“အာဆီယံ ပိုးလမ်းမထက်က ရင်းနှီးမြှုပ်နှံမှု ပြိုင်ပွဲ” (ဆောင်းပါး)

 868

ရဲထွန်း (သီပေါ) (NP News) - စက်တင်ဘာ ၅

“BRI ကိုတန်ပြန်ဖို့ အာဆီယံကို ဝင်ကြစို့”
၁၈ဝဝ နှောင်းပိုင်းခုနှစ်တွေမှာ ဗြိတိသျှ စားသုံးသူတွေအတွင်း ပိုးလမ်းမတလျှောက်ကနေ ဝင်ရောက်လာ တဲ့ တရုတ် ကြွေထည် အပြာနဲ့ အဖြူရောင် လူသုံးကုန်ပစ္စည်းတွေဟာ လူကြိုက်များလွန်းလို့ Chinamania “တရုတ်ထည်စွဲလန်းခြင်း” ဆိုတဲ့ ဝေါဟာရတောင်ပေါ်လာခဲ့ဘူးပါတယ်။ ယနေ့အချိန်မှာတော့ တရုတ် စွဲလန်းမှုဟာ အရိပ်မည်းထိုးခံနေရပါပြီ။ အကြောင်းကတော့ ဥရောပနဲ့ ပစိဖိတ်အင်အားကြီးနိုင်ငံများ အနေနဲ့ ပီကင်းရဲ့ “ပိုးလမ်းမသစ်” အခြေခံအဆောက်အအုံ စီမံကိန်းတွေနဲ့ အပြိုင်၊ အာရှက သူတို့ရဲ့ ကုန်သွယ်ရေး ပါတနာတွေကို ရွေးချယ်စရာအဖြစ် ကမ်းလှမ်းလာကြလို့ဖြစ်ပါတယ်။
ဒီပြိုင်ပွဲက တရုတ်ပြည်ရဲ့ တံခါးဝနားက အရှေ့တောင်အာရှမှာ ပြင်းထန်လှပါတယ်။

အဲဒီဒေသဟာ ကမ္ဘာပေါ်က တိုးတက်မှုအမြန်ဆုံးစီးပွားရေးဒေသတချို့တွေထဲက တစ်ခုဖြစ်တဲ့အတွက် အခြေခံအဆောက်အအုံတွေ အလျင်အမြန် တိုးချဲ့ဖို့လိုအပ်နေလို့ပါ။ ဂျပန်ဟာ အဲဒီဒေသမှာ ကုန်တင်ကားနဲ့ ရထားတွေအတွက် လမ်းတွေ တည်ဆောက်ရေးမှာ အဓိက အလှူရှင်အဖြစ်ရပ်တည်နေတာကြာပါပြီ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကစပြီး တရုတ်ပြည်က သူ့ရဲ့ကိုယ်ပိုင်ကုန်သွယ်ရေးကွန်ရက်ကို တည်ဆောက်ဖို့ ခါးပတ်လမ်းစီမံကိန်း (BRI) ကို ပွဲထုတ်လာတဲ့အချိန်မှာ ကစားကွက်ကပြောင်းလဲသွားခဲ့ပါတယ်။

ခုချိန်မှာတော့ အခြေအနေက တစ်ဖန်ပြောင်းလဲဖို့ဖန်လာပြန်ပါပြီ။ ပီကင်းရဲ့ ဘီလျံနဲ့ချီတဲ့ စီမံကိန်းတွေကို တန်ပြန်ဖို့ ရန်ဘက်ဒီမိုကရေစီနိုင်ငံများက ကြေငြာချက်ထုတ်လာပါတယ်။ ဒီပြိုင်ဘက် အင်အားရှိနိုင်ငံတွေက အခြေခံအဆောက်အအုံတည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတသီတသန်းကြီးကို ကြေငြာခဲ့ပါတယ်။ ဩစတြေးလျ အစိုးရသစ်က ဖွံ့ဖြိုးရေးအကူအညီကို တိုးပေးလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ဥရောပသမဂ္ဂက တော့ အရှေ့ တောင်အာရှမှာ အခြေခံအဆောက်အအုံတည်ဆောက်ပေးဖို့ စာချုပ်တွေလက်မှတ်ထိုးချင်နေပါတယ်။ အမေရိကန်ကတော့ BRI ကိုတန်ပြန်ဘို့ ဂျီ-၇ နိုင်ငံအုပ်စုကိုခေါင်းဆောင်ပြီး အခြေခံအဆောက်အအုံ တည်ဆောက်ရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ဘီလျံ ၆ဝဝ ကို ပြီးခဲ့တဲ့ ဇွန်လက ထူထောင်ခဲ့ပါတယ်။

“ ဒီမိုကရေစီနိုင်ငံတွေ ဝင်ရောက်တာက သိပ်နောက်ကျနေပြီလား”
အလှူငွေ၊ ကုန်သွယ်ရေးနဲ့ လက်တွေ့နိုင်ငံရေး ပေါင်းစပ်ထားတဲ့ ဒီအစီအစဉ်ဟာ ဒီဒေ သတွင်းမှာ အချက်အခြာကျတဲ့ မေးခွန်းတွေပေါ်လာပါတယ်။ တရုတ်ရဲ့ ပြိုင်ဘက်တွေအနေနဲ့ အရှေ့တောင်အာရှရဲ့နောက်မျိုးဆက် အခြေခံအဆောက်အအုံတည်ဆောက်ရေးမှာ သိပ်နောက်ကျနေပြီလားဆိုတာပါ။

ကျွန်တော်တို့ နိုင်ငံရေးသမားတွေက (Chinamania) “တရုတ်တစ္ဆေခြောက်” တာကြောင့် တစောက်ကန်းဆုံးဖြတ်ချက်တွေကို ချမှတ်ကြတယ်”လို့ ဩစတြေးလျ ပညာရှင်အဖွဲ့ တစ်ခုဖြစ်တဲ့ ဖွံ့ဖြိုးရေးပေါ်လစီ စင်တာက သုတေသီတစ်ဦးဖြစ်သူ တဲရင့်ဝုဒ် ကပြောပါတယ်။ ဒီနိုင်ငံတွေက သက်ဆိုင်ရာနိုင်ငံရဲ့ လိုအပ်ချက်ကြောင့်ထက် တရုတ်စီမံကိန်းတွေကို ယှဉ်ပြိုင်ချင်တာကြောင့် တချို့စီမံကိန်းတွေကို ငွေကြေးထောက်ပံ့ဖို့ ဆုံးဖြတ်ကြတာ” လို့ဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံ သမာဆတ်တက္ကသိုလ်က ပါဗီဒါ ပန္နနွန်း ကတော့ ဂျီ-၇ ရဲ့ ရန်ပုံငွေကိုကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ဘယ်လောက်တကယ်ဖြစ်လာမှာလဲ ဆိုတာနဲ့ “ အ ကျိုးစီးပွားမတူကြတဲ့ နိုင်ငံတွေအကြား” ဘယ်လို စီမံကိန်းတွေကို ရွေးချယ်မှာလဲဆိုတာကို မေးခွန်းထုတ်လိုက်ပါတယ်။

“ဒီပြဿနာတွေဟာ ဂျီ-၇ အစီအစဉ်တွေရဲ့ အကျိုးသက်ရောက်မှုတွေကို လျော့ပါးစေလိမ့်မယ်၊ နောက်ပြီး တရုတ်ရဲ့ကြီးထွားလာနေတဲ့ ပထဝီနိုင်ငံရေးဩဇာနဲ့ ပထဝီစီး ပွားရေး အင်အားကို တန်ပြန်ထိန်းနိုင်ပါ့မလားဆိုတာ သံသယဖြစ်မိပါတယ်။ တရုတ်ရဲ့ BRI ကို မှီနိုင်မလား စောင့်ကြည့်ရမှာပေါ့”လို့ ထိုင်းတက္ကသိုလ် နိုင်ငံတကာစီးပွားရေး ပါမော က္ခ ပါဗီဒါက နီကေး အေးရှားကို ပြောပါတယ်။

