သြစတြေးလျကမ်းခြေမှာ ဝေလငါး အကောင်ရေ ၂ဝဝ နီးပါး သောင်တင်နေ

460

ရောင်နီ (NP News) - စက်တင်ဘာ ၂၃
သြစတြေးလျ၊ တက်စမေးနီးယား အနောက်ဘက် ကမ်းရိုးတန်းကမ်းခြေမှာ စက်တင်ဘာလ ၂၂ ရက်၊ ကြသပတေးနေ့က သေဆုံးနေတဲ့ Pilot အမျိုးအစား ဝေလငါး ၂ဝဝ နီးပါး သောင်တင်လျက်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ကမ်းခြေရှိ ဆူးတောင်ရှည် Pilot ဝေလငါး ၂၂၆ ကောင်အနက် ၃၂ ကောင်ကိုသာ ယခုလက်ရှိ အသက်ရှင်လျက် ကယ်ဆယ်နိုင်သေးတယ်လို့ ပြည်နယ် တောရိုင်းတိရစ္ဆာန်ဝန်ဆောင်မှုဌာနက ဆိုပါတယ်။
“ပင်လယ်ထဲ ပြန်လွှတ်ဖို့ သင့်တော်တယ်လို့ယူဆရတဲ့ ဝေလငါးတွေကို ရှာဖွေကယ်ဆယ်နေပါတယ်။ ကယ်ဆယ်နိုင်ခဲ့တဲ့ ဝေလငါးတိုင်းကို တံဆိပ်ကပ်ထားပါတယ်။ ကံမကောင်းစွာနဲ့ပဲ ကယ်ဆယ်နေရင်း သေဆုံးသွားတဲ့ ဝေလငါး အကောင်ရေ အနည်းငယ်တော့ ရှိကောင်းရှိနိုင်ပေမယ့် အများစုကတော့ ပင်လယ်ထဲပြန်သွားနိုင်လိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်ထားပါတယ်" လို့ အဏ္ဏဝါဇီဝဗေဒပညာရှင် ဆမ်သမ်လ်မန်က ပြောကြားပါတယ်။
ဒေသခံတွေက အကူအညီတွေ ထပ်မရောက်လာမချင်း ဝေလငါးတချို့ကို စောင်တွေနဲ့ ဖုံးထားပြီး ၄င်းတို့အသက်ရှင်နေဖို့ ပင်လယ်ရေတွေကို ပုံးတွေနဲ့ လောင်းချပေးခဲ့ပါတယ်။
သို့ပေမယ့် သောင်တင်နေတဲ့ ဝေလငါးအကောင်ရေ အလွန်များတာကြောင့် ကယ်ဆယ်ရေး လုပ်ဆောင်မှုတွေ နှေးကွေးနေခဲ့ပါတယ်။
ငါးအသေကောင်တွေကို ရေတိမ်ပိုင်း (သို့မဟုတ်) ကမ်းခြေမှာ ထားခဲ့ရင် ၎င်းတို့ဟာ ငါးမန်းတွေကိုဆွဲဆောင်နိုင်ပြီး ရောဂါတွေ သယ်ဆောင်နိုင်တာကြောင့် "အသေကောင်တွေ စွန့်ပစ်ခြင်းနဲ့ လုပ်စရာတွေ အများကြီးရှိသေးတယ်။ အဖိုးတန် ဇီဝနမူနာများကို တိရစ္ဆာန်များထံမှ စုဆောင်းဖို့ လိုတယ်" လို့ သမ်လ်မန်က ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်ကလည်း မက်စ်ကွာရီဆိပ်ကမ်းမှာ Pilot ဝေလငါး ၅ဝဝ နီးပါး သောင်တင်ခဲ့ပါတယ်။ စေတနာ့ဝန်ထမ်း ဒါဇင်ပေါင်းများစွာက ကယ်ဆယ်ရေးအတွက် ရက်ပေါင်းများစွာကြာ ကြိုးစားလုပ်ဆောင်ခဲ့ကြပေမယ့် ဝေလငါး ၃ဝဝ ကျော် သေဆုံးခဲ့ပါတယ်။
ဝေလငါးတွေ အစုလိုက်အပြုံလိုက် သောင်တင်နေရခြင်းအကြောင်းရင်းကိုတော့ သိပ္ပံပညာရှင်များ လေ့လာဖော်ထုတ်နေဆဲဖြစ်တာကြောင့် မသိရသေးဘူးလို့ သိရပါတယ်။ တရားဝင်ကိန်းဂဏန်းများအရ နှစ်စဉ်ပျှမ်းမျှ ဝေလငါး အကောင်ရေ ၃ဝဝ ခန့် သောင်တင်လေ့ရှိ်တယ်လို့ သိရပါတယ်။

