ဆီးရီးယားမှာ ကာလဝမ်းရောဂါကြောင့် သေဆုံးသူ ၂၉ ဦးအထိ မြင့်တက်လာ

 380

ရောင်နီ (NP News) - စက်တင်ဘာ ၂၇

ဆီးရီးယားနိုင်ငံရှိ ဒေသအများအပြားမှာ ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် အနည်းဆုံး လူ ၂၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒါဟာ နှစ်ပေါင်းများစွာ စစ်ဒဏ်ခံနေရတဲ့နိုင်ငံအတွင်း အဆိုးရွားဆုံး ကူးစက်ရောဂါဖြစ်ပွားမှုလို့ ကုလသမဂ္ဂက ခေါ်ဆိုခဲ့ပါတယ်။

ကာလ၀မ်းရောဂါဟာ ပြီးခဲ့တဲ့လက အလက်ပိုပြည်နယ်မြောက်ပိုင်းမှ ကူးစက်မှု ၃၃၈ ခုနဲ့ စတင်ခဲ့ကြောင်း ဆီးရီးယားကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၆ ရက်၊ တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂဟာ ရောဂါဖြစ်ပွားမှုကိုထိန်းချုပ်ဖို့ ရန်ပုံငွေအပြင် အသက်ကယ်ဆေးနဲ့ ထောက်ပံ့ရေးပစ္စည်းများ “အချိန်မီ ပို့ဆောင်ရန်”လည်း အတည်ပြုချက် ပန်ကြားထားပါတယ်။

ပြင်းထန်စွာ ကူးစက်တတ်တဲ့ ကာလ၀မ်းရောဂါဟာ စစ်ပွဲကြောင့် ဆယ်စုနှစ်ကြာ လူဦးရေ သန်းနဲ့ချီ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းနဲ့ အနောက် မြောက်ပိုင်းရှိ အတိုက်အခံဒေသများသို့လည်း ပျံ့နှံ့သွားခဲ့ကြောင်း ဆေးဘက်ဆိုင်ရာတာဝန်ရှိသူများက ပြောကြားပါတယ်။

ယခုလအတွင်း ဆီးရီးယား အရှေ့မြောက်ပိုင်းပြည်နယ်များမှာ ကာလ၀မ်းရောဂါ သံသယရှိ ဝမ်းရောဂါဖြစ်ပွားသူ ၂ဝ၉၂ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဒေသတွင်း လည်ပတ်နေတဲ့ အမေရိကန်အခြေစိုက် နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ (IRC) က ပြောကြားပါတယ်။

စစ်ပွဲအတွင်း အမျိုးသားရေအခြေခံ အဆောက်အအုံများ ပျက်စီးပြီးနောက် လူဦးရေအများစုဟာ အန္တရာယ်မကင်းတဲ့ ရေအရင်းအမြစ်များပေါ်မှာ မှီခိုနေရတာကြောင့် ဆီးရီးယားတစ်ခွင်လုံး “ပြင်းထန်သော ရေရှားပါးမှုပြဿနာများ” ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ၂ဝ၁၁ ခုနှစ်၊ သမ္မတ ဘက်ရှာအဲလ် အက်ဆက် ကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲများ အရှိန်မြင့်လာချိန်မှစ နိုင်ငံရပ်ခြား အာဏာများလွှမ်းမိုးလာကာ လူပေါင်းသိန်းနဲ့ချီသေဆုံးပြီး သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

Zawgyi Version;
ဆီးရီးယားမွာ ကာလဝမ္းေရာဂါေၾကာင့္ ေသဆုံးသူ ၂၉ ဦးအထိ ျမင့္တက္လာ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၇

ဆီးရီးယားႏိုင္ငံရွိ ေဒသအမ်ားအျပားမွာ ကာလဝမ္းေရာဂါျဖစ္ပြားမႈေၾကာင့္ အနည္းဆုံး လူ ၂၉ ဦးထက္မနည္း ေသဆုံးခဲ့ၿပီး ဒါဟာ ႏွစ္ေပါင္းမ်ားစြာ စစ္ဒဏ္ခံေနရတဲ့ႏိုင္ငံအတြင္း အဆိုး႐ြားဆုံး ကူးစက္ေရာဂါျဖစ္ပြားမႈလို႔ ကုလသမဂၢက ေခၚဆိုခဲ့ပါတယ္။

