အနောက်အုပ်စုနိုင်ငံများက တားမြစ်ပိတ်ပင်မှုများရှိနေသော်လည်း ရုရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံကြား ကုန်သွယ်မှုများ နှစ်ဆနီးပါးပိုမိုတိုးမြင့်လာ

 750

ဖြိုးခန့်(NP News) - စက်တင်ဘာ ၁၅

အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံကြား ကုန်သွယ်မှုပမာဏသည် ယခုနှစ်တွင် (၁၂ဝ) ရာခိုင်နှုန်းနီးပါး မြင့်တက် လာခဲ့ကြောင်း ရုရှားသမ္မတ၏အကြံပေးတစ်ဦးဖြစ်သူယူရီယူရှာကောဗ့်က ဆိုသည်။

ဥဇဘတ်ကစ္စတန်နိုင်ငံ Samarkand မြို့တွင် စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တွင် ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အစည်း(SCO) ၏အစည်းအဝေးမတိုင်ခင် ရုရှားသမ္မတအကြံပေးတစ်ဦးဖြစ်သူ ယူရီယူရှာကောဗ့်က ဆိုသည်။

၄င်းက “ကျွန်တော်တို့ရဲ့ဆက်ဆံရေးဟာ တဖြည်းဖြည်းနဲ့ပိုပြီး တိုးတက်လာပါပြီ၊၊ ရုရှားနိုင်ငံမှ ရေနံ၊ ကျောက်မီးသွေးနဲ့ ဓာတ်မြေသြဇာများ ထောက်ပံ့မှုတွေတိုးလာတဲ့အတွက် ကုန်သွယ်မှုက သိသိသာသာ မြင့်တက်လာခဲ့ပါတယ်” ဟု ပြောဆိုခဲ့သည်၊၊ ယူရီယူရှာကောဗ့်က လက်ရှိအချိန်တွင် နှစ်နိုင်ငံစလုံးသည် ကုန်သွယ်မှုများနှင့်ပတ်သက်ပြီး နှစ်နိုင်ငံသုံးငွေကြေးများ၊ ရူပီးနှင့် ရူဘယ်တို့ကို အပြန် အလှန်ပေးချေမှုများလုပ်ဆောင်ရန် စီစဉ်နေကြောင်းပြောကြားခဲ့သည်၊၊

ပြီးခဲ့သည့်လတွင် ရုရှားနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ပါဗန်ကပူးဝါးက ရုရှား-အိန္ဒိယ ကုန်သွယ်မှုပမာဏသည် သိသိသာသာမြင့်တက်လာခဲ့ကြောင်း မကြာသေးမီက မှတ်ချက်ပေးခဲ့သည်၊၊

ပါဗန်ကပူးဝါး က ပိတ်ဆို့အရေးယူမှုများကြောင့် အတားအဆီးများကိုကျော်လွှားနိုင်ရန် နှစ်နိုင်ငံလုံးရှိ စီးပွားရေးလုပ်ငန်းများကို ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားကြောင်း သိရသည်။

ရုရှားနှင့် အိန္ဒိယသည် ရုရှားနိုင်ငံ၏ Mir နှင့် အိန္ဒိယနိုင်ငံ၏ RuPay ငွေပေးချေမှုကတ်များကို အပြန် အလှန်လက်ခံမှုများအပြင် ဘဏ်အချင်းချင်း ငွေလွှဲခြင်းဝန်ဆောင်မှုများကို အကောင်အထည်ဖော်ရန် အတွက် အပြန်အလှန်ဆွေးနွေးနေကြကြောင်းသိရှိရသည်၊၊ ရုရှားနိုင်ငံမှ ရေနံများကို စျေးနှုန်းသတ်မှတ် ရာတွင် ကူညီပံ့ပိုး‌ပေးရန် အမေရိကန်နိုင်ငံမှ တိုက်တွန်းနေသော်လည်း အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့် ခြောက်လကတည်းက ရုရှားနိုင်ငံမှ ရေနံစိမ်းများဝယ်ယူမှုကို တိုးမြှင့်ခဲ့ကြောင်းသိရသည်၊၊

အိန္ဒိယနိုင်ငံသည် နိုင်ငံရေးပဋိပက္ခများထက် ပြည်တွင်းစွမ်းအင်လုံခြုံရေးကို အဓိကထားကာ ရုရှားနိုင်ငံ အပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုတွင် ပါဝင်ရန် တွန့်ဆုတ်နေခဲ့ကြောင်းသိရသည်။

Zawgyi Version;
အေနာက္အုပ္စုႏိုင္ငံမ်ားက တားျမစ္ပိတ္ပင္မႈမ်ားရွိေနေသာ္လည္း ႐ုရွားႏိုင္ငံႏွင့္ အိႏၵိယႏိုင္ငံၾကား ကုန္သြယ္မႈမ်ား ႏွစ္ဆနီးပါးပိုမိုတိုးျမင့္လာ
ၿဖိဳးခန႔္(NP News) - စက္တင္ဘာ ၁၅

အိႏၵိယႏိုင္ငံႏွင့္ ႐ုရွားႏိုင္ငံၾကား ကုန္သြယ္မႈပမာဏသည္ ယခုႏွစ္တြင္ (၁၂ဝ) ရာခိုင္ႏႈန္းနီးပါး ျမင့္တက္ လာခဲ့ေၾကာင္း ႐ုရွားသမၼတ၏အႀကံေပးတစ္ဦးျဖစ္သူယူရီယူရွာေကာဗ့္က ဆိုသည္။

