ရုရှား-ယူကရိန်းစစ်ပွဲ သုံးသပ်ချက်နှင့် မဟာဗျူဟာ ရှေ့အလားအလာ (ဆောင်းပါး)

 3980

ကိုလှိုင် (NP News) - စက်တင်ဘာ ၁၇

အခုဆိုရင် (၆)လကျော်လာပြီဖြစ်တဲ့ ရုရှား-ယူကရိန်း စစ်ပွဲမှာ ဘယ်ဘက်က စစ်ရေးအခြေအနေတွေ အကဲသာတယ်ဆိုတာ မြန်မာပြည်က "ကျွမ်းကျင်သူ"တွေ အပါအဝင် တစ်ကမ္ဘာလုံးက လူတွေ အတော်များများ သုံးသပ်ငြင်းခုံ နေကြတာတွေ့ရပါတယ်။ ဒီကိစ္စက တစ်ကမ္ဘာလုံးနဲ့ပတ်သက်နေတော့ လူတွေစိတ်ဝင်စားကြတာလည်း မဆန်းပါဘူး။

ပြဿနာတစ်ခုက အဲဒီသုံးသပ်ချက်တွေ၊ သတင်းတွေ၊ ငြင်းခုံမှုတွေမှာ ဘက်လိုက်မှုတွေ ဆန္ဒစွဲတွေ မလွတ်ကြတော့ ဖတ်ရတဲ့သူတွေမှာ ဘယ်ဟာက အမှား ဘယ်ဟာက အမှန်ဆိုတာ ဝေခွဲရခက်နေကြရတာပါ။ ဒါကလည်း နှစ်ဘက်စလုံးက ဒီလိုရှုပ်ထွေးအောင်လုပ်ချင်နေကြတာလားဆိုတာတော့ မပြောတတ်ပါဘူး။ သို့သော် ယခုအချိန်အထိ ရနိုင်သမျှ အမှန်လို့ ယူဆရတဲ့အချက်တွေကိုပဲ ရှာဖွေဖော်ထုတ်ပြီး ဖြစ်နိုင်သမျှ သဘာဝကျကျ သုံးသပ်ကြည့်ချင်ပါတယ်။

ပထမဆုံးအချက်ကတော့၊ ဒီစစ်ဟာ စစ်ရေးစစ်ရာတစ်ခုတည်း ကွက်ကြည့်လို့ရတဲ့ စစ် ပွဲ မဟုတ်ပါဘူး။ အနောက်အုပ်စုနဲ့ရုရှားတို့အကြား ပုဝါမကူ ရေမရှူစတမ်းတိုက်ခိုက်ကြမယ့် ဘက်စုံပေါင်းစပ် စစ်ပွဲကြီးရဲ့ တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်။

ဒုတိယအချက်ကတော့ ဒီစစ်ပွဲဟာ စစ်ရေးအရကြည့်မယ်ဆိုရင် အခုအချိန်အထိ နှစ်နိုင် ငံ အကြွင်းမဲ့စစ်ဖြစ်နေကြတာမဟုတ်ပါဘူး။ ရုရှားက အထူးစစ်ဆင်ရေးလို့ခေါ်တဲ့ ကန့်သတ်စစ်ပွဲအဆင့်ပဲ ရှိပါသေးတယ်။

ပြီးခဲ့တဲ့ (၆)လတာလအတွင်း နှစ်ဖက်တိုက်ခဲ့ကြရာမှာ နှစ်ဖက်စလုံးက အထိနာတာတွေရှိခဲ့သလို အသာရတာတွေလည်း ရှိခဲ့ကြတာတွေ့ရပါတယ်။

ဒီစစ် စဖြစ်ဖြစ်ချင်းမှာ ရုရှားဘက်က အသာစီးရခဲ့တာ အမှန်ပါပဲ။ စစ်အင်အားချင်းကလည်း ကွာတာကိုး။ အထူးသဖြင့်တော့ လေကြောင်းအကဲသာမှုပါ။ အချိန်တိုအတွင်း ယူကရိန်းလေတပ် မလှုပ်နိုင်အောင်ဖြစ်သွားခဲ့တယ်။ ရုရှားက သူကျွမ်းကျင်တဲ့ ဒုံးလက် နက်တွေကိုလည်း အတော်ထိရောက်အောင်သုံးခဲ့တာတွေ့ရပါတယ်။

စစ်ပွဲ ပထမပိုင်းမှာ ယူကရိန်း အရှေ့တောင်ပိုင်း ကမ်းခြေဒေသနဲ့ မြေက်ဘက်က ယူကရိန်းမြို့တော် ကိယက်ဗ်ကို ဦးတည်တိုက်ခဲ့ရာမှာ အရှေ့တောင်ပိုင်းမှာ အောင်မြင်မှုရှိခဲ့ပေမဲ့ ကိယက်ဗ်ကို ဦးတည်တဲ့စစ်ဆင်ရေးမှာတော့ ရုရှားတွေ အထိနာခဲ့တယ်။ ဒီနေ ရာမှာ လေ့လာသူတွေက ရုရှားတွေရဲ့ အားနည်းချက်တွေကို တသီကြီး ထောက်ပြကြတယ်။

အဓိက အချက်ကတော့ စစ်သေနာပတိချုပ် သမ္မတ ပူတင်ရဲ့ မဟာဗျူဟာတွက်ချက်မှု အမှားပဲ။ ပူတင်က ဆီးရီးယားစစ်မြေပြင်နဲ့ ၂ဝ၁၄ ခရိုင်းမီးယားကျွန်းဆွယ်သိမ်းပိုက်မှုတွေမှာ လွယ်လွယ်နဲ့အောင်ပွဲတွေရခဲ့တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲ သွားတယ်။ ဒါကြောင့် အခုတစ်ခါမှာ ယူကရိန်းတပ်တွေရဲ့ ခုခံမှုကို လျှော့တွက်ခဲ့ပုံရတယ်။ ကိယက်ဗ်လို ရန်သူရဲ့ အချက်အခြာနယ်မြေကို ဂျာမန်တွေ ဒုတိယကမ္ဘာစစ်တုန်းက သုံးခဲ့တဲ့ blitzkrieg လျှပ်တပြက် မုန်တိုင်း စစ်ဆင်မှုပုံစံမျိုးနဲ့ သိမ်းပိုက်နိုင်မယ်လို့ ယူဆပြီး ပေါ့ပေါ့ပါးပါးနဲ့ စစ်ကစားမှုမြန်ဆန်တဲ့ အထူးတပ်တွေကိုသုံးခဲ့တယ်။ ဒီတပ်တွေက သမားရိုးကျ ခြေလျင်တပ်အကူမပါဘဲ ကားလမ်းအတိုင်း တစ်ကြောင်းထိုး ချီတက်တော့ ယူကရိန်းခြေလျင်တပ်ဖွဲ့ အနည်းငယ်က ခြုံခိုတိုက်တာခံရပြီး ရှေ့ဆုံးက သံချပ်ကာတွေပိတ်ဆို့ကုန်တော့ ချီစစ်အဟုန်ရပ်တန့်သွားတယ်။ နောက်ပိုင်း ထောက်ပံ့ပို့ဆောင်ရေးကို ကိယက်ဗ်မြို့တော်နားက Hostomel လေဆိပ်ကို လေကြောင်းချီအထူးတပ်ဖွဲ့တွေနဲ့ သိမ်းပိုက်ဖို့ လုပ်ခဲ့ရာမှာလည်း အထိနာခဲ့တယ်။