Zawgyi Version;
ၾသစေၾတးလ်ကမ္းေျခမွာ ေဝလငါး အေကာင္ေရ ၂ဝဝ နီးပါး ေသာင္တင္ေန
ေရာင္နီ (NP News) - စက္တင္ဘာ ၂၃
ၾသစေၾတးလ်၊ တက္စေမးနီးယား အေနာက္ဘက္ ကမ္း႐ိုးတန္းကမ္းေျခမွာ စက္တင္ဘာလ ၂၂ ရက္၊ ၾကသပေတးေန႔က ေသဆုံးေနတဲ့ Pilot အမ်ိဳးအစား ေဝလငါး ၂ဝဝ နီးပါး ေသာင္တင္လ်က္ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။
ကမ္းေျခရွိ ဆူးေတာင္ရွည္ Pilot ေဝလငါး ၂၂၆ ေကာင္အနက္ ၃၂ ေကာင္ကိုသာ ယခုလက္ရွိ အသက္ရွင္လ်က္ ကယ္ဆယ္ႏိုင္ေသးတယ္လို႔ ျပည္နယ္ ေတာ႐ိုင္းတိရစာၦန္ဝန္ေဆာင္မႈဌာနက ဆိုပါတယ္။
“ပင္လယ္ထဲ ျပန္လႊတ္ဖို႔ သင့္ေတာ္တယ္လို႔ယူဆရတဲ့ ေဝလငါးေတြကို ရွာေဖြကယ္ဆယ္ေနပါတယ္။ ကယ္ဆယ္ႏိုင္ခဲ့တဲ့ ေဝလငါးတိုင္းကို တံဆိပ္ကပ္ထားပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ ကယ္ဆယ္ေနရင္း ေသဆုံးသြားတဲ့ ေဝလငါး အေကာင္ေရ အနည္းငယ္ေတာ့ ရွိေကာင္းရွိႏိုင္ေပမယ့္ အမ်ားစုကေတာ့ ပင္လယ္ထဲျပန္သြားႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ထားပါတယ္" လို႔ အဏၰဝါဇီဝေဗဒပညာရွင္ ဆမ္သမ္လ္မန္က ေျပာၾကားပါတယ္။
ေဒသခံေတြက အကူအညီေတြ ထပ္မေရာက္လာမခ်င္း ေဝလငါးတခ်ိဳ႕ကို ေစာင္ေတြနဲ႔ ဖုံးထားၿပီး ၄င္းတို႔အသက္ရွင္ေနဖို႔ ပင္လယ္ေရေတြကို ပုံးေတြနဲ႔ ေလာင္းခ်ေပးခဲ့ပါတယ္။
သို႔ေပမယ့္ ေသာင္တင္ေနတဲ့ ေဝလငါးအေကာင္ေရ အလြန္မ်ားတာေၾကာင့္ ကယ္ဆယ္ေရး လုပ္ေဆာင္မႈေတြ ေႏွးေကြးေနခဲ့ပါတယ္။
ငါးအေသေကာင္ေတြကို ေရတိမ္ပိုင္း (သို႔မဟုတ္) ကမ္းေျခမွာ ထားခဲ့ရင္ ၎တို႔ဟာ ငါးမန္းေတြကိုဆြဲေဆာင္ႏိုင္ၿပီး ေရာဂါေတြ သယ္ေဆာင္ႏိုင္တာေၾကာင့္ "အေသေကာင္ေတြ စြန႔္ပစ္ျခင္းနဲ႔ လုပ္စရာေတြ အမ်ားႀကီးရွိေသးတယ္။ အဖိုးတန္ ဇီဝနမူနာမ်ားကို တိရစာၦန္မ်ားထံမွ စုေဆာင္းဖို႔ လိုတယ္" လို႔ သမ္လ္မန္က ေျပာၾကားခဲ့ပါတယ္။
လြန္ခဲ့တဲ့ ၂ ႏွစ္ကလည္း မက္စ္ကြာရီဆိပ္ကမ္းမွာ Pilot ေဝလငါး ၅ဝဝ နီးပါး ေသာင္တင္ခဲ့ပါတယ္။ ေစတနာ့ဝန္ထမ္း ဒါဇင္ေပါင္းမ်ားစြာက ကယ္ဆယ္ေရးအတြက္ ရက္ေပါင္းမ်ားစြာၾကာ ႀကိဳးစားလုပ္ေဆာင္ခဲ့ၾကေပမယ့္ ေဝလငါး ၃ဝဝ ေက်ာ္ ေသဆုံးခဲ့ပါတယ္။
ေဝလငါးေတြ အစုလိုက္အၿပဳံလိုက္ ေသာင္တင္ေနရျခင္းအေၾကာင္းရင္းကိုေတာ့ သိပၸံပညာရွင္မ်ား ေလ့လာေဖာ္ထုတ္ေနဆဲျဖစ္တာေၾကာင့္ မသိရေသးဘူးလို႔ သိရပါတယ္။ တရားဝင္ကိန္းဂဏန္းမ်ားအရ ႏွစ္စဥ္ပွ်မ္းမွ် ေဝလငါး အေကာင္ေရ ၃ဝဝ ခန႔္ ေသာင္တင္ေလ့ရွိ္တယ္လို႔ သိရပါတယ္။