“ဆူပူအကြမ်းဖက်မှုတွေလည်း တော်တော်ကို ထိန်းချုပ်နိုင်တဲ့ အခြေအနေကို ရောက်သွားပြီ၊ ဒါကြောင့် စီးပွားရေးက တည်ငြိမ်စပြုလာနိုင်ပြီလို့ ပြောနိုင်ပါတယ်” (အင်တာဗျူး)

 1451

NP News - စက်တင်ဘာ ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား စက် တင်ဘာလ ၆ ရက်တွင် ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU) ၌ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ RIA သတင်းဌာနမှ တွေ့ဆုံမေးမြန်းမှုများနှင့် ဖြေကြားမှုများကို ထပ်ဆင့်ပြန်လည် ဖော်ပြလိုက်ပါသည်။

မေး ။ ။ အခုလိုမျိုး ဒီနေ့အင်တာဗျူးဖြေကြားဖို့အတွက် အချိန်ခွဲဝေပေးတဲ့အတွက်လည်း CRCS သတင်းဌာနမှ ကျေးဇူးတင်ရှိကြောင်း ဦးစွာပထမ ပြောကြားလိုပါတယ်။ အဆွေတော်အနေနဲ့ ရုရှားနိုင်ငံကို ယခုနှစ်အတွင်းမှာ ဒါဒုတိယအကြိမ် လာရောက်ခြင်းဖြစ်ပြီးတော့ ပြီးခဲ့တဲ့တစ်ကြိမ် မိမိတို့သတင်းဌာနနဲ့ တွေ့ဆုံမှုဟာ ဆိုလို့ရှိရင် ပြီးခဲ့တဲ့နှစ် ဒီ Moscow International Security Forum မှာ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာလည်း မိမိတို့အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ဖူးပါတယ်။ အဆွေတော်အနေဖြင့် ပြီးခဲ့တဲ့အကြိမ် ပါဝင်တက်ရောက်ခဲ့တဲ့ Moscow International Security Conference နဲ့ အဆွေတော် ဆွေးနွေးရာမှာ အာရှ-ပစိဖိတ်ဒေသရဲ့ လုံခြုံရေးဆိုင်ရာဘေး အန္တရာယ်သည် သိသိသာသာ တိုးမြှင့်လာခဲ့သည်လို့ ဆိုခဲ့ပါတယ်။ ယနေ့အချိန်လည်း ထိုင်ဝမ်တစ်ဝိုက် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကြောင့် ကိုရီးယားကျွန်းဆွယ် ဒေသအတွင်း လုံခြုံရေးသဘောတရား အခင်းအကျင်းသစ်များကို တွေ့မြင်လာကြရပါတယ်။ ဒေသတွင်း ဆက်တိုက်ဖြစ်ပေါ်လာသော ပဋိပက္ခပြဿနာတွေမှတစ်ဆင့် လက်နက်ကိုင်ပဋိပက္ခအဆင့်အထိ တိုးမြှင့်သွားနိုင်သည် ရှိ/မရှိနှင့် ပတ်သက်ပြီး အဆွေတော်အနေနှင့် အနည်းငယ် ဆွေးနွေးပြောကြား ပေးစေလိုပါတယ်။ ပထမမေးတဲ့ မေးခွန်းလေးပါပဲ ဒီဒေသတွင်းမှာ လက်နက်ကိုင် ပဋိပက္ခအဆင့်အထိ တိုးမြှင့်သွားနိုင်သည် ရှိ/မရှိကို ပြောကြားပေးပါ။

ဖြေ ။ ။ ပြီးခဲ့တဲ့လ အမေရိကန်နဲ့ ထိုင်ဝမ်ဆက်ဆံရေးဖြစ်ပေါ်မှု အပေါ်မှာ ပြန်လည်သုံးသပ် ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံရဲ့ One China Policy ကို များစွာထိရောက်စေခဲ့တယ်ဆိုတာ သွားတွေ့ပါတယ်။ One China Policy ဟာ တရုတ်နိုင်ငံရော အမေရိကန်နိုင်ငံရော လက်ခံထားတဲ့ မူဝါဒဖြစ်ပါတယ်။ နောက်ဆက်တွဲ အမေရိကတာဝန်ရှိ ပုဂ္ဂိုလ်တွေ ထိုင်ဝမ်ကို ဆက်တိုက်သွားခြင်းဟာလည်း မီးလောင်ရာလေပင့် ဖြစ်စေခဲ့တာကို ကျွန်တော်တို့ တွေ့ပါတယ်။ ကျွန်တော်တို့ ဒါလည်း အထူးဂရုစိုက်ရမယ့်ကိစ္စလည်း ဖြစ်ပါတယ်။ အဲဒီတော့ မကျေနပ်ချက်ရှိတဲ့ တိုင်းပြည်၊ စိုးရိမ်ပူပန်ရတဲ့ တိုင်းပြည်ကတော့ သူတို့ရဲ့ မကျေနပ်ချက် စိုးရိမ်ပူပန်မှုတွေကိုလည်း ပြသမှာပဲ ဖြစ်ပါတယ်။ အဲဒီပြသမှုကတော့ တည်ငြိမ်အေးချမ်းမှုကိုတော့ အထောက်အကူပြုလိမ့်မယ်လို့တော့ ကျွန်တော်မထင်ဘူး။ ကျွန်တော်တို့ သတိပြုရမှာပဲဖြစ်ပါတယ်။ အဲဒီတော့ အဲဒီလိုပြဿနာဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ အမေရိကန်နိုင်ငံက ထိုင်ဝမ်နိုင်ငံကို စစ်လက်နက် ပစ္စည်း ထောက်ပံ့ပေးတာတွေ၊ ရောင်းချပေးတာတွေ ကျွန်တော်တို့တွေ့ပါတယ်။ အမေရိကန်ရဲ့ အဓိကစီးပွားရေးလုပ်ငန်းထဲမှာ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရောင်းချတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုလည်း ပါပါတယ်။ ပြီးခဲ့တဲ့ ယူကရိန်းဖြစ်စဉ်တွေကို ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း အလားတူ စွာပဲ ကျွန်တော်တို့ တွေ့ရတယ်။ ပြဿနာကိုပဲ နှယ်နှယ်ရရ ဖန်တီးတတ်တယ်။ ပြီးတော့မှ လက်နက်ခဲယမ်းမီးကျောက်တွေ ထောက်ပံ့တယ်။ အရန်ထားရှိတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေ ထောက်ပံ့ပေးခြင်းအားဖြင့် စစ်ပွဲရဲ့ ပုံသဏ္ဌာန်ကို ပြောင်းလဲအောင်ဖန်တီးလာတယ်။ သူတို့နိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်းထဲမှာ လက်နက်ခဲယမ်းမီးကျောက် ထုတ်လုပ်တဲ့လုပ်ငန်းဟာလည်း ပါတယ်။ အဲဒီတော့ အရန်ထုတ်လိုက်ပြီဆိုကတည်းက ပစ္စည်းတွေထပ်ပြီး အသစ်ပြန်ထုတ်ရတယ်။ ဒါစစ်ပွဲကို နားလည်တဲ့သူတိုင်း သဘောပေါက်ပါတယ်။ ဒုတိယအချက်ကတော့ ပဋိပက္ခတွေဆက်ပြီး ဆိုးလာနိုင်မလားဆိုတာတော့ လူတွေကတော့ တတ်နိုင်သလောက်တော့ နိုင်ငံတွေကတော့ ရှောင်ကြလိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်။ တကယ်လို့သာ ကိုဗစ်ကြောင့် ကျဆင်းနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို တစ်ဖက်ကနေပြီး ပိုပြီးအောင်မြင်အောင် လုပ်မယ်ဆို ပိုကောင်းပါတယ်။ လက်နက်ခဲယမ်းများ ထုတ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်မယ့်အစား ကိုဗစ်ကို အထောက်အကူပြုတဲ့ စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူပြုမယ်ဆိုရင် ပြည်သူတွေကတော့ ကမ္ဘာ့နိုင်ငံတွေကို ကျေးဇူးတင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။

မေး ။ ။ လက်ရှိ မြန်မာနိုင်ငံပြည်တွင်း နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုအခြေအနေလေး နဲ့ပတ်သက်ပြီး သိရှိလိုတာ ဖြစ်ပါတယ်။ မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့ ဒီမတည်ငြိမ်မှုတွေနဲ့ ပတ်သက်ပြီးတော့ ထိန်းချုပ်နိုင်မှုအခြေအနေလေးကိုလည်း သိရှိလိုပါတယ်။

ဖြေ ။ ။ ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့ အခြေအနေတော့ရှိပြီဆိုပြီးတော့ အကြမ်းဖျင်းအားဖြင့် ပြောလိုပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်ကတော့ အကြမ်းဖက်ဆူပူမှုတွေ ပြင်းထန်ခဲ့တာတော့ ရှိပါတယ်။ အကြမ်းဖက်ဆူပူမှုတွေ ပြင်းထန်ခဲ့သလို ဖျက်ဆီးမှုတွေ၊ သတ်ဖြတ်မှုတွေလည်း တော်တော်များများရှိတယ်။ သို့သော်လည်းပဲ ပြီးခဲ့တဲ့ ဧပြီလကစပြီးတော့ နောက်ပိုင်းမှာတော့ ဖြစ်ပွားမှုတွေက တော်တော်ကျဆင်းလာ တာကို ကျွန်တော်တို့ တွေ့ပါတယ်။ ထိန်းသိမ်းနိုင်တဲ့ အခြေအနေရောက်ပြီလို့ ပြောရပါမယ်။ သို့သော်လည်း အားလုံးကင်းစင်သွားပြီလား ဒီလိုတော့ မဟုတ်သေးပါဘူး။ တချို့ပြည် နယ်နဲ့တိုင်း တချို့တွေမှာတော့ ကျန်နေပါသေးတယ်။ ဒါလည်း ကျွန်တော် ဒီထက်ပိုပြီး တည်ငြိမ်အေးချမ်း အောင် ဆောင်ရွက်နေတယ် ဆိုတာလေးကို ပြောချင်ပါတယ်။

မေး ။ ။ ပထမမေးခွန်း ဖြေကြားတဲ့အထဲမှာ ဒီအနောက်နိုင်ငံတွေအနေနဲ့ တခြားနိုင်ငံ တွေရဲ့ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လက်နက်တွေ ထောက်ပံ့တယ်ဆိုတဲ့အချက် လေးလည်း ပါပါတယ်။ အခုမြန်မာနိုင်ငံ ပြည်တွင်းရေးအခြေအနေ မတည်မငြိမ်မှုတွေရဲ့နောက်ကွယ် မှာ ဒီလိုလက်နက်တွေ ထောက်ပံ့နေတာများ ရှိပါသလား။ ဒါတွေကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာရှိ ပါသလား။

ဖြေ ။ ။ အများကြီးရှိပါတယ်ဗျ။ အဲဒါတွေကတော့ ပြီးခဲ့တဲ့နှစ်ကစပြီးတော့ ဒီဆူပူအကြမ်း ဖက်မှုဖြစ်စဉ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကနေပြီးတော့ ထောက်ပံ့တဲ့ လက်နက်ခဲယမ်းမီးကျောက်တွေ များစွာပါဝင် ပတ်သက်နေတာကို ကျွန်တော်တို့ တွေ့ပါတယ်။ အဲဒီတော့ အဓိကကတော့ မြန်မာနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ကေအိုင်အေလက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့ကနေပြီးတော့ ထောက်ပံ့ပေးခဲ့တာ တော်တော်အများကြီး ကျွန်တော်တွေ့ ပါတယ်။ ဒုတိယကတော့ မြန်မာနိုင်ငံရဲ့ အရှေ့တောင်ပိုင်း ကေအန်ယူ လက်နက်ကိုင် သောင်းကျန်းသူရဲ့ နယ်မြေကနေပြီးတော့ ရယူခဲ့တာ ကျွန်တော်တို့ တွေ့ပါတယ်။ ဒီဟာတွေ ကတော့ တော်တော်များများကတော့ ပြည်တွင်းပြည်ပကနေပြီးတော့ နည်းလမ်းပေါင်းစုံနဲ့ ထောက်ပံ့ကြတဲ့ ငွေကြေးတွေကနေပြီးတော့မှ တရားမဝင်လက်နက်ရောင်းချတဲ့ အဖွဲ့အစည်းတွေကနေ ဝယ်ယူပြီးတော့မှ ထောက်ပံ့ပေးနေတယ်ဆိုတာ ကျွန်တော်တွေ့ပါတယ်။ ကျွန်တော်ပြီးခဲ့တဲ့ ဒီဩဂုတ်လကုန်ထိပေါ့လေ ပစ္စတို၊ မောင်းပြန်ရိုင်ဖယ် စသည်ဖြင့် ဒါတွေအကုန် လုံးပေါင်းလိုက်ရင် သုံးထောင်နီးပါးလောက် ဖမ်းဆီးရမိခဲ့တာ ရှိပါတယ်။ အလားတူပဲ ကျည်ဆန် ဆိုလို့ရှိရင် သုံးသိန်းကျော်လောက် ဖမ်းဆီးရမိခဲ့တာရှိတယ်။ ဒါတွေကတော့ တကယ်တမ်း အင်မတန်ကြောက်မက်ဖွယ် ရာကောင်းတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း သူတို့ပို့ဆောင်နေတဲ့ လမ်းကြောင်းတွေကို တတ်နိုင်သလောက်ရှာဖွေ ဖော်ထုတ်ပြီးတော့ ဖမ်းဆီး နေတာမျိုးလည်း လုပ်နေပါတယ်။ ကျွန်တော်ထင်ပါတယ် တစ်ချိန်မှာတော့ ဒါတွေအကုန်လုံး ပျောက်ကွယ်သွား လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

မေး ။ ။ ဒီကိစ္စကို အပြီးသတ်ဖြေရှင်းဖို့အတွက် အချိန်တစ်ခုလိုတယ်ဆိုတဲ့အချိန်မှာ အချိန် အားဖြင့် ဘယ်လောက်လိုအပ်မယ်လို့ ခန့်မှန်းပါသလဲ။