ဒီမိုကရေစီ မဟာမိတ်နိုင်ငံတွေက သူတို့ရဲ့စီမံကိန်းတွေဟာ “ ထိုက်ထိုက်တန်တန်ဖြစ်မှု၊ အဆင့်အတန်း မြင့်မားမှုနဲ့ ပွင့်လင်းမြင်သာမှု" ရှိတဲ့ အခြေခံအဆောက်အအုံ ပူး ပေါင်းဆောင်ရွက်မှုဖြစ်တယ်ဆိုတာကို၊ BRI နဲ့နှိုင်းယှဉ်ပြီး ပြချင်တာပါလို့ ဥရောပပါလီမန် သုတေသီ ဂျစ္စလာဂရီဂျာကဆိုပါတယ်။

ဂျပန်ဟာ အရှေ့တောင်အာရှဒေသ အခြေခံအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းတွေရဲ့ ဘဏ္ဍာရေး ထောက်ပံ့သူအဖြစ် ထိပ်ဆုံးမှာရှိနေခဲ့သူပါ။ အင်ဒိုနီးရှားနိုင်ငံက ပါတင်ဘန် ဆိပ်ကမ်းနဲ့ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံက မြေအောက်မီးရထားလမ်း တည် ဆောက်ရေးတွေမှာ အတိုးနှုန်း ဝ.၁ ရာခိုင်နှုန်း (aid)ချေးငွေနဲ့ တည်ဆောက်ပေးခဲ့ပါတယ်။ နိုင်ငံခြားအကူအညီ လှူဒါန်းသူအဖြစ် ကမ္ဘာမှာ ထိပ်ဆုံးကရှိနေတဲ့ အမေရိကန်က၊ အာဆီယံနိုင်ငံများနဲ့ ကုန်သွယ်ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်မယ်လို့ မေလက ကြေငြာခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ အာဆီယံနိုင်ငံတွေရဲ့ အခြေခံအ ဆောက်အအုံတွေအတွက် သန့်ရှင်းတဲ့ စွမ်းအင် clean-energy ထောက်ပံ့ရေးလည်း ပါဝင်ပါတယ်။

ဒီရန်ပုံငွေဟာ အမေရိကန်ဒေါ်လာ သန်း ၁၅ဝ အတွဲလိုက်ခွင့်ပြုငွေထဲက အစိတ်အပိုင်းတစ်ခုအဖြစ် အာဆီယံခေါင်းဆောင်တွေ ဝါရှင်တန်မှာ အစည်းအဝေးလာတက်တုန်းက ထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။ ဒီရန်ပုံငွေဟာ တရုတ်ပြည်က ကမ္ဘောဒီးယားနိုင်ငံရဲ့ လမ်းမျိုးစုံ ပရောဂျက်တစ်ခုထဲအတွက် အမေရိကန်ဒေါ်လာ ၁၄ သန်းသုံးစွဲခဲ့တာနဲ့ နှိုင်းယှဉ်ရင် ရီစရာကောင်းတဲ့ ပမာဏဖြစ်နေပါတယ်။

အမေရိကန်နဲ့သူ့မဟာမိတ်တွေရဲ့ ကြိုးပမ်းချက်အသစ်တွေကို ထောက်ခံသူတွေက တော့၊ ဒါတွေကို ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုအမြင်ကနေ မကြည့်မြင်သင့်ဘူးလို့ ဆိုပါတယ်။ ဂလိုဘယ်စီတီဇင်ရဲ့ ဆင်းရဲမှုတိုက်ဖျက်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဖရက်ဒရစ်ရော့ဒ်ဂျာက နီကေးအေးရှား သတင်းဌာနကို “ကိုဗစ် ၁၉ ကပ်ရောဂါနဲ့ ရာသီဥတုပြောင်းလဲမှုတွေကြောင့်ဖြစ်ပေါ်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေက ကျနော်တို့ကို စည်းလုံးညီ ညွတ်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုနေပါတယ်” လို့ ပြောပါတယ်။

“အာဆီယံ ပိုးလမ်းမရဲ့ ကျောရိုး နဲ့ အပြိုင်”
အရှေ့တောင်အာရှမှာ တရုတ်ပိုးလမ်းမကို ပြန်လည်အသက်သွင်းဖို့ဆိုတဲ့ ကျောရိုးအစီ အစဉ်ဟာ (၅) နိုင်ငံ ချိတ်ဆက်ကွန်ယက်ဖွဲ့မယ့် အမြန်ရထားလမ်းစီမံကိန်း ဖြစ်ဖွယ်ရှိပါတယ်။ တရုတ်က ရေးဆွဲထားတဲ့ လမ်းကြောင်းကတော့ လာအို၊ ထိုင်းနဲ့ မလေးရှားကိုဖြတ်ပြီး စင်ကာပူအထိ ဖောက်လုပ်ဖို့ပါဘဲ။ ဒါပေမဲ့ လုပ်ငန်းတွေက တုံ့ဆိုင်းနေပါတယ်။ တစ်ချိန်ထဲမှာဘဲ ပြိုင်ဘက်တွေက သယ်ယူပို့ဆောင်ရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းနေရာ အများအပြားကို ဦးထားနေကြပါပြီ။ ထိုင်းနိုင်ငံက တံတားတွေကို ဩစတြေးလျက ထောက်ပံ့ငွေနဲ့ တည်ဆောက်နေပါတယ်။ အင်ဒိုနီးရှားကလေဆိပ်ကို ပြင်သစ်က ကူညီတည်ဆောက်ပေးမှာဖြစ်ပြီး၊ အမေရိကန်က ဗီယက်နမ်ရဲ့ အလုပ်အ ရှုပ်ဆုံး ကွန်တိန်နာဆိပ်ကမ်းကို အဆင့်မြှင့်တင်ပေးမှာဖြစ်ပါတယ်။ အခြေခံအဆောက် အအုံတွေ ပိုမိုကောင်းမွန်ရေးဟာ သူတို့အတွက် အဓိကလိုအပ်ချက်ဖြစ်ပါတယ်လို့ ဇူ လိုင်လ ၄ ရက်က ထုတ်ပြန်တဲ့ စစ်တမ်းတစ်ခုကဆိုကြောင်း ဗီယက်နမ်မှာရှိတဲ့ ဥရောပ ကုမ္ပဏီတွေပြောပါတယ်။ ဂျပန်ကုမ္ပဏီ တော်တော်များများကလည်း “အရှေ့တောင်အာရှမှာ သယ်ယူပို့ဆောင်ရေး အကန့်အသတ်တွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေ အခက် အခဲ ဖြစ်နေတာ” လို့ ဆိုကြပါတယ်။

“ကျွန်တော်တို့မျှော်လင့်တာကတော့ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်လာမှုက ရင်းနှီးမြှုပ်နှံမှုတိုးများလာဖို့ကို ထိုးဆွပေးပါလိမ့်မယ်” လို့ ဂျပန်နိုင်ငံတကာကော်ပိုရေး ရှင်းအေဂျင်စီရဲ့ အင်ဒိုနီးရှားဌာနခွဲမှ နီကေးအေးရှားကို ပြောပါတယ်။

ဂျပန်ကနေ (ဘရူနိုင်းမှလွဲပြီး) အာဆီယံအုပ်စုတစ်ခုလုံးကို အစိုးရနဲ့ပုဂ္ဂလိက ကဏ္ဍနှစ်ခုလုံးက ဘဏ္ဍာရေးအရ (ချေးပေး) ကူညီထားတဲ့ ဆောက်လုပ်ဆဲ ပရောဂျက်စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၃၃ဝ ဘီလျံရှိတယ်လို့ Fitch Solutions အရသိရပါတယ်။ ဒီပမာဏဟာ တရုတ်က ချေးပေးကူညီတဲ့ အမေရိကန်ဒေါ်လာဘီလျံ ၁ဝဝ ထက်များပါတယ်။ တရုတ်အကူအညီဟာ ဂျပန်ထက်နည်းပေမဲ့ ဥရောပနဲ့ အမေရိကန် ကူညီမှု နှစ်ခုပေါင်းထက်တော့ပိုပါတယ်။

