိန်နိုင်ငံတွင် မြန်မာနိုင်ငံ၏ အထင်ကရစေတီပုထိုးများ၊ ဘာသာရေးဆိုင်ရာအ ဆောက်အဦးများ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စေတီပုထိုးများ၊ ဘာသာရေးအဆောက်အဦးများကို ဗုဒ္ဓဘာသာအခြေခံသော အာရှ- ဥရောပ ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စပိန်နိုင်ငံတွင်ဆောင်ရွက်မည့် The Great Maha Karuna စီမံကိန်း၌ ထည့်သွင်းသွားမည်ဖြစ်ကြောင်းသိရသည်။
စပိန်နိုင်ငံအခြေစိုက် Lumbini Garden Foundation ၏ ဥက္ကဋ္ဌ Mr. Jose Maunel Vilanova Aleman ဦးဆောင်သောအဖွဲ့သည် ဩဂုတ်လ ၃ဝ ရက်က ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီး ဒေါက်တာဌေးအောင်နှင့် တွေ့ဆုံစဉ် ယခုကဲ့သို့တင်ပြခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
“ယခုစီမံကိန်း အောင်မြင်ဖို့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ နိုင်ငံက အရေးပါတဲ့ အခန်းကဏ္ဍကပါဝင်နေတာကြောင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုပါတယ်”ဟု Mr. Jose Maunel Vilanova Aleman ကပြောသည်။
စပိန်နိုင်ငံတွင်ဆောင်ရွက်မည့် The Great Maha Karuna စီမံကိန်း၏ မြေအကျယ်ဟက်တာပေါင်း ၁၁ဝ ရှိပြီး အဆိုပါစီမံကိန်း ဆောင်ရွက်နိုင်ရေးအတွက် စပိန်နိုင်ငံအစိုးရထံမှ ခွင့်ပြုချက်ရရှိထားပြီးဖြစ်ကြောင်းသိရသည်။ အဆိုပါစီမံကိန်းအား လွန်ခဲ့သည့် လေးနှစ်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းကာလအနေဖြင့် (၁၅) နှစ် ဖြစ်ကာ မြန်မာ၊ နီပေါ၊ ထိုင်း စသည့်ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်သည့် နိုင်ငံများမှ စေတီပုထိုးများနှင့် သာသနိကအဆောက်အဦများကို ဦးစားပေး ထည့်သွင်းတည် ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
“ဝန်ကြီးဌာနအနေနဲ့ ဗုဒ္ဓဘာသာပြန့်ပွားရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးနဲ့ ချစ်ကြည်ရေး ခိုင်မြဲတိုးတက်ရေးတို့ အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ပြောသည်။
မြန်မာနိုင်ငံမှ ရွှေစည်းခုံစေတီတော်ပုံတူစေတီအား တည်ဆောက်သွားရန် လျာထားပြီး သီတဂူဆရာတော်ဘုရားကြီး၏ ဩဝါဒကိုလည်းခံယူထားပြီးဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံ မှ စကျင်ကျောက်များဖြင့် ထုဆစ်ထားသည့် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကိုလည်း မှာယူသွားရန် စီစဉ်လျက်ရှိရာ ဆင်းတုတော် ၂၆ဝဝ မှာယူထားပြီးဖြစ်ကာ ၅၂၈ဝ ထပ်မံမှာယူသွားရန် ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံကဲ့သို့ ဗုဒ္ဓဘာသာထွန်းကားသော နိုင်ငံရှိ ဘုရားပုထိုး စေတီများ၊ သာသနိကအဆောက်အဦများအား စပိန်နိုင်ငံတွင် တည်ဆောက်ပြသခွင့်ရရှိသည့်အတွက် မြန်မာ နိုင်ငံအား ပိုမိုသိရှိလာစေမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကိုပါ မြှင့်တင်နိုင်မည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် မြန်မာ- နီပေါ- စပိန် သုံးနိုင်ငံ၏ ဘုရားဖူးခရီးစဉ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

zawgyi version
ဗုဒၶဘာသာအေျခခံေသာ အာရွ-ဥေရာပ ခရီးသြားလုပ္ငန္းအတြက္ စပိန္တြင္ ျမန္မာ၏ အထင္ကရ ေစတီ ပုထိုးမ်ား၊ ဘာသာေရးဆိုင္ရာအေဆာက္အဦးမ်ား တည္ေဆာက္သြားမည္
