“ကျွန်တော်ဝမ်းသာကျေနပ်တယ်” (ဆောင်းပါး)

 966

မန်းငြိမ်းမောင်(ကိုကိုးကျွန်း) (NP News) - စက်တင်ဘာ ၁ဝ

၂ဝ၁၂ ခုနှစ်မှာ KNU နဲ့ သမ္မတကြီးဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့ ငြိမ်းချမ်းရေးအ တွက် တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ် တိုးတက်ခဲ့ပြီးနောက် နှစ်ဦးနှစ်ဖက်ဆက်ဆံရေးဟာ ကောင်းမွန်တိုးတက်ခဲ့ပါတယ်။ ကျွန်တော်ဟာ ဇာတိမြေနဲ့ ကင်းကွာခဲ့တာ နှစ်ပေါင်း ၅ဝ ကျော်ခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲရဲ့ အကျိုးဆက်အဖြစ် အနိမ့်ဆုံး ဇာတိမြေကို ပြန်နိုင်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ဝေးကွာခဲ့တဲ့ ဇာတိမြေကို ဘယ်လို ကျေးဇူး ဆပ်ရမလဲလို့ စဉ်းစားလိုက်တော့ ပညာရေးအထောက်အကူပြုမှု၊ လူမှုရေးလုပ်ငန်းတွေနဲ့ အလုပ်အကျွေးပြုတာ အကောင်းဆုံးဘဲလို့ စဉ်းစားပြီးတော့ လက်တွေ့ဆောင်ရွက်ခဲ့ပါတယ်။ တစ်ကယ်က စိတ်ကူးသာရှိတာပါ။ ဘာအင်အားမှမရှိပါဘူး။ အရင်းအနှီးလည်းမရှိပါဘူး။ ဒါပေမယ်လို့ ကျွန်တော့်မှာ မန်းငြိမ်းမောင်ဆိုတဲ့ နာမည်တစ်လုံးရှိတယ်။ ဒီနာမည်ကို ထိုက်သင့်သလောက်လူ တွေသိကြတယ်။ နာမည်တစ်လုံး ဂုဏ်သိက္ခာနဲ့ အရင်းပြုပြီးတော့ ထိုက်ထိုက်တန်တန် အသုံးချခဲ့တယ်။

ကျွန်တော်ပထမဆုံး ဆေးခန်း ၅ လုံးနဲ့ ကျောင်း ၁ လုံးကို ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်ဆီက အလှူခံရရှိခဲ့တယ်။ ကျွန်တော်ဆောက်ခဲ့တဲ့ ဆေးခန်းတွေက သတ် မှတ်ချက်အနေနဲ့ ဆေးခန်းတစ်လုံးကို မတည်နိုင်တဲ့ အင်အားမရှိတဲ့ရွာ၊ မြို့နယ်ဆေးရုံနဲ့ ဝေးကွာတဲ့ရွာတွေကို လေ့လာစုံစမ်းပြီး တော့မှ ဆောက်လုပ်ခဲ့တယ်။ အဲ့ဒီ့အထဲမှာ နတ်ဆည်ဆိုတဲ့ ရေမြှပ်ကွင်း အင်းရွာလေးကို ရွေးချယ်ပြီးတော့ ဆေးခန်း ၁ လုံး ဆောက် လုပ်ပေးခဲ့တယ်။ အဲ့ဒီ့ရွာမှာလည်း တိုင်းဒေသကြီးအစိုးရက မူလတန်းကျောင်းလေး ၁ လုံး ဆောက်လုပ်ပေးခဲ့တယ်။ မူလတန်းကျောင်းဆောင် လေးဖွင့်ပွဲမှာ ဧရာဝတီတိုင်းဒေ သကြီးဝန်ကြီးချုပ် ဦးသိန်းအောင်က တက်ရောက်ပြီးတော့ ဖွင့်လှစ်ချီးမြှင့်ပေးခဲ့တယ်။ အဲ့ဒီ့မူလတန်း ကျောင်းနဲ့ မနီးမဝေးလေးမှာ ကျွန်တော်ဆောက်လုပ်တဲ့ ခြေတံရှည် ဆေး ခန်းလေး ဆောက်လက်စ အဆောက်အဦးကို ဝန်ကြီးချုပ်တွေ့သွားတော့ ဝန်ကြီးချုပ်က ဘာအဆောက်အဦးလဲလို့ မေးတယ်။ ရပ်မိရပ်ဖလူကြီးတွေက ဆေးခန်းလေးဘဲလို့ဆိုပြီးတော့ ပြောပြပါတယ်။ ဘယ်သူဆောက်တာလဲလို့ ဝန်ကြီးချုပ်ကမေးတော့ ရပ်မိရပ်ဖတွေက ကျွန်တော်မန်းငြိမ်းမောင် ဆောက်လုပ်လှူဒါန်းတာဆိုပြီးတော့ ပြောပြတယ်။ ဝန်ကြီးချုပ်က ကျွန်တော့်ကိုတွေ့ချင်တဲ့အကြောင်း ရပ်မိရပ်ဖတွေကို ပြောပြတယ်။
၂ဝ၁၄ ခုနှစ်မှာ ဧရာဝတီတိုင်း ဒေသကြီးက ကြီးမှူးကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲမှာ ကျွန်တော်တက်ရောက်ခဲ့တယ်။ ဒီပွဲမှာ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့တယ်။ ဝန်ကြီးချုပ်က ဝမ်းသာအားရစွာ ကျွန်တော့်ကို ကြိုဆိုနှုတ်ဆက်ခဲ့တယ်။ ပြီးတော့ ဝန်ကြီးချုပ်ကပြောတယ် “ဖထီးအခုလုပ်နေတဲ့ လူမှုရေးလုပ်ငန်းတွေ ဟာကျွန်တော်တို့ အစိုးရက လုပ်ရမယ့် အလုပ်တွေဖြစ်တယ်။ ဖထီး ဒီလိုဆောင်ရွက်နေတဲ့အပေါ်မှာ ကျွန်တော်တို့ ကျေး ဇူးတင်ပါတယ်။ ဖထီး လိုအပ်တဲ့ အကူအညီရှိရင် ပြောပါ။ ပေးနိုင်တဲ့ အကူအညီဆိုရင်ပေးပါမယ်” လို့ ဆိုပြီးတော့ ပြောပါတယ်။ အဲ့ဒီ့နှစ်သစ်ကူးပွဲမှာလည်း နှစ်သစ်ကူးမိန့် ခွန်းပြောကြားဖို့ ကျွန်တော့်ကို ဖိတ်မံတက ပြုခဲ့ပါတယ်။ အဲ့ဒီ့ကနေစပြီးတော့ ဝန်ကြီး ချုပ်နဲ့ ကျွန်တော်ဟာ ပုဂ္ဂိုလ်ရေးအရ အတော်လေး ရင်းနှီးခဲ့ပါတယ်။

