မြင်းခြံမြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးပြပြီးပြန်လာသော အမျိုးသား(၃)ဦး သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် (၁)ဦးထိခိုက်ဒဏ်ရာရရှိ

1132

NP News - စက်တင်ဘာ ၁၂
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ မြင်းခြံမြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးပြပြီးပြန်လာသော အမျိုးသား(၃)ဦး သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် (၁)ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၁ဝ ရက်၊ နေ့လည် ၁၂နာရီအချိန်တွင် မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာနှင့် ပင်လယ်ကျေးရွာကြားရှိ ရေမြောင်းအနီးတွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ် ဖွဲ့မှ ဆိုသည်။
အဆိုပါဖြစ်စဉ်မှာ မြင်းခြံမြို့နယ်၊ ဆုံရွာကျေးရွာတွင် နေထိုင်သူ ကိုတင်ထွန်းဝေ(၂ဝ) နှစ် နှင့် ကိုထွန်းထွန်းဝေ(၂၃)နှစ်တို့သည် ကျန်းမာရေးမကောင်းသည့် ကိုနန္ဒဝင်း(၂ဝ) နှစ်အား မြင်းခြံမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ပို့ဆောင်ဆေးကုသပြီး ပြန်လာချိန်တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောသည်။
ထိုသို့ဆေးကုပြီးပြန်လာစဉ် နဘူးအိုင်ကျေးရွာနှင့် ပင်လယ်ကျေးရွာကြားရှိ ရေမြောင်းအနီးအရောက်တွင် ၎င်းတို့၏ အနောက်မှ ဆိုင်ကယ်(၂)စီးဖြင့် လိုက်လာသည့် အကြမ်း ဖက်အမျိုးသား(၄)ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုထားသည်။
အဆိုပါပစ်ခတ်မှုကြောင့် ကိုတင်ထွန်းဝေတွင် လက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာနှင့် လည်ကုတ် ကျည်ရှပ်ထိဒဏ်ရာများရရှိခဲ့ပြီး ကိုထွန်းထွန်းဝင်းနှင့် ကိုနန္ဒဝင်းတို့ (၂)ဦးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
ျမင္းၿခံၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံမွ ေဆးျပၿပီးျပန္လာေသာ အမ်ိဳးသား(၃)ဦး ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ (၁)ဦးထိခိုက္ဒဏ္ရာရရွိ
NP News - စက္တင္ဘာ ၁၂
မႏၲေလးတိုင္း၊ ျမင္းၿခံၿမိဳ႕နယ္ရွိ ျမင္းၿခံၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံမွ ေဆးျပၿပီးျပန္လာေသာ အမ်ိဳးသား(၃)ဦး ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ (၁)ဦးထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ စက္တင္ဘာလ ၁ဝ ရက္၊ ေန႔လည္ ၁၂နာရီအခ်ိန္တြင္ ျမင္းၿခံၿမိဳ႕နယ္၊ နဘူးအိုင္ေက်း႐ြာႏွင့္ ပင္လယ္ေက်း႐ြာၾကားရွိ ေရေျမာင္းအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ ဖြဲ႕မွ ဆိုသည္။
အဆိုပါျဖစ္စဥ္မွာ ျမင္းၿခံၿမိဳ႕နယ္၊ ဆုံ႐ြာေက်း႐ြာတြင္ ေနထိုင္သူ ကိုတင္ထြန္းေဝ(၂ဝ) ႏွစ္ ႏွင့္ ကိုထြန္းထြန္းေဝ(၂၃)ႏွစ္တို႔သည္ က်န္းမာေရးမေကာင္းသည့္ ကိုနႏၵဝင္း(၂ဝ) ႏွစ္အား ျမင္းၿခံၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီးတြင္ ပို႔ေဆာင္ေဆးကုသၿပီး ျပန္လာခ်ိန္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ေျပာသည္။
ထိုသို႔ေဆးကုၿပီးျပန္လာစဥ္ နဘူးအိုင္ေက်း႐ြာႏွင့္ ပင္လယ္ေက်း႐ြာၾကားရွိ ေရေျမာင္းအနီးအေရာက္တြင္ ၎တို႔၏ အေနာက္မွ ဆိုင္ကယ္(၂)စီးျဖင့္ လိုက္လာသည့္ အၾကမ္း ဖက္အမ်ိဳးသား(၄)ဦးက ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုထားသည္။
အဆိုပါပစ္ခတ္မႈေၾကာင့္ ကိုတင္ထြန္းေဝတြင္ လက္ေမာင္းက်ည္ေဖာက္ဝင္ဒဏ္ရာႏွင့္ လည္ကုတ္ က်ည္ရွပ္ထိဒဏ္ရာမ်ားရရွိခဲ့ၿပီး ကိုထြန္းထြန္းဝင္းႏွင့္ ကိုနႏၵဝင္းတို႔ (၂)ဦးတြင္ ထိခိုက္ဒဏ္ရာရရွိခဲ့ျခင္း မရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။