ပီကင်းရဲ့ ရက်ရက်ရောရောပေးကမ်းမှုတွေကို ယှဉ်ပြိုင်နိုင်ပါ့မလားလို့ မေးလိုက်တဲ့အခါ တိုင်း တရုတ်တို့ရဲ့ မမြင်ရတဲ့ ကုန်ကျစားရိတ် (hidden costs) နဲ့ သူတို့ရဲ့ စီးပွားရေး သမားပင်ကိုယ်စွမ်းရည်တွေကို ဂျီ-၇ အစိုးရတွေက စိုးရိမ်ပူပန်ကြပါတယ်။ ဒီစိုးရိမ်မှုက ထရမ့်အစိုးရလက်ထက်မှာ BRI ကိုတုံ့ပြန်ဖို့ အကူအညီပေးရေး အရာရှိတွေလွှတ်ပြီး လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးအကြောင်း ရှင်းပြတဲ့အချိန်မှာ စပေါ်လာတာပါ။

“ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးတွေက ရင်းနှီးမြှုပ်နှံမှုတွေကို ထိုးဆွပေးမယ်”
“အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ် မဟာဗျူဟာက ကျွန်တော်တို့ရဲ့ ပါ့တနာတွေကို အင်တာပရိုက် စီးပွားရေးလုပ်ငန်းကြီးတွေက မောင်းနှင်တဲ့ အနာဂါတ်ဖြစ်လာစေဖို့ အကူအညီတွေပေးတာပါ။ ပုဂ္ဂလိက အင်တာပရိုက်စ်တွေဟာ လူသားတွေရဲ့ နေထိုင်မှုဘဝနဲ့ လူ့အ ဖွဲ့အစည်းရဲ့ အဆောက်အအုံတွေကို မြှင့်တင်ပေးတဲ့ အကြီးမားဆုံး အင်အားပါ” လို့ ၂ဝ၁၈ ခုနှစ်တုန်းက နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီရဲ့အုပ်ချုပ်ရေးမှုး မာ့က်ဂရင်းက ပြောခဲ့ဖူးပါတယ်။

“အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်လာမှုဟာ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဆွဲဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်” လို့ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီရဲ့ အင်ဒိုနီးရှားဌာနခွဲက နီကေးအေးရှားကို ပြောပါတယ်။ “ကူ ညီထောက်ပံ့ငွေတွေဟာ လက်ခံရရှိတဲ့ တိုင်းပြည်တွေရဲ့စီးပွားရေးနဲ့ လူမှုရေးကဏ္ဍကို အကျိုးပြုပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနိုင်ငံတွေဟာ ဂျပန်နိုင်ငံရဲ့စီးပွားဖက် တွေဖြစ်လို့ပါဘဲ” လို့ဆိုပါတယ်။

ဒီလိုချဉ်းကပ်တဲ့ သဘောထားကို သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်မှာအထိ ဆက်လက်အသုံးပြုပါတယ်။ ဂျီ-၇ ရဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးအစီအစဉ်သစ်အတွက် ဘတ်ဂျက်ဟာ မူလဘတ်ဂျက်ရာထားငွေ အမေရိကန်ဒေါ်လာ ၆ဝဝ ဘီလျံထက်ပိုမယ်လို့ အမေရိကန်ကဆိုပါတယ်။

“အရှေ့တောင်အာရှကိစ္စမှာ၊ ကျွန်တော်တို့ အမှန်တကယ် ကြိုးစားနေတာက၊ ပုဂ္ဂလိက ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာ အခြေပြုတဲ့ ရေရှည်စီးပွားဆက်ဆံရေး ထိုးဆွမှုဖြစ်ဖို့ပါ။ အမေရိကန် ဘဏ္ဍာရေးဌာနက ငွေအမြောက်အများ လွှဲပြောင်းပေးဖို့ သက်သက်မဟုတ်ပါဘူး” လို့ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ဒီနှစ်ဇွန်လထဲမှာ ပြောခဲ့ပါတယ်။

“ စွမ်းအင် ကဏ္ဍ ယှဉ်ပြိုင်မှု”
အာဆီယံဒေသမှာ စွမ်းအင်ကဏ္ဍတိုက်ပွဲကလည်း ပိုပြီးပေါ်ပေါ်တင်တင် ဖြစ်လာပါလိမ့်မယ်။ ဒီဒေသရဲ့ စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုဟာ ၂ဝ၃ဝ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၃ဝ ဘီလျံဖြစ်လာပါလိမ့်မယ်။ ဒါဟာ လက်ရှိနှစ်စဉ်ဖျမ်းမျှရဲ့ နှစ်ဆပမာဏဖြစ်တယ် လို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီရဲ့ မေလအစီရင်ခံစာက ဆိုပါတယ်။ လျှပ်စစ်ဓါတ်အားလိုင်းတွေ ပြင်ဆင်မွမ်းမံရေးကလည်း လုပ်စရာတွေတပုံတပင်ပါ။ အဆို ပြုတင်ပြခဲ့တဲ့ အာဆီယံ ပါဝါဂရစ်လိုင်းသွယ်တန်းရေးကလည်း လုပ်ငန်းတချို့ဖြစ်ပေါ်လာပြီးတဲ့နောက်မှာ တုံ့ဆိုင်းနေပါတယ်။

ဒါပေမဲ့ မျှော်လင့်ချက်ရောင်ခြည်နည်းနည်းတော့သန်းလာတာရှိပါတယ်။ ဒတ်ချ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူတွေက အရှေ့တောင်အာရှရဲ့ နေရောင်ခြည်နဲ့ လေစွမ်းအင်သုံး လျှပ်စစ်စျေးကွက်ထဲကို ဒလဟော တိုးဝင်လာနေကြပါတယ်။ တချို့ ကုမ္ပဏီတွေကလည်း အစိုးရရဲ့ နောက်ခံပေးမှုနဲ့ပါ။ ဥရောပ သမဂ္ဂက အာဆီယံနဲ့ ချိတ်ဆက်ပါတနာ စာချုပ်လက်မှတ်ထိုးဖို့ စိတ်အားထက်သန်နေပါတယ်။ ၂ဝ၂၁ ခုနှစ်က အိန္ဒိယနဲ့ ချုပ်ဆိုခဲ့သလိုမျိုးပါ။ ဒီစာချုပ်မှာ ဥရောပ ရင်းနှီးမြှုပ်နှံရေးဘဏ်က ပြည်လည်ဖြည့် တင်းနှိုင်တဲ့ စွမ်းအင် (ရေအား၊ လေအား၊ နေရောင်ခြည် စသည်တို့ဖြင့် ထုတ်လုပ်သည့်) နဲ့ တခြား အခြေခံအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းတွေကို ငွေကြေးထောက်ပံ့ပေးဘို့ လည်းပါဝင်ပါတယ်။ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားထုတ်လုပ်ဖို့ တရုတ်ထုတ်လုပ်ရေး သမားတွေနဲ့ ဂျပန် တပ်ဆင်သူတွေလည်း အဲဒီဒေသမှာ ခြေချင်းလိမ်နေကြပါတယ်။