၂ဝ၁၅ ခုနှစ်မှာ ဧရာဝတီတိုင်းမှာ ရေကြီးနစ်မြှပ်မှု အတော်ကြီးမားခဲ့ပါတယ်။ ကျွန်တော်နယ်စပ်ကနေ ရေဘေးကယ်ဆယ်ရေး အလှူငွေတွေနဲ့ ပစ္စည်းတွေကို လိုက်လံစည်းရုံးကောက်ခံပြီးတော့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ကို သွားရောက်ခဲ့ပါတယ်။ အဲ့ဒီ့မှာ ကြံ့ ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးဌေးဦးဇာတိဖြစ်တဲ့အတွက် သူကိုယ်တိုင် ဦးစီးဦးဆောင်ပြုပြီးတော့ ရေကြီးမှုကာကွယ်ရေးနဲ့ ရေဘေးကယ်ဆယ်ရေးတွေကို တက်တက်ကြွကြွ လုပ်ဆောင်နေပါတယ်။ ကျွန်တော်ရောက်သွားတော့ ဦးဌေးဦးက ဝမ်းသာအားရစွာ ကြို ဆိုခဲ့ပါတယ်။ ဟင်္သာတရေကြီးနေတဲ့အချိန်မှာ အဝေးရောက်နေတဲ့ ဟင်္သာတဇာတိ လူကြီးများဟာ ဟင်္သာတကို တစ်စုတစ်စည်း တည်း ပြန်လည်ရောက်ရှိပြီးတော့ ရေ ဘေးကာကွယ်ရေး၊ ရေဘေးကူညီရေးတွေမှာ ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းဆောင်ရွက်တာကို တွေ့ခဲ့ရပါတယ်။ ဦးဌေးဦးက အဲ့ဒီ့ အဝေးရောက် ဟင်္သာတဇာတိလူကြီးများနဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးပါတယ်။ ဦးဌေးဦးနဲ့ ကျွန်တော်ဟာ ရေဘေးကာကွယ်ရေးနဲ့ ရေဘေးကူညီရေးအတွက် မိုးတောရေတောထဲ နေရာအနှံ့ သွားလာခဲ့ပါတယ်။ ရောက်လေရာအရပ်တိုင်းမှာ ဦးဌေးဦးကို ကျေးရွာသူ/ရွာသားတွေက မိုးထဲရေထဲမှာ သပြေပန်းအိုးတွေနဲ့ ထွက်ပြီးကြိုပါတယ်။ ဒီမြင်ကွင်းကိုတွေ့ရတော့ ဦးဌေးဦးကို ကျွန်တော်ပြောပြတယ် “ဦးဌေးဦး ခင်ဗျားဟာ တစ်ကယ့် Organizer ဘဲ၊ လူထုထောက်ခံမှု အတော်ရတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ် တယ်”။ ကျွန်တော်တို့သွားလာခဲ့တဲ့နေရာအနှံ့မှာ ဦးဌေးဦး ကူညီထောက်ပံ့ပေးခဲ့တဲ့ အထက်တန်းကျောင်း ကျောင်းဆောင်တွေ၊ ဆေးရုံ ဆေးခန်းတွေ၊ စေတီပုထိုးတွေ၊ အခြားလူမှုရေးလုပ်ငန်းတွေကို ကျွန်တော့်ကို မျက်မြင်ကိုယ်တွေ့ပြပါတယ်။ ဦးဌေးဦးက ဟင်္သာတ ရေဘေးကာကွယ်ရေး ရေကာတာရှိတဲ့ဆီကို ကျွန်တော့်ကို ခေါ်သွားပါတယ်။ ဟင်္သာတတာကြီးက တိုးလာတဲ့ မြစ်ရေဟာ တာဘောင်နဲ့ ဇလုပ်တိုက်ဖြစ်နေတယ်။ တာကို ရေလျှံမယ့် တစ်ကဲကဲဖြစ်နေတယ်။ အချို့နေရာတွေမှာ တာအောက်ခြေကနေပြီးတော့ ရေတွေဟာ စိမ့်ထွက်နေတယ်။ အဲ့ဒီ့ရေစိမ့်ထွက်နေတဲ့ နေရာရဲ့အောက်ခြေမှာ တာလဘတ်နဲ့ တစ်ဖက်ဖွင့်ရေကန်လို လုပ်ပြီးတော့ စိမ့်နေတဲ့ရေကို ပြန်ကာပါတယ်။ စိမ့်ထွက်တဲ့ရေဟာ တာဟိုဘက်မှာရှိတဲ့ ရေပြင်ကြီးနဲ့ညီသွားတဲ့အချိန်မှာ ရေဟာ ဆက်ပြီးတော့ မစိမ့်တော့ပါဘူး။

