ဟာရီကိန်းမုန်တိုင်း Ian သည် ပိုမိုအားကောင်းလာကာ အဆင့်(၂)ရှိသော မုန်တိုင်းတစ်ခုဖြစ်လာနိုင်ကြောင်း မိုးလေဝသပညာရှင်များပြောကြား

 766

ဖြိုးခန့် (NP News) - စက်တင်ဘာ ၂၇

အမေရိကန်နိုင်ငံတွင် ဟာရီကိန်းမုန်တိုင်း Ian သည် ပိုမိုအားကောင်းလာကာ ဖလော်ရီဒါပြည်နယ်ကို ဦးတည်လာနေပြီး ဘေးလွတ်ကင်းရာသို့ အရေးပေါ်ရွှေ့ပြောင်းရေးများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဟာရီကိန်းမုန်တိုင်း Ianသည် လက်ရှိအချိန်တွင် အဆင့်(၂)အထိရှိသော မုန်တိုင်းတစ်ခုဖြစ်နေကြောင်း မိုင်ယာမီအခြေစိုက် အမျိုးသားဟာရီကိန်းစင်တာက စက်တင်ဘာ(၂၆)ရက်နေ့ ညနေ(၅)နာရီတွင် ထုတ်ပြန်ခဲ့သည်။ ဟာရီကိန်းမုန်တိုင်းဗဟိုချက်သည် ကျူးဘားနိုင်ငံ အနောက်ဘက်စွန်း၏ အရှေ့တောင်ဘက် (၁၅ဝ)မိုင် အကွာတွင်တည်ရှိပြီး မုန်တိုင်း Ian သည် တစ်နာရီ (၁၃) မိုင်နှုန်းဖြင့် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနေကြောင်း မိုင်ယာမီအခြေစိုက်အမျိုးသား ဟာရီကိန်းစင်တာက ပြီးခဲ့သည့်ရက်ပိုင်းတွင် ပြောကြားခဲ့သည်။

ဟာရီကိန်းမုန်တိုင်း Ian သည် စက်တင်ဘာ(၂၇)ရက်နေ့အစောပိုင်းတွင် ဖလော်ရီဒါပြည်နယ်ကို အနည်းငယ်စတင်တိုက်ခတ်နိုင်ဖွယ်ရှိနေပြီး စက်တင်ဘာ(၂၈)ရက်နေ့တွင် ပြင်းပြင်းထန် ထန်တိုက်ခတ်လာနိုင်ဖွယ်ရှိနေကြောင်း သိရသည်။

ဟာရီကိန်းစင်တာ၏ခန့်မှန်းချက်အရ Ian သည် ပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်းမှ အားကောင်းသော ဟာရီကိန်းမုန်တိုင်းဖြစ်လာခဲ့ကြောင်း မိုးလေဝသပညာရှင် ဘရန်ဒန်မီလာက ပြောကြားခဲ့သည်။

ဟာရီကိန်းမုန်တိုင်း Ian သည် တစ်နာရီလျှင်(၁၁၁)မိုင်နှုန်း (သို့မဟုတ်) ပိုမိုပြင်းထန်သော လေတိုက်နှုန်းဖြင့် အမေရိကန်နိုင်ငံသို့ဝင်ရောက်မတိုက်ခတ်မီ ဟာရီကိန်းမုန်တိုင်းအကြီးစားတစ်ခုဖြစ်လာနိုင်ဖွယ်ရှိနေသည်။

ကျူးဘားနိုင်ငံ အနောက်ပိုင်းတွင် စက်တင်ဘာ(၂၇)ရက်နေ့၊ ညနေပိုင်းနှင့် ညပိုင်းတို့မှာ အခြေအနေများသည် ပိုမိုဆိုးရွားလာနိုင်ဖွယ်ရှိနေပြီး လေပြင်းများတိုက်ခတ်ခြင်းနှင့် မုန်တိုင်း ၏သက်ရောက်မှုများကို ခံရနိုင်ဖွယ်ရှိနေကြောင်း ဟာရီကိန်းစင်တာ က ပြောကြားခဲ့သည်။

