ဝိုင်းမော်မြို့နယ်အတွင်းရှိ နောင်တာလောရေလည်ကျွန်းသဲသောင်ပြင်ပေါ်တွင် ကမ်းခြေငယ် အပန်းဖြေစခန်းအကောင်အထည်ဖော်မည်

 657

ဖူးပြည့် (NP News) - စက်တင်ဘာ ၂ဝ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ နောင်တာလောရေလည်ကျွန်းသဲသောင်ပြင်ပေါ်တွင် ဧရာဝတီမြစ်ရေကျ ချိန်၌ ကမ်းခြေငယ်အပန်းဖြေစခန်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က စက်တင်ဘာလ ၁၉ ရက်က ဝိုင်းမော်မြို့ နယ်၊ နောင်တာလောရေလည်ကျွန်းသဲသောင်ပြင်ပေါ်တွင် ကမ်းခြေငယ်အပန်းဖြေစ ခန်း ဆောင်ရွက်နိုင်ရေးနှင့် မြစ်ဆုံအပန်း ဖြေစခန်းအဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူတာအို၊ ခေါင်လန်ဖူး၊ ပန်ဝါကဲ့သို ရေခဲတောင်များရှိရာဒေသများသို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်နေပါတယ်။ ဒါ့ပြင် ခရီးသွား လုပ်ငန်းမြှင့်တင်ရေးအတွက် ခရီးသွားအစီအ စဉ်အသစ်တွေ ဖော်ဆောင်နိုင်ဖို့ ရင်းနှီးမြှုပ်နှံလုပ်ကိုင် ဆောင်ရွက်သွားမယ့် အစီအစဉ်တွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု ဝန်ကြီး ချုပ် ဦးခက်ထိန် နန်က ပြောသည်။

ကချင်ပြည်နယ် ဖွံဖြိုးတိုးတက်လာစေရေးနှင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် ကဏ္ဏပေါင်းစုံ၊ နည်းလမ်းပေါင်းစုံဖြင့် ဖော်ဆောင်ပေးမည်ဖြစ်ပြီး ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအတွက် ခရီးစဉ်ဒေသများ၊ အပန်းဖြေနေရာများကို တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပြည်နယ်အတွင်း ခရီးသွားအစီအစဉ်တွေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အ စီအစဉ်တွေ ရေးဆွဲဆောင်ရွက်ထားပါတယ်။ မြစ်ဆုံအပန်း ဖြေစခန်းကို အဆင့်မြှင့်တင်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့်အပြင် ဝိုင်းမော်မြိုနယ်အတွင်း နောင်တာလောရေလည်ကျွန်းသဲသောင်ပြင်ပေါ်မှာ ဧရာဝတီမြစ်ရေကျချိန်မှာ ကမ်းခြေငယ်အ ပန်းဖြေစခန်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ကချင်ပြည်နယ် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတူးခေါင်ကပြောသည်။

နောင်တာလောရေလည်ကျွန်း သဲသောင်ပြင်ကမ်းခြေငယ် အပန်းဖြေစခန်းအစီအစဉ်တွင် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် သဘာဝရှုခင်းအလှနှင့် စိုက်ခင်းများကို လှည့် လည်ကြည့်ရှုနိုင်သည့် အစီအစဉ်များ၊ ရေပေါ်စက်ဘီးစီးအစီအစဉ်နှင့် သဲသောင်ပြင်ဘောလုံး၊ ဘောလီဘောပြိုင်ပွဲများ၊ ကလေးကစားကွင်းများ သဲသောင်ပြင်ပေါ် ထွန်းချိန်တဲငယ်များဖြင့် ကမ်းခြေအပန်းဖြေနိုင်ခြင်းများပါဝင်မည်ဖြစ်ကြောင်း သိရသည်။

နောင်တာလောရေလယ်ကျွန်းသည် မြစ်ကြီးနားမြို့ကချင်စုရပ်ကွက်နှင့် ဝိုင်းမော်မြို့ နောင်တာလောကျေးရွာအကြား ဧရာဝတီမြစ်ပေါ်တွင် တည်ရှိသည်။

ယခင်က အဆိုပါ ရေလယ်ကျွန်းသို့ သွားရောက်လည်ပတ်မှုများရှိခဲ့သော်လည်း တရားဝင် ဖွင့်လှစ်ထားခြင်း မဟုတ်သည့်အတွက် ၂ဝ၂၁ ခုနှစ်အတွင်းက ပြန်လည်ပိတ်ခဲ့သည်။

zawgyi version
ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္းရွိ ေနာင္တာေလာေရလည္ကြၽန္းသဲေသာင္ျပင္ေပၚတြင္ ကမ္းေျခငယ္ အပန္းေျဖစခန္းအေကာင္အထည္ေဖာ္မည္
ဖူးျပည့္ (NP News) - စက္တင္ဘာ ၂ဝ

ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္းရွိ ေနာင္တာေလာေရလည္ကြၽန္းသဲေသာင္ျပင္ေပၚတြင္ ဧရာဝတီျမစ္ေရက် ခ်ိန္၌ ကမ္းေျခငယ္အပန္းေျဖစခန္းအေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးခက္ထိန္နန္က စက္တင္ဘာလ ၁၉ ရက္က ဝိုင္းေမာ္ၿမိဳ႕ နယ္၊ ေနာင္တာေလာေရလည္ကြၽန္းသဲေသာင္ျပင္ေပၚတြင္ ကမ္းေျခငယ္အပန္းေျဖစ ခန္း ေဆာင္႐ြက္ႏိုင္ေရးႏွင့္ ျမစ္ဆုံအပန္း ေျဖစခန္းအဆင့္ျမႇင့္တင္ေဆာင္႐ြက္ႏိုင္ေရး တာဝန္ရွိသူမ်ားႏွင့္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

“ေဒသတြင္းခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပူတာအို၊ ေခါင္လန္ဖူး၊ ပန္ဝါကဲ့သို ေရခဲေတာင္မ်ားရွိရာေဒသမ်ားသို႔ လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္ေအာင္ ေဆာင္႐ြက္ေနပါတယ္။ ဒါ့ျပင္ ခရီးသြား လုပ္ငန္းျမႇင့္တင္ေရးအတြက္ ခရီးသြားအစီအ စဥ္အသစ္ေတြ ေဖာ္ေဆာင္ႏိုင္ဖို႔ ရင္းႏွီးျမႇဳပ္ႏွံလုပ္ကိုင္ ေဆာင္႐ြက္သြားမယ့္ အစီအစဥ္ေတြကို လုပ္ထုံးလုပ္နည္းနဲ႔အညီ ကူညီေဆာင္႐ြက္ေပးသြားမွာျဖစ္ပါတယ္”ဟု ဝန္ႀကီး ခ်ဳပ္ ဦးခက္ထိန္ နန္က ေျပာသည္။

ကခ်င္ျပည္နယ္ ဖြံၿဖိဳးတိုးတက္လာေစေရးႏွင့္ ျပည္သူမ်ား အလုပ္အကိုင္အခြင့္အလမ္းရရွိေရးအတြက္ ကဏၰေပါင္းစုံ၊ နည္းလမ္းေပါင္းစုံျဖင့္ ေဖာ္ေဆာင္ေပးမည္ျဖစ္ၿပီး ေဒသတြင္း ခရီးသြားလုပ္ငန္းဖြံၿဖိဳးတိုးတက္ေရးအတြက္ ခရီးစဥ္ေဒသမ်ား၊ အပန္းေျဖေနရာမ်ားကို တိုးခ်ဲ႕အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ျပည္နယ္အတြင္း ခရီးသြားအစီအစဥ္ေတြ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ေရး အ စီအစဥ္ေတြ ေရးဆြဲေဆာင္႐ြက္ထားပါတယ္။ ျမစ္ဆုံအပန္း ေျဖစခန္းကို အဆင့္ျမႇင့္တင္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမယ့္အျပင္ ဝိုင္းေမာ္ၿမိဳနယ္အတြင္း ေနာင္တာေလာေရလည္ကြၽန္းသဲေသာင္ျပင္ေပၚမွာ ဧရာဝတီျမစ္ေရက်ခ်ိန္မွာ ကမ္းေျခငယ္အ ပန္းေျဖစခန္း ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္”ဟု ကခ်င္ျပည္နယ္ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးတူးေခါင္ကေျပာသည္။

ေနာင္တာေလာေရလည္ကြၽန္း သဲေသာင္ျပင္ကမ္းေျခငယ္ အပန္းေျဖစခန္းအစီအစဥ္တြင္ ဧရာဝတီျမစ္ေၾကာင္း တစ္ေလွ်ာက္ သဘာဝရႈခင္းအလွႏွင့္ စိုက္ခင္းမ်ားကို လွည့္ လည္ၾကည့္ရႈႏိုင္သည့္ အစီအစဥ္မ်ား၊ ေရေပၚစက္ဘီးစီးအစီအစဥ္ႏွင့္ သဲေသာင္ျပင္ေဘာလုံး၊ ေဘာလီေဘာၿပိဳင္ပြဲမ်ား၊ ကေလးကစားကြင္းမ်ား သဲေသာင္ျပင္ေပၚ ထြန္းခ်ိန္တဲငယ္မ်ားျဖင့္ ကမ္းေျခအပန္းေျဖႏိုင္ျခင္းမ်ားပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

ေနာင္တာေလာေရလယ္ကြၽန္းသည္ ျမစ္ႀကီးနားၿမိဳ႕ကခ်င္စုရပ္ကြက္ႏွင့္ ဝိုင္းေမာ္ၿမိဳ႕ ေနာင္တာေလာေက်း႐ြာအၾကား ဧရာဝတီျမစ္ေပၚတြင္ တည္ရွိသည္။

ယခင္က အဆိုပါ ေရလယ္ကြၽန္းသို႔ သြားေရာက္လည္ပတ္မႈမ်ားရွိခဲ့ေသာ္လည္း တရားဝင္ ဖြင့္လွစ္ထားျခင္း မဟုတ္သည့္အတြက္ ၂ဝ၂၁ ခုႏွစ္အတြင္းက ျပန္လည္ပိတ္ခဲ့သည္။

Related news

© 2021. All rights reserved.