အကူအညီချေးငွေတွေ ပုဂ္ဂလိက ကဏ္ဍကို ဘယ်လိုစီးဝင်တယ်ဆိုတာကို အရှေ့တောင်အာရှ ဒေသက အကြီးဆုံး ဆိုလာပြား ထုတ်လုပ်တဲ့ ဗီယက်နမ်နိုင်ငံက စံနမူနာပြပါတယ်။ ဗီယက်နမ်ဟာ ၂ဝ၁၉ ခုနှစ် ကိုဗစ်ကပ်ရောဂါမဖြစ်ခင်က အမေရိကန်ဒေါ်လာ ၅၃၃ သန်းကို အခြေခံအဆောက်အအုံ တည်ဆောက်ရေး အကူအညီအဖြစ် လက်ခံရရှိခဲ့တယ်လို့ OECD ကဆိုပါတယ်။ ဒီရရှိတဲ့ အကူအညီတွေ ဟာ ချမ်းသာတဲ့ ဥရောပသမဂ္ဂနဲ့ (တရုတ်မပါဝင်) ပစိဖိတ်ဒေသနိုင်ငံတွေက လာကြတာဘဲဖြစ်ပါတယ်။ ဗီယက်နမ်ရရှိတဲ့ အထက်က ကူညီထောက်ပံ့ငွေတွေရဲ့ ၄၈ ရာခိုင်နှုန်းဟာ စွမ်းအင်ကဏ္ဍအတွက်ပါ။
စွမ်းအင်ကဏ္ဍပြိုင်ဆိုင်မှုမှာ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဂျပန်၊ ယူကေနဲ့ အမေရိကန် တို့ပါဝင်ပါတဲ့ ဂျီ- ၇ အဖွဲ့ချဉ်းကပ်လာမှုက သိသာထင်ရှားစေပါတယ်။ USAID ရဲ့ အာရှတိုက် သန့်ရှင်းသော စွမ်းအင်အစီအစဉ် ( USAID Clean Power Asia ) က အရှေ့တောင်အာရှဒေသရဲ့ အခြားရွေးချယ်စရာစွမ်းအင်ကဏ္ဍမှာ ၂ဝ၁၆ ခုနှစ်ကနေ ၂ဝ၂၁ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၁၆.၃ သန်း သုံးခဲ့ပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ၇ ဘီလျံ ဘဏ်ချေးငွေ ရရှိထားပြီလို့လည်း ဆိုပါတယ်။ USAID ရဲ့ အဆိုအရ ပါဝါဂရစ်လိုင်းနဲ့ ချိတ်ဆက်နေတဲ့ စီမံကိန်းတွေအတွက် အထူးသဖြင့် ပုဂ္ဂလိက ရန်ပုံငွေ “ဘဏ္ဍာ‌ရေးစုဆောင်းမှု” လုပ်နေတယ်လို့ သိရပါတယ်။ ဒီစီမံကိန်းတွေထဲမှာ အမေရိကန်ဒေါ်လာ ၁၁၅ သန်းတန် ဗီယက်နမ်က လေအားလျှပ်စစ်စီမံကိန်းအကြံပြုချက်နဲ့ ထိုင်းနိုင်ငံက စူပါမာ့ကက်ကြီး Big C ရဲ့ ခေါင်မိုးပေါ်မှာတပ်ဆင်မဲ့ နေရောင်ခြည် သုံးဆိုလာပြားတပ်ဆင်ရေး အမေရိကန်ဒေါ်လာ သန်း ၄ဝ တန် ကန်ထ ရိုက်တို့ အပါအဝင်ဖြစ် ပါတယ်။

“ တရုတ်ကိုပြိုင်ဖို့ စုစည်းကြ”
တရုတ်ရဲ့ ခါးပတ်လမ်းစီမံကိန်းနဲ့ အပြိုင်ဖြစ်လာတဲ့ စီမံကိန်းတွေရဲ့ ကြေငြာချက်တွေမှာ အဓိကကျတဲ့ စကားလုံးက “ဘဏ္ဍာ‌ရေးစုဆောင်းမှု” ဆိုတာပါ။ အဲဒီထဲမှာ “အရည် အသွေးရှိတဲ့ အခြေခံအဆောက်အအုံ” ဆိုတာအတွက်အကူအညီပေးရေးနဲ့ ရင်းနှီး မြှုပ်နှံမှုအတွက် ဥရောပသမဂ္ဂကအသစ် စုစည်းလိုက်တဲ့ ဂလိုဘယ်ဂိတ်ဝေး (Global Gateway) လည်းပါဝင်ပါတယ်။ အဲဒါနဲ့ အလားတူ အိန္ဒိယ၊ အမေရိကန်၊ ဂျပန်နဲ့ သြစတြေးလျတို့ပါဝင်တဲ့ Quad ရဲ့ အမေရိကန်ဒေါ်လာ ဘီလျံ ၅ဝ ရန်ပုံငွေနဲ့ Build Back Better World လို့အမည်ပြောင်းပေးထားတဲ့ ဂျီ- ၇ ရဲ့ ရန်ပုံငွေတွေ လည်းပါဝင်ပါတယ်။

ပီကင်းကတော့ ဂျီ-၇ ရဲ့ ‌အမေရိကန်ဒေါ်လာ ၆ဝဝ ဘီလျံ ရန်ပုံငွေတွေ ဘယ်လို အဆုံး သတ်သွားလိမ့်မယ်ဆိုပြီး ရှုံ့ချသရော်ပြောဆိုလိုက်နေပါတယ်။ ချေးငွေလက်ခံရရှိတဲ့ အိမ်ရှင်နိုင်ငံတွေက တရုတ်ဆီက စျေးပေါတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကိုဝယ်ပြီးဆောက်လုပ်ကြမှာလို့ တရုတ်နိုင်ငံပိုင်မီဒီယာ ဂလိုဘယ်တိုင်းမ်စ်ကရေးပါတယ်။

“နောက်ဆုံး နိဂုံးချုပ်‌တော့လည်း”
ဘာပဲဖြစ်ဖြစ် ၂၁ ရာစု ကုန်သွယ်ရေးလမ်းကြောင်းကို ဘယ်နိုင်ငံကဘဲ ဘဏ္ဍာ‌ရေးထောက်ပံ့သည်ဖြစ်စေ၊ ဒီလမ်းကြောင်းကောင်းသွားရင် သူတို့ရဲ့ဘိုးဘွားတွေ ကြွေထည်ပစ္စည်းတွေကနေ အမြတ်အစွန်း ကောင်းကောင်း ရခဲ့ကြသလို၊ သူတို့လည်း ငွေကြေးအမြတ်အစွန်း ကောင်းကောင်းရကြမှာပဲလို့ တရုတ်ကုန်သယ်တွေက ယုံကြည် မျှော် လင့်နေကြပါကြောင်း။

နီကေး အေးရှား သတင်းထောက် LIEN HOANG, ၏ ဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန်သည်။
“China's ASEAN Silk Road gets slippery as other powers move in” by LIEN HOANG, Nikkei staff writerAUGUST 23, 2022 06:00 JST

zawgyi version
“အာဆီယံ ပိုးလမ္းမထက္က ရင္းႏွီးျမႇဳပ္ႏွံမႈ ၿပိဳင္ပြဲ” (ေဆာင္းပါး)
ရဲထြန္း (သီေပါ) (NP News) - စက္တင္ဘာ ၅

“BRI ကိုတန္ျပန္ဖို႔ အာဆီယံကို ဝင္ၾကစို႔”
၁၈ဝဝ ေႏွာင္းပိုင္းခုႏွစ္ေတြမွာ ၿဗိတိသွ် စားသုံးသူေတြအတြင္း ပိုးလမ္းမတေလွ်ာက္ကေန ဝင္ေရာက္လာ တဲ့ တ႐ုတ္ ေႂကြထည္ အျပာနဲ႔ အျဖဴေရာင္ လူသုံးကုန္ပစၥည္းေတြဟာ လူႀကိဳက္မ်ားလြန္းလို႔ Chinamania “တ႐ုတ္ထည္စြဲလန္းျခင္း” ဆိုတဲ့ ေဝါဟာရေတာင္ေပၚလာခဲ့ဘူးပါတယ္။ ယေန႔အခ်ိန္မွာေတာ့ တ႐ုတ္ စြဲလန္းမႈဟာ အရိပ္မည္းထိုးခံေနရပါၿပီ။ အေၾကာင္းကေတာ့ ဥေရာပနဲ႔ ပစိဖိတ္အင္အားႀကီးႏိုင္ငံမ်ား အေနနဲ႔ ပီကင္းရဲ႕ “ပိုးလမ္းမသစ္” အေျခခံအေဆာက္အအုံ စီမံကိန္းေတြနဲ႔ အၿပိဳင္၊ အာရွက သူတို႔ရဲ႕ ကုန္သြယ္ေရး ပါတနာေတြကို ေ႐ြးခ်ယ္စရာအျဖစ္ ကမ္းလွမ္းလာၾကလို႔ျဖစ္ပါတယ္။
ဒီၿပိဳင္ပြဲက တ႐ုတ္ျပည္ရဲ႕ တံခါးဝနားက အေရွ႕ေတာင္အာရွမွာ ျပင္းထန္လွပါတယ္။

အဲဒီေဒသဟာ ကမာၻေပၚက တိုးတက္မႈအျမန္ဆုံးစီးပြားေရးေဒသတခ်ိဳ႕ေတြထဲက တစ္ခုျဖစ္တဲ့အတြက္ အေျခခံအေဆာက္အအုံေတြ အလ်င္အျမန္ တိုးခ်ဲ႕ဖို႔လိုအပ္ေနလို႔ပါ။ ဂ်ပန္ဟာ အဲဒီေဒသမွာ ကုန္တင္ကားနဲ႔ ရထားေတြအတြက္ လမ္းေတြ တည္ေဆာက္ေရးမွာ အဓိက အလႉရွင္အျဖစ္ရပ္တည္ေနတာၾကာပါၿပီ။ ဒါေပမဲ့ လြန္ခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုကစၿပီး တ႐ုတ္ျပည္က သူ႔ရဲ႕ကိုယ္ပိုင္ကုန္သြယ္ေရးကြန္ရက္ကို တည္ေဆာက္ဖို႔ ခါးပတ္လမ္းစီမံကိန္း (BRI) ကို ပြဲထုတ္လာတဲ့အခ်ိန္မွာ ကစားကြက္ကေျပာင္းလဲသြားခဲ့ပါတယ္။

