ရွှေလုပ်ငန်းလိုင်စင်လျှောက်လွှာပေါင်း အစောင် ၁၅၀၀ ကျော်တွင် ၃၅၀ ကျော်သာ လိုင်စင်ကျပြီးဖြစ်

 189

Pearl (NP News) - ဇွန် ၁၆

ရွှေလုပ်ငန်းလိုင်စင်လျှောက်လွှာပေါင်းအစောင် ၁၅၀၀ ကျော်တွင် ၃၅၀ ကျော်သာ လိုင်စင်ကျပြီးကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကနဦးစိစစ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးသိန်းဝင်းက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ (၁၄) ရက်က ကျင်းပသော ရွှေစျေးနှုန်း၊ ရွှေစျေးကွက်တည်ငြိမ်စေရေးနှင့် မေလ၊ လပတ်ငွေ စာရင်းရှင်းလင်း အတည်ပြုခြင်း အစည်းအ‌ဝေး၌ အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကနဦးစိစစ်ရေးအဖွဲ့မှ လိုင်စင်လျှောက်လွှာစတင်လက်ခံခဲ့သည့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာ (၁၈)ရက်မှ စ၍ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီ (၁၇)ရက်အထိ (၃)လအတွင်း လျှောက်လွှာစောင်ရေပေါင်း (၁၇၂၈)စောင် လာရောက်ထုတ်ယူခဲ့ပြီး (၁၄၁၆) စောင် လျှောက်ထားခဲ့ကြောင်း သိရသည်။
ရွှေဆိုင်လုပ်ငန်းများက ဆက်လက်၍ လိုင်စင်လျောက်ထားလိုသောကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ (၁၈)ရက် မှ လက်ရှိအချိန်ထိ လိုင်စင်လျှောက်လွှာများကို ထပ်မံလက်ခံခဲ့ရာ (၁၂၇) စောင် လျှောက်လွှာထုတ်ယူခဲ့ပြီး (၁၃၂) စောင် လာရောက်လျှောက်ထားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ လျှောက်လွှာပေါင်း (၁၅၄၈) စောင်အနက် လိုင်စင်ကျထားပြီးလျှောက်လွှာမှာ (၃၅၇) စောင်သာရှိသေးကြောင်း သိရသည်။

“အဲဒီထဲက လိုင်စင်ကျထားပြီးသားစာရင်းက ၂၀၂၅ ခုနှစ် ဇွန်လ(၅)ရက်အထိ ၃၅၇ စောင် လိုင်စင်ကျထားပြီး ဖြစ်ပါတယ်။ နေပြည်တော်မှာ လျှောက်ထားသူကိုယ်တိုင် လိုင်စင်ကိုသွားရောက်ထုတ်ယူရမှာဖြစ်ပါတယ်။ ကျန်းမာရေးအရ သွားရောက်ထုတ်ယူဖို့ ခက်ခဲရင် ကျွန်တော်တို့ဆီမှာ ကိုယ်စားထုတ်ယူခွင့်ပုံစံနဲ့ လာတင်ပါ။ ကျွန်တော်တို့ထုတ်ပေးမှာ ဖြစ်ပါတယ်” ဟု ဦးသိန်းဝင်းက ပြောသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ‌ရွှေလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များ၊ လုပ်ငန်းရှင်များက တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်မှသာ အစိုးရမှ ချမှတ်သည့်အမိန့် (သို့) ညွှန်ကြားချက် ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်းလည်း ဦးသိန်းဝင်းက ထည့်သွင်းပြောခဲ့သည်။

Zawgyi Version:
ေ႐ႊလုပ္ငန္းလိုင္စင္ေလွ်ာက္လႊာေပါင္း အေစာင္ ၁၅၀၀ ေက်ာ္တြင္ ၃၅၀ ေက်ာ္သာ လိုင္စင္က်ၿပီးျဖစ္
Pearl (NP News) - ဇြန္ ၁၆