ဖြေ ။ ။ အချိန်ကိုတော့ ခန့်မှန်းဖို့တော့ နည်းနည်းတော့ခက်တယ်။ ကျွန်တော်အခုဆိုလို့ရှိရင် လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့အစည်းတွေ။ ကျွန်တော်တို့ အစိုးရကနေ သတ်မှတ်ထားတဲ့ လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့အစည်းရှိပါတယ်။ EAOs လို့ ကျွန်တော်တို့ခေါ်ကြပါတယ်။ ဒီအဖွဲ့တွေနဲ့ ကျွန်တော်တို့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဖိတ်ခေါ်ပြီးတော့ လုပ်နေပါတယ်။ သူတို့နဲ့ ကျွန်တော် အခုတွေ့ဆုံဆွေးနွေးတာ ဒုတိယအကြိမ်တွေ့ဆုံ ဆွေးနွေးမှုတွေရနေပါပြီ။ အဲဒီကနေပြီးတော့ သူတို့ ဘာကိုဖြစ်ချင်တာလဲ။ တိုင်းပြည်ကဘာဖြစ်သင့်သလဲ။ ဒီနှစ်ခုညှိပြီးတော့ဖြစ်နိုင်တာ ဘာရှိမလဲဆိုတာကို ကျွန်တော်တို့ အဖြေရှာမှာ ဖြစ်ပါတယ်။ အဲဒီအဖြေရှာပြီးတဲ့အချိန်မှာတော့ ဒီခုနပြောတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းထဲက နယ်မြေတွေထဲက လမ်းကြောင်းတွေကနေ ထောက်ပံ့ပေးနေတဲ့ ဟာတွေဟာ ရပ်တန့်သွားလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
ကျွန်တော်တို့မှာ ဆူပူအကြမ်းဖက်မှုမှာ အမျိုးအစားနှစ်ခုခွဲထုတ်လို့ရပါတယ်။ တစ်ခုကတော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို တောင်းဆိုတဲ့ အရင်လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိပါတယ်။ ဒုတိယကတော့ ၂ဝ၁၁ ခုနှစ်ကတည်းက ငြိမ်းချမ်းရေး ဖိတ်ခေါ်ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ခဲ့ပြီးတော့ မှ ကျွန်တော်တို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူညီစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ ရှိတယ်။ အဲဒါ ၁ဝ ဖွဲ့ရှိတယ်။ နောက်လက်မှတ်ရေးထိုး မထားရသေးတဲ့ အဖွဲ့က ခြောက်ဖွဲ့ ကျန်ပါသေးတယ်။ ဒီအဖွဲ့တွေနဲ့ကျွန်တော်တို့က အခုဆွေးနွေးနေတာပေါ့။ နောက်တစ်ဖွဲ့က ဘာလဲဆိုလို့ရှိရင်တော့ ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ပေါ်မှာ မူတည်ပြီးတော့ ဖြစ်ပေါ်လာတဲ့ ဆူပူအကြမ်းဖက်တဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းတွေကတော့ ရွေးကောက်ပွဲရလဒ်ပေါ်မှာဖြစ်လာတဲ့ အကြမ်းဖက်မှုလုပ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ဒါတွေကတော့ ကျွန်တော်တို့ ဆွေးနွေးစရာအကြောင်း မရှိဘူး။ သူတို့ကတော့ ရွေးကောက်ပွဲရလဒ်ပေါ်မှာ မူတည်ပြီး ဖြစ်လာတယ်။ ရွေးကောက်ပွဲဟာလည်း မဲမသမာမှုကြောင့် ဖြစ်လာတဲ့ဟာကို တရားဥပဒေ နည်းလမ်းအရ ဖြေရှင်းဖို့အတွက် ကျွန်တော်တို့ တောင်းဆိုတဲ့အချိန်မှာ တရားဥပဒေနည်းလမ်းအရ မဖြေရှင်းဘဲနဲ့ ဒီဆူပူအကြမ်းဖက်မှုနဲ့ပြီးတော့မှ ဒီလမ်းကြောင်းပေါ်မှာသွားတဲ့ အဖွဲ့အစည်းတွေ ဆိုတော့ ဒါတော့ဥပဒေအရ ကျွန်တော်တို့ သွားရမယ်။ အဲဒီတော့ခုနပြောခဲ့တဲ့ လက်နက်ကိုင်အဖွဲ့ အစည်းထဲမှာ လက်မှတ်ရေးထိုးပြီးသား အဖွဲ့အစည်း ၁ဝ ဖွဲ့နဲ့ ဆွေးနွေးနေတာ ရှိတယ်။ လက်မှတ်ရေးထိုးမထားတဲ့ အဖွဲ့အစည်းနဲ့ ဆွေးနွေးဖို့ ကျန်သေးတဲ့ အဖွဲ့တွေရှိတယ်။ သူတို့ကိုလည်း ကျွန်တော် ဖိတ်ခေါ်ထားတယ်။ အဲဒီလိုဖိတ်ခေါ်ချက်တွေဟာ သူတို့နိုင်ငံရေးမျှော်မှန်းချက်ပေါ်မှာ လာရောက်ဆွေးနွေးမယ်ဆိုရင်တော့ ကျွန်တော်တို့ ဒါကတော့ အောင်မြင်မှုရမယ်လို့ ယုံကြည်ပါတယ်။
ကျွန်တော့်မှာ နိုင်ငံရေးရည်မှန်းချက် နှစ်ချက်ပေးထားပါတယ်။ တစ်ခုကတော့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ကျွန်တော့်နိုင်ငံကမလွဲမသွေ လျှောက်လှမ်းရမယ်။ ဒုတိယကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတာ ကျွန်တော်တို့ပေးထားတယ်။ ဒါကလူတိုင်းလိုချင်တဲ့ တောင်းဆိုချက်ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့က လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးသည် ပပျောက်လိမ့်မယ်လို့ ပြောခြင်းဖြစ်ပါတယ်။

မေး ။ ။ မြန်မာနိုင်ငံ စီးပွားရေးအခြေအနေနှင့် ပတ်သက်ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ ဒဏ်ခံရပြီးနောက်ပိုင်းမှာလည်း နိုင်ငံတော်တော်များများဟာ စီးပွားရေး အားနည်းနေတာရှိပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေအတွင်းမှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ ဖြစ်နိုင်မလား၊ သင့်တော်မလား။

ဖြေ ။ ။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းခဲ့တာတော့ မှန်ပါတယ်၊ ကိုဗစ်-၁၉ ဖြစ်တာ ၂ဝ၂ဝ ပြည့်နှစ် မတ်လမှာ မြန်မာနိုင်ငံမှာ စတွေ့တာပေါ့။ အဲ့မတိုင်ခင် စီးပွားရေးစကျနေတယ် ကိန်းဂဏန်းတွေနဲ့ ဖော်ပြနေတော့၊ အဲဒီအရှိန်ကြောင့် ကိုဗစ်-၁၉ ဖြစ်တဲ့အချိန် ပိုဆိုးသွားတာပေါ့။ ဒုတိယကတော့ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်လာတာကြောင့် စီးပွားရေးမလည်ပတ်နိုင်တဲ့အတွက် ကျဆင်းခဲ့တာတွေ ရှိပါတယ်။ သို့သော်လည်းပဲ အခုကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်တဲ့ အနေအထားရောက်သွားပြီ။ ဆူပူအကြမ်း ဖက်မှုတွေလည်း တော်တော်ကို ထိန်းချုပ်နိုင်တဲ့ အခြေအနေကို ရောက်သွားပြီ။ ဒါကြောင့် စီးပွားရေးက တည်ငြိမ်စပြုလာနိုင်ပြီဟု ပြောနိုင်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ စီးပွားရေး ပြန်လည် ဦးမော့လာအောင် ကြိုးစားဆောင်ရွက်နေပါတယ်။ အဲဒီတော့ နိုင်ငံရေးနဲ့ စီးပွားရေးကဆက်စပ် နေပါတယ်။ စီးပွားရေးကျပြီဆိုရင် နိုင်ငံရေးမှာ နည်းနည်းလေးမတည်မငြိမ်ဖြစ်တတ်တဲ့ သဘောသဘာဝရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က စီးပွားရေးကောင်းအောင် ပြန်လုပ်နေတာဖြစ်တယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ နိုင်ငံမှာ ၂ဝ၁ဝ ပြည့်နှစ်မှာ ပထမအကြိမ်၊ ၂ဝ၁၅ ခုနှစ်မှာ ဒုတိယအကြိမ်၊ ၂ဝ၂ဝ ပြည့်နှစ်မှာ တတိယ အကြိမ် ပြုလုပ်ခဲ့ပါတယ်။ ပထမအကြိမ်လုပ်တဲ့ အချိန်မှာ မြို့နယ်ပေါင်း ၃၃ဝ မှာ ၃၂၅ မြို့နယ် လုပ်ခဲ့တယ်။ ဒုတိယအကြိမ်လုပ်တဲ့ အချိန်မှာ မြို့နယ်ပေါင်း ၃၃ဝ မှာ ၃၂၃ မြို့နယ်လုပ်ခဲ့တယ်။ တတိယအကြိမ်လုပ်တဲ့အချိန်မှာ မြို့နယ်ပေါင်း ၃၃ဝ မှာ ၃၁၅ မြို့နယ်ပဲ ရွေးကောက်ပွဲ လုပ်နိုင်ခဲ့တယ်။ ဒီမိုကရေစီမှာ ရွေးကောက်ပွဲက သိပ်အရေးကြီးပါတယ်။ ရွေးကောက်ပွဲဖြစ်ပြီးမှသာ ရွေးကောက်ပွဲက တက်လာတဲ့ လွှတ်တော်အမတ်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းတာတို့ တခြားနိုင်ငံတော် အဆင့်အဖွဲ့အစည်းတွေ တာဝန်ပေးတာတို့၊ ရွေးချယ်တာတို့ လုပ်တာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ပြည်သူတွေက ဒီအခွင့်အရေးကို အားလုံးရဖို့ လိုတယ်။
ရွေးကောက်ပွဲလုပ်တိုင်း လုပ်နိုင်တဲ့အရေအတွက်ကကျသွားတယ်ဆိုရင် အဲဒီ နေရာမှာရှိတဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေး ဆုံးရှုံးတာကို ဖော်ပြနေတာဖြစ်တယ်။ တကယ်တော့ ရွေးကောက်ပွဲမှာ ပြည်သူ တွေအားလုံး ဒီမိုကရေစီ အခွင့်အရေးကို ရပိုင်ခွင့်ရှိပါတယ်။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကတော့ တစ်နိုင်ငံလုံး အကြားအလပ်မရှိ ရွေးကောက်ပွဲပြုလုပ်နိုင်ရေး ဖြစ်ပါတယ်။ ဒါကြောင့် စောစောက မေးခွန်းမှာ ခင်ဗျားမေးတယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခုပါလာတယ်။ ဒါတွေကရွေးကောက်ပွဲနဲ့ လည်းဆက်စပ်နေပါတယ်။ ဒါကြောင့် ကျွန်တော်ငြိမ်းချမ်းရေးရအောင် လုပ်ပြီးတော့မှ အဲဒီနယ်မြေတွေမှာရှိတဲ့ ပြည်သူတွေ ရွေးကောက်ပွဲကိုဝင်နိုင်အောင် ကြိုးစားနေတာဖြစ်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံးတော့ ကျွန်တော်ကြိုးစား ဆောင်ရွက်နေပါတယ်။ ရွေးကောက်ပွဲ ဖြစ်ရေး/ မဖြစ်ရေး ဆိုတာကတော့ ငြိမ်းချမ်းရေးနဲ့ စီးပွားရေး အားကောင်းလာဖို့ နိုင်ငံရေးတည်ငြိမ်အေးချမ်းဖို့ ဒီအပေါ်မှာ အများကြီးတည်ပါတယ်။ တတ်နိုင်သလောက် ကျွန်တော်တို့ ပြောထားတဲ့အတိုင်း ရွေး ကောက်ပွဲဖြစ်အောင် ကြိုးစားဆောင်ရွက်နေတယ်ဆိုတာ ပြောလိုပါတယ်။ ဒီမှာလည်းတစ်ချက်ရှိတာပေါ့၊ ရွေးကောက်ပွဲဆိုတာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့လည်းလိုတယ်။ နောက်ပြီးတော့ အပြင်ကနေ ဖိအားတွေပေးပြီးတော့မှ မဲထည့်စေတဲ့ဖြစ်ရပ်မျိုး မဖြစ်ဖို့လည်းလိုတယ်။ ပြည်သူတွေ လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်ရှိဖို့လိုတယ်။ ဒါက သိပ်အရေးကြီးပါတယ်၊ ဒါမှသာ သူတို့ရဲ့ ခံစားချက်ကို သူတို့ဆန္ဒဖော်ထုတ်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါက ဒီဟာကိုရအောင် ကျွန်တော်တို့ ရအောင်ကြိုးစားနေတာ ဖြစ်ပါတယ်။

မေး ။ ။ အခုလက်ရှိ ဖြစ်ပေါ်တိုးတက်နေတဲ့ အခြေအနေနဲ့ သုံးသပ်ဆွေးနွေးသွားတဲ့ အချက်တွေပေါ်မှာ စဉ်းစားသုံးသပ်ကြည့်တဲ့ အခါမှာ လာမယ့် ကာလတိုကာလအတွင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိနိုင်ဟု သုံးသပ်မိပါတယ်။ အချိန်ကာလတစ်ခုအထိ ရွှေ့ဆိုင်းဖို့ရှိပါသလား။

ဖြေ ။ ။ ကျွန်တော်တို့ အခုချိန်မှာပြောဖို့ စောသေးတယ်။ နောက်ထပ်အချိန် လေးငါးလ လောက်ကျန်သေးတယ်။ ဒီအပေါ်မှာ အခြေအနေ ကြည့်ပြီးတော့မှပဲ ဆုံးဖြတ်မှာဖြစ်ပါတယ်။ နိုင်ငံ့အ ရေးဆိုတာ ချက်ချင်းကောက်ပြီး ဆုံးဖြတ်လို့တော့မရဘူး။ ကြိုပြီးဆုံးဖြတ်လို့လည်းမရပါဘူး။ အခြေအနေကို ကျွန်တော်တို့ကြည့်ရမှာ ဖြစ်ပါတယ်။

မေး ။ ။ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ လက်ရှိကမ္ဘာမှာ အားလုံးရင်ဆိုင်နေရတဲ့ လောင်စာဆီတင်သွင်းခြင်း ဖြေရှင်းနေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံက ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကြားသိထားရပါတယ်။ ကြားသိတဲ့အချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံက လောင်စာဆီ ဝယ်ယူတင်သွင်းမှု ရှိနေပါပြီလား။ ဝယ်ယူတင်သွင်းတဲ့အချိန်မှာ ရုရှားနိုင်ငံက သတ်မှတ်ထားသလို ရူဘယ်လ်ငွေကြေးနဲ့ပဲ ပေးချေသွားနိုင်မှုရှိပါသလား။

ဖြေ ။ ။ ကျွန်တော်တို့ ရုရှားနိုင်ငံကနေ လောင်စာဆီဝယ်ဖို့အတွက် ဆောင်ရွက်နေတာ ခရီးတော်တော် ရောက်နေပါပြီ။ တချို့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကိုရောက်မှာဖြစ်ပါတယ်။ ဆက်ပြီးတော့ ဆက်တိုက် ဝယ်ယူသွားဖို့လည်း ရှိပါတယ်။ ငွေပေးချေရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကတော့ ရုရှားနိုင်ငံက လက်ခံတဲ့ ငွေကြေးနဲ့ပေးမှာ ဖြစ်ပါတယ်။ ရူဘယ်လ်နဲ့ ပေးရမယ်ဆိုရင်လည်း ရူဘယ်လ်နဲ့ရအောင် ကျွန်တော်တို့ စီစဉ်ပြီးပေးမှာ ဖြစ်ပါတယ်။ ကျွန်တော်က ရူဘယ်လ်နဲ့ပေးချေဖို့ ပိုပြီးဆန္ဒရှိပါတယ်။ တခြားငွေကြေးနဲ့ဆို ကန့်သတ်ချက်ရှိနေပါတယ်။ ကျွန်တော်တို့ကတော့ ဒီနည်းလမ်းကိုရအောင် ကြိုးစားဆောင်ရွက်သွားမယ်လို့ ပြောချင်တယ်။

မေး ။ ။ ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ သံတမန်ဆက်ဆံရေးကလည်း နှစ်ပေါင်းရှည်ကြာခဲ့ပြီ ဖြစ်ပါတယ်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဟာ အအောင်မြင်ဆုံးကဏ္ဍနှင့် အဓိကအခြေခံကဏ္ဍအဖြစ် ရပ်တည်ခဲ့ပါတယ်။ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍဟာဆိုရင်လည်း ဆက်လက်ဖွံ့ဖြိုးတိုးတက်လျက် ရှိပါတယ်။ ဒီနေရာမှာ နောက်ဆုံးဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ပထဝီနိုင်ငံရေး အခြေအနေအရ မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံကနေမှ နောက်ဆုံးပေါ် ခေတ်မီစစ်လက်နက်ပစ္စည်းတွေ၊ ကာကွယ်ရေးပစ္စည်းတွေ ထပ်မံဝယ်ယူသွားဖို့ရှိ ပါသလား။ သိချင်ပါတယ်။ ဒေသအတွင်း အခြေအနေနဲ့ ကမ္ဘာ့ပထဝီနိုင်ငံရေး ချိန်ညှိမှုမှာ မြန်မာနိုင်ငံအနေနဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ကိုယ်စား လှယ်အဖွဲ့တွေ၊ အခြေစိုက်ဌာနချုပ်တွေကို မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ လက်ခံဆောင်ရွက်သွားဖို့ ရှိ/မရှိ သိလိုပါတယ်။