ရုရှားဘက်က အကြပ်တွေ့နေချိန်မှာ ယူကရိန်းဘက်က ကိယက်ဗ်မြို့ကို အထိနာအောင် ရုရှားက မတိုက်ခဲ့လို့ သက်သာရာရခဲ့တယ်။ အရပ်သားတွေကို ပစ်မှတ်ထားတယ်လို့စွပ်စွဲခံရမှာစိုးလို့ စစ်ဘက်ပစ်မှတ်တွေကိုပဲ ဒုံးတွေနဲ့ပစ်တာမို့ ကိယက်ဗ်မှာ စစ်ဖြစ်နေပေမဲ့ ရေမီးပုံမှန်ပဲ။ နယ်စပ်နဲ့ဆက်တဲ့ မီးရထားလမ်းတွေလည်း ဗုံးကြဲမခံရတော့ အနောက်အုပ်စုရဲ့ စစ်ရေးအကူအညီတွေက အဆီးအတားမရှိ တောက်လျှောက် ဝင်လာနေတာ ဥရောပနိုင်ငံခေါင်းဆောင်တွေတောင် ရထားစီးပြီး ကိယက်ဗ်ကို လာလည်ကြတဲ့အထိပဲ။ ကိုဆိုဗို စစ်ပွဲတုန်းက အမေရိကန်ဆိုရင် စစ်မြေပြင်နဲ့ဘာမှမဆိုင်တဲ့ ဆားဗီးယားမြို့တော် ဘဲလ်ဂရိတ်ကို မဟာဗျူဟာမြောက် ဗုံးကြဲတယ်ဆိုပြီး ရေမီးမိလ္လာစနစ်ပါမကျန် အကုန်ဖျက်တာ၊ တရုတ်သံရုံးတောင် မြေပုံမှားလို့ဆိုပြီး တမင်အဆစ်ပါသွားသေးတယ်။

ကိယက်ဗ်ကိုလည်း တကယ်သိမ်းဖို့တိုက်တာ ဟုတ်ချင်မှဟုတ်မယ်။ ချောက်လှန့်ပြီးတော့ သမ္မတ ဇီလန်စကီး ပြုတ်ကျအောင်၊ဒါမှမဟုတ် ထွက်ပြေးအောင် လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ အလောင်းအစားက အလုပ်မဖြစ်လိုက်ဘူး။ ဇီလန်စကီးက အနောက်နိုင်ငံတွေ တိုက်တွန်းတာတောင် မပြေးဘဲ လက်နက်နဲ့ကျည်ဆံတွေပဲတောင်းတော့ သူရဲကောင်းကြီးဖြစ်သွားပြီး အနောက်နိုင်ငံအားလုံးက ဝိုင်းထောက်ပံ့ကြတာနဲ့ ယူကရိန်းမှာ မဟာဗျူဟာ အလှည့်အပြောင်းဖြစ်သွားခဲ့ပါတော့တယ်။

ရုရှားအနေနဲ့ ကိယက်ဗ်ဘက်ကို လက်လျှော့လိုက်ရပြီး ယူကရိန်း အရှေ့တောင်ဘက် ရုရှားနွယ်ဖွား အမာခံတွေရှိတဲ့ ဒွန်ဘတ်စ်ဒေသကိုပဲ အခိုင်အမာသိမ်းပိုက်နိုင်အောင် ကြိုးပမ်းရပါတော့တယ်။ အဓိကကျတဲ့ မာရီယူပိုလ် ဆိပ်ကမ်းမြို့ကို ရုရှားတွေက အား ကုန်သုံးပြီး သိမ်းပိုက်ခဲ့တော့ ယူကရိန်းတွေလည်း အထိနာခဲ့ပါတယ်။

အခုအချိန်မှာတော့ ယူကရိန်းနဲ့ ရုရှားအကြားမှာ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းဖြေရှင်းဖို့ဆိုတာ အတော်အလှမ်းဝေးသွားပါပြီ။ ရုရှားအနေနဲ့ကလည်း အမေရိကန်နဲ့ အနောက်အုပ် စုက စုပြုံပေးနေတဲ့ ခေတ်မီစစ်လက်နက်ပစ္စည်းတွေ အားကိုးနဲ့စွာနေတဲ့ ယူကရိန်းကို ဦးမနှိမ်နိုင်ရင် အရှက်ကွဲဖို့ရှိတယ်။ ရုရှားအလံတင် သင်္ဘော မော့စကာဗာ အမြှုပ်ခံလိုက်ရတာနဲ့ မကြာခင်က ယူကရိန်းအရှေ့မြောက် ကာကိဗ်မှာ ယူကရိန်းတန်ပြန်ထိုး စစ်ကြောင့် ရုရှားတပ်တွေဆုတ်ပေးလိုက်ရတာတွေဟာ ရုရှား ပြည်တွင်းနိုင်ငံရေးမှာ ပူတင်အတွက်ထိခိုက်လာနိုင်စရာတွေရှိပါတယ်။

ဒီကြားထဲမှာ အနောက်အုပ်စုနဲ့ ရုရှားအကြား နိုင်ငံရေး၊ သံတမန်ရေး၊ မီဒီယာ၊ ငွေကြေးနဲ့ စီးပွားရေး စစ်ပွဲတွေက ပိုပြီးပြင်းထန်လာနေပါတယ်။ သံတမန်ရေးအရပြောရင် အခုကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကိုတောင်မှ ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗရော့ မတက်နိုင်အောင် အိမ်ရှင် အမေရိကန်က ဗီဇာမပေးဘူးလိုလို လုပ်ထားပြီး ရက်ပိုင်းအလိုကျမှ ကပ်ပြီးထုတ်ပေးခဲ့တာတွေ့ရပါတယ်။

အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ရုရှားကို ကမ္ဘာ့အသိုက်အဝန်းကနေဖယ်ထုတ်ပြီး အထီးကျန်ဘဝရောက်အောင်အသည်းအသန် ကြိုးစားနေပေမဲ့ ရုရှားကလည်း တန်ပြန်အုပ်စုဖွဲ့လာတဲ့အတွက် ကမ္ဘာက နှစ်ခြမ်းကွဲလာတော့မလို ဖြစ်နေပါပြီ။ ထူးခြားတာက တော့ အိန္ဒိယနိုင်ငံဟာ အမေရိကန်ဦးစီးပြီး တရုတ်ကိုထိန်းချုပ်ဖို့ရည်ရွယ်ဖွဲ့စည်းထားတဲ့ အင်ဒိုပစိဖိတ် စီးပွားရေးဖိုရမ် အဖွဲ့ကနေထွက်ပြီး ရုရှားနဲ့ တရုတ်ဦးဆောင်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO မှာ တက်ကြွစွာပါဝင်လာတာဖြစ်ပါတယ်။ မကြာခင်က ဥဇဘက်ကစ္စတန်မှာကျင်းပတဲ့ SCO ထိပ်သီးအစည်းအဝေးမှာ အိန္ဒိယ ဝန် ကြီးချုပ် မိုဒီတက်ရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ သီးခြားတွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။ အာရှမှာ ကမ္ဘာ့အဆင့်အင်အားကြီးဖြစ်တဲ့ ပြိုင်ဘက်နှစ်နိုင်ငံရဲ့ မဟာဗျူဟာဆက်ဆံရေး အချိုးအကွေ့က စိတ်ဝင်စားစရာပါပဲ။ SCO မှာ ဝင်လာတဲ့ အီရန်ကလည်း ရုရှားနဲ့ အဆင့်တိုင်းမှာ တိုးမြှင့်ပြီး ပူးပေါင်းဆောင်ရွက်မယ်လို့ပြောလာတော့ SCO အုပ်စုရဲ့ခြေလှမ်းတွေကလည်း စိတ်ဝင်တစားစောင့်ကြည့်ဖို့လိုလာမှာပါ။ ကမ္ဘာ့လူဦးရေတစ်ဝက်လောက်ရှိပြီး ကမ္ဘာ့ စီးပွားရေးရဲ့ ၂ဝ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၁၈ ထရီလျံ) ရှိတဲ့ ဒီအဖွဲ့က အာရှတိုက်မှာ မြေဧရိယာအများစုကို လွှမ်းခြုံပိုင်ဆိုင်ထားတာမို့ SCO အင်အားတောင့်တင်းလာမှုဟာ ပထဝီနိုင်ငံရေးမှာ အစွန်အဖျားကျတဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေအတွက်တော့ ခေါင်းခဲစရာ အိပ်မက်ဆိုးတစ်ခုဖြစ်လာနိုင်ပါတယ်။

အထူးသဖြင့် စီးပွားရေးအပိုင်းမှာ အခု ကမ္ဘာကို ကိုင်လှုပ်နေတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့နဲ့ပတ်သက်လို့ ကမ္ဘာ့ရေနံအရင်းအမြစ် ၂၄ ရာခိုင်နှုန်းနဲ့ ဓါတ်ငွေ့အရင်းအမြစ် ၅၅ ရာ ခိုင်နှုန်းကို ထိန်းချုပ်ထားတာမို့ ကမ္ဘာကြီးကို ဇက်ကြိုးထိန်းထားနိုင်သလို ကမ္ဘာ့ စားနပ် ရိက္ခာဆိုရင်လည်း ကမ္ဘာမှာ ဂျုံ နဲ့ နေကြာဆီ အများဆုံးထုတ်နေတဲ့ ရုရှားနဲ့ ဆန်အများဆုံးတင်ပို့တဲ့အိန္ဒိယတို့ ပါဝင်နေတာဖြစ်ပါတယ်။ တရုတ်လို စွမ်းအင်နဲ့ ရိက္ခာအများဆုံး တင်သွင်းနေရတဲ့ နိုင်ငံအတွက်လည်း SCO က အဆင်ပြေသလို တရုတ်ဈေးကွက်ကြီးရထားတဲ့ ထုတ်လုပ်သူတွေအတွက်လည်း အဆင်ပြေမှာဖြစ်ပါတယ်။

အနောက်အုပ်စုရဲ့ စီးပွားရေးပိတ်ဆို့မှုခံနေရတဲ့ ရုရှား၊ အီရန်နဲ့ တရုတ်တို့အတွက် ဒါက အရေးပါတဲ့ထွက်ပေါက်ဖြစ်လာသလို၊ အမေရိကန်ဒေါ်လာကန့်သတ်ပိတ်ဆို့မှုက ရုန်းထွက်ဖို့လည်း အခွင့်ကောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။

အခုကိုပဲကြည့်လိုက်ရင် ရုရှားဟာ အနောက်အုပ်စုက ရေနံနဲ့ ဓါတ်ငွေ့ပိတ်ဆို့မှ ကမ္ဘာ့လောင်စာဈေးတွေတက်ကုန်လို့ ရောင်းရငွေဟာ ပိုတောင်များလာတယ်လို့ဆိုပါတယ်။ရုရှားကို စီးပွားပျက်အောင်လုပ်ပြီး စစ်ရှုံးအောင်လုပ်ဖို့ကြံစည်ထားတဲ့ ဥရောပနိုင်ငံတွေကတော့ လောင်စာဈေးကတက်၊ ဓါတ်ငွေ့တွေပြတ်ပြီး စီးပွားရေးကျဆင်းမှုနဲ့ရင်ဆိုင်နေရချိန်မှာ ရောက်လာတော့မယ့် ဆောင်းရာသီကို အနွေးဓါတ်မရှိဘဲရင်ဆိုင်ရတဲ့အခါ ဘယ်လောက်တောင့်ခံနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဥရောပဟာ ရုရှားဓါတ်ငွေ့ကို ၄ဝ ရာခိုင်နှုန်းလောက်အထိ မှီခိုနေရတာမို့ ကိုယ့်နှာခေါင်းကိုယ်ပိတ်ပြီး သေကြောင်းကြံသလို ဖြစ်သွားနိုင်ပါတယ်။ အခုကိုပဲ ဥရောပမှာ ငွေကြေးဖောင်းပွ၊ ကုန်ဈေးနှုန်းတက်လို့ အလုပ်သမားတွေ ဆန္ဒပြကုန်ကြပါပြီ။

ဒီအတောအတွင်းမှာ ရွေးကောက်ပွဲရှိတဲ့ ဥရောပနိုင်ငံတွေလည်း ဒီဂယက်ကြောင့် သက် ရောက်မှုတွေ ရှိလာပါလိမ့်မယ်။ လောလောလတ်လတ် ဆွီဒင်မှာတော့ ဝန်ကြီးချုပ် ပြုတ်သွားပါပြီ။ မကြာခင်မှာ လတ်ဗီးယားတို့ ဩစတြီးယား၊ ဆလိုဗင်းနီးယား တို့မှာလည်း ရွေးကောက်ပွဲတွေရှိနေပါတယ်။

ဒီစစ်ပွဲရဲ့သက်ရောက်မှုက ဥရောပ တစ်ခုတည်းတင်မဟုတ်ပါဘူး။ အမေရိကန်မှာ မီးရ ထားအလုပ်သမားတွေ သပိတ်မှောက်ဖို့လုပ်နေကြလို့ အစိုးရက ကြားဝင်ပြီး အသည်း အသန်ညှိနေကြရပါတယ်။ လာမယ့်နိုဝင်ဘာလမှာ ပြုလုပ်ဖို့ရှိတဲ့ အမေရိကန် သက် တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲတွေအပေါ်မှာလည်း ဖိအားတွေရှိလာပါလိမ့်မယ်။ အခြေအနေသိပ်မကောင်းတဲ့ ဘိုင်ဒန်ရဲ့ ဒီမိုကရက်ပါတီကတော့ တိုင်ဝမ်ကိစ္စကို အသုံး ချပြီး တရုတ်ကိုရန်သွားစပြီးတော့ မဲဆန္ဒရှင်တွေကို အာရုံလွှဲနေသလိုပါပဲ။ ဒီမတိုင်ခင် ရွေးကောက်ပွဲနိုင်ရေးအတွက် ရုရှားကိုလည်း ဒုက္ခပေးဖို့လုပ်နေဦးမှာပါ။ ယူကရိန်းကိုလည်း စစ်ရေးကူညီထောက်ပံ့မှုတွေ ထပ်တိုးနေဦးမှာပါ။ ဒါမှလည်း အမေရိကန် လက် နက် ကုမ္ပဏီတွေ ဝင်ငွေတိုး၊ ရွေးကောက်ပွဲ မဲဆွယ်ရန်ပုံငွေပိုရ။ အမေရိကန်အစိုးရနဲ့ ရေနံသူဋ္ဌေးတွေ လက်နက်ကုမ္ပဏီတွေအတွက် ဟန်ကျနေကြမှာဖြစ်ပါတယ်။