ဖူးျပည့္ (NP News) - စက္တင္ဘာ ၁
စပိန္ႏိုင္ငံတြင္ ျမန္မာႏိုင္ငံ၏ အထင္ကရေစတီပုထိုးမ်ား၊ ဘာသာေရးဆိုင္ရာအ ေဆာက္အဦးမ်ား တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေစတီပုထိုးမ်ား၊ ဘာသာေရးအေဆာက္အဦးမ်ားကို ဗုဒၶဘာသာအေျခခံေသာ အာရွ- ဥေရာပ ခရီးသြားလုပ္ငန္း ဖြံၿဖိဳးတိုးတက္ေစရန္ ရည္႐ြယ္၍ စပိန္ႏိုင္ငံတြင္ေဆာင္႐ြက္မည့္ The Great Maha Karuna စီမံကိန္း၌ ထည့္သြင္းသြားမည္ျဖစ္ေၾကာင္းသိရသည္။
စပိန္ႏိုင္ငံအေျခစိုက္ Lumbini Garden Foundation ၏ ဥကၠ႒ Mr. Jose Maunel Vilanova Aleman ဦးေဆာင္ေသာအဖြဲ႕သည္ ဩဂုတ္လ ၃ဝ ရက္က ဟိုတယ္ႏွင့္ခရီး သြားလာေရးဝန္ႀကီး ေဒါက္တာေဌးေအာင္ႏွင့္ ေတြ႕ဆုံစဥ္ ယခုကဲ့သို႔တင္ျပခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။
“ယခုစီမံကိန္း ေအာင္ျမင္ဖို႔ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ေရးအတြက္ ျမန္မာ ႏိုင္ငံက အေရးပါတဲ့ အခန္းက႑ကပါဝင္ေနတာေၾကာင့္ ဝိုင္းဝန္းကူညီေဆာင္႐ြက္ေပးေစလိုပါတယ္”ဟု Mr. Jose Maunel Vilanova Aleman ကေျပာသည္။
စပိန္ႏိုင္ငံတြင္ေဆာင္႐ြက္မည့္ The Great Maha Karuna စီမံကိန္း၏ ေျမအက်ယ္ဟက္တာေပါင္း ၁၁ဝ ရွိၿပီး အဆိုပါစီမံကိန္း ေဆာင္႐ြက္ႏိုင္ေရးအတြက္ စပိန္ႏိုင္ငံအစိုးရထံမွ ခြင့္ျပဳခ်က္ရရွိထားၿပီးျဖစ္ေၾကာင္းသိရသည္။ အဆိုပါစီမံကိန္းအား လြန္ခဲ့သည့္ ေလးႏွစ္က စတင္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး စီမံကိန္းကာလအေနျဖင့္ (၁၅) ႏွစ္ ျဖစ္ကာ ျမန္မာ၊ နီေပါ၊ ထိုင္း စသည့္ေထရဝါဒဗုဒၶဘာသာ ကိုးကြယ္သည့္ ႏိုင္ငံမ်ားမွ ေစတီပုထိုးမ်ားႏွင့္ သာသနိကအေဆာက္အဦမ်ားကို ဦးစားေပး ထည့္သြင္းတည္ ေဆာက္သြားမည္ျဖစ္ေၾကာင္းသိရသည္။
“ဝန္ႀကီးဌာနအေနနဲ႔ ဗုဒၶဘာသာျပန႔္ပြားေရး၊ ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးေရးနဲ႔ ခ်စ္ၾကည္ေရး ခိုင္ၿမဲတိုးတက္ေရးတို႔ အတြက္ ဆက္လက္ပူးေပါင္း ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္”ဟု ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေဌးေအာင္က ေျပာသည္။
ျမန္မာႏိုင္ငံမွ ေ႐ႊစည္းခုံေစတီေတာ္ပုံတူေစတီအား တည္ေဆာက္သြားရန္ လ်ာထားၿပီး သီတဂူဆရာေတာ္ဘုရားႀကီး၏ ဩဝါဒကိုလည္းခံယူထားၿပီးျဖစ္ေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံ မွ စက်င္ေက်ာက္မ်ားျဖင့္ ထုဆစ္ထားသည့္ ဗုဒၶ႐ုပ္ပြားဆင္းတုေတာ္မ်ားကိုလည္း မွာယူသြားရန္ စီစဥ္လ်က္ရွိရာ ဆင္းတုေတာ္ ၂၆ဝဝ မွာယူထားၿပီးျဖစ္ကာ ၅၂၈ဝ ထပ္မံမွာယူသြားရန္ ရွိေၾကာင္းသိရသည္။
ျမန္မာႏိုင္ငံကဲ့သို႔ ဗုဒၶဘာသာထြန္းကားေသာ ႏိုင္ငံရွိ ဘုရားပုထိုး ေစတီမ်ား၊ သာသနိကအေဆာက္အဦမ်ားအား စပိန္ႏိုင္ငံတြင္ တည္ေဆာက္ျပသခြင့္ရရွိသည့္အတြက္ ျမန္မာ ႏိုင္ငံအား ပိုမိုသိရွိလာေစမည္ျဖစ္ၿပီး ျမန္မာႏိုင္ငံ၏ ခရီးသြားလုပ္ငန္းကိုပါ ျမႇင့္တင္ႏိုင္မည္ျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ ျမန္မာ- နီေပါ- စပိန္ သုံးႏိုင္ငံ၏ ဘုရားဖူးခရီးစဥ္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ပါ ပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္ အခြင့္အလမ္းမ်ားရရွိႏိုင္မည္ျဖစ္ေၾကာင္းသိရသည္။