ေ႐ႊလုပ္ငန္းလိုင္စင္ေလွ်ာက္လႊာေပါင္းအေစာင္ ၁၅၀၀ ေက်ာ္တြင္ ၃၅၀ ေက်ာ္သာ လိုင္စင္က်ၿပီးေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး၊ ကနဦးစိစစ္ေရးအဖြဲ႕ အတြင္းေရးမႉး ဦးသိန္းဝင္းက ေျပာသည္။
ၿပီးခဲ့သည့္ ဇြန္လ (၁၄) ရက္က က်င္းပေသာ ေ႐ႊေစ်းႏႈန္း၊ ေ႐ႊေစ်းကြက္တည္ၿငိမ္ေစေရးႏွင့္ ေမလ၊ လပတ္ေငြ စာရင္းရွင္းလင္း အတည္ျပဳျခင္း အစည္းအ‌ေဝး၌ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ရန္ကုန္တိုင္းေဒသႀကီး၊ ကနဦးစိစစ္ေရးအဖြဲ႕မွ လိုင္စင္ေလွ်ာက္လႊာစတင္လက္ခံခဲ့သည့္ ၿပီးခဲ့သည့္ ၂၀၂၄ ခုႏွစ္ ႏိုဝင္ဘာ (၁၈)ရက္မွ စ၍ ၂၀၂၅ခုႏွစ္ ေဖေဖာ္ဝါရီ (၁၇)ရက္အထိ (၃)လအတြင္း ေလွ်ာက္လႊာေစာင္ေရေပါင္း (၁၇၂၈)ေစာင္ လာေရာက္ထုတ္ယူခဲ့ၿပီး (၁၄၁၆) ေစာင္ ေလွ်ာက္ထားခဲ့ေၾကာင္း သိရသည္။
ေ႐ႊဆိုင္လုပ္ငန္းမ်ားက ဆက္လက္၍ လိုင္စင္ေလ်ာက္ထားလိုေသာေၾကာင့္ ၂၀၂၅ ခုႏွစ္ ေဖေဖာ္ဝါရီ (၁၈)ရက္ မွ လက္ရွိအခ်ိန္ထိ လိုင္စင္ေလွ်ာက္လႊာမ်ားကို ထပ္မံလက္ခံခဲ့ရာ (၁၂၇) ေစာင္ ေလွ်ာက္လႊာထုတ္ယူခဲ့ၿပီး (၁၃၂) ေစာင္ လာေရာက္ေလွ်ာက္ထားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ အဆိုပါ ေလွ်ာက္လႊာေပါင္း (၁၅၄၈) ေစာင္အနက္ လိုင္စင္က်ထားၿပီးေလွ်ာက္လႊာမွာ (၃၅၇) ေစာင္သာရွိေသးေၾကာင္း သိရသည္။

“အဲဒီထဲက လိုင္စင္က်ထားၿပီးသားစာရင္းက ၂၀၂၅ ခုႏွစ္ ဇြန္လ(၅)ရက္အထိ ၃၅၇ ေစာင္ လိုင္စင္က်ထားၿပီး ျဖစ္ပါတယ္။ ေနျပည္ေတာ္မွာ ေလွ်ာက္ထားသူကိုယ္တိုင္ လိုင္စင္ကိုသြားေရာက္ထုတ္ယူရမွာျဖစ္ပါတယ္။ က်န္းမာေရးအရ သြားေရာက္ထုတ္ယူဖို႔ ခက္ခဲရင္ ကြၽန္ေတာ္တို႔ဆီမွာ ကိုယ္စားထုတ္ယူခြင့္ပုံစံနဲ႔ လာတင္ပါ။ ကြၽန္ေတာ္တို႔ထုတ္ေပးမွာ ျဖစ္ပါတယ္” ဟု ဦးသိန္းဝင္းက ေျပာသည္။
ထို႔ျပင္ ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း၊ ျမန္မာႏိုင္ငံ‌ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းမွ အသင္းဝင္မ်ား၊ လုပ္ငန္းရွင္မ်ားက တာဝန္ရွိသူမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္မွသာ အစိုးရမွ ခ်မွတ္သည့္အမိန႔္ (သို႔) ၫႊန္ၾကားခ်က္ ကို အေကာင္အထည္ေဖာ္ႏိုင္မည္ျဖစ္ေၾကာင္းလည္း ဦးသိန္းဝင္းက ထည့္သြင္းေျပာခဲ့သည္။

© 2021. All rights reserved.