ခုခ်ိန္မွာေတာ့ အေျခအေနက တစ္ဖန္ေျပာင္းလဲဖို႔ဖန္လာျပန္ပါၿပီ။ ပီကင္းရဲ႕ ဘီလ်ံနဲ႔ခ်ီတဲ့ စီမံကိန္းေတြကို တန္ျပန္ဖို႔ ရန္ဘက္ဒီမိုကေရစီႏိုင္ငံမ်ားက ေၾကျငာခ်က္ထုတ္လာပါတယ္။ ဒီၿပိဳင္ဘက္ အင္အားရွိႏိုင္ငံေတြက အေျခခံအေဆာက္အအုံတည္ေဆာက္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးစီမံကိန္းတသီတသန္းႀကီးကို ေၾကျငာခဲ့ပါတယ္။ ဩစေၾတးလ် အစိုးရသစ္က ဖြံ႕ၿဖိဳးေရးအကူအညီကို တိုးေပးလိမ့္မယ္လို႔ ခန႔္မွန္းရပါတယ္။ ဥေရာပသမဂၢက ေတာ့ အေရွ႕ ေတာင္အာရွမွာ အေျခခံအေဆာက္အအုံတည္ေဆာက္ေပးဖို႔ စာခ်ဳပ္ေတြလက္မွတ္ထိုးခ်င္ေနပါတယ္။ အေမရိကန္ကေတာ့ BRI ကိုတန္ျပန္ဘို႔ ဂ်ီ-၇ ႏိုင္ငံအုပ္စုကိုေခါင္းေဆာင္ၿပီး အေျခခံအေဆာက္အအုံ တည္ေဆာက္ေရး ရန္ပုံေငြ အေမရိကန္ေဒၚလာ ဘီလ်ံ ၆ဝဝ ကို ၿပီးခဲ့တဲ့ ဇြန္လက ထူေထာင္ခဲ့ပါတယ္။

“ ဒီမိုကေရစီႏိုင္ငံေတြ ဝင္ေရာက္တာက သိပ္ေနာက္က်ေနၿပီလား”
အလႉေငြ၊ ကုန္သြယ္ေရးနဲ႔ လက္ေတြ႕ႏိုင္ငံေရး ေပါင္းစပ္ထားတဲ့ ဒီအစီအစဥ္ဟာ ဒီေဒ သတြင္းမွာ အခ်က္အျခာက်တဲ့ ေမးခြန္းေတြေပၚလာပါတယ္။ တ႐ုတ္ရဲ႕ ၿပိဳင္ဘက္ေတြအေနနဲ႔ အေရွ႕ေတာင္အာရွရဲ႕ေနာက္မ်ိဳးဆက္ အေျခခံအေဆာက္အအုံတည္ေဆာက္ေရးမွာ သိပ္ေနာက္က်ေနၿပီလားဆိုတာပါ။

ကြၽန္ေတာ္တို႔ ႏိုင္ငံေရးသမားေတြက (Chinamania) “တ႐ုတ္တေစၦေျခာက္” တာေၾကာင့္ တေစာက္ကန္းဆုံးျဖတ္ခ်က္ေတြကို ခ်မွတ္ၾကတယ္”လို႔ ဩစေၾတးလ် ပညာရွင္အဖြဲ႕ တစ္ခုျဖစ္တဲ့ ဖြံ႕ၿဖိဳးေရးေပၚလစီ စင္တာက သုေတသီတစ္ဦးျဖစ္သူ တဲရင့္ဝုဒ္ ကေျပာပါတယ္။ ဒီႏိုင္ငံေတြက သက္ဆိုင္ရာႏိုင္ငံရဲ႕ လိုအပ္ခ်က္ေၾကာင့္ထက္ တ႐ုတ္စီမံကိန္းေတြကို ယွဥ္ၿပိဳင္ခ်င္တာေၾကာင့္ တခ်ိဳ႕စီမံကိန္းေတြကို ေငြေၾကးေထာက္ပံ့ဖို႔ ဆုံးျဖတ္ၾကတာ” လို႔ဆိုလိုက္ပါတယ္။

ထိုင္းႏိုင္ငံ သမာဆတ္တကၠသိုလ္က ပါဗီဒါ ပႏၷႏြန္း ကေတာ့ ဂ်ီ-၇ ရဲ႕ ရန္ပုံေငြကိုႀကိဳဆိုလိုက္ပါတယ္။ ဒါေပမဲ့ လက္ေတြ႕မွာ ဘယ္ေလာက္တကယ္ျဖစ္လာမွာလဲ ဆိုတာနဲ႔ “ အ က်ိဳးစီးပြားမတူၾကတဲ့ ႏိုင္ငံေတြအၾကား” ဘယ္လို စီမံကိန္းေတြကို ေ႐ြးခ်ယ္မွာလဲဆိုတာကို ေမးခြန္းထုတ္လိုက္ပါတယ္။

“ဒီျပႆနာေတြဟာ ဂ်ီ-၇ အစီအစဥ္ေတြရဲ႕ အက်ိဳးသက္ေရာက္မႈေတြကို ေလ်ာ့ပါးေစလိမ့္မယ္၊ ေနာက္ၿပီး တ႐ုတ္ရဲ႕ႀကီးထြားလာေနတဲ့ ပထဝီႏိုင္ငံေရးဩဇာနဲ႔ ပထဝီစီး ပြားေရး အင္အားကို တန္ျပန္ထိန္းႏိုင္ပါ့မလားဆိုတာ သံသယျဖစ္မိပါတယ္။ တ႐ုတ္ရဲ႕ BRI ကို မွီႏိုင္မလား ေစာင့္ၾကည့္ရမွာေပါ့”လို႔ ထိုင္းတကၠသိုလ္ ႏိုင္ငံတကာစီးပြားေရး ပါေမာ ကၡ ပါဗီဒါက နီေကး ေအးရွားကို ေျပာပါတယ္။

ဒီမိုကေရစီ မဟာမိတ္ႏိုင္ငံေတြက သူတို႔ရဲ႕စီမံကိန္းေတြဟာ “ ထိုက္ထိုက္တန္တန္ျဖစ္မႈ၊ အဆင့္အတန္း ျမင့္မားမႈနဲ႔ ပြင့္လင္းျမင္သာမႈ" ရွိတဲ့ အေျခခံအေဆာက္အအုံ ပူး ေပါင္းေဆာင္႐ြက္မႈျဖစ္တယ္ဆိုတာကို၊ BRI နဲ႔ႏႈိင္းယွဥ္ၿပီး ျပခ်င္တာပါလို႔ ဥေရာပပါလီမန္ သုေတသီ ဂ်စၥလာဂရီဂ်ာကဆိုပါတယ္။

ဂ်ပန္ဟာ အေရွ႕ေတာင္အာရွေဒသ အေျခခံအေဆာက္အအုံတည္ေဆာက္ေရးလုပ္ငန္းေတြရဲ႕ ဘ႑ာေရး ေထာက္ပံ့သူအျဖစ္ ထိပ္ဆုံးမွာရွိေနခဲ့သူပါ။ အင္ဒိုနီးရွားႏိုင္ငံက ပါတင္ဘန္ ဆိပ္ကမ္းနဲ႔ ဗီယက္နမ္နဲ႔ ဖိလစ္ပိုင္ႏိုင္ငံက ေျမေအာက္မီးရထားလမ္း တည္ ေဆာက္ေရးေတြမွာ အတိုးႏႈန္း ဝ.၁ ရာခိုင္ႏႈန္း (aid)ေခ်းေငြနဲ႔ တည္ေဆာက္ေပးခဲ့ပါတယ္။ ႏိုင္ငံျခားအကူအညီ လႉဒါန္းသူအျဖစ္ ကမာၻမွာ ထိပ္ဆုံးကရွိေနတဲ့ အေမရိကန္က၊ အာဆီယံႏိုင္ငံမ်ားနဲ႔ ကုန္သြယ္ပို႔ေဆာင္ေရး ပူးေပါင္းေဆာင္႐ြက္မႈ လုပ္မယ္လို႔ ေမလက ေၾကျငာခဲ့ပါတယ္။ အဲဒီအစီအစဥ္မွာ အာဆီယံႏိုင္ငံေတြရဲ႕ အေျခခံအ ေဆာက္အအုံေတြအတြက္ သန႔္ရွင္းတဲ့ စြမ္းအင္ clean-energy ေထာက္ပံ့ေရးလည္း ပါဝင္ပါတယ္။