ဥဇဘတ္ကစၥတန္ႏိုင္ငံ Samarkand ၿမိဳ႕တြင္ စက္တင္ဘာ ၁၅ ရက္ႏွင့္ ၁၆ ရက္တြင္ ရွန္ဟိုင္း ပူးေပါင္း ေဆာင္႐ြက္ေရးအဖြဲ႕အစည္း(SCO) ၏အစည္းအေဝးမတိုင္ခင္ ႐ုရွားသမၼတအႀကံေပးတစ္ဦးျဖစ္သူ ယူရီယူရွာေကာဗ့္က ဆိုသည္။

၄င္းက “ကြၽန္ေတာ္တို႔ရဲ႕ဆက္ဆံေရးဟာ တျဖည္းျဖည္းနဲ႔ပိုၿပီး တိုးတက္လာပါၿပီ၊၊ ႐ုရွားႏိုင္ငံမွ ေရနံ၊ ေက်ာက္မီးေသြးနဲ႔ ဓာတ္ေျမၾသဇာမ်ား ေထာက္ပံ့မႈေတြတိုးလာတဲ့အတြက္ ကုန္သြယ္မႈက သိသိသာသာ ျမင့္တက္လာခဲ့ပါတယ္” ဟု ေျပာဆိုခဲ့သည္၊၊ ယူရီယူရွာေကာဗ့္က လက္ရွိအခ်ိန္တြင္ ႏွစ္ႏိုင္ငံစလုံးသည္ ကုန္သြယ္မႈမ်ားႏွင့္ပတ္သက္ၿပီး ႏွစ္ႏိုင္ငံသုံးေငြေၾကးမ်ား၊ ႐ူပီးႏွင့္ ႐ူဘယ္တို႔ကို အျပန္ အလွန္ေပးေခ်မႈမ်ားလုပ္ေဆာင္ရန္ စီစဥ္ေနေၾကာင္းေျပာၾကားခဲ့သည္၊၊

ၿပီးခဲ့သည့္လတြင္ ႐ုရွားႏိုင္ငံဆိုင္ရာ အိႏၵိယသံအမတ္ႀကီး ပါဗန္ကပူးဝါးက ႐ုရွား-အိႏၵိယ ကုန္သြယ္မႈပမာဏသည္ သိသိသာသာျမင့္တက္လာခဲ့ေၾကာင္း မၾကာေသးမီက မွတ္ခ်က္ေပးခဲ့သည္၊၊

ပါဗန္ကပူးဝါး က ပိတ္ဆို႔အေရးယူမႈမ်ားေၾကာင့္ အတားအဆီးမ်ားကိုေက်ာ္လႊားႏိုင္ရန္ ႏွစ္ႏိုင္ငံလုံးရွိ စီးပြားေရးလုပ္ငန္းမ်ားကို ပိုမိုနီးကပ္စြာပူးေပါင္းေဆာင္႐ြက္ၾကဖို႔ တိုက္တြန္းထားေၾကာင္း သိရသည္။

႐ုရွားႏွင့္ အိႏၵိယသည္ ႐ုရွားႏိုင္ငံ၏ Mir ႏွင့္ အိႏၵိယႏိုင္ငံ၏ RuPay ေငြေပးေခ်မႈကတ္မ်ားကို အျပန္ အလွန္လက္ခံမႈမ်ားအျပင္ ဘဏ္အခ်င္းခ်င္း ေငြလႊဲျခင္းဝန္ေဆာင္မႈမ်ားကို အေကာင္အထည္ေဖာ္ရန္ အတြက္ အျပန္အလွန္ေဆြးေႏြးေနၾကေၾကာင္းသိရွိရသည္၊၊ ႐ုရွားႏိုင္ငံမွ ေရနံမ်ားကို ေစ်းႏႈန္းသတ္မွတ္ ရာတြင္ ကူညီပံ့ပိုး‌ေပးရန္ အေမရိကန္ႏိုင္ငံမွ တိုက္တြန္းေနေသာ္လည္း အိႏၵိယႏိုင္ငံသည္ ၿပီးခဲ့သည့္ ေျခာက္လကတည္းက ႐ုရွားႏိုင္ငံမွ ေရနံစိမ္းမ်ားဝယ္ယူမႈကို တိုးျမႇင့္ခဲ့ေၾကာင္းသိရသည္၊၊

အိႏၵိယႏိုင္ငံသည္ ႏိုင္ငံေရးပဋိပကၡမ်ားထက္ ျပည္တြင္းစြမ္းအင္လုံၿခဳံေရးကို အဓိကထားကာ ႐ုရွားႏိုင္ငံ အေပၚ အေနာက္ႏိုင္ငံမ်ား၏ ပိတ္ဆို႔အေရးယူမႈတြင္ ပါဝင္ရန္ တြန႔္ဆုတ္ေနခဲ့ေၾကာင္းသိရသည္။

Picture

Ko Moe

15/09/2022 10:53

အီးယူ အကျိူးစီးပွားက လည်း အီးယူပဲ လုပ်ယူရတာပါ။အမေရိကန်လည်း ထိုနည်းအတူ လုပ်ယူနေကြတာပါပဲ။ရုရှားမို့ အိန္ဒိယမို့ အမေရိကန် အိးယူစကား နားထောင်ရမယ်ဆိုရအောင် တဖက်ကလည်း ကျွန်တွေမှ မဟုတ်တာပါပဲ။အမေရိကန်လောက် ဖာသည်ကျတာ မရှိပါဘူး။မြန်မာနိုင်ငံအတွက် အမေရိကန်ဟာ ရွံစရာ အမှိူက်ထုပ်ကြီးလိုပါပဲ ။ရတာက နည်းနည်း နံတာက များများ။

Related news

© 2021. All rights reserved.