“ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ The Shanghai Cooperation Organization (SCO)”

 1666

ရဲထွန်း (သီပေါ) (NP News) - အောက်တိုဘာ ၁

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်‌ရေးအဖွဲ့ The Shanghai Cooperation Organization (SCO) ဆိုသည်မှာ ဥရောပအာရှဒေသမှနိုင်ငံအချို့က နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံ ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုပြုကြရန် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပထဝီနယ်မြေအကျယ်အဝန်းနှင့် လူဉီးရေအရပြောရလျှင် ကမ္ဘာ့အကြီးဆုံး ဒေသဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သည်ဟုဆိုနိုင်သည်။

အဆိုပါအဖွဲ့အစည်းဝင်နိုင်ငံများ၏ စုစုပေါင်း အကျယ်အဝန်းမှာ ဥရောပအာရှဒေသတခုလုံး၏ ၆ဝ ရာခိုင်နှုန်း၊ ကမ္ဘာ့လူဦးရေ၏ ၄ဝ ရာခိုင်နှုန်း နှင့် ကမ္ဘာ့ဂျီဒီပီ၏ ၃ဝ ရာခိုင်နှုန်းကျော်ရှိပါသည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO မှာ ၁၉၉၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သော ရှန်ဟိုင်းငါးနိုင်ငံ (တရုတ်၊ ကာဇက်စတန်၊ ကီဂစ်စတန်၊ ရုရှားနှင့် တာဂျစ်ကစ္စတန်) အဖွဲ့မှစတင်သည်။ ၂ဝဝ၁ ခုနှစ် ဇွန်လ ၁၅ ရက်က အဆိုပါငါးနိုင်ငံခေါင်းဆောင်များနှင့် ဥဇဘက်ကစ္စတန် ခေါင်းဆောင်တို့ ရှန်ဟိုင်းမြို့တွင်တွေ့ဆုံပြီး နိုင်ငံရေးနှင့် စီးပွားရေးအရ ပိုမိုနက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ကြရန် အဖွဲ့အစည်းသစ်တစ်ရပ်ဖွဲ့စည်း လိုက်ကြောင်းကြေငြာသည်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO စာချုပ်ကို ၂ဝဝ၂ ခုနှစ် ဇူလိုင်လ ၇ ရက်တွင်လက်မှတ်ရေးထိုးခဲ့ကြပြီး ၂ဝဝ၃ ခုနှစ် စက်တင်ဘာလ ၁၉ ရက်တွင် စတင်အသက်ဝင်သည်။ ၂ဝ၁၇ ခုနှစ် ဇွန်လ ၉ ရက်တွင် အိန္ဒိယနှင့် ပါကစ္စတန်တို့သည် အဖွဲ့ဝင်နိုင်ငံများဖြစ်လာခဲ့ကြပြီး နိုင်ငံ အတော်များများမှာ စောင့်ကြည့်လေ့လာသူ သို့မဟုတ် ဆွေးနွေးဖေါ် မိတ်ဖက်နိုင်ငံများအဖြစ် ဆက်သွယ်လာလျက်ရှိကြသည်။

စောင့်ကြည့် လေ့လာသူ observer status နိုင်ငံများ
(၁) အာဖဂန်နစ္စတန်
(၂) ဘဲလားရုစ်
(၃) မွန်ဂိုးလီးယား နိုင်ငံတို့မှာ တင်းပြည့်အဖွဲ့ဝင်ဖြစ်ရန် အနီးကပ်ဆုံး အဆင့်ဖြစ်သည့် စောင့်ကြည့်လေ့လာသည့် နိုင်ငံများဖြစ်ကြသည်။