ဒီရန္ပုံေငြဟာ အေမရိကန္ေဒၚလာ သန္း ၁၅ဝ အတြဲလိုက္ခြင့္ျပဳေငြထဲက အစိတ္အပိုင္းတစ္ခုအျဖစ္ အာဆီယံေခါင္းေဆာင္ေတြ ဝါရွင္တန္မွာ အစည္းအေဝးလာတက္တုန္းက ထုတ္ျပန္ေၾကျငာခဲ့တာျဖစ္ပါတယ္။ ဒီရန္ပုံေငြဟာ တ႐ုတ္ျပည္က ကေမာၻဒီးယားႏိုင္ငံရဲ႕ လမ္းမ်ိဳးစုံ ပေရာဂ်က္တစ္ခုထဲအတြက္ အေမရိကန္ေဒၚလာ ၁၄ သန္းသုံးစြဲခဲ့တာနဲ႔ ႏႈိင္းယွဥ္ရင္ ရီစရာေကာင္းတဲ့ ပမာဏျဖစ္ေနပါတယ္။

အေမရိကန္နဲ႔သူ႔မဟာမိတ္ေတြရဲ႕ ႀကိဳးပမ္းခ်က္အသစ္ေတြကို ေထာက္ခံသူေတြက ေတာ့၊ ဒါေတြကို ပထဝီႏိုင္ငံေရး ၿပိဳင္ဆိုင္မႈအျမင္ကေန မၾကည့္ျမင္သင့္ဘူးလို႔ ဆိုပါတယ္။ ဂလိုဘယ္စီတီဇင္ရဲ႕ ဆင္းရဲမႈတိုက္ဖ်က္ေရးအဖြဲ႕ ဒုတိယ ဥကၠ႒ ဖရက္ဒရစ္ေရာ့ဒ္ဂ်ာက နီေကးေအးရွား သတင္းဌာနကို “ကိုဗစ္ ၁၉ ကပ္ေရာဂါနဲ႔ ရာသီဥတုေျပာင္းလဲမႈေတြေၾကာင့္ျဖစ္ေပၚခဲ့တဲ့ ကမာၻလုံးဆိုင္ရာ ျပႆနာေတြက က်ေနာ္တို႔ကို စည္းလုံးညီ ၫြတ္ဖို႔နဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ ေတာင္းဆိုေနပါတယ္” လို႔ ေျပာပါတယ္။

“အာဆီယံ ပိုးလမ္းမရဲ႕ ေက်ာ႐ိုး နဲ႔ အၿပိဳင္”
အေရွ႕ေတာင္အာရွမွာ တ႐ုတ္ပိုးလမ္းမကို ျပန္လည္အသက္သြင္းဖို႔ဆိုတဲ့ ေက်ာ႐ိုးအစီ အစဥ္ဟာ (၅) ႏိုင္ငံ ခ်ိတ္ဆက္ကြန္ယက္ဖြဲ႕မယ့္ အျမန္ရထားလမ္းစီမံကိန္း ျဖစ္ဖြယ္ရွိပါတယ္။ တ႐ုတ္က ေရးဆြဲထားတဲ့ လမ္းေၾကာင္းကေတာ့ လာအို၊ ထိုင္းနဲ႔ မေလးရွားကိုျဖတ္ၿပီး စင္ကာပူအထိ ေဖာက္လုပ္ဖို႔ပါဘဲ။ ဒါေပမဲ့ လုပ္ငန္းေတြက တုံ႔ဆိုင္းေနပါတယ္။ တစ္ခ်ိန္ထဲမွာဘဲ ၿပိဳင္ဘက္ေတြက သယ္ယူပို႔ေဆာင္ေရးနဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းေနရာ အမ်ားအျပားကို ဦးထားေနၾကပါၿပီ။ ထိုင္းႏိုင္ငံက တံတားေတြကို ဩစေၾတးလ်က ေထာက္ပံ့ေငြနဲ႔ တည္ေဆာက္ေနပါတယ္။ အင္ဒိုနီးရွားကေလဆိပ္ကို ျပင္သစ္က ကူညီတည္ေဆာက္ေပးမွာျဖစ္ၿပီး၊ အေမရိကန္က ဗီယက္နမ္ရဲ႕ အလုပ္အ ရႈပ္ဆုံး ကြန္တိန္နာဆိပ္ကမ္းကို အဆင့္ျမႇင့္တင္ေပးမွာျဖစ္ပါတယ္။ အေျခခံအေဆာက္ အအုံေတြ ပိုမိုေကာင္းမြန္ေရးဟာ သူတို႔အတြက္ အဓိကလိုအပ္ခ်က္ျဖစ္ပါတယ္လို႔ ဇူ လိုင္လ ၄ ရက္က ထုတ္ျပန္တဲ့ စစ္တမ္းတစ္ခုကဆိုေၾကာင္း ဗီယက္နမ္မွာရွိတဲ့ ဥေရာပ ကုမၸဏီေတြေျပာပါတယ္။ ဂ်ပန္ကုမၸဏီ ေတာ္ေတာ္မ်ားမ်ားကလည္း “အေရွ႕ေတာင္အာရွမွာ သယ္ယူပို႔ေဆာင္ေရး အကန႔္အသတ္ေတြေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံသူေတြ အခက္ အခဲ ျဖစ္ေနတာ” လို႔ ဆိုၾကပါတယ္။

“ကြၽန္ေတာ္တို႔ေမွ်ာ္လင့္တာကေတာ့ အေျခခံအေဆာက္အအုံဖြံ႕ၿဖိဳးတိုးတက္လာမႈက ရင္းႏွီးျမႇဳပ္ႏွံမႈတိုးမ်ားလာဖို႔ကို ထိုးဆြေပးပါလိမ့္မယ္” လို႔ ဂ်ပန္ႏိုင္ငံတကာေကာ္ပိုေရး ရွင္းေအဂ်င္စီရဲ႕ အင္ဒိုနီးရွားဌာနခြဲမွ နီေကးေအးရွားကို ေျပာပါတယ္။

ဂ်ပန္ကေန (ဘ႐ူႏိုင္းမွလြဲၿပီး) အာဆီယံအုပ္စုတစ္ခုလုံးကို အစိုးရနဲ႔ပုဂၢလိက က႑ႏွစ္ခုလုံးက ဘ႑ာေရးအရ (ေခ်းေပး) ကူညီထားတဲ့ ေဆာက္လုပ္ဆဲ ပေရာဂ်က္စုစုေပါင္းဟာ အေမရိကန္ေဒၚလာ ၃၃ဝ ဘီလ်ံရွိတယ္လို႔ Fitch Solutions အရသိရပါတယ္။ ဒီပမာဏဟာ တ႐ုတ္က ေခ်းေပးကူညီတဲ့ အေမရိကန္ေဒၚလာဘီလ်ံ ၁ဝဝ ထက္မ်ားပါတယ္။ တ႐ုတ္အကူအညီဟာ ဂ်ပန္ထက္နည္းေပမဲ့ ဥေရာပနဲ႔ အေမရိကန္ ကူညီမႈ ႏွစ္ခုေပါင္းထက္ေတာ့ပိုပါတယ္။