အနေအထားကတော့ ယူကရိန်းစစ်ပွဲက ပြီးဖို့မလွယ်သေးဘဲ အမျှင်တန်းနေဦးမယ်လို့မှန်းပါတယ်။ တစ်ချို့ကလည်း ခေါင်းမာတဲ့ထိပ်သီးနှစ်ယောက် မရှိရင် ပွဲပြီးသွားနိုင်မလား တွေးလာကြပုံရပါတယ်။ မကြာခင်ကပဲ ဇီလန်စကီး ယာဉ်တိုက်မှုဖြစ်တဲ့သတင်းနဲ့ ပူတင်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းတွေတက်လာတာတွေ့ရပါတယ်။ ပူတင်သတင်းကတော့ သတင်းမှားလို့ဖြေရှင်းချက်ထွက်လာပေမဲ့ နှစ်ဖက်စလုံးက အတွင်းစည်းမှာ တိုးတိုးတိတ်တိတ် ကြိတ်ရှင်းနေကြတဲ့ အရှုပ်တော်ပုံတွေလည်း ရှိနေတာတွေ့ရပါတယ်။ ယူကရိန်းဘက်မှာ ထောက်လှမ်းရေးနဲ့ လခရအကြီးအ ကဲတွေကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ဇီလန်းစကီးက ဖြုတ်ထုတ်သတ်လုပ်ပစ်ခဲ့သလို ရုရှားဘက်မှာလည်း နိုင်ငံပိုင် အဓိက ဓါတ်ငွေ့ကုမ္ပဏီကြီးဖြစ်တဲ့ ဂက်စပရွန်က အကြီးအ ကဲတွေတော်တော်များများ နှလုံးရောဂါနဲ့သေ၊ ဆေးရုံပေါ်က ပြုတ်ကျပြီးသေ၊ ကိုယ့်ကိုယ်ကိုယ်သတ်သေနဲ့ ကိစ္စချောကုန်ကြတာတွေ့ရပါတယ်။ ပူတင်ရဲ့ မဟာဗျူဟာ အကြံပေးတစ်ယောက်ကို ကားဗုံးခွဲလုပ်ကြံဖို့ကြိုးစားရာမှာ သမီးဖြစ်သူ သတင်းသမား သေဆုံးသွားခဲ့ပြီး ဒီကိစ္စက ယူကရိန်းလက်ချက်လို့ ရုရှားဘက်က စွပ်စွဲတာတွေ့ရပါတယ်။

သေချာတာကတော့ အမှိုက်ကစ ပြဿာဒ်မီးလောင်ဆိုတာလို ယူကရိန်ယစစ်မီးက ကမ္ဘာကြီးတစ်ခုလုံးကိုပါ အပူဟပ်လာပြီး၊ ကိုဗစ်ကပ်ရောဂါဒဏ်က နာလန်မထူသေးခင်မှာ နောက်ထပ် ဒဏ်ရာဒဏ်ချက်တွေ ပေးလာနေတာဖြစ်ပြီး ဒီစစ်မီးကလည်း ကမ္ဘာကြီး နှစ်ခြမ်းကွဲကာ တစ်ဖက်ဖက်က အထိနာ အားကုန်မသွားမချင်း ပြီးနိုင်ဦးမှာ မ ဟုတ်ဘဲ "စစ်ညောင်းတာရှည် ကမ္ဘာမြေ" ဖြစ်နေဦးမှာပါပဲ။

နောက်ဆုံးမှာ စစ်မြေပြင်က ယူကရိန်းပြည်သူတွေကတော့ အိမ်တွေပြာကျ၊ လူတွေသေကြ၊ မသေအောင်ပြေးကြ၊ တစ်ကမ္ဘာလုံးလည်း လောင်စာဆီဈေးတက်၊ကုန်ဈေး နှုန်းတက်၊ စားနပ်ရိက္ခာပြတ်လပ်၊ ဆူကြပူကြ၊ ဒီစစ်ပွဲက ပြီးဆုံးဖို့ လမ်းမမြင်သေးသမျှ ကပ်ဘေးဒုက္ခတွေကို ခါးစည်းပြီး ခံကြရဖို့ရှိတာမို့ မိမိတို့ဖာသာ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံတွေ အားလုံးကြိုးပမ်းပြင်ဆင်ထားနိုင်ဖို့လိုမှာဖြစ်ပါကြောင်း သုံး သပ် တင်ပြလိုက်ရပါတယ်။

မှတ်ချက် - ဆောင်းပါးရှင် ကိုလှိုင်သည် နိုင်ငံတကာရေးရာသုတေသီတစ်ဦးဖြစ်ပြီး လက်ရှိတွင် နစက၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသည်။

zawgyi version
႐ုရွား-ယူကရိန္းစစ္ပြဲ သုံးသပ္ခ်က္ႏွင့္ မဟာဗ်ဴဟာ ေရွ႕အလားအလာ (ေဆာင္းပါး)
ကိုလႈိင္ (NP News) - စက္တင္ဘာ ၁၇

အခုဆိုရင္ (၆)လေက်ာ္လာၿပီျဖစ္တဲ့ ႐ုရွား-ယူကရိန္း စစ္ပြဲမွာ ဘယ္ဘက္က စစ္ေရးအေျခအေနေတြ အကဲသာတယ္ဆိုတာ ျမန္မာျပည္က "ကြၽမ္းက်င္သူ"ေတြ အပါအဝင္ တစ္ကမာၻလုံးက လူေတြ အေတာ္မ်ားမ်ား သုံးသပ္ျငင္းခုံ ေနၾကတာေတြ႕ရပါတယ္။ ဒီကိစၥက တစ္ကမာၻလုံးနဲ႔ပတ္သက္ေနေတာ့ လူေတြစိတ္ဝင္စားၾကတာလည္း မဆန္းပါဘူး။

ျပႆနာတစ္ခုက အဲဒီသုံးသပ္ခ်က္ေတြ၊ သတင္းေတြ၊ ျငင္းခုံမႈေတြမွာ ဘက္လိုက္မႈေတြ ဆႏၵစြဲေတြ မလြတ္ၾကေတာ့ ဖတ္ရတဲ့သူေတြမွာ ဘယ္ဟာက အမွား ဘယ္ဟာက အမွန္ဆိုတာ ေဝခြဲရခက္ေနၾကရတာပါ။ ဒါကလည္း ႏွစ္ဘက္စလုံးက ဒီလိုရႈပ္ေထြးေအာင္လုပ္ခ်င္ေနၾကတာလားဆိုတာေတာ့ မေျပာတတ္ပါဘူး။ သို႔ေသာ္ ယခုအခ်ိန္အထိ ရႏိုင္သမွ် အမွန္လို႔ ယူဆရတဲ့အခ်က္ေတြကိုပဲ ရွာေဖြေဖာ္ထုတ္ၿပီး ျဖစ္ႏိုင္သမွ် သဘာဝက်က် သုံးသပ္ၾကည့္ခ်င္ပါတယ္။