ကာလ၀မ္းေရာဂါဟာ ၿပီးခဲ့တဲ့လက အလက္ပိုျပည္နယ္ေျမာက္ပိုင္းမွ ကူးစက္မႈ ၃၃၈ ခုနဲ႔ စတင္ခဲ့ေၾကာင္း ဆီးရီးယားက်န္းမာေရးဝန္ႀကီးဌာနက စက္တင္ဘာလ ၂၆ ရက္၊ တနလၤာေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။

ကုလသမဂၢဟာ ေရာဂါျဖစ္ပြားမႈကိုထိန္းခ်ဳပ္ဖို႔ ရန္ပုံေငြအျပင္ အသက္ကယ္ေဆးနဲ႔ ေထာက္ပံ့ေရးပစၥည္းမ်ား “အခ်ိန္မီ ပို႔ေဆာင္ရန္”လည္း အတည္ျပဳခ်က္ ပန္ၾကားထားပါတယ္။

ျပင္းထန္စြာ ကူးစက္တတ္တဲ့ ကာလ၀မ္းေရာဂါဟာ စစ္ပြဲေၾကာင့္ ဆယ္စုႏွစ္ၾကာ လူဦးေရ သန္းနဲ႔ခ်ီ အိုးအိမ္စြန႔္ခြာထြက္ေျပးခဲ့ရတဲ့ ဆီးရီးယားႏိုင္ငံ အေရွ႕ေျမာက္ပိုင္းနဲ႔ အေနာက္ ေျမာက္ပိုင္းရွိ အတိုက္အခံေဒသမ်ားသို႔လည္း ပ်ံ႕ႏွံ႔သြားခဲ့ေၾကာင္း ေဆးဘက္ဆိုင္ရာတာဝန္ရွိသူမ်ားက ေျပာၾကားပါတယ္။

ယခုလအတြင္း ဆီးရီးယား အေရွ႕ေျမာက္ပိုင္းျပည္နယ္မ်ားမွာ ကာလ၀မ္းေရာဂါ သံသယရွိ ဝမ္းေရာဂါျဖစ္ပြားသူ ၂ဝ၉၂ ဦးအထိ ျမင့္တက္လာခဲ့ေၾကာင္း ေဒသတြင္း လည္ပတ္ေနတဲ့ အေမရိကန္အေျခစိုက္ ႏိုင္ငံတကာကယ္ဆယ္ေရးေကာ္မတီ (IRC) က ေျပာၾကားပါတယ္။

စစ္ပြဲအတြင္း အမ်ိဳးသားေရအေျခခံ အေဆာက္အအုံမ်ား ပ်က္စီးၿပီးေနာက္ လူဦးေရအမ်ားစုဟာ အႏၲရာယ္မကင္းတဲ့ ေရအရင္းအျမစ္မ်ားေပၚမွာ မွီခိုေနရတာေၾကာင့္ ဆီးရီးယားတစ္ခြင္လုံး “ျပင္းထန္ေသာ ေရရွားပါးမႈျပႆနာမ်ား” ျဖစ္ပြားေနတယ္လို႔ သိရပါတယ္။ ၂ဝ၁၁ ခုႏွစ္၊ သမၼတ ဘက္ရွာအဲလ္ အက္ဆက္ ကို ဆန႔္က်င္တဲ့ဆႏၵျပပြဲမ်ား အရွိန္ျမင့္လာခ်ိန္မွစ ႏိုင္ငံရပ္ျခား အာဏာမ်ားလႊမ္းမိုးလာကာ လူေပါင္းသိန္းနဲ႔ခ်ီေသဆုံးၿပီး သန္းေပါင္းမ်ားစြာ အိုးမဲ့အိမ္မဲ့ ျဖစ္ခဲ့ရပါတယ္။

Related news

© 2021. All rights reserved.