ဖြေ ။ ။ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေမှု နယ်ပယ်ကတော့ ဆယ်စုနှစ် နှစ်ခုကျော်လောက် ဖြစ်သွားပြီ။ တော်တော်လေးလည်း အရှိန်အဟုန်ရလာပါပြီ။ ရုရှားနိုင်ငံကထုတ်တဲ့ ကာကွယ်ရေးပစ္စည်းတွေက တကယ်အဆင့်အတန်းလည်း မြင့်ပါတယ်။ နိုင်ငံတော်ကာကွယ်ဖို့အတွက်လည်း အထောက်အကူရပါတယ်။ ကျွန်တော်တို့လည်း နှစ်ခြိုက်ပါတယ်။ ဆက်လက်ပြီးတော့ တိုးချဲ့ဆောင်ရွက်သွားဖို့တွေရှိကြောင်း ပြောလိုပါတယ်။ နောက်မြန်မာနိုင်ငံမှာ နိုင်ငံခြားတပ်ဖွဲ့ဝင်တွေ တပ်စွဲနေရာချထားရေး ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ရဲ့ အခြေခံဥပဒေမှာ ခွင့်ပြုထားတာ မရှိပါဘူး။ အခြေခံဥပဒေကို ကျွန်တော်တို့ကျော်လွန်ပြီး လုပ်လို့မရပါဘူး။ အခြေခံဥပဒေအရ လည်း ဘောင်အတွင်းမှာပဲ အကောင်းဆုံး ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ ဆိုတာကို နည်းလမ်းရှာရမှာဖြစ်ပါတယ်။ စခန်းချဖို့တော့ ကျွန်တော်တို့ မပေးထားပါဘူး။ ပူးပေါင်းဆောင်ရွက်မယ့် နယ်ပယ်တွေ၊ အခွင့်အလမ်းတွေ အလားအလာ ရှိပါတယ်ဆိုတာကို ကျွန်တော်တွေ့ပါတယ်။

မေး ။ ။ နောက်ဆုံး ပထဝီနိုင်ငံရေး အခြေအနေမှာ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက အခုလိုရုရှားနိုင်ငံနဲ့ ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်နေတာကို မကျေမနပ်ဖြစ်နေတဲ့ အခြေအနေလေးတွေ တွေ့ရှိရပါတယ်။ ဥပမာ-အမေရိကန်နိုင်ငံက ထုတ်ဖော်ခဲ့တဲ့ ထုတ်ဖော်ချက်တစ်ရပ်မှာ အခုလို ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတာဟာ မြန်မာ နိုင်ငံအနေနဲ့ အာဆီယံနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ထုတ်ပြန် ပြောကြားနေတာတွေ ရှိပါတယ်။ ဘာကြောင့်မို့ အမေရိကန်အစိုးရအနေနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရနဲ့ မြန်မာအစိုးရကြား ပူးပေါင်းဆောင်ရွက်မှုကို ဝင်ရောက် စိတ်ပူပန်နေရတယ်ဆိုတာကိုလည်း ဆွေးနွေးပေးစေလိုပါတယ်။

ဖြေ ။ ။ အတိတ်ကို နည်းနည်းလောက်ပြန်ကြည့်ရင်တော့ တွေ့နိုင်တယ်။ အထူးသဖြင့် တခြားကမ္ဘာ့နိုင်ငံပေါ့ဗျာ။ အာဆီယံဒေသမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေကို ကျွန်တော် သုံးသပ်ပြပါမယ်။ ပြီးခဲ့တဲ့ အတိတ်ကာလမှာ အာဆီယံနိုင်ငံ၊ အရှေ့တောင်အာရှဒေသနိုင်ငံတွေမှာလည်း အခုမှသာ တည်ငြိမ်အေးချမ်းမှု ရှိနေတာပါ။ အရင်ကတော့ တည်ငြိမ် အေးချမ်းမှုမရှိ၊ ပဋိပက္ခတွေဖြစ်နေတဲ့ ဒေသတွေရှိတယ်။ အဲ့ဒီတော့ပဋိပက္ခဖြစ်နေတဲ့အချိန်မှာ တည်ဆဲအစိုးရကို ဆန့်ကျင်နေတဲ့ လူပုဂ္ဂိုလ်အဖွဲ့ အစည်းတွေကို အမေရိကန်မှာခေါ်ပြီးတော့ အားပေး အားမြှောက်ပြုပြီး ထောက်ပံ့ပေးခဲ့တာတွေ သာဓကတွေ အများကြီးရှိခဲ့ပါတယ်။ အခုလက်ရှိ အမေရိကန်နိုင်ငံမှာလည်း သက်ဆိုင်ရာနိုင်ငံတွေကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကို တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း အားပေးအားမြှောက်ပြုနေတာ အခုထိရှိတယ်။ ဒါပေမယ့် ဆိုဗီယက်ခေတ်ကိုပဲ ကြည့်ကြည့်၊ ရုရှားရဲ့ လက်ရှိကာလကိုပဲကြည့်ကြည့် အရှေ့တောင်အာရှနိုင်ငံများရဲ့ နိုင်ငံရေး တည်ငြိမ်မှုကို ပျက်ပြားစေနိုင်တဲ့ အဖွဲ့အစည်းတွေကို အားပေးအားမြှောက်ပြုနေတာကို ရုရှားနိုင်ငံက လက်ခံပြီးတော့ ဆောင်ရွက်တာမတွေ့ဘူး။ ဒါသိသာတဲ့ အခြေအနေတစ်ရပ်ပဲ ဖြစ်ပါတယ်။ အဲ့ဒီတော့ ဒါကွာခြားချက်တစ်ခုပါပဲ။ အာဆီယံကလည်း လက်ရှိအခြေအနေမှာ ကမ္ဘာမှာ စီးပွားရေး အားကောင်းတဲ့ နယ်မြေတစ်ခုဖြစ်တယ်။ အာဆီယံက သူ့ရပ်တည်ချက်နဲ့သူ ရှိတယ်။ အာဆီယံရဲ့ အားပါသွားမယ်ဆိုရင် ကမ္ဘာ့ရဲ့ အခြေအနေနဲ့ အပြောင်းအလဲတစ်ရပ်ကို ဖြစ်သွားစေနိုင်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။ ဒါကြောင့် အာဆီယံဟာ ရုရှားဘက်ကို မပါဖို့အတွက်လည်း အမေရိကန်က လိုလားပုံရပါတယ်။
အဲ့ဒီတော့ အာဆီယံအဖွဲ့ဝင် ဖြစ်တဲ့ မြန်မာနိုင်ငံကိုလည်း ဒီလိုပဲယူဆပါလိမ့်မယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံထဲမှာ ကျွန်တော်တို့ပါပြီး တော့မှ အာဆီယံအဖွဲ့ရဲ့ တိုက်တွန်းချက်နဲ့ မြန်မာနိုင်ငံက ရပ်တည်အောင်လည်း ဆောင်ရွက်နေတာဖြစ်တယ်။ အဲ့ဒီ အာဆီယံနိုင်ငံရဲ့ တိုက်တွန်းချက်တွေ ကြောင့်လည်း အမေရိကန်က သူတို့ရဲ့နီးစပ်တဲ့ အာဆီယံနိုင်ငံတွေကို တွန်းအားပေးဆောင်ရွက်နေ တယ်ဆိုတာလည်း ကျွန်တော်တို့ မြင်နေရပါတယ်။ သူတို့အမေရိကန်နိုင်ငံက အဓိကပြောဆိုနေတဲ့ ဒီမိုကရေစီရယ်၊ လူ့အခွင့်အရေးရယ် စီးပွားရေးမှာ သူတို့ ကျောထောက်နောက်ခံတဲ့ ဒေါ်လာငွေကြေး ဒါတွေနဲ့ ချုပ်ကိုင်ပြီးတော့မှ အပြောင်းအလဲဖြစ် အောင်ကြိုးစားနေတာ ကျွန်တော်တွေ့တယ်။

မေး ။ ။ အာဆီယံနိုင်ငံတွေနဲ့ပတ်သက်ပြီး ဆွေးနွေးရမယ်ဆိုရင် အခြားသော အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး၊ နိုင်ငံရေးတည်ငြိမ်မှုအတွက် ဘယ်လိုအထောက် အကူပြုနိုင်သလဲဆိုတာလည်း သိရှိလိုပါတယ်၊ ဘာကြောင့်လဲဆိုတော့ မကြာသေးမီအချိန်က အာဆီယံကကျင်းပတဲ့ အခမ်းအနားတစ်ခုကို မြန်မာနိုင်ငံက ကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ကြားခြင်းမပြုတဲ့ သတင်းကို ကြားလိုက်ရပါတယ်။ ဒါတွေဟာဆိုလို့ရှိရင် အာဆီယံ အဖွဲ့ဝင်နိုင်ငံ အချို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းတည်ငြိမ်ရေးကို ပိုမိုပြီးတော့ ယုတ်လျော့စေတယ်လို့ သုံးသပ်မိပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ အာဆီယံနိုင်ငံတွေ စတင်ဖွဲ့စည်းခဲ့တဲ့ အချိန်ကထားရှိခဲ့တဲ့ ပဋိညာဉ်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ စည်းမျဉ်းစည်းကမ်းချက်တွေနဲ့ ကိုက်ညီမှုရှိပါသလား ဘယ်လိုမျိုး သုံးသပ်ပါသလဲ။

ဖြေ ။ ။ ကျွန်တော်တို့က ၁၉၉၇ ခုနှစ်မှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်တယ်။ ကျွန် တော်တို့ဟာ အာဆီယံပဋိညာဉ်ကို ကျွန်တော်တို့ အလေးထား လိုက်နာဆောင်ရွက်ပါတယ်။ အာဆီယံရဲ့ပဋိညာဉ် မှာ Asean ရဲ့ Way၊ Asean ရဲ့ Spirit, Asean practice ဒီလိုရှိတယ်။ ဒါတွေ ကျွန်တော်တို့က လိုက်နာပါတယ်။ အာဆီယံပဋိညာဉ်မှာလည်း အတိအကျဖော်ပြထားတယ်။ မြန်မာနိုင်ငံကနေပြီးတော့ ဒီအပေါ်မှာ ကျော်လွန်လုပ်ဆောင်တာဘာတစ်ခုမှလည်းမရှိဘူး။ တကယ်လို့သာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက အာဆီယံပဋိညာဉ်ကိုသာ လိုက်နာမယ်ဆိုရင် ဒီလိုပြဿနာတွေ ဖြစ်လာစရာ အကြောင်းမရှိဘူး။ ကျွန်တော်တို့အစိုးရ အခုရှိနေတာ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေအရ ရှိနေခြင်းဖြစ်တယ်။ ဒါဟာ အသိအမှတ်ပြုရမယ်။ ဒါကျွန်တော်တို့ဟာ ပြည်သူကအသိအမှတ်ပြုထားတဲ့ အခြေခံဥပဒေအရ အရေးယူဆောင်ရွက်ခြင်းသာဖြစ်တယ်။ ဒီအပေါ်မှာ မျက်ကွယ်ပြုပြီးတော့မှ သူတို့ရွေးကောက်တင်မြှောက်ပွဲဆိုင်ရာ ရလဒ်တွေအပေါ်မှာ ဖြစ်ပေါ်လာတဲ့ သဘောထား ကွဲလွဲနေမှုအပေါ်မှာ သူတို့ဒါကို တုံ့ပြန်မှုတွေကတော့ သူတို့ရဲ့ အာဆီယံရဲ့ ပဋိညာဉ်နဲ့ မကိုက်ဘူးလို့ ပြောချင်ပါတယ်။

မေး ။ ။ အခုလက်ရှိ ပြည်တွင်းနိုင်ငံရေးအခြေအနေ ထိန်းသိမ်းမှုအပိုင်းမှာ ဒီလို အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကိုယ်စားလှယ်တွေနဲ့ ကြားဝင်ဖြေရှင်းပေးဖို့ လိုအပ်ချက် ရှိပါသလား၊ ဒါမှမဟုတ် ကြားဝင်ဖြေရှင်းမှုမှာ ပိုပြီးတော့ အနှောင့်အယှက်ဖြစ်နိုင်ပါသလား။

ဖြေ ။ ။ ကြားဝင်ဖြေရှင်းပေးမှုဆိုတာ ဒါကျွန်တော်တို့ရဲ့ ပြည်တွင်းရေးတစ်ခုပဲ။ အာဆီယံက သူများရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့တော့မရှိဘူး။ သို့သော်လည်းပဲ သူတို့လိုချင်ရာ ကောက်ချက်ဆွဲပြီးတော့မှ ကျွန်တော်တို့ကို ပြီးခဲ့တဲ့နှစ်က အာဆီယံထိပ်သီး အစည်းအဝေးမှာ ဘုံသဘောတူညီချက် (၅) ရပ်ကို ဆောင်ရွက်ခဲ့တာ ရှိပါတယ်။ တချို့ဟာတွေက ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတဲ့ ကိစ္စတွေဖြစ်နေတာ တွေ့ရတယ်။ သို့သော်လည်းပဲ တတ်နိုင်သလောက် ကျွန်တော်တို့ လုပ်နိုင်တဲ့ နည်းလမ်းတွေအားလုံးကို ကျွန်တော်တို့ ဖြေရှင်းဆောင်ရွက် တာတွေရှိတယ်။ သင့်တော်တဲ့နည်းလမ်းတွေမှာ သူတို့ဝင်ရောက် ကူညီပေးမယ်ဆိုရင် ဘာမှလက်မခံနိုင်စရာ အကြောင်းမရှိဘူး။ သို့သော်လည်းပဲ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး တည်ဆဲဥပဒေကို ကျော်လွန်ပြီးတော့မှ ဆောင်ရွက်ပေးတဲ့ကိစ္စမျိုး ဆိုရင်တော့ ဘယ်လိုလုပ်ခွင့်ပြုမလဲ။ ဘယ်နိုင်ငံမှ လည်း ဒီလိုခွင့်ပြုမှာမဟုတ်ဘူး၊ ဒါကြောင့် ဆောင် ရွက်လို့ရတဲ့နယ်ပယ်ဆိုရင် ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်ပေးမယ်၊ ဆောင်ရွက်ခြင်းမပြုနိုင်တဲ့ နယ်ပယ်ဆိုရင်လည်း ကျွန်တော်တို့ရအောင် ကျွန်တော်တို့ဘာသာ ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး ။ ။ ဒီအနောက်နိုင်ငံအပါအဝင် အခြားသော အနောက်နိုင်ငံတွေရဲ့ အထောက်အပံ့ကို ယူထားတဲ့ နိုင်ငံတွေရဲ့ မီဒီယာတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ယခင်အစိုးရရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိစ္စနဲ့ပတ်သက် ပြီးတော့ အမြဲတမ်း ထုတ်ဖော်ရေးသားချက်တွေကို တွေ့နေရပါတယ်။ မြန်မာနိုင်ငံမှာ သတ်မှတ်ထားတဲ့ တည်ဆဲဥပဒေများအရ မဲမသမာမှုကို အဓိကဖြစ်ပေါ် စေခဲ့တဲ့အတွက် တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေတယ်ဆိုတာ ကိုလည်း သဘောပေါက် နားလည်ပါတယ်။ မကြာသေးမီကလည်း နေအိမ်အကျယ်ချုပ်မှ အကျဉ်းထောင်သို့ပို့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးလည်း ချမှတ်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပြောင်းလဲ ပြင်ဆင် သတ်မှတ်သွားဖို့ရှိတယ် ဆိုတာလည်း သိရှိလိုပါတယ်။

ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို စပြီးအရေးယူတဲ့ အချိန်တုန်းကတော့ ကျွန်တော်တို့ ရွေးကောက်ပွဲရလဒ်ပေါ်မူတည်ပြီးတော့ ဖြစ်ပေါ် ခဲ့တဲ့အခြေအနေပေါ်မှာ စိစစ်ပြီးဆောင်ရွက်တာ ဖြစ်တယ်။ အထူးသဖြင့် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အခြေအနေပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ စိစစ်တွေ့ရှိချက်တွေကို ဖြေရှင်းနိုင်ဖို့ သူ့ကိုလည်း ကျွန်တော်တို့ အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒါကိုမျက်ကွယ်ပြုခဲ့ပါတယ်။ မျက်ကွယ် ပြုခဲ့တော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အခက်အခဲတွေ၊ နိုင်ငံရေးအကျပ်အတည်းတွေ ဖြစ်စေခဲ့တာပေါ့။ အဲ့ဒီတော့ ဖြစ်လာပြီဆိုကတည်းက ကျွန်တော်တို့က သက်သေပြရတော့မှာပေါ့။ ဒါသူ့မှာ တာဝန်ရှိတယ်ဆိုတာကို ကျွန်တော်တို့က ဥပဒေလမ်းကြောင်းက ကျွန်တော်တို့ သက်သေပြရတယ်။ စစ်ရင်းနဲ့ပါ တစ်ခါထပ်ပြီး ရွေးကောက်ပွဲဥပဒေ ကျွန်တော်တို့ အဲ့ဒီမှာလည်း သက်ညှာမှုတွေ ကျွန်တော် လုပ်ခဲ့ပါတယ်။ ပထမဦးဆုံးစဖြစ်တဲ့ အချိန်မှာ သက်ညှာမှုတွေပေးတယ်။ ဒါပေမယ့် အဲ့ဒီလိုစစ်ရင်းနဲ့ တွေ့ရှိလာတဲ့အခြေအနေပေါ်မှာ တခြားကိစ္စတွေပါ ပါလာတာကို ကျွန်တော်တို့ တွေ့ခဲ့တယ်။ အထူးသဖြင့် အဂတိလိုက်စားမှုဥပဒေနဲ့ ပတ်သက်တာတွေ ပါလာတာတွေ့ရတယ်။ ဒါကြောင့် ဒါကျတော့ ကျွန်တော်တို့က ဥပဒေကြောင်းအရ အရေးယူရတာတွေ ဖြစ်လာတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သူ့ကိုတရားဥပဒေအရပဲ ကျွန်တော်တို့က အရေးယူ ဆောင်ရွက်တယ်ဆိုတာလေးလည်း ပြောလိုပါတယ်။ အခုနေအိမ် အကျယ်ချုပ်ဆိုတာလည်း စတင်စစ်ဆေးတဲ့အချိန်မှာ နေအိမ်အကျယ်ချုပ် ကျွန်တော်တို့ထားတာပေါ့။ ပြီးတော့မှ ဥပဒေအရ ဆောင်ရွက်တဲ့ဟာတွေ ဖြစ်ပါတယ်။ ထပ်ပြီးတော့ ဆုံးဖြတ်မယ်ဆိုတာမျိုးတော့ အခုချိန်မှာပြောဖို့ စောပါသေးတယ်။ နောက်ဆုံး အားလုံးအမှုတွေပြီးပြီ။ အခြေအနေအားလုံးပြီးပြီဆိုလာမှ ကျွန်တော်တို့ပြောလို့ရပါလိမ့်မယ်။

မေး။ ။ နောက်ဆုံးမေးခွန်းအနေနဲ့ မေးလိုတာကတော့ မကြာသေးမီက မြန်မာနိုင်ငံမှာ ယခင် NLD ပါတီဝင်ဟောင်းလေးဦးနဲ့ပတ်သက်ပြီးတော့ အပြင်းထန်ဆုံး ပြစ်ဒဏ်ကို ချမှတ်ခဲ့တယ်ဆိုတာ လည်း ဒီသတင်းတွေမှာ ဖတ်ရှုရပါတယ်။ ဘာကြောင့်မို့ ဒီလိုအပြင်းထန်ဆုံးပြစ်ဒဏ်ကို ပေးခဲ့ ရလဲဆိုတဲ့ အခြေအနေလေးတွေ သိရှိလိုပါတယ်။

ဖြေ ။ ။ No One Above the Law မည်သူမျှ တရားဥပဒေအထက်မှာ မရှိဘူးဆိုတဲ့ စကားလေး တစ်ခု ရှိပါတယ်။ သူတို့ပြစ်ဒဏ်စီရင်ခြင်းခံရတဲ့ လေးယောက်နဲ့ ပတ်သက်လို့ရှိရင် ဒီလေးယောက်မှာ နှစ်ပိုင်းခွဲတွေ့ပါတယ်။ အုပ်စုပေါ့လေ။ တစ်အုပ်စု ကတော့ ခုနက မေးတဲ့အထဲမှာ NLD ပါတီဝင်ဆိုတဲ့ အမာခံပါတီဝင် ခေါင်းဆောင်ပိုင်းပါတီဝင်ပေါ့လေ။ သူတို့တွေနဲ့ပတ်သက်တာ ဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီမှာလည်း နိုင်ငံမှာဖြစ်ပေါ်လာခဲ့တဲ့ ဆူပူအကြမ်း ဖက်မှုနဲ့ပတ်သက် ပြီးတော့ ဒီအထိကတော့ ကျွန်တော်တို့အနေနဲ့ ဘာမှပြဿနာမရှိဘူး။ သို့သော်လည်းပဲ သတ်ဖြတ်တဲ့အချိန်၊ မိုင်းထောင် ဖောက်ခွဲ သတ်ဖြတ်တဲ့ အခြေအနေမျိုးကျရင်တော့ ဘာ့ကြောင့် ဒီပြဿနာဖြစ်လာလဲဆိုတာ ကျွန်တော်တို့ ဒီအဖြေထုတ်ရမယ်။ အဲ့ဒီတော့ ကျွန်တော်တို့ အဖြေထုတ်တဲ့အခါမှာ ဒီလူတွေက အကြမ်းဖက် သတ်ဖြတ်မှုအတွက် တစ်အချက် စီမံဆောင်ရွက် ခဲ့တာတွေရှိတယ်။ သူတို့အားပေးခဲ့တာ ရှိတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ပြည်သူတွေ အများကြီး သေကျေခဲ့တာရှိတယ်။ သေတဲ့အထဲမှာ နိုင်ငံ့ဝန်ထမ်းတွေပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေပါတယ်။ နောက် ဆရာဆရာမတွေ ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေပါတယ်။ ရဟန်းသံဃာတွေပါတယ်။ သီလရှင်တွေပါတယ်။ ဒါတွေက သူတို့ရဲ့ ကြံစည်မှုတွေကြောင့်၊ သူတို့ရဲ့အားပေးမှုတွေကြောင့်၊ သူတို့ရဲ့စီမံမှုတွေကြောင့် ဖြစ်လာခဲ့တဲ့ ဟာတွေဖြစ်တယ်။ ဒါတွေကတော့ ဥပဒေအရလည်း အရေးယူရမှာ ဖြစ်ပါတယ်။ ထို့အတူပဲနောက် နှစ်ယောက်လည်း ရက်ရက်စက်စက်နဲ့ လူသတ်တဲ့ ကိစ္စဖြစ်ပါတယ်။ ခင်ဗျားကို ကျွန်တော်ဥပမာတစ်ခု ပြောပြမယ်။ လူတစ်ယောက်ကို သတ်တယ်ပေါ့နော်။ သေနတ်နဲ့ပစ်သတ်မယ်။ တစ်ချက်ချင်းပစ်တယ်။ တစ်ချက်တည်းပစ်ပြီး သေသွားတဲ့ဟာရှိမယ်၊ မသေတာလည်းရှိမယ်၊ တစ်ချက်ထိပြီးတော့ သူရှောင်သွားမယ်။ သို့သော်လည်း သူလူသတ်တာပဲ။ သို့သော် နှစ်ချက်ပစ်မယ်၊ သုံးချက်ပစ်မယ်၊ လေးချက် ပစ်မယ်၊ ငါးချက်ပစ်မယ် ဆိုရင်တော့ ဒါတော့ တကယ့်ကို သေအောင်လုပ်တဲ့ ရည်ရွယ်ချက် နဲ့ လုပ်တာဖြစ်တယ်။ အခုလုပ်တဲ့သူတွေက အဲ့ဒီလို လူတွေဖြစ်ပါတယ်။ တစ်ချက်နဲ့ မဟုတ်ဘဲနဲ့ နှစ်ချက်၊ သုံးချက်၊ လေးချက်၊ ငါးချက် သေနတ်နဲ့ ပစ်တယ်၊ ဓားနဲ့ထိုးတယ်၊ ဒီလိုလူမျိုးကို ကျွန်တော်တို့ အပြစ်ပေးခြင်း ဖြစ်ပါတယ်။ ခင်ဗျားတို့ ဘယ်လို ဒီလိုလူမျိုးကို ဘယ်လိုလုပ် ခွင့်လွှတ်လို့ရတော့မလဲ။ သူတို့သတ်ထားတဲ့လူတွေရဲ့ မိသားစုတွေ ဘယ်လိုခံစားရမလဲ။ ဒါလည်း သူတို့ပြန်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အရင်ကမလုပ်ခဲ့ဘူး။ သို့သော်လည်းပဲ ဒီတစ်ခါမှာ ရက်ရက်စက် စက်ကို လုပ်လွန်းအားကြီးတဲ့အတွက်ကြောင့် ဒီပြစ်ဒဏ်ကို ပေးဖို့အတွက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

zawgyi version
“ဆူပူအၾကမ္းဖက္မႈေတြလည္း ေတာ္ေတာ္ကို ထိန္းခ်ဳပ္ႏိုင္တဲ့ အေျခအေနကို ေရာက္သြားၿပီ၊ ဒါေၾကာင့္ စီးပြားေရးက တည္ၿငိမ္စျပဳလာႏိုင္ၿပီလို႔ ေျပာႏိုင္ပါတယ္” (အင္တာဗ်ဴး)
NP News - စက္တင္ဘာ ၁၄

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အား စက္ တင္ဘာလ ၆ ရက္တြင္ ဗလာဒီေဗာ့စေတာ့ခ္ၿမိဳ႕ Far Eastern Federal University (FEFU) ၌ ႐ုရွား ဖက္ဒေရးရွင္းႏိုင္ငံ RIA သတင္းဌာနမွ ေတြ႕ဆုံေမးျမန္းမႈမ်ားႏွင့္ ေျဖၾကားမႈမ်ားကို ထပ္ဆင့္ျပန္လည္ ေဖာ္ျပလိုက္ပါသည္။

ေမး ။ ။ အခုလိုမ်ိဳး ဒီေန႔အင္တာဗ်ဴးေျဖၾကားဖို႔အတြက္ အခ်ိန္ခြဲေဝေပးတဲ့အတြက္လည္း CRCS သတင္းဌာနမွ ေက်းဇူးတင္ရွိေၾကာင္း ဦးစြာပထမ ေျပာၾကားလိုပါတယ္။ အေဆြေတာ္အေနနဲ႔ ႐ုရွားႏိုင္ငံကို ယခုႏွစ္အတြင္းမွာ ဒါဒုတိယအႀကိမ္ လာေရာက္ျခင္းျဖစ္ၿပီးေတာ့ ၿပီးခဲ့တဲ့တစ္ႀကိမ္ မိမိတို႔သတင္းဌာနနဲ႔ ေတြ႕ဆုံမႈဟာ ဆိုလို႔ရွိရင္ ၿပီးခဲ့တဲ့ႏွစ္ ဒီ Moscow International Security Forum မွာ ျဖစ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေတြမွာလည္း မိမိတို႔အႀကိမ္ေပါင္းမ်ားစြာ ေတြ႕ဆုံခဲ့ဖူးပါတယ္။ အေဆြေတာ္အေနျဖင့္ ၿပီးခဲ့တဲ့အႀကိမ္ ပါဝင္တက္ေရာက္ခဲ့တဲ့ Moscow International Security Conference နဲ႔ အေဆြေတာ္ ေဆြးေႏြးရာမွာ အာရွ-ပစိဖိတ္ေဒသရဲ႕ လုံၿခဳံေရးဆိုင္ရာေဘး အႏၲရာယ္သည္ သိသိသာသာ တိုးျမႇင့္လာခဲ့သည္လို႔ ဆိုခဲ့ပါတယ္။ ယေန႔အခ်ိန္လည္း ထိုင္ဝမ္တစ္ဝိုက္ ျဖစ္ေပၚတိုးတက္မႈ အေျခအေနမ်ားေၾကာင့္ ကိုရီးယားကြၽန္းဆြယ္ ေဒသအတြင္း လုံၿခဳံေရးသေဘာတရား အခင္းအက်င္းသစ္မ်ားကို ေတြ႕ျမင္လာၾကရပါတယ္။ ေဒသတြင္း ဆက္တိုက္ျဖစ္ေပၚလာေသာ ပဋိပကၡျပႆနာေတြမွတစ္ဆင့္ လက္နက္ကိုင္ပဋိပကၡအဆင့္အထိ တိုးျမႇင့္သြားႏိုင္သည္ ရွိ/မရွိႏွင့္ ပတ္သက္ၿပီး အေဆြေတာ္အေနႏွင့္ အနည္းငယ္ ေဆြးေႏြးေျပာၾကား ေပးေစလိုပါတယ္။ ပထမေမးတဲ့ ေမးခြန္းေလးပါပဲ ဒီေဒသတြင္းမွာ လက္နက္ကိုင္ ပဋိပကၡအဆင့္အထိ တိုးျမႇင့္သြားႏိုင္သည္ ရွိ/မရွိကို ေျပာၾကားေပးပါ။