ရေထုကို ရေထုနဲ့ပြန်ကာပြီးတော့ ပိတ်ဆို့တဲ့စနစ် ဖြစ်ပါတယ်။ ကျွန်တော်လည်း အဲ့ဒီ့တော့မှ အတွေ့အကြုံသစ်တစ်ခု သိရပါတယ်။ ပြီးတော့ ဦးဌေးဦးက ကျွန်တော့်ကိုရှင်းပြတယ်။ တာဘောင်ပေါ်မှာ ကိုက် ၁၅ဝ လောက်ကို လူအင်အား ၁ဝ ယောက်လောက် ချထားပြီး တော့ ရေကြီးမှုကို နေ့ညမပြတ် စောင့်ကြည့်ခိုင်းပါတယ်။ လူ ၂ဝဝ လောက်ကိုလည်း အရန်အင်အားအဖြစ် အဆင်သင့် လုပ်ထားတဲ့ အကြောင်း ကျွန်တော့်ကိုရှင်းပြပါတယ်။ ဦးဌေးဦးဟာ စစ်သားဆိုတော့ စစ်သားအမြင်နဲ့ ရေဘေးကာကွယ်ရေးကို စစ် ဆင်ရေးတစ်ရပ်လို ဆောင်ရွက်နေတာ သတိထားမိလိုက်ပါတယ်။ ကျွန်တော်တို့ဟာ ရေဘေးကယ်ဆယ်ရေး ပစ္စည်းတွေကို ဘုန်းတော်ကြီးကျောင်းတွေမှာ တည်းခိုနေတဲ့ ရေဘေးဒုက္ခသည်တွေကို ရေဘေးကယ်ဆယ် ရေးပစ္စည်းတွေကို လှေတွေနဲ့ လိုက်လံပြီးတော့ ဝေမျှကူညီပါတယ်။ လူထုနဲ့ တွေ့ဆုံပွဲမှာ ဦးဌေးဦးက စကားပြောပါတယ်။ ကျွန်တော့်ကိုလည်း ပြောခိုင်းပါတယ်။ ကျွန်တော်တို့ လှေနဲ့သွားကြတာ များသောအားဖြင့် ဘုန်းတော်ကြီးကျောင်းကို လှေဆိုက်ရင် ကျောင်းပေါ်ကို တိုက်ရိုက်ရောက်ပါတယ်။ ကုန်းပေါ်တာ ဘယ်မှာမှမရှိဘူး။ ရေဘေးကယ်ဆယ် ရေးဆောင်ရွက်ပြီးစီးတော့ နယ်စပ်ကိုပြန်သွားပါတယ်။

ရေဘေးကယ်ဆယ်ရေးပစ္စည်းကို ထပ်မံရရှိတဲ့အတွက် ဧရာဝတီတိုင်းကို ဒုတိယအကြိမ် ပြန်လည်သွားရောက်ပါတယ်။ ကျွန်တော် ဟင်္သာတကိုဘဲ ဦးတည်သွားရောက်ပါတယ်။ ဟင်္သာတကို ရောက်သွားတော့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟာ ဧရာဝတီတိုင်းမှူး ဗိုလ် ချုပ်တေဇကျော်နဲ့အတူ ဟင်္သာတကို ရောက်ရှိနေပါတယ်။ ကျွန်တော်ရောက်တာ သ တင်းကြားတာနဲ့ ဝန်ကြီးချုပ်က သူ့လူတွေကို လွှတ်ပြီးတော့ ကျွန်တော့်ကို လာရောက်ကြိုဆိုပါတယ်။ ဝန်ကြီးချုပ်ဆီရောက်တော့ ကျွန်တော်ကပြောပြတယ်။ ရေဘေးကယ် ဆယ်ရေး ပစ္စည်းတွေ လာလှုတဲ့အကြောင်း၊ ရေဘေး အပြင်းထန်ဆုံး ထိခိုက်နစ်နာခဲ့တဲ့ ဒေသတွေကို လှူဒါန်းခဲ့ပါလို့ အလှူရှင်တွေက ကျွန်တော့်ကို မှာလိုက်တဲ့အကြောင်း ဝန် ကြီးချုပ်ကိုပြောပြပါတယ်။ ဝန်ကြီးချုပ်က ကျွန်တော့်ကို ပြောပါတယ် “ ဒါဆိုရင် ဖထီးကျွန်တော်နဲ့လိုက်ခဲ့” ဆိုပြီး တော့ ဝန်ကြီးချုပ်ရယ်၊ တိုင်းမှူးရယ်၊ ကျွန်တော်ရယ်ရဟတ်ယာဉ်နဲ့ အင်္ဂပူကို ဆက်ထွက်ပါတယ်။ ဒါဟာ ရဟတ်ယာဉ်ကို ကျွန်တော် ပထမဆုံး စီးဖူးခြင်း ဖြစ်ပါတယ်။ အင်္ဂပူကို ရောက်တော့ ညအိပ်ရပ်နားပါတယ်။ တိုင်းမှူးကတော့ အခြားလုပ်ငန်းစဉ်တွေရှိလို့ ရဟတ်ယာဉ် နဲ့ပြန်သွားပါတယ်။ နောက်တစ်နေ့ကျတော့ Speed Boat နဲ့ ဝန်ကြီးချုပ်က ရေဘေးဒဏ် ခံရတဲ့ဒေသတွေကို လိုက်လံကြည့်ရှုပါတယ်။ ကျွန်တော့်ကိုလည်း တစ်ပါတည်း ခေါ်သွားပါတယ်။ ကျွန်တော်တွေ့ခဲ့ရတာကတော့ မြစ်ကမ်းနားဘေးရွာအချို့မှာရှိတဲ့ စေတီတွေ၊ ဘုန်းကြီးကျောင်းတွေဟာ ကမ်းပြိုပြီးတော့ ရေကြီးနစ်မြှပ်တဲ့အထဲကို ပါသွားပါတယ်။ ဝန်ကြီးချုပ်နဲ့ ကျွန်တော်ဟာ အင်္ဂပူ၊ ဟင်္သာတ၊ ဇလွန်၊ သာပေါင်းစတဲ့ ရေကြီးတဲ့ နေရာဒေသတွေကို လိုက်လံကြည့်ရှုပြီးတော့ ရေဘေးကယ်ဆယ်ရေးတွေ ဆောင်ရွက်တယ်။ ဒေသခံလူ ထုတွေကို အားပေးနှစ်သိမ့်တယ်။ အထက်တန်းကျောင်းရှိတဲ့နေရာတွေဆိုရင် ကျောင်းတွေကို ဝင်ရောက်စစ်ဆေးတယ်။ အောင်ချက် ဘယ်လောက်ကောင်းသလဲဆိုတာကိုလည်း မေးမြန်းတယ်။