အာဖဂန်နစ္စတန်နိုင်ငံမှာ စောင့်ကြည့်လေ့လာသူအဆင့်ကို ဝ၀၁၂ ခုနှစ် ဇွန်လ ၇ ရက်က တရုတ်နိုင်ငံ ပီကင်းတွင်ပြုလုပ်သည့် SCO အစည်းအဝေးတွင် လက်ခံရရှိခဲ့သည်။ ယခုအချိန်အထိတော့ မည်သည့်နိုင်ငံကမှ တာလီဘန်အစိုးရကို SCO အစည်းအဝေးများတွင် ကိုယ်စားပြုပါဝင်ရန် ထောက်ခံမှုမပြုသေးချေ။

ဘဲလားရုစ်နိုင်ငံမှာ ၂ဝဝ၈ ခုနှစ်က ဆွေးနွေးဖေါ်မိတ်ဖက်နိုင်ငံအဖြစ် လျှောက်ထားခဲ့ပြီး ကာဇက်စတန်နိုင်ငံက ထောက်ခံခဲ့သည်။ သို့သော်လည်း ရုရှားကာကွယ်‌ရေးဝန်ကြီး ဆာဂေအိုင်ဗန်နော့က ဘီလားရုစ်နိုင်ငံမှာ ဥရောပနိုင်ငံလုံးလုံးဖြစ်သည့် အတွက် အဖွဲ့ဝင်ဖြစ်ရေးအတွက် သံသယဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့ သော် လည်း ၂ဝဝ၉ ခုနှစ် ‌ရေကာတာရင်ဘတ်တွင်ကျင်းပသည့် ထိပ်သီးအစည်းအဝေးတွင် ဘီလားရုစ်နိုင်ငံကို ဆွေးနွေးဖေါ်မိတ်ဖက်နိုင်ငံအဖြစ် ခွင့်ပြုရန်ဆုံးဖြတ်ခဲ့သည်။ တရားဝင်အကြောင်းကြားချက်ကို ၂ဝ၁ဝ ခုနှစ် ဧပြီလ ၂၈ ရက်တွင်မှလက် ခံရရှိသည်။ ၂ဝ၁၂ ခုနှစ်တွင် စောင့်ကြည့်လေ့လာသူအဆင့်ကို လျှောက်ထားခဲ့ပြီး ၂ဝ၁၅ ခုနှစ်တွင် ထိုအဆင့်ကို တရားဝင်ရရှိခဲ့သည်။ ၂ဝ၂၂ ခုနှစ် ဇွန်လ ၁၄ ရက်တွင် ဘီလားရုစ်သည် တင်းပြည့်အဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့သည်။

မွန်ဂိုးလီးယားနိုင်ငံမှာ ၂ဝဝ၄ ခုနှစ် တာ့ရှ်ကင့် ထိပ်သီးအစည်းအဝေးတွင် စောင့်ကြည့်လေ့လာသူအဆင့်ကို ပထမဆုံးရရှိခဲ့သောနိုင်ငံဖြစ်သည်။ ပါကစ္စတန်၊ အိန္ဒိယနှင့် အီရန်နိုင်ငံတို့မှာ ၂ဝဝ၅ ခုနှစ်ဇူလိုင်လ ၅ ရက်က ကာဇက်စတန်နိုင်ငံ အက်စ်တနာ SCO ထိပ်သီးအစည်းအဝေးတွင် စောင့်ကြည့်လေ့လာသူ အဆင့်ကိုရရှိခဲ့ကြသည်။

ဆွေးနွေးဖေါ် မိတ်ဖက် dialogue partner နိုင်ငံများ
(၁) သီရိလင်္ကာ
(၂) တူရကီ
(၃) ကမ္ဘောဒီးယား
(၄) အဇာဘိုင်ဂျန်
(၅) နီပေါ
(၆) အာမေးနီးယား
(၇) အီဂျစ်
(၈) ကာတာ
(၉) ဆော်ဒီအာရေဗျ တို့မှာ ဆွေးနွေးဖေါ် မိတ်ဖက်နိုင်ငံများ ဖြစ်ကြသည်။ ဆွေးနွေးဖေါ် မိတ်ဖက် နိုင်ငံများဆိုသည့် အဆင့်အတန်းကို ၂ဝဝ၈ ခုနှစ်က စတင်ဖန်တီးခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးဖေါ် မိတ်ဖက် အလောင်းအလျာ Upcoming dialogue partners နိုင်ငံများ
(၁) ဘာရိန်း
(၂) ကူဝိတ်
(၃) မော်လ်ဒိုက်ဗ်
(၄) မြန်မာ
(၅) ယူအေအီး