ပထမဆုံးအခ်က္ကေတာ့၊ ဒီစစ္ဟာ စစ္ေရးစစ္ရာတစ္ခုတည္း ကြက္ၾကည့္လို႔ရတဲ့ စစ္ ပြဲ မဟုတ္ပါဘူး။ အေနာက္အုပ္စုနဲ႔႐ုရွားတို႔အၾကား ပုဝါမကူ ေရမရႉစတမ္းတိုက္ခိုက္ၾကမယ့္ ဘက္စုံေပါင္းစပ္ စစ္ပြဲႀကီးရဲ႕ တစ္စိတ္တစ္ပိုင္းပဲ ရွိပါေသးတယ္။

ဒုတိယအခ်က္ကေတာ့ ဒီစစ္ပြဲဟာ စစ္ေရးအရၾကည့္မယ္ဆိုရင္ အခုအခ်ိန္အထိ ႏွစ္ႏိုင္ ငံ အႂကြင္းမဲ့စစ္ျဖစ္ေနၾကတာမဟုတ္ပါဘူး။ ႐ုရွားက အထူးစစ္ဆင္ေရးလို႔ေခၚတဲ့ ကန္႔သတ္စစ္ပြဲအဆင့္ပဲ ရွိပါေသးတယ္။

ၿပီးခဲ့တဲ့ (၆)လတာလအတြင္း ႏွစ္ဖက္တိုက္ခဲ့ၾကရာမွာ ႏွစ္ဖက္စလုံးက အထိနာတာေတြရွိခဲ့သလို အသာရတာေတြလည္း ရွိခဲ့ၾကတာေတြ႕ရပါတယ္။

ဒီစစ္ စျဖစ္ျဖစ္ခ်င္းမွာ ႐ုရွားဘက္က အသာစီးရခဲ့တာ အမွန္ပါပဲ။ စစ္အင္အားခ်င္းကလည္း ကြာတာကိုး။ အထူးသျဖင့္ေတာ့ ေလေၾကာင္းအကဲသာမႈပါ။ အခ်ိန္တိုအတြင္း ယူကရိန္းေလတပ္ မလႈပ္ႏိုင္ေအာင္ျဖစ္သြားခဲ့တယ္။ ႐ုရွားက သူကြၽမ္းက်င္တဲ့ ဒုံးလက္ နက္ေတြကိုလည္း အေတာ္ထိေရာက္ေအာင္သုံးခဲ့တာေတြ႕ရပါတယ္။

စစ္ပြဲ ပထမပိုင္းမွာ ယူကရိန္း အေရွ႕ေတာင္ပိုင္း ကမ္းေျခေဒသနဲ႔ ေျမက္ဘက္က ယူကရိန္းၿမိဳ႕ေတာ္ ကိယက္ဗ္ကို ဦးတည္တိုက္ခဲ့ရာမွာ အေရွ႕ေတာင္ပိုင္းမွာ ေအာင္ျမင္မႈရွိခဲ့ေပမဲ့ ကိယက္ဗ္ကို ဦးတည္တဲ့စစ္ဆင္ေရးမွာေတာ့ ႐ုရွားေတြ အထိနာခဲ့တယ္။ ဒီေန ရာမွာ ေလ့လာသူေတြက ႐ုရွားေတြရဲ႕ အားနည္းခ်က္ေတြကို တသီႀကီး ေထာက္ျပၾကတယ္။

အဓိက အခ်က္ကေတာ့ စစ္ေသနာပတိခ်ဳပ္ သမၼတ ပူတင္ရဲ႕ မဟာဗ်ဴဟာတြက္ခ်က္မႈ အမွားပဲ။ ပူတင္က ဆီးရီးယားစစ္ေျမျပင္နဲ႔ ၂ဝ၁၄ ခ႐ိုင္းမီးယားကြၽန္းဆြယ္သိမ္းပိုက္မႈေတြမွာ လြယ္လြယ္နဲ႔ေအာင္ပြဲေတြရခဲ့ေတာ့ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈလြန္ကဲ သြားတယ္။ ဒါေၾကာင့္ အခုတစ္ခါမွာ ယူကရိန္းတပ္ေတြရဲ႕ ခုခံမႈကို ေလွ်ာ့တြက္ခဲ့ပုံရတယ္။ ကိယက္ဗ္လို ရန္သူရဲ႕ အခ်က္အျခာနယ္ေျမကို ဂ်ာမန္ေတြ ဒုတိယကမာၻစစ္တုန္းက သုံးခဲ့တဲ့ blitzkrieg လွ်ပ္တျပက္ မုန္တိုင္း စစ္ဆင္မႈပုံစံမ်ိဳးနဲ႔ သိမ္းပိုက္ႏိုင္မယ္လို႔ ယူဆၿပီး ေပါ့ေပါ့ပါးပါးနဲ႔ စစ္ကစားမႈျမန္ဆန္တဲ့ အထူးတပ္ေတြကိုသုံးခဲ့တယ္။ ဒီတပ္ေတြက သမား႐ိုးက် ေျခလ်င္တပ္အကူမပါဘဲ ကားလမ္းအတိုင္း တစ္ေၾကာင္းထိုး ခ်ီတက္ေတာ့ ယူကရိန္းေျခလ်င္တပ္ဖြဲ႕ အနည္းငယ္က ၿခဳံခိုတိုက္တာခံရၿပီး ေရွ႕ဆုံးက သံခ်ပ္ကာေတြပိတ္ဆို႔ကုန္ေတာ့ ခ်ီစစ္အဟုန္ရပ္တန္႔သြားတယ္။ ေနာက္ပိုင္း ေထာက္ပံ့ပို႔ေဆာင္ေရးကို ကိယက္ဗ္ၿမိဳ႕ေတာ္နားက Hostomel ေလဆိပ္ကို ေလေၾကာင္းခ်ီအထူးတပ္ဖြဲ႕ေတြနဲ႔ သိမ္းပိုက္ဖို႔ လုပ္ခဲ့ရာမွာလည္း အထိနာခဲ့တယ္။