ပီကင္းရဲ႕ ရက္ရက္ေရာေရာေပးကမ္းမႈေတြကို ယွဥ္ၿပိဳင္ႏိုင္ပါ့မလားလို႔ ေမးလိုက္တဲ့အခါ တိုင္း တ႐ုတ္တို႔ရဲ႕ မျမင္ရတဲ့ ကုန္က်စားရိတ္ (hidden costs) နဲ႔ သူတို႔ရဲ႕ စီးပြားေရး သမားပင္ကိုယ္စြမ္းရည္ေတြကို ဂ်ီ-၇ အစိုးရေတြက စိုးရိမ္ပူပန္ၾကပါတယ္။ ဒီစိုးရိမ္မႈက ထရမ့္အစိုးရလက္ထက္မွာ BRI ကိုတုံ႔ျပန္ဖို႔ အကူအညီေပးေရး အရာရွိေတြလႊတ္ၿပီး လြတ္လပ္တဲ့ ေဈးကြက္စီးပြားေရးအေၾကာင္း ရွင္းျပတဲ့အခ်ိန္မွာ စေပၚလာတာပါ။

“ အေျခခံ အေဆာက္အအုံ တည္ေဆာက္ေရးေတြက ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ထိုးဆြေပးမယ္”
“အေမရိကန္ရဲ႕ အင္ဒို-ပစိဖိတ္ မဟာဗ်ဴဟာက ကြၽန္ေတာ္တို႔ရဲ႕ ပါ့တနာေတြကို အင္တာပ႐ိုက္ စီးပြားေရးလုပ္ငန္းႀကီးေတြက ေမာင္းႏွင္တဲ့ အနာဂါတ္ျဖစ္လာေစဖို႔ အကူအညီေတြေပးတာပါ။ ပုဂၢလိက အင္တာပ႐ိုက္စ္ေတြဟာ လူသားေတြရဲ႕ ေနထိုင္မႈဘဝနဲ႔ လူ႔အ ဖြဲ႕အစည္းရဲ႕ အေဆာက္အအုံေတြကို ျမႇင့္တင္ေပးတဲ့ အႀကီးမားဆုံး အင္အားပါ” လို႔ ၂ဝ၁၈ ခုႏွစ္တုန္းက ႏိုင္ငံတကာဖြံ႕ၿဖိဳးတိုးတက္မႈ ေအဂ်င္စီရဲ႕အုပ္ခ်ဳပ္ေရးမႈး မာ့က္ဂရင္းက ေျပာခဲ့ဖူးပါတယ္။

“အေျခခံအေဆာက္အအုံ ဖြံ႕ၿဖိဳးတိုးတက္လာမႈဟာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကိုလည္း ဆြဲေဆာင္ႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္တယ္” လို႔ ဂ်ပန္ ႏိုင္ငံတကာ ပူးေပါင္းေဆာင္႐ြက္ေရး ေအဂ်င္စီရဲ႕ အင္ဒိုနီးရွားဌာနခြဲက နီေကးေအးရွားကို ေျပာပါတယ္။ “ကူ ညီေထာက္ပံ့ေငြေတြဟာ လက္ခံရရွိတဲ့ တိုင္းျပည္ေတြရဲ႕စီးပြားေရးနဲ႔ လူမႈေရးက႑ကို အက်ိဳးျပဳပါလိမ့္မယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ ဒီႏိုင္ငံေတြဟာ ဂ်ပန္ႏိုင္ငံရဲ႕စီးပြားဖက္ ေတြျဖစ္လို႔ပါဘဲ” လို႔ဆိုပါတယ္။

ဒီလိုခ်ဥ္းကပ္တဲ့ သေဘာထားကို သမၼတ ဂ်ိဳးဘိုင္ဒန္ လက္ထက္မွာအထိ ဆက္လက္အသုံးျပဳပါတယ္။ ဂ်ီ-၇ ရဲ႕ အေျခခံအေဆာက္အအုံ တည္ေဆာက္ေရးအစီအစဥ္သစ္အတြက္ ဘတ္ဂ်က္ဟာ မူလဘတ္ဂ်က္ရာထားေငြ အေမရိကန္ေဒၚလာ ၆ဝဝ ဘီလ်ံထက္ပိုမယ္လို႔ အေမရိကန္ကဆိုပါတယ္။

“အေရွ႕ေတာင္အာရွကိစၥမွာ၊ ကြၽန္ေတာ္တို႔ အမွန္တကယ္ ႀကိဳးစားေနတာက၊ ပုဂၢလိက က႑ ရင္းႏွီးျမႇဳပ္ႏွံမႈမွာ အေျချပဳတဲ့ ေရရွည္စီးပြားဆက္ဆံေရး ထိုးဆြမႈျဖစ္ဖို႔ပါ။ အေမရိကန္ ဘ႑ာေရးဌာနက ေငြအေျမာက္အမ်ား လႊဲေျပာင္းေပးဖို႔ သက္သက္မဟုတ္ပါဘူး” လို႔ အမ်ိဳးသားလုံၿခဳံေရးအႀကံေပး ဂ်ိတ္ဆူလီဗန္က ဒီႏွစ္ဇြန္လထဲမွာ ေျပာခဲ့ပါတယ္။

“ စြမ္းအင္ က႑ ယွဥ္ၿပိဳင္မႈ”
အာဆီယံေဒသမွာ စြမ္းအင္က႑တိုက္ပြဲကလည္း ပိုၿပီးေပၚေပၚတင္တင္ ျဖစ္လာပါလိမ့္မယ္။ ဒီေဒသရဲ႕ စြမ္းအင္က႑ ရင္းႏွီးျမႇဳပ္ႏွံမႈဟာ ၂ဝ၃ဝ ခုႏွစ္မွာ အေမရိကန္ေဒၚလာ ၁၃ဝ ဘီလ်ံျဖစ္လာပါလိမ့္မယ္။ ဒါဟာ လက္ရွိႏွစ္စဥ္ဖ်မ္းမွ်ရဲ႕ ႏွစ္ဆပမာဏျဖစ္တယ္ လို႔ ႏိုင္ငံတကာစြမ္းအင္ေအဂ်င္စီရဲ႕ ေမလအစီရင္ခံစာက ဆိုပါတယ္။ လွ်ပ္စစ္ဓါတ္အားလိုင္းေတြ ျပင္ဆင္မြမ္းမံေရးကလည္း လုပ္စရာေတြတပုံတပင္ပါ။ အဆို ျပဳတင္ျပခဲ့တဲ့ အာဆီယံ ပါဝါဂရစ္လိုင္းသြယ္တန္းေရးကလည္း လုပ္ငန္းတခ်ိဳ႕ျဖစ္ေပၚလာၿပီးတဲ့ေနာက္မွာ တုံ႔ဆိုင္းေနပါတယ္။

ဒါေပမဲ့ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္နည္းနည္းေတာ့သန္းလာတာရွိပါတယ္။ ဒတ္ခ်္ႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံသူေတြက အေရွ႕ေတာင္အာရွရဲ႕ ေနေရာင္ျခည္နဲ႔ ေလစြမ္းအင္သုံး လွ်ပ္စစ္ေစ်းကြက္ထဲကို ဒလေဟာ တိုးဝင္လာေနၾကပါတယ္။ တခ်ိဳ႕ ကုမၸဏီေတြကလည္း အစိုးရရဲ႕ ေနာက္ခံေပးမႈနဲ႔ပါ။ ဥေရာပ သမဂၢက အာဆီယံနဲ႔ ခ်ိတ္ဆက္ပါတနာ စာခ်ဳပ္လက္မွတ္ထိုးဖို႔ စိတ္အားထက္သန္ေနပါတယ္။ ၂ဝ၂၁ ခုႏွစ္က အိႏၵိယနဲ႔ ခ်ဳပ္ဆိုခဲ့သလိုမ်ိဳးပါ။ ဒီစာခ်ဳပ္မွာ ဥေရာပ ရင္းႏွီးျမႇဳပ္ႏွံေရးဘဏ္က ျပည္လည္ျဖည့္ တင္းႏႈိင္တဲ့ စြမ္းအင္ (ေရအား၊ ေလအား၊ ေနေရာင္ျခည္ စသည္တို႔ျဖင့္ ထုတ္လုပ္သည့္) နဲ႔ တျခား အေျခခံအေဆာက္အအုံတည္ေဆာက္ေရးလုပ္ငန္းေတြကို ေငြေၾကးေထာက္ပံ့ေပးဘို႔ လည္းပါဝင္ပါတယ္။ ေနေရာင္ျခည္စြမ္းအင္သုံး ဆိုလာျပားထုတ္လုပ္ဖို႔ တ႐ုတ္ထုတ္လုပ္ေရး သမားေတြနဲ႔ ဂ်ပန္ တပ္ဆင္သူေတြလည္း အဲဒီေဒသမွာ ေျခခ်င္းလိမ္ေနၾကပါတယ္။