ဝန်ကြီးချုပ်က ကျွန်တော့်ကိုပြောတယ် “ ဖထီး အခုတွေ့တယ်မဟုတ်လား ကျွန်တော်တို့ ဧရာဝတီတိုင်းက အထက်တန်းကျောင်းတွေဟာ ဟိုး ချောင်ကြိုချောင်ကြားတွေမှာအထိ သွားရေးလာရေးခက်ခဲတဲ့နေရာ တွေမှာ ရှိတာ။ ပညာရေးအောင်ချက်ကောင်းဖို့ အတော်ကြိုးစားရတာ။ မွန်ပြည်နယ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မှာ ပထမရတာ ဘာဆန်းသလဲ။ အထက်တန်းကျောင်းက တစ်ရာလောက်ဘဲရှိတာ။ ကျောင်းတွေကလည်း ရထားလမ်း၊ ကားလမ်းဘေးမှာ ရှိတာ။ သွားရေးလာရေးလွယ်ကူတယ်။ အုပ်ချုပ်ကွပ်ကဲမှု လွယ်ကူကောင်းမွန်တယ်။ ပထမရတာ ဘာဆန်းသလဲဗျာ။ ကျွန် တော်တို့ ဧရာဝတီတိုင်းက အထက်တန်းကျောင်းတွေဟာ ဖထီးတွေ့တဲ့အတိုင်းဘဲ။ ချောင်ကြိုချောင်ကြားတွေအထိ သွားရေးလာရေးခက်ခဲတဲ့ နေရာတွေမှာ ရှိနေတာ။ ပြီးတော့ အထက်တန်းကျောင်းတွေက ထောင်ကျော်ရှိတာ။ ဒါကို ကျွန်တော်တို့က အတော့်ကို ကြိုးစားပြီးတော့ အောင်ချက်ကောင်းအောင် ကြိုးစားရတာဖြစ်တယ်” လို့ ဆိုပြီးတော့ပြောပြပါတယ်။

ဝန်ကြီးချုပ်ရဲ့ ရေဘေးကယ်ဆယ်ရေးခရီးစဉ်တစ်လျှောက်မှာ Speed Boat နဲ့သွားတာရှိတယ်။ စက်လှေနဲ့သွားတာရှိတယ်။ မော်တော်ကားနဲ့သွားတာရှိတယ်။ အဆင်ပြေသလို သွားခဲ့တယ်။ မော်တော်ကားနဲ့သွားတဲ့ ခရီးစဉ်တွေကျရင် ကျွန်တော့်ကို သူ့ကားပေါ် မှာအတင်းခေါ်ပြီးတော့ အတူတူသွားကြပါတယ်။ ကျွန်တော်လည်း ဝန်ကြီးချုပ်နဲ့ တစ်ကားထဲ အတူတကွ သွားရတဲ့အတွက် ကျွန်တော် ဝမ်းသာအားရ ကျေနပ်မိတဲ့အ ကြောင်းရှိပါတယ်။ ဧရာဝတီတိုင်းဆိုတာ အားလုံးသိကြတဲ့အတိုင်း ကရင်နဲ့ဗမာ ရှေးဘိုးစဉ်ဘောင်ဆက် ကတည်းက အတူတကွ နေထိုင်လာခဲ့ကြတာ။ ရေဘေးဒုက္ခသည်ဖြစ်တဲ့ ကရင်ရွာတွေရောက်ရင် ကယ်ဆယ်ရေးပစ္စည်းတွေ ဝေငှပါတယ်။ အားပေးနှစ် သိမ့်စကားလည်း ပြောပါတယ်။ ကျွန်တော့်ကိုလည်း စကားပြောခိုင်းပါတယ်။ ကျွန် တော်ဝမ်းသာကျေနပ်တယ် ဆိုတာ ကျွန်တော့်လူမျိုးတွေရှေ့မှာ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်နဲ့ အတူတကွ သွားလာနေရတာ ပြသခွင့်ရတဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ ကျွန်တော့်အမျိုးသားတွေက ကျေနပ်တဲ့အမူအရာတွေလည်း ဖော်ပြကြပါတယ်။ လှိုက်လှဲဝမ်းသာစွာ ကြိုဆိုကြပါတယ်။

zawgyi version
“ကြၽန္ေတာ္ဝမ္းသာေက်နပ္တယ္” (ေဆာင္းပါး)
မန္းၿငိမ္းေမာင္(ကိုကိုးကြၽန္း) (NP News) - စက္တင္ဘာ ၁ဝ

၂ဝ၁၂ ခုႏွစ္မွာ KNU နဲ႔ သမၼတႀကီးဦးသိန္းစိန္ဦးေဆာင္တဲ့ အစိုးရအဖြဲ႕ ၿငိမ္းခ်မ္းေရးအ တြက္ ေတြ႕ဆုံေဆြးေႏြးပြဲေတြ ျဖစ္ေပၚ တိုးတက္ခဲ့ၿပီးေနာက္ ႏွစ္ဦးႏွစ္ဖက္ဆက္ဆံေရးဟာ ေကာင္းမြန္တိုးတက္ခဲ့ပါတယ္။ ကြၽန္ေတာ္ဟာ ဇာတိေျမနဲ႔ ကင္းကြာခဲ့တာ ႏွစ္ေပါင္း ၅ဝ ေက်ာ္ခဲ့ပါတယ္။ ေတြ႕ဆုံေဆြးေႏြးပြဲရဲ႕ အက်ိဳးဆက္အျဖစ္ အနိမ့္ဆုံး ဇာတိေျမကို ျပန္ႏိုင္ခဲ့ပါတယ္။ ႏွစ္ေပါင္းမ်ားစြာ ေဝးကြာခဲ့တဲ့ ဇာတိေျမကို ဘယ္လို ေက်းဇူး ဆပ္ရမလဲလို႔ စဥ္းစားလိုက္ေတာ့ ပညာေရးအေထာက္အကူျပဳမႈ၊ လူမႈေရးလုပ္ငန္းေတြနဲ႔ အလုပ္အေကြၽးျပဳတာ အေကာင္းဆုံးဘဲလို႔ စဥ္းစားၿပီးေတာ့ လက္ေတြ႕ေဆာင္႐ြက္ခဲ့ပါတယ္။ တစ္ကယ္က စိတ္ကူးသာရွိတာပါ။ ဘာအင္အားမွမရွိပါဘူး။ အရင္းအႏွီးလည္းမရွိပါဘူး။ ဒါေပမယ္လို႔ ကြၽန္ေတာ့္မွာ မန္းၿငိမ္းေမာင္ဆိုတဲ့ နာမည္တစ္လုံးရွိတယ္။ ဒီနာမည္ကို ထိုက္သင့္သေလာက္လူ ေတြသိၾကတယ္။ နာမည္တစ္လုံး ဂုဏ္သိကၡာနဲ႔ အရင္းျပဳၿပီးေတာ့ ထိုက္ထိုက္တန္တန္ အသုံးခ်ခဲ့တယ္။