႐ုရွားဘက္က အၾကပ္ေတြ႕ေနခ်ိန္မွာ ယူကရိန္းဘက္က ကိယက္ဗ္ၿမိဳ႕ကို အထိနာေအာင္ ႐ုရွားက မတိုက္ခဲ့လို႔ သက္သာရာရခဲ့တယ္။ အရပ္သားေတြကို ပစ္မွတ္ထားတယ္လို႔စြပ္စြဲခံရမွာစိုးလို႔ စစ္ဘက္ပစ္မွတ္ေတြကိုပဲ ဒုံးေတြနဲ႔ပစ္တာမို႔ ကိယက္ဗ္မွာ စစ္ျဖစ္ေနေပမဲ့ ေရမီးပုံမွန္ပဲ။ နယ္စပ္နဲ႔ဆက္တဲ့ မီးရထားလမ္းေတြလည္း ဗုံးႀကဲမခံရေတာ့ အေနာက္အုပ္စုရဲ႕ စစ္ေရးအကူအညီေတြက အဆီးအတားမရွိ ေတာက္ေလွ်ာက္ ဝင္လာေနတာ ဥေရာပႏိုင္ငံေခါင္းေဆာင္ေတြေတာင္ ရထားစီးၿပီး ကိယက္ဗ္ကို လာလည္ၾကတဲ့အထိပဲ။ ကိုဆိုဗို စစ္ပြဲတုန္းက အေမရိကန္ဆိုရင္ စစ္ေျမျပင္နဲ႔ဘာမွမဆိုင္တဲ့ ဆားဗီးယားၿမိဳ႕ေတာ္ ဘဲလ္ဂရိတ္ကို မဟာဗ်ဴဟာေျမာက္ ဗုံးႀကဲတယ္ဆိုၿပီး ေရမီးမိလႅာစနစ္ပါမက်န္ အကုန္ဖ်က္တာ၊ တ႐ုတ္သံ႐ုံးေတာင္ ေျမပုံမွားလို႔ဆိုၿပီး တမင္အဆစ္ပါသြားေသးတယ္။

ကိယက္ဗ္ကိုလည္း တကယ္သိမ္းဖို႔တိုက္တာ ဟုတ္ခ်င္မွဟုတ္မယ္။ ေခ်ာက္လွန္႔ၿပီးေတာ့ သမၼတ ဇီလန္စကီး ျပဳတ္က်ေအာင္၊ဒါမွမဟုတ္ ထြက္ေျပးေအာင္ လုပ္တာလည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ အဲဒီ အေလာင္းအစားက အလုပ္မျဖစ္လိုက္ဘူး။ ဇီလန္စကီးက အေနာက္ႏိုင္ငံေတြ တိုက္တြန္းတာေတာင္ မေျပးဘဲ လက္နက္နဲ႔က်ည္ဆံေတြပဲေတာင္းေတာ့ သူရဲေကာင္းႀကီးျဖစ္သြားၿပီး အေနာက္ႏိုင္ငံအားလုံးက ဝိုင္းေထာက္ပံ့ၾကတာနဲ႔ ယူကရိန္းမွာ မဟာဗ်ဴဟာ အလွည့္အေျပာင္းျဖစ္သြားခဲ့ပါေတာ့တယ္။

႐ုရွားအေနနဲ႔ ကိယက္ဗ္ဘက္ကို လက္ေလွ်ာ့လိုက္ရၿပီး ယူကရိန္း အေရွ႕ေတာင္ဘက္ ႐ုရွားႏြယ္ဖြား အမာခံေတြရွိတဲ့ ဒြန္ဘတ္စ္ေဒသကိုပဲ အခိုင္အမာသိမ္းပိုက္ႏိုင္ေအာင္ ႀကိဳးပမ္းရပါေတာ့တယ္။ အဓိကက်တဲ့ မာရီယူပိုလ္ ဆိပ္ကမ္းၿမိဳ႕ကို ႐ုရွားေတြက အား ကုန္သုံးၿပီး သိမ္းပိုက္ခဲ့ေတာ့ ယူကရိန္းေတြလည္း အထိနာခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ ယူကရိန္းနဲ႔ ႐ုရွားအၾကားမွာ ႏိုင္ငံေရးအရ ေစ့စပ္ညႇိႏႈိင္းေျဖရွင္းဖို႔ဆိုတာ အေတာ္အလွမ္းေဝးသြားပါၿပီ။ ႐ုရွားအေနနဲ႔ကလည္း အေမရိကန္နဲ႔ အေနာက္အုပ္ စုက စုၿပဳံေပးေနတဲ့ ေခတ္မီစစ္လက္နက္ပစၥည္းေတြ အားကိုးနဲ႔စြာေနတဲ့ ယူကရိန္းကို ဦးမႏွိမ္ႏိုင္ရင္ အရွက္ကြဲဖို႔ရွိတယ္။ ႐ုရွားအလံတင္ သေဘၤာ ေမာ့စကာဗာ အျမႇဳပ္ခံလိုက္ရတာနဲ႔ မၾကာခင္က ယူကရိန္းအေရွ႕ေျမာက္ ကာကိဗ္မွာ ယူကရိန္းတန္ျပန္ထိုး စစ္ေၾကာင့္ ႐ုရွားတပ္ေတြဆုတ္ေပးလိုက္ရတာေတြဟာ ႐ုရွား ျပည္တြင္းႏိုင္ငံေရးမွာ ပူတင္အတြက္ထိခိုက္လာႏိုင္စရာေတြရွိပါတယ္။

ဒီၾကားထဲမွာ အေနာက္အုပ္စုနဲ႔ ႐ုရွားအၾကား ႏိုင္ငံေရး၊ သံတမန္ေရး၊ မီဒီယာ၊ ေငြေၾကးနဲ႔ စီးပြားေရး စစ္ပြဲေတြက ပိုၿပီးျပင္းထန္လာေနပါတယ္။ သံတမန္ေရးအရေျပာရင္ အခုက်င္းပေနတဲ့ ကုလသမဂၢ အေထြေထြညီလာခံကိုေတာင္မွ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး လက္ဗေရာ့ မတက္ႏိုင္ေအာင္ အိမ္ရွင္ အေမရိကန္က ဗီဇာမေပးဘူးလိုလို လုပ္ထားၿပီး ရက္ပိုင္းအလိုက်မွ ကပ္ၿပီးထုတ္ေပးခဲ့တာေတြ႕ရပါတယ္။