ဟာရီကိန်းမုန်တိုင်း Ian သည် အဆင့်(၃)အမျိုးအစားဖြစ်လာနိုင်ကာ တစ်နာရီလျှင်(၁၂ဝ)မိုင်နှုန်းဖြင့် စက်တင်ဘာ(၂၇)ရက်နေ့၊ နံနက်ပိုင်းတွင် ကျူးဘားနိုင်ငံသို့ ဝင်ရောက်တိုက်ခတ်နိုင်ဖွယ်ရှိနေပြီး Jamaica နှင့် ကျူးဘားနိုင်ငံတို့တွင် ရုတ်တရက်ရေကြီးမှုများနှင့် မြေပြိုမှုများဖြစ်လာနိုင်ဖွယ်ရှိနေကြောင်းသိရသည်။

ကျူးဘားနိုင်ငံ အနောက်ဘက်ခြမ်းပြည်နယ်၏ Pinar del Río မြို့ တွင် လူပေါင်း (၁၉၂၈၃) ဦးကို ၎င်းတို့၏နေအိမ်များမှ ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ကြောင်း နိုင်ငံပိုင် သတင်းချန်နယ် TelePinar က ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံတွင် Tampa၊ Orlando၊ Tallahassee နှင့် Jacksonville အပါအဝင် မြို့ကြီးများတွင် အပူပိုင်းမုန်တိုင်းတိုက်ခတ်မှုဒဏ်ကို ခံစားရမည့်သူ (၁၅) သန်းကျော်ရှိကြောင်းမိုးလေဝသပညာရှင် ဘရန်ဒန်မီလာ က ပြောကြားခဲ့သည်။

Zawgyi Version;
ဟာရီကိန္းမုန္တိုင္း Ian သည္ ပိုမိုအားေကာင္းလာကာ အဆင့္(၂)ရွိေသာ မုန္တိုင္းတစ္ခုျဖစ္လာႏိုင္ေၾကာင္း မိုးေလဝသပညာရွင္မ်ားေျပာၾကား
ၿဖိဳးခန္႔ (NP News) - စက္တင္ဘာ ၂၇

အေမရိကန္ႏိုင္ငံတြင္ ဟာရီကိန္းမုန္တိုင္း Ian သည္ ပိုမိုအားေကာင္းလာကာ ဖေလာ္ရီဒါျပည္နယ္ကို ဦးတည္လာေနၿပီး ေဘးလြတ္ကင္းရာသို႔ အေရးေပၚေ႐ႊ႕ေျပာင္းေရးမ်ားကို လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

ဟာရီကိန္းမုန္တိုင္း Ianသည္ လက္ရွိအခ်ိန္တြင္ အဆင့္(၂)အထိရွိေသာ မုန္တိုင္းတစ္ခုျဖစ္ေနေၾကာင္း မိုင္ယာမီအေျခစိုက္ အမ်ိဳးသားဟာရီကိန္းစင္တာက စက္တင္ဘာ(၂၆)ရက္ေန႔ ညေန(၅)နာရီတြင္ ထုတ္ျပန္ခဲ့သည္။ ဟာရီကိန္းမုန္တိုင္းဗဟိုခ်က္သည္ က်ဴးဘားႏိုင္ငံ အေနာက္ဘက္စြန္း၏ အေရွ႕ေတာင္ဘက္ (၁၅ဝ)မိုင္ အကြာတြင္တည္ရွိၿပီး မုန္တိုင္း Ian သည္ တစ္နာရီ (၁၃) မိုင္ႏႈန္းျဖင့္ ေျမာက္-အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားေနေၾကာင္း မိုင္ယာမီအေျခစိုက္အမ်ိဳးသား ဟာရီကိန္းစင္တာက ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ေျပာၾကားခဲ့သည္။