ေျဖ ။ ။ ၿပီးခဲ့တဲ့လ အေမရိကန္နဲ႔ ထိုင္ဝမ္ဆက္ဆံေရးျဖစ္ေပၚမႈ အေပၚမွာ ျပန္လည္သုံးသပ္ ၾကည့္မယ္ဆိုရင္ တ႐ုတ္ႏိုင္ငံရဲ႕ One China Policy ကို မ်ားစြာထိေရာက္ေစခဲ့တယ္ဆိုတာ သြားေတြ႕ပါတယ္။ One China Policy ဟာ တ႐ုတ္ႏိုင္ငံေရာ အေမရိကန္ႏိုင္ငံေရာ လက္ခံထားတဲ့ မူဝါဒျဖစ္ပါတယ္။ ေနာက္ဆက္တြဲ အေမရိကတာဝန္ရွိ ပုဂၢိဳလ္ေတြ ထိုင္ဝမ္ကို ဆက္တိုက္သြားျခင္းဟာလည္း မီးေလာင္ရာေလပင့္ ျဖစ္ေစခဲ့တာကို ကြၽန္ေတာ္တို႔ ေတြ႕ပါတယ္။ ကြၽန္ေတာ္တို႔ ဒါလည္း အထူးဂ႐ုစိုက္ရမယ့္ကိစၥလည္း ျဖစ္ပါတယ္။ အဲဒီေတာ့ မေက်နပ္ခ်က္ရွိတဲ့ တိုင္းျပည္၊ စိုးရိမ္ပူပန္ရတဲ့ တိုင္းျပည္ကေတာ့ သူတို႔ရဲ႕ မေက်နပ္ခ်က္ စိုးရိမ္ပူပန္မႈေတြကိုလည္း ျပသမွာပဲ ျဖစ္ပါတယ္။ အဲဒီျပသမႈကေတာ့ တည္ၿငိမ္ေအးခ်မ္းမႈကိုေတာ့ အေထာက္အကူျပဳလိမ့္မယ္လို႔ေတာ့ ကြၽန္ေတာ္မထင္ဘူး။ ကြၽန္ေတာ္တို႔ သတိျပဳရမွာပဲျဖစ္ပါတယ္။ အဲဒီေတာ့ အဲဒီလိုျပႆနာျဖစ္ၿပီးတဲ့ ေနာက္ပိုင္းမွာ အေမရိကန္ႏိုင္ငံက ထိုင္ဝမ္ႏိုင္ငံကို စစ္လက္နက္ ပစၥည္း ေထာက္ပံ့ေပးတာေတြ၊ ေရာင္းခ်ေပးတာေတြ ကြၽန္ေတာ္တို႔ေတြ႕ပါတယ္။ အေမရိကန္ရဲ႕ အဓိကစီးပြားေရးလုပ္ငန္းထဲမွာ စစ္လက္နက္ပစၥည္း ထုတ္လုပ္ေရာင္းခ်တဲ့ စီးပြားေရးလုပ္ငန္း တစ္ခုလည္း ပါပါတယ္။ ၿပီးခဲ့တဲ့ ယူကရိန္းျဖစ္စဥ္ေတြကို ျပန္ၾကည့္မယ္ဆိုလို႔ရွိရင္လည္း အလားတူ စြာပဲ ကြၽန္ေတာ္တို႔ ေတြ႕ရတယ္။ ျပႆနာကိုပဲ ႏွယ္ႏွယ္ရရ ဖန္တီးတတ္တယ္။ ၿပီးေတာ့မွ လက္နက္ခဲယမ္းမီးေက်ာက္ေတြ ေထာက္ပံ့တယ္။ အရန္ထားရွိတဲ့ လက္နက္ခဲယမ္းမီးေက်ာက္ေတြ ေထာက္ပံ့ေပးျခင္းအားျဖင့္ စစ္ပြဲရဲ႕ ပုံသဏၭာန္ကို ေျပာင္းလဲေအာင္ဖန္တီးလာတယ္။ သူတို႔ႏိုင္ငံရဲ႕ အဓိကစီးပြားေရးလုပ္ငန္းထဲမွာ လက္နက္ခဲယမ္းမီးေက်ာက္ ထုတ္လုပ္တဲ့လုပ္ငန္းဟာလည္း ပါတယ္။ အဲဒီေတာ့ အရန္ထုတ္လိုက္ၿပီဆိုကတည္းက ပစၥည္းေတြထပ္ၿပီး အသစ္ျပန္ထုတ္ရတယ္။ ဒါစစ္ပြဲကို နားလည္တဲ့သူတိုင္း သေဘာေပါက္ပါတယ္။ ဒုတိယအခ်က္ကေတာ့ ပဋိပကၡေတြဆက္ၿပီး ဆိုးလာႏိုင္မလားဆိုတာေတာ့ လူေတြကေတာ့ တတ္ႏိုင္သေလာက္ေတာ့ ႏိုင္ငံေတြကေတာ့ ေရွာင္ၾကလိမ့္မယ္လို႔ ကြၽန္ေတာ္ယူဆပါတယ္။ တကယ္လို႔သာ ကိုဗစ္ေၾကာင့္ က်ဆင္းေနတဲ့ စီးပြားေရးလုပ္ငန္းေတြကို တစ္ဖက္ကေနၿပီး ပိုၿပီးေအာင္ျမင္ေအာင္ လုပ္မယ္ဆို ပိုေကာင္းပါတယ္။ လက္နက္ခဲယမ္းမ်ား ထုတ္လုပ္တဲ့ စီးပြားေရးလုပ္ငန္းကို ျမႇင့္တင္ေဆာင္႐ြက္မယ့္အစား ကိုဗစ္ကို အေထာက္အကူျပဳတဲ့ စီးပြားေရးလုပ္ငန္းေတြကို အေထာက္အကူျပဳမယ္ဆိုရင္ ျပည္သူေတြကေတာ့ ကမာၻ႔ႏိုင္ငံေတြကို ေက်းဇူးတင္မယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္။

ေမး ။ ။ လက္ရွိ ျမန္မာႏိုင္ငံျပည္တြင္း ႏိုင္ငံေရးအေျခအေန တည္ၿငိမ္မႈအေျခအေနေလး နဲ႔ပတ္သက္ၿပီး သိရွိလိုတာ ျဖစ္ပါတယ္။ မၾကာေသးမီက ျဖစ္ေပၚခဲ့တဲ့ ဒီမတည္ၿငိမ္မႈေတြနဲ႔ ပတ္သက္ၿပီးေတာ့ ထိန္းခ်ဳပ္ႏိုင္မႈအေျခအေနေလးကိုလည္း သိရွိလိုပါတယ္။

ေျဖ ။ ။ ကြၽန္ေတာ္တို႔ ထိန္းခ်ဳပ္ႏိုင္တဲ့ အေျခအေနေတာ့ရွိၿပီဆိုၿပီးေတာ့ အၾကမ္းဖ်င္းအားျဖင့္ ေျပာလိုပါတယ္။ ၿပီးခဲ့တဲ့ ၂ဝ၂၁ ခုႏွစ္ကေတာ့ အၾကမ္းဖက္ဆူပူမႈေတြ ျပင္းထန္ခဲ့တာေတာ့ ရွိပါတယ္။ အၾကမ္းဖက္ဆူပူမႈေတြ ျပင္းထန္ခဲ့သလို ဖ်က္ဆီးမႈေတြ၊ သတ္ျဖတ္မႈေတြလည္း ေတာ္ေတာ္မ်ားမ်ားရွိတယ္။ သို႔ေသာ္လည္းပဲ ၿပီးခဲ့တဲ့ ဧၿပီလကစၿပီးေတာ့ ေနာက္ပိုင္းမွာေတာ့ ျဖစ္ပြားမႈေတြက ေတာ္ေတာ္က်ဆင္းလာ တာကို ကြၽန္ေတာ္တို႔ ေတြ႕ပါတယ္။ ထိန္းသိမ္းႏိုင္တဲ့ အေျခအေနေရာက္ၿပီလို႔ ေျပာရပါမယ္။ သို႔ေသာ္လည္း အားလုံးကင္းစင္သြားၿပီလား ဒီလိုေတာ့ မဟုတ္ေသးပါဘူး။ တခ်ိဳ႕ျပည္ နယ္နဲ႔တိုင္း တခ်ိဳ႕ေတြမွာေတာ့ က်န္ေနပါေသးတယ္။ ဒါလည္း ကြၽန္ေတာ္ ဒီထက္ပိုၿပီး တည္ၿငိမ္ေအးခ်မ္း ေအာင္ ေဆာင္႐ြက္ေနတယ္ ဆိုတာေလးကို ေျပာခ်င္ပါတယ္။

ေမး ။ ။ ပထမေမးခြန္း ေျဖၾကားတဲ့အထဲမွာ ဒီအေနာက္ႏိုင္ငံေတြအေနနဲ႔ တျခားႏိုင္ငံ ေတြရဲ႕ေဒသတြင္းတည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လက္နက္ေတြ ေထာက္ပံ့တယ္ဆိုတဲ့အခ်က္ ေလးလည္း ပါပါတယ္။ အခုျမန္မာႏိုင္ငံ ျပည္တြင္းေရးအေျခအေန မတည္မၿငိမ္မႈေတြရဲ႕ေနာက္ကြယ္ မွာ ဒီလိုလက္နက္ေတြ ေထာက္ပံ့ေနတာမ်ား ရွိပါသလား။ ဒါေတြကို ဖမ္းဆီးထိန္းသိမ္းႏိုင္ခဲ့တာရွိ ပါသလား။

ေျဖ ။ ။ အမ်ားႀကီးရွိပါတယ္ဗ်။ အဲဒါေတြကေတာ့ ၿပီးခဲ့တဲ့ႏွစ္ကစၿပီးေတာ့ ဒီဆူပူအၾကမ္း ဖက္မႈျဖစ္စဥ္ေတြမွာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေတြကေနၿပီးေတာ့ ေထာက္ပံ့တဲ့ လက္နက္ခဲယမ္းမီးေက်ာက္ေတြ မ်ားစြာပါဝင္ ပတ္သက္ေနတာကို ကြၽန္ေတာ္တို႔ ေတြ႕ပါတယ္။ အဲဒီေတာ့ အဓိကကေတာ့ ျမန္မာႏိုင္ငံ ေျမာက္ပိုင္းမွာရွိတဲ့ ေကအိုင္ေအလက္နက္ကိုင္ ေသာင္းက်န္းသူ အဖြဲ႕ကေနၿပီးေတာ့ ေထာက္ပံ့ေပးခဲ့တာ ေတာ္ေတာ္အမ်ားႀကီး ကြၽန္ေတာ္ေတြ႕ ပါတယ္။ ဒုတိယကေတာ့ ျမန္မာႏိုင္ငံရဲ႕ အေရွ႕ေတာင္ပိုင္း ေကအန္ယူ လက္နက္ကိုင္ ေသာင္းက်န္းသူရဲ႕ နယ္ေျမကေနၿပီးေတာ့ ရယူခဲ့တာ ကြၽန္ေတာ္တို႔ ေတြ႕ပါတယ္။ ဒီဟာေတြ ကေတာ့ ေတာ္ေတာ္မ်ားမ်ားကေတာ့ ျပည္တြင္းျပည္ပကေနၿပီးေတာ့ နည္းလမ္းေပါင္းစုံနဲ႔ ေထာက္ပံ့ၾကတဲ့ ေငြေၾကးေတြကေနၿပီးေတာ့မွ တရားမဝင္လက္နက္ေရာင္းခ်တဲ့ အဖြဲ႕အစည္းေတြကေန ဝယ္ယူၿပီးေတာ့မွ ေထာက္ပံ့ေပးေနတယ္ဆိုတာ ကြၽန္ေတာ္ေတြ႕ပါတယ္။ ကြၽန္ေတာ္ၿပီးခဲ့တဲ့ ဒီဩဂုတ္လကုန္ထိေပါ့ေလ ပစၥတို၊ ေမာင္းျပန္႐ိုင္ဖယ္ စသည္ျဖင့္ ဒါေတြအကုန္ လုံးေပါင္းလိုက္ရင္ သုံးေထာင္နီးပါးေလာက္ ဖမ္းဆီးရမိခဲ့တာ ရွိပါတယ္။ အလားတူပဲ က်ည္ဆန္ ဆိုလို႔ရွိရင္ သုံးသိန္းေက်ာ္ေလာက္ ဖမ္းဆီးရမိခဲ့တာရွိတယ္။ ဒါေတြကေတာ့ တကယ္တမ္း အင္မတန္ေၾကာက္မက္ဖြယ္ ရာေကာင္းတဲ့ လက္နက္ခဲယမ္းမီးေက်ာက္ေတြ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔လည္း သူတို႔ပို႔ေဆာင္ေနတဲ့ လမ္းေၾကာင္းေတြကို တတ္ႏိုင္သေလာက္ရွာေဖြ ေဖာ္ထုတ္ၿပီးေတာ့ ဖမ္းဆီး ေနတာမ်ိဳးလည္း လုပ္ေနပါတယ္။ ကြၽန္ေတာ္ထင္ပါတယ္ တစ္ခ်ိန္မွာေတာ့ ဒါေတြအကုန္လုံး ေပ်ာက္ကြယ္သြား လိမ့္မယ္လို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္။

ေမး ။ ။ ဒီကိစၥကို အၿပီးသတ္ေျဖရွင္းဖို႔အတြက္ အခ်ိန္တစ္ခုလိုတယ္ဆိုတဲ့အခ်ိန္မွာ အခ်ိန္ အားျဖင့္ ဘယ္ေလာက္လိုအပ္မယ္လို႔ ခန႔္မွန္းပါသလဲ။

ေျဖ ။ ။ အခ်ိန္ကိုေတာ့ ခန႔္မွန္းဖို႔ေတာ့ နည္းနည္းေတာ့ခက္တယ္။ ကြၽန္ေတာ္အခုဆိုလို႔ရွိရင္ လက္နက္ကိုင္ေသာင္းက်န္းသူ အဖြဲ႕အစည္းေတြ။ ကြၽန္ေတာ္တို႔ အစိုးရကေန သတ္မွတ္ထားတဲ့ လက္နက္ကိုင္ေသာင္းက်န္းသူ အဖြဲ႕အစည္းရွိပါတယ္။ EAOs လို႔ ကြၽန္ေတာ္တို႔ေခၚၾကပါတယ္။ ဒီအဖြဲ႕ေတြနဲ႔ ကြၽန္ေတာ္တို႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြ ဖိတ္ေခၚၿပီးေတာ့ လုပ္ေနပါတယ္။ သူတို႔နဲ႔ ကြၽန္ေတာ္ အခုေတြ႕ဆုံေဆြးေႏြးတာ ဒုတိယအႀကိမ္ေတြ႕ဆုံ ေဆြးေႏြးမႈေတြရေနပါၿပီ။ အဲဒီကေနၿပီးေတာ့ သူတို႔ ဘာကိုျဖစ္ခ်င္တာလဲ။ တိုင္းျပည္ကဘာျဖစ္သင့္သလဲ။ ဒီႏွစ္ခုညႇိၿပီးေတာ့ျဖစ္ႏိုင္တာ ဘာရွိမလဲဆိုတာကို ကြၽန္ေတာ္တို႔ အေျဖရွာမွာ ျဖစ္ပါတယ္။ အဲဒီအေျဖရွာၿပီးတဲ့အခ်ိန္မွာေတာ့ ဒီခုနေျပာတဲ့ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းထဲက နယ္ေျမေတြထဲက လမ္းေၾကာင္းေတြကေန ေထာက္ပံ့ေပးေနတဲ့ ဟာေတြဟာ ရပ္တန႔္သြားလိမ့္မယ္လို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္။
ကြၽန္ေတာ္တို႔မွာ ဆူပူအၾကမ္းဖက္မႈမွာ အမ်ိဳးအစားႏွစ္ခုခြဲထုတ္လို႔ရပါတယ္။ တစ္ခုကေတာ့ တိုင္းရင္းသားေတြရဲ႕ အခြင့္အေရးကို ေတာင္းဆိုတဲ့ အရင္လက္နက္ကိုင္ အဖြဲ႕အစည္းေတြ ရွိပါတယ္။ ဒုတိယကေတာ့ ၂ဝ၁၁ ခုႏွစ္ကတည္းက ၿငိမ္းခ်မ္းေရး ဖိတ္ေခၚၿပီးေတာ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ လုပ္ခဲ့ၿပီးေတာ့ မွ ကြၽန္ေတာ္တို႔က တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္ မႈရပ္စဲေရး သေဘာတူညီစာခ်ဳပ္ (NCA) ကို လက္မွတ္ေရးထိုးထားတဲ့ အဖြဲ႕ေတြ ရွိတယ္။ အဲဒါ ၁ဝ ဖြဲ႕ရွိတယ္။ ေနာက္လက္မွတ္ေရးထိုး မထားရေသးတဲ့ အဖြဲ႕က ေျခာက္ဖြဲ႕ က်န္ပါေသးတယ္။ ဒီအဖြဲ႕ေတြနဲ႔ကြၽန္ေတာ္တို႔က အခုေဆြးေႏြးေနတာေပါ့။ ေနာက္တစ္ဖြဲ႕က ဘာလဲဆိုလို႔ရွိရင္ေတာ့ ၂ဝ၂ဝ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲရလဒ္ေပၚမွာ မူတည္ၿပီးေတာ့ ျဖစ္ေပၚလာတဲ့ ဆူပူအၾကမ္းဖက္တဲ့ အဖြဲ႕အစည္းေတြ ျဖစ္ပါတယ္။ ဒီအဖြဲ႕အစည္းေတြကေတာ့ ေ႐ြးေကာက္ပြဲရလဒ္ေပၚမွာျဖစ္လာတဲ့ အၾကမ္းဖက္မႈလုပ္တဲ့ လက္နက္ကိုင္အဖြဲ႕အစည္းေတြ ျဖစ္ပါတယ္။ ဒါေတြကေတာ့ ကြၽန္ေတာ္တို႔ ေဆြးေႏြးစရာအေၾကာင္း မရွိဘူး။ သူတို႔ကေတာ့ ေ႐ြးေကာက္ပြဲရလဒ္ေပၚမွာ မူတည္ၿပီး ျဖစ္လာတယ္။ ေ႐ြးေကာက္ပြဲဟာလည္း မဲမသမာမႈေၾကာင့္ ျဖစ္လာတဲ့ဟာကို တရားဥပေဒ နည္းလမ္းအရ ေျဖရွင္းဖို႔အတြက္ ကြၽန္ေတာ္တို႔ ေတာင္းဆိုတဲ့အခ်ိန္မွာ တရားဥပေဒနည္းလမ္းအရ မေျဖရွင္းဘဲနဲ႔ ဒီဆူပူအၾကမ္းဖက္မႈနဲ႔ၿပီးေတာ့မွ ဒီလမ္းေၾကာင္းေပၚမွာသြားတဲ့ အဖြဲ႕အစည္းေတြ ဆိုေတာ့ ဒါေတာ့ဥပေဒအရ ကြၽန္ေတာ္တို႔ သြားရမယ္။ အဲဒီေတာ့ခုနေျပာခဲ့တဲ့ လက္နက္ကိုင္အဖြဲ႕ အစည္းထဲမွာ လက္မွတ္ေရးထိုးၿပီးသား အဖြဲ႕အစည္း ၁ဝ ဖြဲ႕နဲ႔ ေဆြးေႏြးေနတာ ရွိတယ္။ လက္မွတ္ေရးထိုးမထားတဲ့ အဖြဲ႕အစည္းနဲ႔ ေဆြးေႏြးဖို႔ က်န္ေသးတဲ့ အဖြဲ႕ေတြရွိတယ္။ သူတို႔ကိုလည္း ကြၽန္ေတာ္ ဖိတ္ေခၚထားတယ္။ အဲဒီလိုဖိတ္ေခၚခ်က္ေတြဟာ သူတို႔ႏိုင္ငံေရးေမွ်ာ္မွန္းခ်က္ေပၚမွာ လာေရာက္ေဆြးေႏြးမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ ဒါကေတာ့ ေအာင္ျမင္မႈရမယ္လို႔ ယုံၾကည္ပါတယ္။
ကြၽန္ေတာ့္မွာ ႏိုင္ငံေရးရည္မွန္းခ်က္ ႏွစ္ခ်က္ေပးထားပါတယ္။ တစ္ခုကေတာ့ ပါတီစုံဒီမိုကေရစီ လမ္းေၾကာင္းေပၚမွာ ကြၽန္ေတာ့္ႏိုင္ငံကမလြဲမေသြ ေလွ်ာက္လွမ္းရမယ္။ ဒုတိယကေတာ့ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကိုအေျခခံတဲ့ ျပည္ေထာင္စုကို တည္ေဆာက္မယ္ဆိုတာ ကြၽန္ေတာ္တို႔ေပးထားတယ္။ ဒါကလူတိုင္းလိုခ်င္တဲ့ ေတာင္းဆိုခ်က္ျဖစ္ပါတယ္။ ဒါကို ကြၽန္ေတာ္တို႔ ညႇိႏႈိင္းေဆာင္႐ြက္ေနတာ ျဖစ္ပါတယ္။ ဒီအေပၚမွာ မူတည္ၿပီးေတာ့ ကြၽန္ေတာ္တို႔က လက္နက္ကိုင္ ပဋိပကၡခ်ဳပ္ၿငိမ္းေရးသည္ ပေပ်ာက္လိမ့္မယ္လို႔ ေျပာျခင္းျဖစ္ပါတယ္။