ကြၽန္ေတာ္ပထမဆုံး ေဆးခန္း ၅ လုံးနဲ႔ ေက်ာင္း ၁ လုံးကို ဧရာဝတီေဖာင္ေဒးရွင္း ဥကၠ႒ ဦးေဇာ္ေဇာ္ဆီက အလႉခံရရွိခဲ့တယ္။ ကြၽန္ေတာ္ေဆာက္ခဲ့တဲ့ ေဆးခန္းေတြက သတ္ မွတ္ခ်က္အေနနဲ႔ ေဆးခန္းတစ္လုံးကို မတည္ႏိုင္တဲ့ အင္အားမရွိတဲ့႐ြာ၊ ၿမိဳ႕နယ္ေဆး႐ုံနဲ႔ ေဝးကြာတဲ့႐ြာေတြကို ေလ့လာစုံစမ္းၿပီး ေတာ့မွ ေဆာက္လုပ္ခဲ့တယ္။ အဲ့ဒီ့အထဲမွာ နတ္ဆည္ဆိုတဲ့ ေရျမႇပ္ကြင္း အင္း႐ြာေလးကို ေ႐ြးခ်ယ္ၿပီးေတာ့ ေဆးခန္း ၁ လုံး ေဆာက္ လုပ္ေပးခဲ့တယ္။ အဲ့ဒီ့႐ြာမွာလည္း တိုင္းေဒသႀကီးအစိုးရက မူလတန္းေက်ာင္းေလး ၁ လုံး ေဆာက္လုပ္ေပးခဲ့တယ္။ မူလတန္းေက်ာင္းေဆာင္ ေလးဖြင့္ပြဲမွာ ဧရာဝတီတိုင္းေဒ သႀကီးဝန္ႀကီးခ်ဳပ္ ဦးသိန္းေအာင္က တက္ေရာက္ၿပီးေတာ့ ဖြင့္လွစ္ခ်ီးျမႇင့္ေပးခဲ့တယ္။ အဲ့ဒီ့မူလတန္း ေက်ာင္းနဲ႔ မနီးမေဝးေလးမွာ ကြၽန္ေတာ္ေဆာက္လုပ္တဲ့ ေျခတံရွည္ ေဆး ခန္းေလး ေဆာက္လက္စ အေဆာက္အဦးကို ဝန္ႀကီးခ်ဳပ္ေတြ႕သြားေတာ့ ဝန္ႀကီးခ်ဳပ္က ဘာအေဆာက္အဦးလဲလို႔ ေမးတယ္။ ရပ္မိရပ္ဖလူႀကီးေတြက ေဆးခန္းေလးဘဲလို႔ဆိုၿပီးေတာ့ ေျပာျပပါတယ္။ ဘယ္သူေဆာက္တာလဲလို႔ ဝန္ႀကီးခ်ဳပ္ကေမးေတာ့ ရပ္မိရပ္ဖေတြက ကြၽန္ေတာ္မန္းၿငိမ္းေမာင္ ေဆာက္လုပ္လႉဒါန္းတာဆိုၿပီးေတာ့ ေျပာျပတယ္။ ဝန္ႀကီးခ်ဳပ္က ကြၽန္ေတာ့္ကိုေတြ႕ခ်င္တဲ့အေၾကာင္း ရပ္မိရပ္ဖေတြကို ေျပာျပတယ္။
၂ဝ၁၄ ခုႏွစ္မွာ ဧရာဝတီတိုင္း ေဒသႀကီးက ႀကီးမႉးက်င္းပတဲ့ ကရင္ႏွစ္သစ္ကူးပြဲမွာ ကြၽန္ေတာ္တက္ေရာက္ခဲ့တယ္။ ဒီပြဲမွာ ဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႕ဆုံခဲ့တယ္။ ဝန္ႀကီးခ်ဳပ္က ဝမ္းသာအားရစြာ ကြၽန္ေတာ့္ကို ႀကိဳဆိုႏႈတ္ဆက္ခဲ့တယ္။ ၿပီးေတာ့ ဝန္ႀကီးခ်ဳပ္ကေျပာတယ္ “ဖထီးအခုလုပ္ေနတဲ့ လူမႈေရးလုပ္ငန္းေတြ ဟာကြၽန္ေတာ္တို႔ အစိုးရက လုပ္ရမယ့္ အလုပ္ေတြျဖစ္တယ္။ ဖထီး ဒီလိုေဆာင္႐ြက္ေနတဲ့အေပၚမွာ ကြၽန္ေတာ္တို႔ ေက်း ဇူးတင္ပါတယ္။ ဖထီး လိုအပ္တဲ့ အကူအညီရွိရင္ ေျပာပါ။ ေပးႏိုင္တဲ့ အကူအညီဆိုရင္ေပးပါမယ္” လို႔ ဆိုၿပီးေတာ့ ေျပာပါတယ္။ အဲ့ဒီ့ႏွစ္သစ္ကူးပြဲမွာလည္း ႏွစ္သစ္ကူးမိန႔္ ခြန္းေျပာၾကားဖို႔ ကြၽန္ေတာ့္ကို ဖိတ္မံတက ျပဳခဲ့ပါတယ္။ အဲ့ဒီ့ကေနစၿပီးေတာ့ ဝန္ႀကီး ခ်ဳပ္နဲ႔ ကြၽန္ေတာ္ဟာ ပုဂၢိဳလ္ေရးအရ အေတာ္ေလး ရင္းႏွီးခဲ့ပါတယ္။