ဟာရီကိန္းမုန္တိုင္း Ian သည္ စက္တင္ဘာ(၂၇)ရက္ေန႔အေစာပိုင္းတြင္ ဖေလာ္ရီဒါျပည္နယ္ကို အနည္းငယ္စတင္တိုက္ခတ္ႏိုင္ဖြယ္ရွိေနၿပီး စက္တင္ဘာ(၂၈)ရက္ေန႔တြင္ ျပင္းျပင္းထန္ ထန္တိုက္ခတ္လာႏိုင္ဖြယ္ရွိေနေၾကာင္း သိရသည္။

ဟာရီကိန္းစင္တာ၏ခန္႔မွန္းခ်က္အရ Ian သည္ ပိုမိုအားေကာင္းလာကာ အပူပိုင္းမုန္တိုင္းမွ အားေကာင္းေသာ ဟာရီကိန္းမုန္တိုင္းျဖစ္လာခဲ့ေၾကာင္း မိုးေလဝသပညာရွင္ ဘရန္ဒန္မီလာက ေျပာၾကားခဲ့သည္။

ဟာရီကိန္းမုန္တိုင္း Ian သည္ တစ္နာရီလွ်င္(၁၁၁)မိုင္ႏႈန္း (သို႔မဟုတ္) ပိုမိုျပင္းထန္ေသာ ေလတိုက္ႏႈန္းျဖင့္ အေမရိကန္ႏိုင္ငံသို႔ဝင္ေရာက္မတိုက္ခတ္မီ ဟာရီကိန္းမုန္တိုင္းအႀကီးစားတစ္ခုျဖစ္လာႏိုင္ဖြယ္ရွိေနသည္။

က်ဴးဘားႏိုင္ငံ အေနာက္ပိုင္းတြင္ စက္တင္ဘာ(၂၇)ရက္ေန႔၊ ညေနပိုင္းႏွင့္ ညပိုင္းတို႔မွာ အေျခအေနမ်ားသည္ ပိုမိုဆိုး႐ြားလာႏိုင္ဖြယ္ရွိေနၿပီး ေလျပင္းမ်ားတိုက္ခတ္ျခင္းႏွင့္ မုန္တိုင္း ၏သက္ေရာက္မႈမ်ားကို ခံရႏိုင္ဖြယ္ရွိေနေၾကာင္း ဟာရီကိန္းစင္တာ က ေျပာၾကားခဲ့သည္။

ဟာရီကိန္းမုန္တိုင္း Ian သည္ အဆင့္(၃)အမ်ိဳးအစားျဖစ္လာႏိုင္ကာ တစ္နာရီလွ်င္(၁၂ဝ)မိုင္ႏႈန္းျဖင့္ စက္တင္ဘာ(၂၇)ရက္ေန႔၊ နံနက္ပိုင္းတြင္ က်ဴးဘားႏိုင္ငံသို႔ ဝင္ေရာက္တိုက္ခတ္ႏိုင္ဖြယ္ရွိေနၿပီး Jamaica ႏွင့္ က်ဴးဘားႏိုင္ငံတို႔တြင္ ႐ုတ္တရက္ေရႀကီးမႈမ်ားႏွင့္ ေျမၿပိဳမႈမ်ားျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္းသိရသည္။

က်ဴးဘားႏိုင္ငံ အေနာက္ဘက္ျခမ္းျပည္နယ္၏ Pinar del Río ၿမိဳ႕ တြင္ လူေပါင္း (၁၉၂၈၃) ဦးကို ၎တို႔၏ေနအိမ္မ်ားမွ ေဘးလြတ္ရာသို႔ေ႐ႊ႕ေျပာင္းေပးခဲ့ေၾကာင္း ႏိုင္ငံပိုင္ သတင္းခ်န္နယ္ TelePinar က ေဖာ္ျပခဲ့သည္။

အေမရိကန္ႏိုင္ငံတြင္ Tampa၊ Orlando၊ Tallahassee ႏွင့္ Jacksonville အပါအဝင္ ၿမိဳ႕ႀကီးမ်ားတြင္ အပူပိုင္းမုန္တိုင္းတိုက္ခတ္မႈဒဏ္ကို ခံစားရမည့္သူ (၁၅) သန္းေက်ာ္ရွိေၾကာင္းမိုးေလဝသပညာရွင္ ဘရန္ဒန္မီလာ က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.