အမေရိကန်နိုင်ငံ ပိုင်နက် နယ်မြေတစ်ခုဖြစ်သည့် ပွာတိုရီကိုတွင် ဟာရီကန်းဖီအိုနာတိုက်ခတ်မှုကြောင့် အနည်းဆုံး (၂) ဦး သေဆုံး

 506

ဖြိုးခန့်(NP News) - စက်တင်ဘာ ၂ဝ

အမေရိကန်ပိုင်နက် နယ်မြေတစ်ခုဖြစ်သည့် Puerto Rico တွင် ဟာရီကိန်းဖီအိုနာတိုက်ခတ်မှုကြောင့် ရေကြီးမှု များနှင့် မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံးလူ(၂)ဦးသေဆုံးခဲ့ကာ၊ ကျွန်းတစ်ခုလုံးရှိ လျှပ်စစ်ဓာတ်အားများ ပြတ်တောက်သွားခဲ့ကြောင်းသိရသည်၊၊

အဆိုပါ ဟာရီကိန်းဖီအိုနာတိုက်ခတ်မှုကြောင့် ကိုမီရီယိုမြို့တွင် အသက်(၅၈)နှစ်အရွယ် အမျိုးသားတစ်ဦးသည်
မြစ်ထဲတွင် မျောပါသွားခဲ့ပြီးသေဆုံးခဲ့ကြောင်း အခြားအသက်(၃ဝ)အရွယ်အမျိုးသားမှာ မီးစက်တစ်ခု မီးလောင်ရာ တွင် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါကျွန်းတွင် မိုးသည်းထန်စွာဆက်လက်ရွာသွန်းနေပြီး ကျွန်း၏နေရာအများအပြားတွင် လျှပ်စစ်ဓာတ်အား များ ပြတ်တောက်နေဆဲဖြစ်ကြောင်းသိရသည်။

ဟာရီကိန်းဖီအိုနာအတွက် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် စက်တင်ဘာ(၁၈)ရက်နေ့တွင် အရေးပေါ်အခြေ အနေကိုကြေညာခဲ့ပြီး အာဏာပိုင်များအား သဘာဝဘေးအန္တရာယ်ဆိုင်ရာကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင် ရန် ခွင့်ပြုထားကြောင်းပြောကြားခဲ့သည်။ စစ်သား(၃ဝဝ)ခန့်သည် ကျွန်းတဝှမ်းလုံးတွင် ကယ်ဆယ်ရေးလုပ်ငန်း များကိုလုပ်ဆောင်နေပြီး လက်ရှိအချိန်အထိ လူပေါင်း(၁ဝဝဝ)ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ပြည်နယ်သုံးခုမှ ကယ်ဆယ်ရေးသမားများသည် လာမည့်ရက်ပိုင်းအတွင်း အကူအညီများပေးနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။

Puerto Rico ကျွန်းတွင် နေထိုင်သူ(၃)ဒသမ(၃)သန်းသည် ဓာတ်အားပြတ်တောက်မှုများ ကြုံတွေ့နေရပြီး မီးစက် များအသုံးပြုနေရသော ကျန်းမာရေးဌာနအချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်တွင် ဆန်ဂျူယန်ကျွန်းရှိ ဆေးရုံတွင် လျှပ်စစ်ဓာတ်အားများပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း ကျန်းမာရေး အတွင်းဝန် က ပြောကြားခဲ့သည်။

မုန်တိုင်းတိုက်ခတ်ပြီးနောက် အချို့နေရာများတွင် ဓာတ်အားပြန်လည်ချိတ်ဆက်ရန် ရက်အနည်းငယ်ကြာမည်ဖြစ် ကြောင်း ကျွန်း၏လျှပ်စစ်ဓာတ်အား အော်ပရေတာဖြစ်သော Luma Energy ကုမ္ပဏီ က ပြောကြားခဲ့သည်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ ပိုင္နက္ နယ္ေျမတစ္ခုျဖစ္သည့္ ပြာတိုရီကိုတြင္ ဟာရီကန္းဖီအိုနာတိုက္ခတ္မႈေၾကာင့္ အနည္းဆုံး (၂) ဦး ေသဆုံး
ၿဖိဳးခန႔္(NP News) - စက္တင္ဘာ ၂ဝ