၂ဝ၁၅ ခုႏွစ္မွာ ဧရာဝတီတိုင္းမွာ ေရႀကီးနစ္ျမႇပ္မႈ အေတာ္ႀကီးမားခဲ့ပါတယ္။ ကြၽန္ေတာ္နယ္စပ္ကေန ေရေဘးကယ္ဆယ္ေရး အလႉေငြေတြနဲ႔ ပစၥည္းေတြကို လိုက္လံစည္း႐ုံးေကာက္ခံၿပီးေတာ့ ဧရာဝတီတိုင္း၊ ဟသၤာတၿမိဳ႕ကို သြားေရာက္ခဲ့ပါတယ္။ အဲ့ဒီ့မွာ ႀကံ့ ခိုင္ေရးပါတီ အတြင္းေရးမႉး ဦးေဌးဦးဇာတိျဖစ္တဲ့အတြက္ သူကိုယ္တိုင္ ဦးစီးဦးေဆာင္ျပဳၿပီးေတာ့ ေရႀကီးမႈကာကြယ္ေရးနဲ႔ ေရေဘးကယ္ဆယ္ေရးေတြကို တက္တက္ႂကြႂကြ လုပ္ေဆာင္ေနပါတယ္။ ကြၽန္ေတာ္ေရာက္သြားေတာ့ ဦးေဌးဦးက ဝမ္းသာအားရစြာ ႀကိဳ ဆိုခဲ့ပါတယ္။ ဟသၤာတေရႀကီးေနတဲ့အခ်ိန္မွာ အေဝးေရာက္ေနတဲ့ ဟသၤာတဇာတိ လူႀကီးမ်ားဟာ ဟသၤာတကို တစ္စုတစ္စည္း တည္း ျပန္လည္ေရာက္ရွိၿပီးေတာ့ ေရ ေဘးကာကြယ္ေရး၊ ေရေဘးကူညီေရးေတြမွာ ညီညီၫြတ္ၫြတ္နဲ႔ ဝိုင္းဝန္းေဆာင္႐ြက္တာကို ေတြ႕ခဲ့ရပါတယ္။ ဦးေဌးဦးက အဲ့ဒီ့ အေဝးေရာက္ ဟသၤာတဇာတိလူႀကီးမ်ားနဲ႔ ကြၽန္ေတာ့္ကို မိတ္ဆက္ေပးပါတယ္။ ဦးေဌးဦးနဲ႔ ကြၽန္ေတာ္ဟာ ေရေဘးကာကြယ္ေရးနဲ႔ ေရေဘးကူညီေရးအတြက္ မိုးေတာေရေတာထဲ ေနရာအႏွံ႔ သြားလာခဲ့ပါတယ္။ ေရာက္ေလရာအရပ္တိုင္းမွာ ဦးေဌးဦးကို ေက်း႐ြာသူ/႐ြာသားေတြက မိုးထဲေရထဲမွာ သေျပပန္းအိုးေတြနဲ႔ ထြက္ၿပီးႀကိဳပါတယ္။ ဒီျမင္ကြင္းကိုေတြ႕ရေတာ့ ဦးေဌးဦးကို ကြၽန္ေတာ္ေျပာျပတယ္ “ဦးေဌးဦး ခင္ဗ်ားဟာ တစ္ကယ့္ Organizer ဘဲ၊ လူထုေထာက္ခံမႈ အေတာ္ရတဲ့ ေခါင္းေဆာင္တစ္ေယာက္ျဖစ္ တယ္”။ ကြၽန္ေတာ္တို႔သြားလာခဲ့တဲ့ေနရာအႏွံ႔မွာ ဦးေဌးဦး ကူညီေထာက္ပံ့ေပးခဲ့တဲ့ အထက္တန္းေက်ာင္း ေက်ာင္းေဆာင္ေတြ၊ ေဆး႐ုံ ေဆးခန္းေတြ၊ ေစတီပုထိုးေတြ၊ အျခားလူမႈေရးလုပ္ငန္းေတြကို ကြၽန္ေတာ့္ကို မ်က္ျမင္ကိုယ္ေတြ႕ျပပါတယ္။ ဦးေဌးဦးက ဟသၤာတ ေရေဘးကာကြယ္ေရး ေရကာတာရွိတဲ့ဆီကို ကြၽန္ေတာ့္ကို ေခၚသြားပါတယ္။ ဟသၤာတတာႀကီးက တိုးလာတဲ့ ျမစ္ေရဟာ တာေဘာင္နဲ႔ ဇလုပ္တိုက္ျဖစ္ေနတယ္။ တာကို ေရလွ်ံမယ့္ တစ္ကဲကဲျဖစ္ေနတယ္။ အခ်ိဳ႕ေနရာေတြမွာ တာေအာက္ေျခကေနၿပီးေတာ့ ေရေတြဟာ စိမ့္ထြက္ေနတယ္။ အဲ့ဒီ့ေရစိမ့္ထြက္ေနတဲ့ ေနရာရဲ႕ေအာက္ေျခမွာ တာလဘတ္နဲ႔ တစ္ဖက္ဖြင့္ေရကန္လို လုပ္ၿပီးေတာ့ စိမ့္ေနတဲ့ေရကို ျပန္ကာပါတယ္။ စိမ့္ထြက္တဲ့ေရဟာ တာဟိုဘက္မွာရွိတဲ့ ေရျပင္ႀကီးနဲ႔ညီသြားတဲ့အခ်ိန္မွာ ေရဟာ ဆက္ၿပီးေတာ့ မစိမ့္ေတာ့ပါဘူး။