ေမး ။ ။ ျမန္မာႏိုင္ငံ စီးပြားေရးအေျခအေနႏွင့္ ပတ္သက္ၿပီး ကိုဗစ္-၁၉ ကူးစက္ေရာဂါ ဒဏ္ခံရၿပီးေနာက္ပိုင္းမွာလည္း ႏိုင္ငံေတာ္ေတာ္မ်ားမ်ားဟာ စီးပြားေရး အားနည္းေနတာရွိပါတယ္။ လက္ရွိျမန္မာႏိုင္ငံရဲ႕ စီးပြားေရးအေျခအေနအတြင္းမွာ ေ႐ြးေကာက္ပြဲ ျပန္လည္က်င္းပဖို႔ ျဖစ္ႏိုင္မလား၊ သင့္ေတာ္မလား။

ေျဖ ။ ။ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ စီးပြားေရးက်ဆင္းခဲ့တာေတာ့ မွန္ပါတယ္၊ ကိုဗစ္-၁၉ ျဖစ္တာ ၂ဝ၂ဝ ျပည့္ႏွစ္ မတ္လမွာ ျမန္မာႏိုင္ငံမွာ စေတြ႕တာေပါ့။ အဲ့မတိုင္ခင္ စီးပြားေရးစက်ေနတယ္ ကိန္းဂဏန္းေတြနဲ႔ ေဖာ္ျပေနေတာ့၊ အဲဒီအရွိန္ေၾကာင့္ ကိုဗစ္-၁၉ ျဖစ္တဲ့အခ်ိန္ ပိုဆိုးသြားတာေပါ့။ ဒုတိယကေတာ့ ဆူပူအၾကမ္းဖက္မႈေတြ ျဖစ္လာတာေၾကာင့္ စီးပြားေရးမလည္ပတ္ႏိုင္တဲ့အတြက္ က်ဆင္းခဲ့တာေတြ ရွိပါတယ္။ သို႔ေသာ္လည္းပဲ အခုကိုဗစ္-၁၉ ေရာဂါကို ထိန္းခ်ဳပ္ႏိုင္တဲ့ အေနအထားေရာက္သြားၿပီ။ ဆူပူအၾကမ္း ဖက္မႈေတြလည္း ေတာ္ေတာ္ကို ထိန္းခ်ဳပ္ႏိုင္တဲ့ အေျခအေနကို ေရာက္သြားၿပီ။ ဒါေၾကာင့္ စီးပြားေရးက တည္ၿငိမ္စျပဳလာႏိုင္ၿပီဟု ေျပာႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ အစိုးရအေနနဲ႔ စီးပြားေရး ျပန္လည္ ဦးေမာ့လာေအာင္ ႀကိဳးစားေဆာင္႐ြက္ေနပါတယ္။ အဲဒီေတာ့ ႏိုင္ငံေရးနဲ႔ စီးပြားေရးကဆက္စပ္ ေနပါတယ္။ စီးပြားေရးက်ၿပီဆိုရင္ ႏိုင္ငံေရးမွာ နည္းနည္းေလးမတည္မၿငိမ္ျဖစ္တတ္တဲ့ သေဘာသဘာဝရွိပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔က စီးပြားေရးေကာင္းေအာင္ ျပန္လုပ္ေနတာျဖစ္တယ္။
ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ ၂ဝ၁ဝ ျပည့္ႏွစ္မွာ ပထမအႀကိမ္၊ ၂ဝ၁၅ ခုႏွစ္မွာ ဒုတိယအႀကိမ္၊ ၂ဝ၂ဝ ျပည့္ႏွစ္မွာ တတိယ အႀကိမ္ ျပဳလုပ္ခဲ့ပါတယ္။ ပထမအႀကိမ္လုပ္တဲ့ အခ်ိန္မွာ ၿမိဳ႕နယ္ေပါင္း ၃၃ဝ မွာ ၃၂၅ ၿမိဳ႕နယ္ လုပ္ခဲ့တယ္။ ဒုတိယအႀကိမ္လုပ္တဲ့ အခ်ိန္မွာ ၿမိဳ႕နယ္ေပါင္း ၃၃ဝ မွာ ၃၂၃ ၿမိဳ႕နယ္လုပ္ခဲ့တယ္။ တတိယအႀကိမ္လုပ္တဲ့အခ်ိန္မွာ ၿမိဳ႕နယ္ေပါင္း ၃၃ဝ မွာ ၃၁၅ ၿမိဳ႕နယ္ပဲ ေ႐ြးေကာက္ပြဲ လုပ္ႏိုင္ခဲ့တယ္။ ဒီမိုကေရစီမွာ ေ႐ြးေကာက္ပြဲက သိပ္အေရးႀကီးပါတယ္။ ေ႐ြးေကာက္ပြဲျဖစ္ၿပီးမွသာ ေ႐ြးေကာက္ပြဲက တက္လာတဲ့ လႊတ္ေတာ္အမတ္ေတြနဲ႔ အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြ ဖြဲ႕စည္းတာတို႔ တျခားႏိုင္ငံေတာ္ အဆင့္အဖြဲ႕အစည္းေတြ တာဝန္ေပးတာတို႔၊ ေ႐ြးခ်ယ္တာတို႔ လုပ္တာျဖစ္ပါတယ္။ ဆိုလိုတာကေတာ့ ျပည္သူေတြက ဒီအခြင့္အေရးကို အားလုံးရဖို႔ လိုတယ္။
ေ႐ြးေကာက္ပြဲလုပ္တိုင္း လုပ္ႏိုင္တဲ့အေရအတြက္ကက်သြားတယ္ဆိုရင္ အဲဒီ ေနရာမွာရွိတဲ့ ျပည္သူေတြရဲ႕ ဒီမိုကေရစီအခြင့္အေရး ဆုံးရႈံးတာကို ေဖာ္ျပေနတာျဖစ္တယ္။ တကယ္ေတာ့ ေ႐ြးေကာက္ပြဲမွာ ျပည္သူ ေတြအားလုံး ဒီမိုကေရစီ အခြင့္အေရးကို ရပိုင္ခြင့္ရွိပါတယ္။ ကြၽန္ေတာ့္ရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ တစ္ႏိုင္ငံလုံး အၾကားအလပ္မရွိ ေ႐ြးေကာက္ပြဲျပဳလုပ္ႏိုင္ေရး ျဖစ္ပါတယ္။ ဒါေၾကာင့္ ေစာေစာက ေမးခြန္းမွာ ခင္ဗ်ားေမးတယ္ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္တဲ့ ေမးခြန္းတစ္ခုပါလာတယ္။ ဒါေတြကေ႐ြးေကာက္ပြဲနဲ႔ လည္းဆက္စပ္ေနပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္ၿငိမ္းခ်မ္းေရးရေအာင္ လုပ္ၿပီးေတာ့မွ အဲဒီနယ္ေျမေတြမွာရွိတဲ့ ျပည္သူေတြ ေ႐ြးေကာက္ပြဲကိုဝင္ႏိုင္ေအာင္ ႀကိဳးစားေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ အတတ္ႏိုင္ဆုံးေတာ့ ကြၽန္ေတာ္ႀကိဳးစား ေဆာင္႐ြက္ေနပါတယ္။ ေ႐ြးေကာက္ပြဲ ျဖစ္ေရး/ မျဖစ္ေရး ဆိုတာကေတာ့ ၿငိမ္းခ်မ္းေရးနဲ႔ စီးပြားေရး အားေကာင္းလာဖို႔ ႏိုင္ငံေရးတည္ၿငိမ္ေအးခ်မ္းဖို႔ ဒီအေပၚမွာ အမ်ားႀကီးတည္ပါတယ္။ တတ္ႏိုင္သေလာက္ ကြၽန္ေတာ္တို႔ ေျပာထားတဲ့အတိုင္း ေ႐ြး ေကာက္ပြဲျဖစ္ေအာင္ ႀကိဳးစားေဆာင္႐ြက္ေနတယ္ဆိုတာ ေျပာလိုပါတယ္။ ဒီမွာလည္းတစ္ခ်က္ရွိတာေပါ့၊ ေ႐ြးေကာက္ပြဲဆိုတာ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲ ျဖစ္ဖို႔လည္းလိုတယ္။ ေနာက္ၿပီးေတာ့ အျပင္ကေန ဖိအားေတြေပးၿပီးေတာ့မွ မဲထည့္ေစတဲ့ျဖစ္ရပ္မ်ိဳး မျဖစ္ဖို႔လည္းလိုတယ္။ ျပည္သူေတြ လြတ္လြတ္လပ္လပ္ မဲေပးပိုင္ခြင့္ရွိဖို႔လိုတယ္။ ဒါက သိပ္အေရးႀကီးပါတယ္၊ ဒါမွသာ သူတို႔ရဲ႕ ခံစားခ်က္ကို သူတို႔ဆႏၵေဖာ္ထုတ္ခြင့္ရမွာ ျဖစ္ပါတယ္။ ဒါက ဒီဟာကိုရေအာင္ ကြၽန္ေတာ္တို႔ ရေအာင္ႀကိဳးစားေနတာ ျဖစ္ပါတယ္။

ေမး ။ ။ အခုလက္ရွိ ျဖစ္ေပၚတိုးတက္ေနတဲ့ အေျခအေနနဲ႔ သုံးသပ္ေဆြးေႏြးသြားတဲ့ အခ်က္ေတြေပၚမွာ စဥ္းစားသုံးသပ္ၾကည့္တဲ့ အခါမွာ လာမယ့္ ကာလတိုကာလအတြင္းမွာ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ျခင္းမရွိႏိုင္ဟု သုံးသပ္မိပါတယ္။ အခ်ိန္ကာလတစ္ခုအထိ ေ႐ႊ႕ဆိုင္းဖို႔ရွိပါသလား။

ေျဖ ။ ။ ကြၽန္ေတာ္တို႔ အခုခ်ိန္မွာေျပာဖို႔ ေစာေသးတယ္။ ေနာက္ထပ္အခ်ိန္ ေလးငါးလ ေလာက္က်န္ေသးတယ္။ ဒီအေပၚမွာ အေျခအေန ၾကည့္ၿပီးေတာ့မွပဲ ဆုံးျဖတ္မွာျဖစ္ပါတယ္။ ႏိုင္ငံ့အ ေရးဆိုတာ ခ်က္ခ်င္းေကာက္ၿပီး ဆုံးျဖတ္လို႔ေတာ့မရဘူး။ ႀကိဳၿပီးဆုံးျဖတ္လို႔လည္းမရပါဘူး။ အေျခအေနကို ကြၽန္ေတာ္တို႔ၾကည့္ရမွာ ျဖစ္ပါတယ္။

ေမး ။ ။ စီးပြားေရးနဲ႔ ပတ္သက္ၿပီးေတာ့ လက္ရွိကမာၻမွာ အားလုံးရင္ဆိုင္ေနရတဲ့ ေလာင္စာဆီတင္သြင္းျခင္း ေျဖရွင္းေနရတဲ့ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ျမန္မာႏိုင္ငံက ႐ုရွားႏိုင္ငံႏွင့္ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ ၾကားသိထားရပါတယ္။ ၾကားသိတဲ့အခ်ိန္မွာ ျမန္မာႏိုင္ငံအေနနဲ႔ ႐ုရွားႏိုင္ငံက ေလာင္စာဆီ ဝယ္ယူတင္သြင္းမႈ ရွိေနပါၿပီလား။ ဝယ္ယူတင္သြင္းတဲ့အခ်ိန္မွာ ႐ုရွားႏိုင္ငံက သတ္မွတ္ထားသလို ႐ူဘယ္လ္ေငြေၾကးနဲ႔ပဲ ေပးေခ်သြားႏိုင္မႈရွိပါသလား။

ေျဖ ။ ။ ကြၽန္ေတာ္တို႔ ႐ုရွားႏိုင္ငံကေန ေလာင္စာဆီဝယ္ဖို႔အတြက္ ေဆာင္႐ြက္ေနတာ ခရီးေတာ္ေတာ္ ေရာက္ေနပါၿပီ။ တခ်ိဳ႕ ရက္ပိုင္းအတြင္း ျမန္မာႏိုင္ငံကိုေရာက္မွာျဖစ္ပါတယ္။ ဆက္ၿပီးေတာ့ ဆက္တိုက္ ဝယ္ယူသြားဖို႔လည္း ရွိပါတယ္။ ေငြေပးေခ်ေရးနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ကေတာ့ ႐ုရွားႏိုင္ငံက လက္ခံတဲ့ ေငြေၾကးနဲ႔ေပးမွာ ျဖစ္ပါတယ္။ ႐ူဘယ္လ္နဲ႔ ေပးရမယ္ဆိုရင္လည္း ႐ူဘယ္လ္နဲ႔ရေအာင္ ကြၽန္ေတာ္တို႔ စီစဥ္ၿပီးေပးမွာ ျဖစ္ပါတယ္။ ကြၽန္ေတာ္က ႐ူဘယ္လ္နဲ႔ေပးေခ်ဖို႔ ပိုၿပီးဆႏၵရွိပါတယ္။ တျခားေငြေၾကးနဲ႔ဆို ကန႔္သတ္ခ်က္ရွိေနပါတယ္။ ကြၽန္ေတာ္တို႔ကေတာ့ ဒီနည္းလမ္းကိုရေအာင္ ႀကိဳးစားေဆာင္႐ြက္သြားမယ္လို႔ ေျပာခ်င္တယ္။