အေမရိကန္နဲ႔ အေနာက္ႏိုင္ငံေတြက ႐ုရွားကို ကမာၻ႔အသိုက္အဝန္းကေနဖယ္ထုတ္ၿပီး အထီးက်န္ဘဝေရာက္ေအာင္အသည္းအသန္ ႀကိဳးစားေနေပမဲ့ ႐ုရွားကလည္း တန္ျပန္အုပ္စုဖြဲ႕လာတဲ့အတြက္ ကမာၻက ႏွစ္ျခမ္းကြဲလာေတာ့မလို ျဖစ္ေနပါၿပီ။ ထူးျခားတာက ေတာ့ အိႏၵိယႏိုင္ငံဟာ အေမရိကန္ဦးစီးၿပီး တ႐ုတ္ကိုထိန္းခ်ဳပ္ဖို႔ရည္႐ြယ္ဖြဲ႕စည္းထားတဲ့ အင္ဒိုပစိဖိတ္ စီးပြားေရးဖိုရမ္ အဖြဲ႕ကေနထြက္ၿပီး ႐ုရွားနဲ႔ တ႐ုတ္ဦးေဆာင္တဲ့ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ SCO မွာ တက္ႂကြစြာပါဝင္လာတာျဖစ္ပါတယ္။ မၾကာခင္က ဥဇဘက္ကစၥတန္မွာက်င္းပတဲ့ SCO ထိပ္သီးအစည္းအေဝးမွာ အိႏၵိယ ဝန္ ႀကီးခ်ဳပ္ မိုဒီတက္ေရာက္ခဲ့ၿပီး တ႐ုတ္သမၼတ ရွီက်င့္ပင္နဲ႔ သီးျခားေတြ႕ဆုံခဲ့တယ္လို႔ဆိုပါတယ္။ အာရွမွာ ကမာၻ႔အဆင့္အင္အားႀကီးျဖစ္တဲ့ ၿပိဳင္ဘက္ႏွစ္ႏိုင္ငံရဲ႕ မဟာဗ်ဴဟာဆက္ဆံေရး အခ်ိဳးအေကြ႕က စိတ္ဝင္စားစရာပါပဲ။ SCO မွာ ဝင္လာတဲ့ အီရန္ကလည္း ႐ုရွားနဲ႔ အဆင့္တိုင္းမွာ တိုးျမႇင့္ၿပီး ပူးေပါင္းေဆာင္႐ြက္မယ္လို႔ေျပာလာေတာ့ SCO အုပ္စုရဲ႕ေျခလွမ္းေတြကလည္း စိတ္ဝင္တစားေစာင့္ၾကည့္ဖို႔လိုလာမွာပါ။ ကမာၻ႔လူဦးေရတစ္ဝက္ေလာက္ရွိၿပီး ကမာၻ႔ စီးပြားေရးရဲ႕ ၂ဝ ရာခိုင္ႏႈန္း (အေမရိကန္ေဒၚလာ ၁၈ ထရီလ်ံ) ရွိတဲ့ ဒီအဖြဲ႕က အာရွတိုက္မွာ ေျမဧရိယာအမ်ားစုကို လႊမ္းၿခဳံပိုင္ဆိုင္ထားတာမို႔ SCO အင္အားေတာင့္တင္းလာမႈဟာ ပထဝီႏိုင္ငံေရးမွာ အစြန္အဖ်ားက်တဲ့ အေမရိကန္နဲ႔ ဥေရာပႏိုင္ငံေတြအတြက္ေတာ့ ေခါင္းခဲစရာ အိပ္မက္ဆိုးတစ္ခုျဖစ္လာႏိုင္ပါတယ္။

အထူးသျဖင့္ စီးပြားေရးအပိုင္းမွာ အခု ကမာၻကို ကိုင္လႈပ္ေနတဲ့ ေရနံနဲ႔ သဘာဝဓါတ္ေငြ႕နဲ႔ပတ္သက္လို႔ ကမာၻ႔ေရနံအရင္းအျမစ္ ၂၄ ရာခိုင္ႏႈန္းနဲ႔ ဓါတ္ေငြ႕အရင္းအျမစ္ ၅၅ ရာ ခိုင္ႏႈန္းကို ထိန္းခ်ဳပ္ထားတာမို႔ ကမာၻႀကီးကို ဇက္ႀကိဳးထိန္းထားႏိုင္သလို ကမာၻ႔ စားနပ္ ရိကၡာဆိုရင္လည္း ကမာၻမွာ ဂ်ဳံ နဲ႔ ေနၾကာဆီ အမ်ားဆုံးထုတ္ေနတဲ့ ႐ုရွားနဲ႔ ဆန္အမ်ားဆုံးတင္ပို႔တဲ့အိႏၵိယတို႔ ပါဝင္ေနတာျဖစ္ပါတယ္။ တ႐ုတ္လို စြမ္းအင္နဲ႔ ရိကၡာအမ်ားဆုံး တင္သြင္းေနရတဲ့ ႏိုင္ငံအတြက္လည္း SCO က အဆင္ေျပသလို တ႐ုတ္ေဈးကြက္ႀကီးရထားတဲ့ ထုတ္လုပ္သူေတြအတြက္လည္း အဆင္ေျပမွာျဖစ္ပါတယ္။

အေနာက္အုပ္စုရဲ႕ စီးပြားေရးပိတ္ဆို႔မႈခံေနရတဲ့ ႐ုရွား၊ အီရန္နဲ႔ တ႐ုတ္တို႔အတြက္ ဒါက အေရးပါတဲ့ထြက္ေပါက္ျဖစ္လာသလို၊ အေမရိကန္ေဒၚလာကန္႔သတ္ပိတ္ဆို႔မႈက ႐ုန္းထြက္ဖို႔လည္း အခြင့္ေကာင္းတစ္ခုျဖစ္လာႏိုင္ပါတယ္။

အခုကိုပဲၾကည့္လိုက္ရင္ ႐ုရွားဟာ အေနာက္အုပ္စုက ေရနံနဲ႔ ဓါတ္ေငြ႕ပိတ္ဆို႔မွ ကမာၻ႔ေလာင္စာေဈးေတြတက္ကုန္လို႔ ေရာင္းရေငြဟာ ပိုေတာင္မ်ားလာတယ္လို႔ဆိုပါတယ္။႐ုရွားကို စီးပြားပ်က္ေအာင္လုပ္ၿပီး စစ္ရႈံးေအာင္လုပ္ဖို႔ႀကံစည္ထားတဲ့ ဥေရာပႏိုင္ငံေတြကေတာ့ ေလာင္စာေဈးကတက္၊ ဓါတ္ေငြ႕ေတြျပတ္ၿပီး စီးပြားေရးက်ဆင္းမႈနဲ႔ရင္ဆိုင္ေနရခ်ိန္မွာ ေရာက္လာေတာ့မယ့္ ေဆာင္းရာသီကို အေႏြးဓါတ္မရွိဘဲရင္ဆိုင္ရတဲ့အခါ ဘယ္ေလာက္ေတာင့္ခံႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။ ဥေရာပဟာ ႐ုရွားဓါတ္ေငြ႕ကို ၄ဝ ရာခိုင္ႏႈန္းေလာက္အထိ မွီခိုေနရတာမို႔ ကိုယ့္ႏွာေခါင္းကိုယ္ပိတ္ၿပီး ေသေၾကာင္းႀကံသလို ျဖစ္သြားႏိုင္ပါတယ္။ အခုကိုပဲ ဥေရာပမွာ ေငြေၾကးေဖာင္းပြ၊ ကုန္ေဈးႏႈန္းတက္လို႔ အလုပ္သမားေတြ ဆႏၵျပကုန္ၾကပါၿပီ။

ဒီအေတာအတြင္းမွာ ေ႐ြးေကာက္ပြဲရွိတဲ့ ဥေရာပႏိုင္ငံေတြလည္း ဒီဂယက္ေၾကာင့္ သက္ ေရာက္မႈေတြ ရွိလာပါလိမ့္မယ္။ ေလာေလာလတ္လတ္ ဆြီဒင္မွာေတာ့ ဝန္ႀကီးခ်ဳပ္ ျပဳတ္သြားပါၿပီ။ မၾကာခင္မွာ လတ္ဗီးယားတို႔ ဩစႀတီးယား၊ ဆလိုဗင္းနီးယား တို႔မွာလည္း ေ႐ြးေကာက္ပြဲေတြရွိေနပါတယ္။