ေရထုကို ေရထုနဲ႔ျပန္ကာၿပီးေတာ့ ပိတ္ဆို႔တဲ့စနစ္ ျဖစ္ပါတယ္။ ကြၽန္ေတာ္လည္း အဲ့ဒီ့ေတာ့မွ အေတြ႕အႀကဳံသစ္တစ္ခု သိရပါတယ္။ ၿပီးေတာ့ ဦးေဌးဦးက ကြၽန္ေတာ့္ကိုရွင္းျပတယ္။ တာေဘာင္ေပၚမွာ ကိုက္ ၁၅ဝ ေလာက္ကို လူအင္အား ၁ဝ ေယာက္ေလာက္ ခ်ထားၿပီး ေတာ့ ေရႀကီးမႈကို ေန႔ညမျပတ္ ေစာင့္ၾကည့္ခိုင္းပါတယ္။ လူ ၂ဝဝ ေလာက္ကိုလည္း အရန္အင္အားအျဖစ္ အဆင္သင့္ လုပ္ထားတဲ့ အေၾကာင္း ကြၽန္ေတာ့္ကိုရွင္းျပပါတယ္။ ဦးေဌးဦးဟာ စစ္သားဆိုေတာ့ စစ္သားအျမင္နဲ႔ ေရေဘးကာကြယ္ေရးကို စစ္ ဆင္ေရးတစ္ရပ္လို ေဆာင္႐ြက္ေနတာ သတိထားမိလိုက္ပါတယ္။ ကြၽန္ေတာ္တို႔ဟာ ေရေဘးကယ္ဆယ္ေရး ပစၥည္းေတြကို ဘုန္းေတာ္ႀကီးေက်ာင္းေတြမွာ တည္းခိုေနတဲ့ ေရေဘးဒုကၡသည္ေတြကို ေရေဘးကယ္ဆယ္ ေရးပစၥည္းေတြကို ေလွေတြနဲ႔ လိုက္လံၿပီးေတာ့ ေဝမွ်ကူညီပါတယ္။ လူထုနဲ႔ ေတြ႕ဆုံပြဲမွာ ဦးေဌးဦးက စကားေျပာပါတယ္။ ကြၽန္ေတာ့္ကိုလည္း ေျပာခိုင္းပါတယ္။ ကြၽန္ေတာ္တို႔ ေလွနဲ႔သြားၾကတာ မ်ားေသာအားျဖင့္ ဘုန္းေတာ္ႀကီးေက်ာင္းကို ေလွဆိုက္ရင္ ေက်ာင္းေပၚကို တိုက္႐ိုက္ေရာက္ပါတယ္။ ကုန္းေပၚတာ ဘယ္မွာမွမရွိဘူး။ ေရေဘးကယ္ဆယ္ ေရးေဆာင္႐ြက္ၿပီးစီးေတာ့ နယ္စပ္ကိုျပန္သြားပါတယ္။

ေရေဘးကယ္ဆယ္ေရးပစၥည္းကို ထပ္မံရရွိတဲ့အတြက္ ဧရာဝတီတိုင္းကို ဒုတိယအႀကိမ္ ျပန္လည္သြားေရာက္ပါတယ္။ ကြၽန္ေတာ္ ဟသၤာတကိုဘဲ ဦးတည္သြားေရာက္ပါတယ္။ ဟသၤာတကို ေရာက္သြားေတာ့ ဧရာဝတီတိုင္းဝန္ႀကီးခ်ဳပ္ဟာ ဧရာဝတီတိုင္းမႉး ဗိုလ္ ခ်ဳပ္ေတဇေက်ာ္နဲ႔အတူ ဟသၤာတကို ေရာက္ရွိေနပါတယ္။ ကြၽန္ေတာ္ေရာက္တာ သ တင္းၾကားတာနဲ႔ ဝန္ႀကီးခ်ဳပ္က သူ႔လူေတြကို လႊတ္ၿပီးေတာ့ ကြၽန္ေတာ့္ကို လာေရာက္ႀကိဳဆိုပါတယ္။ ဝန္ႀကီးခ်ဳပ္ဆီေရာက္ေတာ့ ကြၽန္ေတာ္ကေျပာျပတယ္။ ေရေဘးကယ္ ဆယ္ေရး ပစၥည္းေတြ လာလႈတဲ့အေၾကာင္း၊ ေရေဘး အျပင္းထန္ဆုံး ထိခိုက္နစ္နာခဲ့တဲ့ ေဒသေတြကို လႉဒါန္းခဲ့ပါလို႔ အလႉရွင္ေတြက ကြၽန္ေတာ့္ကို မွာလိုက္တဲ့အေၾကာင္း ဝန္ ႀကီးခ်ဳပ္ကိုေျပာျပပါတယ္။ ဝန္ႀကီးခ်ဳပ္က ကြၽန္ေတာ့္ကို ေျပာပါတယ္ “ ဒါဆိုရင္ ဖထီးကြၽန္ေတာ္နဲ႔လိုက္ခဲ့” ဆိုၿပီး ေတာ့ ဝန္ႀကီးခ်ဳပ္ရယ္၊ တိုင္းမႉးရယ္၊ ကြၽန္ေတာ္ရယ္ရဟတ္ယာဥ္နဲ႔ အဂၤပူကို ဆက္ထြက္ပါတယ္။ ဒါဟာ ရဟတ္ယာဥ္ကို ကြၽန္ေတာ္ ပထမဆုံး စီးဖူးျခင္း ျဖစ္ပါတယ္။ အဂၤပူကို ေရာက္ေတာ့ ညအိပ္ရပ္နားပါတယ္။ တိုင္းမႉးကေတာ့ အျခားလုပ္ငန္းစဥ္ေတြရွိလို႔ ရဟတ္ယာဥ္ နဲ႔ျပန္သြားပါတယ္။ ေနာက္တစ္ေန႔က်ေတာ့ Speed Boat နဲ႔ ဝန္ႀကီးခ်ဳပ္က ေရေဘးဒဏ္ ခံရတဲ့ေဒသေတြကို လိုက္လံၾကည့္ရႈပါတယ္။ ကြၽန္ေတာ့္ကိုလည္း တစ္ပါတည္း ေခၚသြားပါတယ္။ ကြၽန္ေတာ္ေတြ႕ခဲ့ရတာကေတာ့ ျမစ္ကမ္းနားေဘး႐ြာအခ်ိဳ႕မွာရွိတဲ့ ေစတီေတြ၊ ဘုန္းႀကီးေက်ာင္းေတြဟာ ကမ္းၿပိဳၿပီးေတာ့ ေရႀကီးနစ္ျမႇပ္တဲ့အထဲကို ပါသြားပါတယ္။ ဝန္ႀကီးခ်ဳပ္နဲ႔ ကြၽန္ေတာ္ဟာ အဂၤပူ၊ ဟသၤာတ၊ ဇလြန္၊ သာေပါင္းစတဲ့ ေရႀကီးတဲ့ ေနရာေဒသေတြကို လိုက္လံၾကည့္ရႈၿပီးေတာ့ ေရေဘးကယ္ဆယ္ေရးေတြ ေဆာင္႐ြက္တယ္။ ေဒသခံလူ ထုေတြကို အားေပးႏွစ္သိမ့္တယ္။ အထက္တန္းေက်ာင္းရွိတဲ့ေနရာေတြဆိုရင္ ေက်ာင္းေတြကို ဝင္ေရာက္စစ္ေဆးတယ္။ ေအာင္ခ်က္ ဘယ္ေလာက္ေကာင္းသလဲဆိုတာကိုလည္း ေမးျမန္းတယ္။