အနာဂါတ် အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရေး
၂ဝ၁ဝ ခုနှစ်က SCO သည် အဖွဲ့ဝင်သစ်များကို ခွင့်ပြုရေးအတွက် လုပ်ထုံးလုပ်နည်းများကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ စောင့်ကြည့်လေ့လာသူ အဆင့်ရပြီးဖြစ်သော မွန်ဂိုလီးယားနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့သည် တင်းပြည့်အဖွဲ့ဝင်ဖြစ်ရေး သူတို့၏ဆန္ဒကို ထုတ်ဖေါ်ပြောဆိုခဲ့ကြပြီးဖြစ်သည်။

၂ဝ၁၁ ခုနှစ်တွင် တူရကီက ဆွေးနွေးဖေါ်မိတ်ဖက်နိုင်ငံအဆင့်အတန်းအတွက် လျှောက်ထားခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် ရရှိခဲ့သည်။

တူရကီ ဝန်ကြီးချုပ် ရီဆက် တေယစ် အာဒိုဂန် က “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO တင်းပြည့် အဖွဲ့ဝင်ဖြစ်ရေးအတွက် ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ်တူရကီ၏လျှောက်ထားမှုကိုပယ်ဖျက်ဖွယ်ရှိနိုင်ကြောင်း"ထုတ်ဖေါ်ပြောဆိုခဲ့သည်။ ထိုသို့ပြောဆိုမှုကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်တွင် ဥရောပပါလီမန်က တူရကီနိုင်ငံ ဥ‌ရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးကို ဆိုင်းငံ့ထားရန် တညီတညွတ်တည်းဆုံးဖြတ်လိုက်ခြင်းက အားဖြည့်ပေးလိုက်သလိုဖြစ်ခဲ့သည်။ နောက်နှစ်ရက်အကြာ နိုဝင် ဘာလ ၂၃ ရက်တွင် SCO အဖွဲ့ကြီးက ၂ဝ၁၇ ခုနှစ်အတွက် ၎င်း၏စွမ်းအင်ကလပ်ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ရန် တူရကီနိုင်ငံကို ခွင့်ပြုခဲ့ကြသည်။ ဤသည်က တင်းပြည့်အဖွဲ့ဝင် မဟုတ်သေးသော နိုင်ငံတနိုင်ငံကို SCO ကလပ်တခု၏ ဥက္ကဋ္ဌတာဝန် ပေးအပ်သည့် ပထမဆုံးအကြိမ်ဖြစ်လာခဲ့သည်။ ၂ဝ၂၂ ခုနှစ်တွင် အာဒိုဂန်က တူရကီနိုင်ငံသည် SCO တင်းပြည့်အဖွဲ့ဝင် ဖြစ်ရန်ဆက်လက်ကြိုးပမ်းသွားမည်ဟု ကြေငြာခဲ့လေသည်။

၂ဝ၁၁ ခုနှစ်တွင် ဗီယက်နမ်က စောင့်ကြည့်လေ့လာသူအဆင့်ဖြစ်ရန် စိတ်ဝင်စားကြောင်းဖေါ်ပြခဲ့သော်လည်း လျှောက်ထားခြင်းတော့ မပြုသေးပေ။