ဒီစစ္ပြဲရဲ႕သက္ေရာက္မႈက ဥေရာပ တစ္ခုတည္းတင္မဟုတ္ပါဘူး။ အေမရိကန္မွာ မီးရ ထားအလုပ္သမားေတြ သပိတ္ေမွာက္ဖို႔လုပ္ေနၾကလို႔ အစိုးရက ၾကားဝင္ၿပီး အသည္း အသန္ညႇိေနၾကရပါတယ္။ လာမယ့္ႏိုဝင္ဘာလမွာ ျပဳလုပ္ဖို႔ရွိတဲ့ အေမရိကန္ သက္ တမ္းဝက္ လႊတ္ေတာ္ေ႐ြးေကာက္ပြဲေတြအေပၚမွာလည္း ဖိအားေတြရွိလာပါလိမ့္မယ္။ အေျခအေနသိပ္မေကာင္းတဲ့ ဘိုင္ဒန္ရဲ႕ ဒီမိုကရက္ပါတီကေတာ့ တိုင္ဝမ္ကိစၥကို အသုံး ခ်ၿပီး တ႐ုတ္ကိုရန္သြားစၿပီးေတာ့ မဲဆႏၵရွင္ေတြကို အာ႐ုံလႊဲေနသလိုပါပဲ။ ဒီမတိုင္ခင္ ေ႐ြးေကာက္ပြဲႏိုင္ေရးအတြက္ ႐ုရွားကိုလည္း ဒုကၡေပးဖို႔လုပ္ေနဦးမွာပါ။ ယူကရိန္းကိုလည္း စစ္ေရးကူညီေထာက္ပံ့မႈေတြ ထပ္တိုးေနဦးမွာပါ။ ဒါမွလည္း အေမရိကန္ လက္ နက္ ကုမၸဏီေတြ ဝင္ေငြတိုး၊ ေ႐ြးေကာက္ပြဲ မဲဆြယ္ရန္ပုံေငြပိုရ။ အေမရိကန္အစိုးရနဲ႔ ေရနံသူေ႒းေတြ လက္နက္ကုမၸဏီေတြအတြက္ ဟန္က်ေနၾကမွာျဖစ္ပါတယ္။

အေနအထားကေတာ့ ယူကရိန္းစစ္ပြဲက ၿပီးဖို႔မလြယ္ေသးဘဲ အမွ်င္တန္းေနဦးမယ္လို႔မွန္းပါတယ္။ တစ္ခ်ိဳ႕ကလည္း ေခါင္းမာတဲ့ထိပ္သီးႏွစ္ေယာက္ မရွိရင္ ပြဲၿပီးသြားႏိုင္မလား ေတြးလာၾကပုံရပါတယ္။ မၾကာခင္ကပဲ ဇီလန္စကီး ယာဥ္တိုက္မႈျဖစ္တဲ့သတင္းနဲ႔ ပူတင္ယာဥ္တန္းကို ၾကားျဖတ္တိုက္ခိုက္ခံရတယ္ဆိုတဲ့သတင္းေတြတက္လာတာေတြ႕ရပါတယ္။ ပူတင္သတင္းကေတာ့ သတင္းမွားလို႔ေျဖရွင္းခ်က္ထြက္လာေပမဲ့ ႏွစ္ဖက္စလုံးက အတြင္းစည္းမွာ တိုးတိုးတိတ္တိတ္ ႀကိတ္ရွင္းေနၾကတဲ့ အရႈပ္ေတာ္ပုံေတြလည္း ရွိေနတာေတြ႕ရပါတယ္။ ယူကရိန္းဘက္မွာ ေထာက္လွမ္းေရးနဲ႔ လခရအႀကီးအ ကဲေတြကို ႏိုင္ငံေတာ္သစၥာေဖာက္မႈနဲ႔ ဇီလန္းစကီးက ျဖဳတ္ထုတ္သတ္လုပ္ပစ္ခဲ့သလို ႐ုရွားဘက္မွာလည္း ႏိုင္ငံပိုင္ အဓိက ဓါတ္ေငြ႕ကုမၸဏီႀကီးျဖစ္တဲ့ ဂက္စပ႐ြန္က အႀကီးအ ကဲေတြေတာ္ေတာ္မ်ားမ်ား ႏွလုံးေရာဂါနဲ႔ေသ၊ ေဆး႐ုံေပၚက ျပဳတ္က်ၿပီးေသ၊ ကိုယ့္ကိုယ္ကိုယ္သတ္ေသနဲ႔ ကိစၥေခ်ာကုန္ၾကတာေတြ႕ရပါတယ္။ ပူတင္ရဲ႕ မဟာဗ်ဴဟာ အႀကံေပးတစ္ေယာက္ကို ကားဗုံးခြဲလုပ္ႀကံဖို႔ႀကိဳးစားရာမွာ သမီးျဖစ္သူ သတင္းသမား ေသဆုံးသြားခဲ့ၿပီး ဒီကိစၥက ယူကရိန္းလက္ခ်က္လို႔ ႐ုရွားဘက္က စြပ္စြဲတာေတြ႕ရပါတယ္။

ေသခ်ာတာကေတာ့ အမႈိက္ကစ ျပႆာဒ္မီးေလာင္ဆိုတာလို ယူကရိန္ယစစ္မီးက ကမာၻႀကီးတစ္ခုလုံးကိုပါ အပူဟပ္လာၿပီး၊ ကိုဗစ္ကပ္ေရာဂါဒဏ္က နာလန္မထူေသးခင္မွာ ေနာက္ထပ္ ဒဏ္ရာဒဏ္ခ်က္ေတြ ေပးလာေနတာျဖစ္ၿပီး ဒီစစ္မီးကလည္း ကမာၻႀကီး ႏွစ္ျခမ္းကြဲကာ တစ္ဖက္ဖက္က အထိနာ အားကုန္မသြားမခ်င္း ၿပီးႏိုင္ဦးမွာ မ ဟုတ္ဘဲ "စစ္ေညာင္းတာရွည္ ကမာၻေျမ" ျဖစ္ေနဦးမွာပါပဲ။

ေနာက္ဆုံးမွာ စစ္ေျမျပင္က ယူကရိန္းျပည္သူေတြကေတာ့ အိမ္ေတြျပာက်၊ လူေတြေသၾက၊ မေသေအာင္ေျပးၾက၊ တစ္ကမာၻလုံးလည္း ေလာင္စာဆီေဈးတက္၊ကုန္ေဈး ႏႈန္းတက္၊ စားနပ္ရိကၡာျပတ္လပ္၊ ဆူၾကပူၾက၊ ဒီစစ္ပြဲက ၿပီးဆုံးဖို႔ လမ္းမျမင္ေသးသမွ် ကပ္ေဘးဒုကၡေတြကို ခါးစည္းၿပီး ခံၾကရဖို႔ရွိတာမို႔ မိမိတို႔ဖာသာ ရွင္သန္ရပ္တည္ႏိုင္ေရးအတြက္ ကမာၻ႔ႏိုင္ငံေတြ အားလုံးႀကိဳးပမ္းျပင္ဆင္ထားႏိုင္ဖို႔လိုမွာျဖစ္ပါေၾကာင္း သုံး သပ္ တင္ျပလိုက္ရပါတယ္။

မွတ္ခ်က္ - ေဆာင္းပါးရွင္ ကိုလႈိင္သည္ ႏိုင္ငံတကာေရးရာသုေတသီတစ္ဦးျဖစ္ၿပီး လက္ရွိတြင္ နစက၏ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန ျပည္ ေထာင္စုဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္လွ်က္ရွိသည္။

Related news

© 2021. All rights reserved.