ေမး ။ ။ ႐ုရွားႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံရဲ႕ သံတမန္ဆက္ဆံေရးကလည္း ႏွစ္ေပါင္းရွည္ၾကာခဲ့ၿပီ ျဖစ္ပါတယ္။ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ေရးဟာ အေအာင္ျမင္ဆုံးက႑ႏွင့္ အဓိကအေျခခံက႑အျဖစ္ ရပ္တည္ခဲ့ပါတယ္။ စစ္ဘက္နည္းပညာ ပူးေပါင္းေဆာင္႐ြက္ေရး က႑ဟာဆိုရင္လည္း ဆက္လက္ဖြံ႕ၿဖိဳးတိုးတက္လ်က္ ရွိပါတယ္။ ဒီေနရာမွာ ေနာက္ဆုံးျဖစ္ေပၚေနတဲ့ ကမာၻ႔ပထဝီႏိုင္ငံေရး အေျခအေနအရ ျမန္မာႏိုင္ငံအေနနဲ႔ ႐ုရွားႏိုင္ငံကေနမွ ေနာက္ဆုံးေပၚ ေခတ္မီစစ္လက္နက္ပစၥည္းေတြ၊ ကာကြယ္ေရးပစၥည္းေတြ ထပ္မံဝယ္ယူသြားဖို႔ရွိ ပါသလား။ သိခ်င္ပါတယ္။ ေဒသအတြင္း အေျခအေနနဲ႔ ကမာၻ႔ပထဝီႏိုင္ငံေရး ခ်ိန္ညႇိမႈမွာ ျမန္မာႏိုင္ငံအေနနဲ႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန၏ ကိုယ္စား လွယ္အဖြဲ႕ေတြ၊ အေျခစိုက္ဌာနခ်ဳပ္ေတြကို ျမန္မာႏိုင္ငံ နယ္နိမိတ္အတြင္းမွာ လက္ခံေဆာင္႐ြက္သြားဖို႔ ရွိ/မရွိ သိလိုပါတယ္။

ေျဖ ။ ။ ျမန္မာႏိုင္ငံနဲ႔ ႐ုရွားႏိုင္ငံရဲ႕ ကာကြယ္ေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေနမႈ နယ္ပယ္ကေတာ့ ဆယ္စုႏွစ္ ႏွစ္ခုေက်ာ္ေလာက္ ျဖစ္သြားၿပီ။ ေတာ္ေတာ္ေလးလည္း အရွိန္အဟုန္ရလာပါၿပီ။ ႐ုရွားႏိုင္ငံကထုတ္တဲ့ ကာကြယ္ေရးပစၥည္းေတြက တကယ္အဆင့္အတန္းလည္း ျမင့္ပါတယ္။ ႏိုင္ငံေတာ္ကာကြယ္ဖို႔အတြက္လည္း အေထာက္အကူရပါတယ္။ ကြၽန္ေတာ္တို႔လည္း ႏွစ္ၿခိဳက္ပါတယ္။ ဆက္လက္ၿပီးေတာ့ တိုးခ်ဲ႕ေဆာင္႐ြက္သြားဖို႔ေတြရွိေၾကာင္း ေျပာလိုပါတယ္။ ေနာက္ျမန္မာႏိုင္ငံမွာ ႏိုင္ငံျခားတပ္ဖြဲ႕ဝင္ေတြ တပ္စြဲေနရာခ်ထားေရး ဒါနဲ႔ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ရဲ႕ အေျခခံဥပေဒမွာ ခြင့္ျပဳထားတာ မရွိပါဘူး။ အေျခခံဥပေဒကို ကြၽန္ေတာ္တို႔ေက်ာ္လြန္ၿပီး လုပ္လို႔မရပါဘူး။ အေျခခံဥပေဒအရ လည္း ေဘာင္အတြင္းမွာပဲ အေကာင္းဆုံး ဘယ္လိုပူးေပါင္းေဆာင္႐ြက္မလဲ ဆိုတာကို နည္းလမ္းရွာရမွာျဖစ္ပါတယ္။ စခန္းခ်ဖို႔ေတာ့ ကြၽန္ေတာ္တို႔ မေပးထားပါဘူး။ ပူးေပါင္းေဆာင္႐ြက္မယ့္ နယ္ပယ္ေတြ၊ အခြင့္အလမ္းေတြ အလားအလာ ရွိပါတယ္ဆိုတာကို ကြၽန္ေတာ္ေတြ႕ပါတယ္။

ေမး ။ ။ ေနာက္ဆုံး ပထဝီႏိုင္ငံေရး အေျခအေနမွာ အေမရိကန္ႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံက အခုလို႐ုရွားႏိုင္ငံနဲ႔ ပိုမိုတိုးျမႇင့္ ပူးေပါင္းေဆာင္႐ြက္ေနတာကို မေက်မနပ္ျဖစ္ေနတဲ့ အေျခအေနေလးေတြ ေတြ႕ရွိရပါတယ္။ ဥပမာ-အေမရိကန္ႏိုင္ငံက ထုတ္ေဖာ္ခဲ့တဲ့ ထုတ္ေဖာ္ခ်က္တစ္ရပ္မွာ အခုလို ႐ုရွားႏိုင္ငံနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတာဟာ ျမန္မာ ႏိုင္ငံအေနနဲ႔ အာဆီယံႏိုင္ငံနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈကို အေႏွာင့္အယွက္ျဖစ္ေစတယ္လို႔ ထုတ္ျပန္ ေျပာၾကားေနတာေတြ ရွိပါတယ္။ ဘာေၾကာင့္မို႔ အေမရိကန္အစိုးရအေနနဲ႔ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ အစိုးရနဲ႔ ျမန္မာအစိုးရၾကား ပူးေပါင္းေဆာင္႐ြက္မႈကို ဝင္ေရာက္ စိတ္ပူပန္ေနရတယ္ဆိုတာကိုလည္း ေဆြးေႏြးေပးေစလိုပါတယ္။

ေျဖ ။ ။ အတိတ္ကို နည္းနည္းေလာက္ျပန္ၾကည့္ရင္ေတာ့ ေတြ႕ႏိုင္တယ္။ အထူးသျဖင့္ တျခားကမာၻ႔ႏိုင္ငံေပါ့ဗ်ာ။ အာဆီယံေဒသမွာ ျဖစ္ပြားခဲ့တဲ့ အေျခအေနကို ကြၽန္ေတာ္ သုံးသပ္ျပပါမယ္။ ၿပီးခဲ့တဲ့ အတိတ္ကာလမွာ အာဆီယံႏိုင္ငံ၊ အေရွ႕ေတာင္အာရွေဒသႏိုင္ငံေတြမွာလည္း အခုမွသာ တည္ၿငိမ္ေအးခ်မ္းမႈ ရွိေနတာပါ။ အရင္ကေတာ့ တည္ၿငိမ္ ေအးခ်မ္းမႈမရွိ၊ ပဋိပကၡေတြျဖစ္ေနတဲ့ ေဒသေတြရွိတယ္။ အဲ့ဒီေတာ့ပဋိပကၡျဖစ္ေနတဲ့အခ်ိန္မွာ တည္ဆဲအစိုးရကို ဆန႔္က်င္ေနတဲ့ လူပုဂၢိဳလ္အဖြဲ႕ အစည္းေတြကို အေမရိကန္မွာေခၚၿပီးေတာ့ အားေပး အားေျမႇာက္ျပဳၿပီး ေထာက္ပံ့ေပးခဲ့တာေတြ သာဓကေတြ အမ်ားႀကီးရွိခဲ့ပါတယ္။ အခုလက္ရွိ အေမရိကန္ႏိုင္ငံမွာလည္း သက္ဆိုင္ရာႏိုင္ငံေတြကို ဆန႔္က်င္တဲ့ အဖြဲ႕အစည္းေတြ လူပုဂၢိဳလ္ေတြကို တိုက္႐ိုက္ေသာ္ လည္းေကာင္း၊ သြယ္ဝိုက္ေသာ္လည္းေကာင္း အားေပးအားေျမႇာက္ျပဳေနတာ အခုထိရွိတယ္။ ဒါေပမယ့္ ဆိုဗီယက္ေခတ္ကိုပဲ ၾကည့္ၾကည့္၊ ႐ုရွားရဲ႕ လက္ရွိကာလကိုပဲၾကည့္ၾကည့္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားရဲ႕ ႏိုင္ငံေရး တည္ၿငိမ္မႈကို ပ်က္ျပားေစႏိုင္တဲ့ အဖြဲ႕အစည္းေတြကို အားေပးအားေျမႇာက္ျပဳေနတာကို ႐ုရွားႏိုင္ငံက လက္ခံၿပီးေတာ့ ေဆာင္႐ြက္တာမေတြ႕ဘူး။ ဒါသိသာတဲ့ အေျခအေနတစ္ရပ္ပဲ ျဖစ္ပါတယ္။ အဲ့ဒီေတာ့ ဒါကြာျခားခ်က္တစ္ခုပါပဲ။ အာဆီယံကလည္း လက္ရွိအေျခအေနမွာ ကမာၻမွာ စီးပြားေရး အားေကာင္းတဲ့ နယ္ေျမတစ္ခုျဖစ္တယ္။ အာဆီယံက သူ႔ရပ္တည္ခ်က္နဲ႔သူ ရွိတယ္။ အာဆီယံရဲ႕ အားပါသြားမယ္ဆိုရင္ ကမာၻ႔ရဲ႕ အေျခအေနနဲ႔ အေျပာင္းအလဲတစ္ရပ္ကို ျဖစ္သြားေစႏိုင္တဲ့ အေျခအေနမ်ိဳးေတြ ရွိပါတယ္။ ဒါေၾကာင့္ အာဆီယံဟာ ႐ုရွားဘက္ကို မပါဖို႔အတြက္လည္း အေမရိကန္က လိုလားပုံရပါတယ္။
အဲ့ဒီေတာ့ အာဆီယံအဖြဲ႕ဝင္ ျဖစ္တဲ့ ျမန္မာႏိုင္ငံကိုလည္း ဒီလိုပဲယူဆပါလိမ့္မယ္။ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံထဲမွာ ကြၽန္ေတာ္တို႔ပါၿပီး ေတာ့မွ အာဆီယံအဖြဲ႕ရဲ႕ တိုက္တြန္းခ်က္နဲ႔ ျမန္မာႏိုင္ငံက ရပ္တည္ေအာင္လည္း ေဆာင္႐ြက္ေနတာျဖစ္တယ္။ အဲ့ဒီ အာဆီယံႏိုင္ငံရဲ႕ တိုက္တြန္းခ်က္ေတြ ေၾကာင့္လည္း အေမရိကန္က သူတို႔ရဲ႕နီးစပ္တဲ့ အာဆီယံႏိုင္ငံေတြကို တြန္းအားေပးေဆာင္႐ြက္ေန တယ္ဆိုတာလည္း ကြၽန္ေတာ္တို႔ ျမင္ေနရပါတယ္။ သူတို႔အေမရိကန္ႏိုင္ငံက အဓိကေျပာဆိုေနတဲ့ ဒီမိုကေရစီရယ္၊ လူ႔အခြင့္အေရးရယ္ စီးပြားေရးမွာ သူတို႔ ေက်ာေထာက္ေနာက္ခံတဲ့ ေဒၚလာေငြေၾကး ဒါေတြနဲ႔ ခ်ဳပ္ကိုင္ၿပီးေတာ့မွ အေျပာင္းအလဲျဖစ္ ေအာင္ႀကိဳးစားေနတာ ကြၽန္ေတာ္ေတြ႕တယ္။

ေမး ။ ။ အာဆီယံႏိုင္ငံေတြနဲ႔ပတ္သက္ၿပီး ေဆြးေႏြးရမယ္ဆိုရင္ အျခားေသာ အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံေတြအေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းေရး၊ ႏိုင္ငံေရးတည္ၿငိမ္မႈအတြက္ ဘယ္လိုအေထာက္ အကူျပဳႏိုင္သလဲဆိုတာလည္း သိရွိလိုပါတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ မၾကာေသးမီအခ်ိန္က အာဆီယံကက်င္းပတဲ့ အခမ္းအနားတစ္ခုကို ျမန္မာႏိုင္ငံက ကိုယ္စားလွယ္အဖြဲ႕ကို ဖိတ္ၾကားျခင္းမျပဳတဲ့ သတင္းကို ၾကားလိုက္ရပါတယ္။ ဒါေတြဟာဆိုလို႔ရွိရင္ အာဆီယံ အဖြဲ႕ဝင္ႏိုင္ငံ အခ်ိဳ႕အေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းတည္ၿငိမ္ေရးကို ပိုမိုၿပီးေတာ့ ယုတ္ေလ်ာ့ေစတယ္လို႔ သုံးသပ္မိပါတယ္။ ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ အာဆီယံႏိုင္ငံေတြ စတင္ဖြဲ႕စည္းခဲ့တဲ့ အခ်ိန္ကထားရွိခဲ့တဲ့ ပဋိညာဥ္နဲ႔ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ စည္းမ်ဥ္းစည္းကမ္းခ်က္ေတြနဲ႔ ကိုက္ညီမႈရွိပါသလား ဘယ္လိုမ်ိဳး သုံးသပ္ပါသလဲ။

ေျဖ ။ ။ ကြၽန္ေတာ္တို႔က ၁၉၉၇ ခုႏွစ္မွာ အာဆီယံ အဖြဲ႕ဝင္ႏိုင္ငံျဖစ္တယ္။ ကြၽန္ ေတာ္တို႔ဟာ အာဆီယံပဋိညာဥ္ကို ကြၽန္ေတာ္တို႔ အေလးထား လိုက္နာေဆာင္႐ြက္ပါတယ္။ အာဆီယံရဲ႕ပဋိညာဥ္ မွာ Asean ရဲ႕ Way၊ Asean ရဲ႕ Spirit, Asean practice ဒီလိုရွိတယ္။ ဒါေတြ ကြၽန္ေတာ္တို႔က လိုက္နာပါတယ္။ အာဆီယံပဋိညာဥ္မွာလည္း အတိအက်ေဖာ္ျပထားတယ္။ ျမန္မာႏိုင္ငံကေနၿပီးေတာ့ ဒီအေပၚမွာ ေက်ာ္လြန္လုပ္ေဆာင္တာဘာတစ္ခုမွလည္းမရွိဘူး။ တကယ္လို႔သာ အာဆီယံ အဖြဲ႕ဝင္ႏိုင္ငံေတြက အာဆီယံပဋိညာဥ္ကိုသာ လိုက္နာမယ္ဆိုရင္ ဒီလိုျပႆနာေတြ ျဖစ္လာစရာ အေၾကာင္းမရွိဘူး။ ကြၽန္ေတာ္တို႔အစိုးရ အခုရွိေနတာ ၂ဝဝ၈ ခုႏွစ္ အေျခခံဥပေဒအရ ရွိေနျခင္းျဖစ္တယ္။ ဒါဟာ အသိအမွတ္ျပဳရမယ္။ ဒါကြၽန္ေတာ္တို႔ဟာ ျပည္သူကအသိအမွတ္ျပဳထားတဲ့ အေျခခံဥပေဒအရ အေရးယူေဆာင္႐ြက္ျခင္းသာျဖစ္တယ္။ ဒီအေပၚမွာ မ်က္ကြယ္ျပဳၿပီးေတာ့မွ သူတို႔ေ႐ြးေကာက္တင္ေျမႇာက္ပြဲဆိုင္ရာ ရလဒ္ေတြအေပၚမွာ ျဖစ္ေပၚလာတဲ့ သေဘာထား ကြဲလြဲေနမႈအေပၚမွာ သူတို႔ဒါကို တုံ႔ျပန္မႈေတြကေတာ့ သူတို႔ရဲ႕ အာဆီယံရဲ႕ ပဋိညာဥ္နဲ႔ မကိုက္ဘူးလို႔ ေျပာခ်င္ပါတယ္။