အေမရိကန္ပိုင္နက္ နယ္ေျမတစ္ခုျဖစ္သည့္ Puerto Rico တြင္ ဟာရီကိန္းဖီအိုနာတိုက္ခတ္မႈေၾကာင့္ ေရႀကီးမႈ မ်ားႏွင့္ ေျမၿပိဳမႈမ်ားျဖစ္ေပၚခဲ့ၿပီး အနည္းဆုံးလူ(၂)ဦးေသဆုံးခဲ့ကာ၊ ကြၽန္းတစ္ခုလုံးရွိ လွ်ပ္စစ္ဓာတ္အားမ်ား ျပတ္ေတာက္သြားခဲ့ေၾကာင္းသိရသည္၊၊

အဆိုပါ ဟာရီကိန္းဖီအိုနာတိုက္ခတ္မႈေၾကာင့္ ကိုမီရီယိုၿမိဳ႕တြင္ အသက္(၅၈)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္
ျမစ္ထဲတြင္ ေမ်ာပါသြားခဲ့ၿပီးေသဆုံးခဲ့ေၾကာင္း အျခားအသက္(၃ဝ)အ႐ြယ္အမ်ိဳးသားမွာ မီးစက္တစ္ခု မီးေလာင္ရာ တြင္ ေသဆုံးခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

အဆိုပါကြၽန္းတြင္ မိုးသည္းထန္စြာဆက္လက္႐ြာသြန္းေနၿပီး ကြၽန္း၏ေနရာအမ်ားအျပားတြင္ လွ်ပ္စစ္ဓာတ္အား မ်ား ျပတ္ေတာက္ေနဆဲျဖစ္ေၾကာင္းသိရသည္။

ဟာရီကိန္းဖီအိုနာအတြက္ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္သည္ စက္တင္ဘာ(၁၈)ရက္ေန႔တြင္ အေရးေပၚအေျခ အေနကိုေၾကညာခဲ့ၿပီး အာဏာပိုင္မ်ားအား သဘာဝေဘးအႏၲရာယ္ဆိုင္ရာကယ္ဆယ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ ရန္ ခြင့္ျပဳထားေၾကာင္းေျပာၾကားခဲ့သည္။ စစ္သား(၃ဝဝ)ခန႔္သည္ ကြၽန္းတဝွမ္းလုံးတြင္ ကယ္ဆယ္ေရးလုပ္ငန္း မ်ားကိုလုပ္ေဆာင္ေနၿပီး လက္ရွိအခ်ိန္အထိ လူေပါင္း(၁ဝဝဝ)ကို ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း၊ ျပည္နယ္သုံးခုမွ ကယ္ဆယ္ေရးသမားမ်ားသည္ လာမည့္ရက္ပိုင္းအတြင္း အကူအညီမ်ားေပးႏိုင္ရန္ ေမွ်ာ္လင့္ေနေၾကာင္း သိရသည္။

Puerto Rico ကြၽန္းတြင္ ေနထိုင္သူ(၃)ဒသမ(၃)သန္းသည္ ဓာတ္အားျပတ္ေတာက္မႈမ်ား ႀကဳံေတြ႕ေနရၿပီး မီးစက္ မ်ားအသုံးျပဳေနရေသာ က်န္းမာေရးဌာနအခ်ိဳ႕လည္း ထိခိုက္ပ်က္စီးခဲ့ေၾကာင္းသိရသည္။ လက္ရွိအခ်ိန္တြင္ ဆန္ဂ်ဴယန္ကြၽန္းရွိ ေဆး႐ုံတြင္ လွ်ပ္စစ္ဓာတ္အားမ်ားျပန္လည္ေကာင္းမြန္လာၿပီျဖစ္ေၾကာင္း က်န္းမာေရး အတြင္းဝန္ က ေျပာၾကားခဲ့သည္။

မုန္တိုင္းတိုက္ခတ္ၿပီးေနာက္ အခ်ိဳ႕ေနရာမ်ားတြင္ ဓာတ္အားျပန္လည္ခ်ိတ္ဆက္ရန္ ရက္အနည္းငယ္ၾကာမည္ျဖစ္ ေၾကာင္း ကြၽန္း၏လွ်ပ္စစ္ဓာတ္အား ေအာ္ပေရတာျဖစ္ေသာ Luma Energy ကုမၸဏီ က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.