အကူအညီေခ်းေငြေတြ ပုဂၢလိက က႑ကို ဘယ္လိုစီးဝင္တယ္ဆိုတာကို အေရွ႕ေတာင္အာရွ ေဒသက အႀကီးဆုံး ဆိုလာျပား ထုတ္လုပ္တဲ့ ဗီယက္နမ္ႏိုင္ငံက စံနမူနာျပပါတယ္။ ဗီယက္နမ္ဟာ ၂ဝ၁၉ ခုႏွစ္ ကိုဗစ္ကပ္ေရာဂါမျဖစ္ခင္က အေမရိကန္ေဒၚလာ ၅၃၃ သန္းကို အေျခခံအေဆာက္အအုံ တည္ေဆာက္ေရး အကူအညီအျဖစ္ လက္ခံရရွိခဲ့တယ္လို႔ OECD ကဆိုပါတယ္။ ဒီရရွိတဲ့ အကူအညီေတြ ဟာ ခ်မ္းသာတဲ့ ဥေရာပသမဂၢနဲ႔ (တ႐ုတ္မပါဝင္) ပစိဖိတ္ေဒသႏိုင္ငံေတြက လာၾကတာဘဲျဖစ္ပါတယ္။ ဗီယက္နမ္ရရွိတဲ့ အထက္က ကူညီေထာက္ပံ့ေငြေတြရဲ႕ ၄၈ ရာခိုင္ႏႈန္းဟာ စြမ္းအင္က႑အတြက္ပါ။
စြမ္းအင္က႑ၿပိဳင္ဆိုင္မႈမွာ ကေနဒါ၊ ျပင္သစ္၊ ဂ်ာမဏီ၊ အီတလီ၊ ဂ်ပန္၊ ယူေကနဲ႔ အေမရိကန္ တို႔ပါဝင္ပါတဲ့ ဂ်ီ- ၇ အဖြဲ႕ခ်ဥ္းကပ္လာမႈက သိသာထင္ရွားေစပါတယ္။ USAID ရဲ႕ အာရွတိုက္ သန႔္ရွင္းေသာ စြမ္းအင္အစီအစဥ္ ( USAID Clean Power Asia ) က အေရွ႕ေတာင္အာရွေဒသရဲ႕ အျခားေ႐ြးခ်ယ္စရာစြမ္းအင္က႑မွာ ၂ဝ၁၆ ခုႏွစ္ကေန ၂ဝ၂၁ ခုႏွစ္အထိ အေမရိကန္ေဒၚလာ ၁၆.၃ သန္း သုံးခဲ့ပါတယ္။ ဒါေပမဲ့ ရင္းႏွီးျမႇဳပ္ႏွံေငြ အေမရိကန္ေဒၚလာ ၇ ဘီလ်ံ ဘဏ္ေခ်းေငြ ရရွိထားၿပီလို႔လည္း ဆိုပါတယ္။ USAID ရဲ႕ အဆိုအရ ပါဝါဂရစ္လိုင္းနဲ႔ ခ်ိတ္ဆက္ေနတဲ့ စီမံကိန္းေတြအတြက္ အထူးသျဖင့္ ပုဂၢလိက ရန္ပုံေငြ “ဘ႑ာ‌ေရးစုေဆာင္းမႈ” လုပ္ေနတယ္လို႔ သိရပါတယ္။ ဒီစီမံကိန္းေတြထဲမွာ အေမရိကန္ေဒၚလာ ၁၁၅ သန္းတန္ ဗီယက္နမ္က ေလအားလွ်ပ္စစ္စီမံကိန္းအႀကံျပဳခ်က္နဲ႔ ထိုင္းႏိုင္ငံက စူပါမာ့ကက္ႀကီး Big C ရဲ႕ ေခါင္မိုးေပၚမွာတပ္ဆင္မဲ့ ေနေရာင္ျခည္ သုံးဆိုလာျပားတပ္ဆင္ေရး အေမရိကန္ေဒၚလာ သန္း ၄ဝ တန္ ကန္ထ ႐ိုက္တို႔ အပါအဝင္ျဖစ္ ပါတယ္။

“ တ႐ုတ္ကိုၿပိဳင္ဖို႔ စုစည္းၾက”
တ႐ုတ္ရဲ႕ ခါးပတ္လမ္းစီမံကိန္းနဲ႔ အၿပိဳင္ျဖစ္လာတဲ့ စီမံကိန္းေတြရဲ႕ ေၾကျငာခ်က္ေတြမွာ အဓိကက်တဲ့ စကားလုံးက “ဘ႑ာ‌ေရးစုေဆာင္းမႈ” ဆိုတာပါ။ အဲဒီထဲမွာ “အရည္ အေသြးရွိတဲ့ အေျခခံအေဆာက္အအုံ” ဆိုတာအတြက္အကူအညီေပးေရးနဲ႔ ရင္းႏွီး ျမႇဳပ္ႏွံမႈအတြက္ ဥေရာပသမဂၢကအသစ္ စုစည္းလိုက္တဲ့ ဂလိုဘယ္ဂိတ္ေဝး (Global Gateway) လည္းပါဝင္ပါတယ္။ အဲဒါနဲ႔ အလားတူ အိႏၵိယ၊ အေမရိကန္၊ ဂ်ပန္နဲ႔ ၾသစေၾတးလ်တို႔ပါဝင္တဲ့ Quad ရဲ႕ အေမရိကန္ေဒၚလာ ဘီလ်ံ ၅ဝ ရန္ပုံေငြနဲ႔ Build Back Better World လို႔အမည္ေျပာင္းေပးထားတဲ့ ဂ်ီ- ၇ ရဲ႕ ရန္ပုံေငြေတြ လည္းပါဝင္ပါတယ္။

ပီကင္းကေတာ့ ဂ်ီ-၇ ရဲ႕ ‌အေမရိကန္ေဒၚလာ ၆ဝဝ ဘီလ်ံ ရန္ပုံေငြေတြ ဘယ္လို အဆုံး သတ္သြားလိမ့္မယ္ဆိုၿပီး ရႈံ႕ခ်သေရာ္ေျပာဆိုလိုက္ေနပါတယ္။ ေခ်းေငြလက္ခံရရွိတဲ့ အိမ္ရွင္ႏိုင္ငံေတြက တ႐ုတ္ဆီက ေစ်းေပါတဲ့ ေဆာက္လုပ္ေရးပစၥည္းေတြကိုဝယ္ၿပီးေဆာက္လုပ္ၾကမွာလို႔ တ႐ုတ္ႏိုင္ငံပိုင္မီဒီယာ ဂလိုဘယ္တိုင္းမ္စ္ကေရးပါတယ္။

“ေနာက္ဆုံး နိဂုံးခ်ဳပ္‌ေတာ့လည္း”
ဘာပဲျဖစ္ျဖစ္ ၂၁ ရာစု ကုန္သြယ္ေရးလမ္းေၾကာင္းကို ဘယ္ႏိုင္ငံကဘဲ ဘ႑ာ‌ေရးေထာက္ပံ့သည္ျဖစ္ေစ၊ ဒီလမ္းေၾကာင္းေကာင္းသြားရင္ သူတို႔ရဲ႕ဘိုးဘြားေတြ ေႂကြထည္ပစၥည္းေတြကေန အျမတ္အစြန္း ေကာင္းေကာင္း ရခဲ့ၾကသလို၊ သူတို႔လည္း ေငြေၾကးအျမတ္အစြန္း ေကာင္းေကာင္းရၾကမွာပဲလို႔ တ႐ုတ္ကုန္သယ္ေတြက ယုံၾကည္ ေမွ်ာ္ လင့္ေနၾကပါေၾကာင္း။

နီေကး ေအးရွား သတင္းေထာက္ LIEN HOANG, ၏ ေဆာင္းပါးကို ဆီေလ်ာ္ေအာင္ဘာသာျပန္သည္။
“China's ASEAN Silk Road gets slippery as other powers move in” by LIEN HOANG, Nikkei staff writerAUGUST 23, 2022 06:00 JST

Related news

© 2021. All rights reserved.