ေမး ။ ။ အခုလက္ရွိ ျပည္တြင္းႏိုင္ငံေရးအေျခအေန ထိန္းသိမ္းမႈအပိုင္းမွာ ဒီလို အာဆီယံ အဖြဲ႕ဝင္ႏိုင္ငံေတြအေနနဲ႔ ကိုယ္စားလွယ္ေတြနဲ႔ ၾကားဝင္ေျဖရွင္းေပးဖို႔ လိုအပ္ခ်က္ ရွိပါသလား၊ ဒါမွမဟုတ္ ၾကားဝင္ေျဖရွင္းမႈမွာ ပိုၿပီးေတာ့ အေႏွာင့္အယွက္ျဖစ္ႏိုင္ပါသလား။

ေျဖ ။ ။ ၾကားဝင္ေျဖရွင္းေပးမႈဆိုတာ ဒါကြၽန္ေတာ္တို႔ရဲ႕ ျပည္တြင္းေရးတစ္ခုပဲ။ အာဆီယံက သူမ်ားရဲ႕ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ဖို႔ေတာ့မရွိဘူး။ သို႔ေသာ္လည္းပဲ သူတို႔လိုခ်င္ရာ ေကာက္ခ်က္ဆြဲၿပီးေတာ့မွ ကြၽန္ေတာ္တို႔ကို ၿပီးခဲ့တဲ့ႏွစ္က အာဆီယံထိပ္သီး အစည္းအေဝးမွာ ဘုံသေဘာတူညီခ်က္ (၅) ရပ္ကို ေဆာင္႐ြက္ခဲ့တာ ရွိပါတယ္။ တခ်ိဳ႕ဟာေတြက ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ေနတဲ့ ကိစၥေတြျဖစ္ေနတာ ေတြ႕ရတယ္။ သို႔ေသာ္လည္းပဲ တတ္ႏိုင္သေလာက္ ကြၽန္ေတာ္တို႔ လုပ္ႏိုင္တဲ့ နည္းလမ္းေတြအားလုံးကို ကြၽန္ေတာ္တို႔ ေျဖရွင္းေဆာင္႐ြက္ တာေတြရွိတယ္။ သင့္ေတာ္တဲ့နည္းလမ္းေတြမွာ သူတို႔ဝင္ေရာက္ ကူညီေပးမယ္ဆိုရင္ ဘာမွလက္မခံႏိုင္စရာ အေၾကာင္းမရွိဘူး။ သို႔ေသာ္လည္းပဲ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံရဲ႕ တရားဥပေဒစိုးမိုးေရး တည္ဆဲဥပေဒကို ေက်ာ္လြန္ၿပီးေတာ့မွ ေဆာင္႐ြက္ေပးတဲ့ကိစၥမ်ိဳး ဆိုရင္ေတာ့ ဘယ္လိုလုပ္ခြင့္ျပဳမလဲ။ ဘယ္ႏိုင္ငံမွ လည္း ဒီလိုခြင့္ျပဳမွာမဟုတ္ဘူး၊ ဒါေၾကာင့္ ေဆာင္ ႐ြက္လို႔ရတဲ့နယ္ပယ္ဆိုရင္ ကြၽန္ေတာ္တို႔ ပူးေပါင္း ေဆာင္႐ြက္ေပးမယ္၊ ေဆာင္႐ြက္ျခင္းမျပဳႏိုင္တဲ့ နယ္ပယ္ဆိုရင္လည္း ကြၽန္ေတာ္တို႔ရေအာင္ ကြၽန္ေတာ္တို႔ဘာသာ ႀကိဳးစားေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။

ေမး ။ ။ ဒီအေနာက္ႏိုင္ငံအပါအဝင္ အျခားေသာ အေနာက္ႏိုင္ငံေတြရဲ႕ အေထာက္အပံ့ကို ယူထားတဲ့ ႏိုင္ငံေတြရဲ႕ မီဒီယာေတြအေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ ယခင္အစိုးရရဲ႕ ေခါင္းေဆာင္တစ္ဦး ျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ကိစၥနဲ႔ပတ္သက္ ၿပီးေတာ့ အၿမဲတမ္း ထုတ္ေဖာ္ေရးသားခ်က္ေတြကို ေတြ႕ေနရပါတယ္။ ျမန္မာႏိုင္ငံမွာ သတ္မွတ္ထားတဲ့ တည္ဆဲဥပေဒမ်ားအရ မဲမသမာမႈကို အဓိကျဖစ္ေပၚ ေစခဲ့တဲ့အတြက္ တရားဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္ေနတယ္ဆိုတာ ကိုလည္း သေဘာေပါက္ နားလည္ပါတယ္။ မၾကာေသးမီကလည္း ေနအိမ္အက်ယ္ခ်ဳပ္မွ အက်ဥ္းေထာင္သို႔ပို႔မယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္မ်ိဳးလည္း ခ်မွတ္ခဲ့ပါတယ္။ ဒါနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္လိုေျပာင္းလဲ ျပင္ဆင္ သတ္မွတ္သြားဖို႔ရွိတယ္ ဆိုတာလည္း သိရွိလိုပါတယ္။

ေျဖ ။ ။ ေဒၚေအာင္ဆန္းစုၾကည္ကို စၿပီးအေရးယူတဲ့ အခ်ိန္တုန္းကေတာ့ ကြၽန္ေတာ္တို႔ ေ႐ြးေကာက္ပြဲရလဒ္ေပၚမူတည္ၿပီးေတာ့ ျဖစ္ေပၚ ခဲ့တဲ့အေျခအေနေပၚမွာ စိစစ္ၿပီးေဆာင္႐ြက္တာ ျဖစ္တယ္။ အထူးသျဖင့္ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္တဲ့ အေျခအေနေပါ့။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ စိစစ္ေတြ႕ရွိခ်က္ေတြကို ေျဖရွင္းႏိုင္ဖို႔ သူ႔ကိုလည္း ကြၽန္ေတာ္တို႔ အႀကိမ္ႀကိမ္ေျပာခဲ့ပါတယ္။ ဒါေပမယ့္ ဒါကိုမ်က္ကြယ္ျပဳခဲ့ပါတယ္။ မ်က္ကြယ္ ျပဳခဲ့ေတာ့ ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ အခက္အခဲေတြ၊ ႏိုင္ငံေရးအက်ပ္အတည္းေတြ ျဖစ္ေစခဲ့တာေပါ့။ အဲ့ဒီေတာ့ ျဖစ္လာၿပီဆိုကတည္းက ကြၽန္ေတာ္တို႔က သက္ေသျပရေတာ့မွာေပါ့။ ဒါသူ႔မွာ တာဝန္ရွိတယ္ဆိုတာကို ကြၽန္ေတာ္တို႔က ဥပေဒလမ္းေၾကာင္းက ကြၽန္ေတာ္တို႔ သက္ေသျပရတယ္။ စစ္ရင္းနဲ႔ပါ တစ္ခါထပ္ၿပီး ေ႐ြးေကာက္ပြဲဥပေဒ ကြၽန္ေတာ္တို႔ အဲ့ဒီမွာလည္း သက္ညႇာမႈေတြ ကြၽန္ေတာ္ လုပ္ခဲ့ပါတယ္။ ပထမဦးဆုံးစျဖစ္တဲ့ အခ်ိန္မွာ သက္ညႇာမႈေတြေပးတယ္။ ဒါေပမယ့္ အဲ့ဒီလိုစစ္ရင္းနဲ႔ ေတြ႕ရွိလာတဲ့အေျခအေနေပၚမွာ တျခားကိစၥေတြပါ ပါလာတာကို ကြၽန္ေတာ္တို႔ ေတြ႕ခဲ့တယ္။ အထူးသျဖင့္ အဂတိလိုက္စားမႈဥပေဒနဲ႔ ပတ္သက္တာေတြ ပါလာတာေတြ႕ရတယ္။ ဒါေၾကာင့္ ဒါက်ေတာ့ ကြၽန္ေတာ္တို႔က ဥပေဒေၾကာင္းအရ အေရးယူရတာေတြ ျဖစ္လာတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔အေနနဲ႔ သူ႔ကိုတရားဥပေဒအရပဲ ကြၽန္ေတာ္တို႔က အေရးယူ ေဆာင္႐ြက္တယ္ဆိုတာေလးလည္း ေျပာလိုပါတယ္။ အခုေနအိမ္ အက်ယ္ခ်ဳပ္ဆိုတာလည္း စတင္စစ္ေဆးတဲ့အခ်ိန္မွာ ေနအိမ္အက်ယ္ခ်ဳပ္ ကြၽန္ေတာ္တို႔ထားတာေပါ့။ ၿပီးေတာ့မွ ဥပေဒအရ ေဆာင္႐ြက္တဲ့ဟာေတြ ျဖစ္ပါတယ္။ ထပ္ၿပီးေတာ့ ဆုံးျဖတ္မယ္ဆိုတာမ်ိဳးေတာ့ အခုခ်ိန္မွာေျပာဖို႔ ေစာပါေသးတယ္။ ေနာက္ဆုံး အားလုံးအမႈေတြၿပီးၿပီ။ အေျခအေနအားလုံးၿပီးၿပီဆိုလာမွ ကြၽန္ေတာ္တို႔ေျပာလို႔ရပါလိမ့္မယ္။

ေမး။ ။ ေနာက္ဆုံးေမးခြန္းအေနနဲ႔ ေမးလိုတာကေတာ့ မၾကာေသးမီက ျမန္မာႏိုင္ငံမွာ ယခင္ NLD ပါတီဝင္ေဟာင္းေလးဦးနဲ႔ပတ္သက္ၿပီးေတာ့ အျပင္းထန္ဆုံး ျပစ္ဒဏ္ကို ခ်မွတ္ခဲ့တယ္ဆိုတာ လည္း ဒီသတင္းေတြမွာ ဖတ္ရႈရပါတယ္။ ဘာေၾကာင့္မို႔ ဒီလိုအျပင္းထန္ဆုံးျပစ္ဒဏ္ကို ေပးခဲ့ ရလဲဆိုတဲ့ အေျခအေနေလးေတြ သိရွိလိုပါတယ္။

ေျဖ ။ ။ No One Above the Law မည္သူမွ် တရားဥပေဒအထက္မွာ မရွိဘူးဆိုတဲ့ စကားေလး တစ္ခု ရွိပါတယ္။ သူတို႔ျပစ္ဒဏ္စီရင္ျခင္းခံရတဲ့ ေလးေယာက္နဲ႔ ပတ္သက္လို႔ရွိရင္ ဒီေလးေယာက္မွာ ႏွစ္ပိုင္းခြဲေတြ႕ပါတယ္။ အုပ္စုေပါ့ေလ။ တစ္အုပ္စု ကေတာ့ ခုနက ေမးတဲ့အထဲမွာ NLD ပါတီဝင္ဆိုတဲ့ အမာခံပါတီဝင္ ေခါင္းေဆာင္ပိုင္းပါတီဝင္ေပါ့ေလ။ သူတို႔ေတြနဲ႔ပတ္သက္တာ ျဖစ္ပါတယ္။ အဲ့ဒီေတာ့ ဒီမွာလည္း ႏိုင္ငံမွာျဖစ္ေပၚလာခဲ့တဲ့ ဆူပူအၾကမ္း ဖက္မႈနဲ႔ပတ္သက္ ၿပီးေတာ့ ဒီအထိကေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ ဘာမွျပႆနာမရွိဘူး။ သို႔ေသာ္လည္းပဲ သတ္ျဖတ္တဲ့အခ်ိန္၊ မိုင္းေထာင္ ေဖာက္ခြဲ သတ္ျဖတ္တဲ့ အေျခအေနမ်ိဳးက်ရင္ေတာ့ ဘာ့ေၾကာင့္ ဒီျပႆနာျဖစ္လာလဲဆိုတာ ကြၽန္ေတာ္တို႔ ဒီအေျဖထုတ္ရမယ္။ အဲ့ဒီေတာ့ ကြၽန္ေတာ္တို႔ အေျဖထုတ္တဲ့အခါမွာ ဒီလူေတြက အၾကမ္းဖက္ သတ္ျဖတ္မႈအတြက္ တစ္အခ်က္ စီမံေဆာင္႐ြက္ ခဲ့တာေတြရွိတယ္။ သူတို႔အားေပးခဲ့တာ ရွိတယ္။ သူတို႔ရဲ႕ လုပ္ေဆာင္ခ်က္ေတြေၾကာင့္ ျပည္သူေတြ အမ်ားႀကီး ေသေက်ခဲ့တာရွိတယ္။ ေသတဲ့အထဲမွာ ႏိုင္ငံ့ဝန္ထမ္းေတြပါတယ္။ အျပစ္မဲ့တဲ့ ျပည္သူေတြပါတယ္။ ေနာက္ ဆရာဆရာမေတြ ပါတယ္။ က်န္းမာေရးဝန္ထမ္းေတြပါတယ္။ ရဟန္းသံဃာေတြပါတယ္။ သီလရွင္ေတြပါတယ္။ ဒါေတြက သူတို႔ရဲ႕ ႀကံစည္မႈေတြေၾကာင့္၊ သူတို႔ရဲ႕အားေပးမႈေတြေၾကာင့္၊ သူတို႔ရဲ႕စီမံမႈေတြေၾကာင့္ ျဖစ္လာခဲ့တဲ့ ဟာေတြျဖစ္တယ္။ ဒါေတြကေတာ့ ဥပေဒအရလည္း အေရးယူရမွာ ျဖစ္ပါတယ္။ ထို႔အတူပဲေနာက္ ႏွစ္ေယာက္လည္း ရက္ရက္စက္စက္နဲ႔ လူသတ္တဲ့ ကိစၥျဖစ္ပါတယ္။ ခင္ဗ်ားကို ကြၽန္ေတာ္ဥပမာတစ္ခု ေျပာျပမယ္။ လူတစ္ေယာက္ကို သတ္တယ္ေပါ့ေနာ္။ ေသနတ္နဲ႔ပစ္သတ္မယ္။ တစ္ခ်က္ခ်င္းပစ္တယ္။ တစ္ခ်က္တည္းပစ္ၿပီး ေသသြားတဲ့ဟာရွိမယ္၊ မေသတာလည္းရွိမယ္၊ တစ္ခ်က္ထိၿပီးေတာ့ သူေရွာင္သြားမယ္။ သို႔ေသာ္လည္း သူလူသတ္တာပဲ။ သို႔ေသာ္ ႏွစ္ခ်က္ပစ္မယ္၊ သုံးခ်က္ပစ္မယ္၊ ေလးခ်က္ ပစ္မယ္၊ ငါးခ်က္ပစ္မယ္ ဆိုရင္ေတာ့ ဒါေတာ့ တကယ့္ကို ေသေအာင္လုပ္တဲ့ ရည္႐ြယ္ခ်က္ နဲ႔ လုပ္တာျဖစ္တယ္။ အခုလုပ္တဲ့သူေတြက အဲ့ဒီလို လူေတြျဖစ္ပါတယ္။ တစ္ခ်က္နဲ႔ မဟုတ္ဘဲနဲ႔ ႏွစ္ခ်က္၊ သုံးခ်က္၊ ေလးခ်က္၊ ငါးခ်က္ ေသနတ္နဲ႔ ပစ္တယ္၊ ဓားနဲ႔ထိုးတယ္၊ ဒီလိုလူမ်ိဳးကို ကြၽန္ေတာ္တို႔ အျပစ္ေပးျခင္း ျဖစ္ပါတယ္။ ခင္ဗ်ားတို႔ ဘယ္လို ဒီလိုလူမ်ိဳးကို ဘယ္လိုလုပ္ ခြင့္လႊတ္လို႔ရေတာ့မလဲ။ သူတို႔သတ္ထားတဲ့လူေတြရဲ႕ မိသားစုေတြ ဘယ္လိုခံစားရမလဲ။ ဒါလည္း သူတို႔ျပန္ၾကည့္ရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ အရင္ကမလုပ္ခဲ့ဘူး။ သို႔ေသာ္လည္းပဲ ဒီတစ္ခါမွာ ရက္ရက္စက္ စက္ကို လုပ္လြန္းအားႀကီးတဲ့အတြက္ေၾကာင့္ ဒီျပစ္ဒဏ္ကို ေပးဖို႔အတြက္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.