ဝန္ႀကီးခ်ဳပ္က ကြၽန္ေတာ့္ကိုေျပာတယ္ “ ဖထီး အခုေတြ႕တယ္မဟုတ္လား ကြၽန္ေတာ္တို႔ ဧရာဝတီတိုင္းက အထက္တန္းေက်ာင္းေတြဟာ ဟိုး ေခ်ာင္ႀကိဳေခ်ာင္ၾကားေတြမွာအထိ သြားေရးလာေရးခက္ခဲတဲ့ေနရာ ေတြမွာ ရွိတာ။ ပညာေရးေအာင္ခ်က္ေကာင္းဖို႔ အေတာ္ႀကိဳးစားရတာ။ မြန္ျပည္နယ္က တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ခ်က္မွာ ပထမရတာ ဘာဆန္းသလဲ။ အထက္တန္းေက်ာင္းက တစ္ရာေလာက္ဘဲရွိတာ။ ေက်ာင္းေတြကလည္း ရထားလမ္း၊ ကားလမ္းေဘးမွာ ရွိတာ။ သြားေရးလာေရးလြယ္ကူတယ္။ အုပ္ခ်ဳပ္ကြပ္ကဲမႈ လြယ္ကူေကာင္းမြန္တယ္။ ပထမရတာ ဘာဆန္းသလဲဗ်ာ။ ကြၽန္ ေတာ္တို႔ ဧရာဝတီတိုင္းက အထက္တန္းေက်ာင္းေတြဟာ ဖထီးေတြ႕တဲ့အတိုင္းဘဲ။ ေခ်ာင္ႀကိဳေခ်ာင္ၾကားေတြအထိ သြားေရးလာေရးခက္ခဲတဲ့ ေနရာေတြမွာ ရွိေနတာ။ ၿပီးေတာ့ အထက္တန္းေက်ာင္းေတြက ေထာင္ေက်ာ္ရွိတာ။ ဒါကို ကြၽန္ေတာ္တို႔က အေတာ့္ကို ႀကိဳးစားၿပီးေတာ့ ေအာင္ခ်က္ေကာင္းေအာင္ ႀကိဳးစားရတာျဖစ္တယ္” လို႔ ဆိုၿပီးေတာ့ေျပာျပပါတယ္။

ဝန္ႀကီးခ်ဳပ္ရဲ႕ ေရေဘးကယ္ဆယ္ေရးခရီးစဥ္တစ္ေလွ်ာက္မွာ Speed Boat နဲ႔သြားတာရွိတယ္။ စက္ေလွနဲ႔သြားတာရွိတယ္။ ေမာ္ေတာ္ကားနဲ႔သြားတာရွိတယ္။ အဆင္ေျပသလို သြားခဲ့တယ္။ ေမာ္ေတာ္ကားနဲ႔သြားတဲ့ ခရီးစဥ္ေတြက်ရင္ ကြၽန္ေတာ့္ကို သူ႔ကားေပၚ မွာအတင္းေခၚၿပီးေတာ့ အတူတူသြားၾကပါတယ္။ ကြၽန္ေတာ္လည္း ဝန္ႀကီးခ်ဳပ္နဲ႔ တစ္ကားထဲ အတူတကြ သြားရတဲ့အတြက္ ကြၽန္ေတာ္ ဝမ္းသာအားရ ေက်နပ္မိတဲ့အ ေၾကာင္းရွိပါတယ္။ ဧရာဝတီတိုင္းဆိုတာ အားလုံးသိၾကတဲ့အတိုင္း ကရင္နဲ႔ဗမာ ေရွးဘိုးစဥ္ေဘာင္ဆက္ ကတည္းက အတူတကြ ေနထိုင္လာခဲ့ၾကတာ။ ေရေဘးဒုကၡသည္ျဖစ္တဲ့ ကရင္႐ြာေတြေရာက္ရင္ ကယ္ဆယ္ေရးပစၥည္းေတြ ေဝငွပါတယ္။ အားေပးႏွစ္ သိမ့္စကားလည္း ေျပာပါတယ္။ ကြၽန္ေတာ့္ကိုလည္း စကားေျပာခိုင္းပါတယ္။ ကြၽန္ ေတာ္ဝမ္းသာေက်နပ္တယ္ ဆိုတာ ကြၽန္ေတာ့္လူမ်ိဳးေတြေရွ႕မွာ ႏိုင္ငံ့ေခါင္းေဆာင္တစ္ေယာက္နဲ႔ အတူတကြ သြားလာေနရတာ ျပသခြင့္ရတဲ့အတြက္ ကြၽန္ေတာ္ ဂုဏ္ယူပါတယ္။ ကြၽန္ေတာ့္အမ်ိဳးသားေတြက ေက်နပ္တဲ့အမူအရာေတြလည္း ေဖာ္ျပၾကပါတယ္။ လႈိက္လွဲဝမ္းသာစြာ ႀကိဳဆိုၾကပါတယ္။

Related news

© 2021. All rights reserved.