၂ဝ၁၂ ခုနှစ်တွင် ယူကရိန်းနိုင်ငံက စောင့်ကြည့်လေ့လာသူအဆင့်ရရှိရန် စိတ်ဝင်စားကြောင်းဖေါ်ပြခဲ့သော်လည်း ယခုထိတော့ လျှောက်ထားခြင်းမရှိသေးပေ။ ၂ဝ၁၂ ခုနှစ်တွင် ဘင်္ဂလားဒက်ရှ်နိုင်ငံက စောင့်ကြည့်လေ့လာသူ အဆင့်ရရှိရန်လျှောက်ထားခဲ့သည်။

၂ဝ၁၅ ခုနှစ်တွင် ဆီးရီးယားနိုင်ငံသည် ဆွေးနွေးဖေါ် မိတ်ဖက်နိုင်ငံ အဆင့်ကို လျှောက်ထားခဲ့သည်။

၂ဝ၁၆ ခုနှစ်တွင် အစ္စရေးနိုင်ငံသည် ဆွေးနွေးဖေါ် မိတ်ဖက်နိုင်ငံ အဆင့်ကို လျှောက်ထားခဲ့သည်။

၂ဝ၁၉ ခုနှစ် သို့မဟုတ် ထို့ထက်စောသော အချိန်က အီရတ်နိုင်ငံသည် ဆွေးနွေးဖေါ် မိတ်ဖက်နိုင်ငံ အဆင့် ကိုလျှောက်ထားခဲ့သည်။

တာ့မင်နစ္စတန်နိုင်ငံသည် ယခင်က အစဉ်ထာဝရ ကြားနေနိုင်ငံ တစ်ခုအဖြစ် မိမိကိုယ်ကို ကြေငြာထားခဲ့သည်။ ဤကြေငြာချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက အသိအမှတ်ပြုကြောင်းဆုံးဖြတ်ခဲ့သည်။ သို့ဖြစ်၍ ဤအချက်က တာ့မင်နစ္စတန် နိုင်ငံကို SCO အဖွဲ့ဝင်ဖြစ်လာရန် အဟန့်အတားဖြစ်ခဲ့လေသည်။ သို့သော်လည်း ၂ဝဝ၇ ခုနှစ်မှစတင်ကာ တာ့မင်နစ္စတန် နိုင်ငံ့ခေါင်းဆောင်သည် SCO ထိပ်သီးအ စည်းအဝေးကို ဧည့်သည်တော်အဖြစ်သာ တက်ရောက်သည်။

မူလ အဖွဲ့အစည်း
၁၉၉၆ ခုနှစ် ဧပြီလ ၂၆ ရက်တွင် တရုတ်၊ ကာဇက်စတန်၊ ကီဂစ်စတန်၊ ရုရှားနှင့် တာဂျစ်ကစ္စတန် ငါးနိုင်ငံတို့သည် နယ်စပ်ဒေသများတွင်စစ်ရေးအရ ယုံကြည်စိတ် ချမှုနက်နက်ရှိုင်းရှိုင်းရှိစေရေးရည်ရွယ်လျက် တရုတ်နိုင်ငံရှန်ဟိုင်းမြို့တွင် စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးလိုက်ကြပါသည်။

၁၉၉၇ ခုနှစ် ဧပြီလ ၂၄ ရက်တွင် အဆိုပါ ငါးနိုင်ငံသည် ရုရှားနိုင်ငံ မော်စကိုမြို့တွင် တွေ့ဆုံလျက် နယ်စပ်ဒေသများတွင် စစ်အင်အားလျှော့ချရေးစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပြန်ပါသည်။ ၁၉၉၇ ခုနှစ် မေလ ၂ဝ ရက်တွင် ရုရှားသမ္မတ ဘောရစ်ယဲ့ဆင်နှင့် တရုတ်သမ္မတ ကျန်းဇိမင်တို့သည် “ဝန်ရိုးစုံ ကမ္ဘာ” (Multipolar world) ဆိုသည့်ကြေငြာချက်ကို လက်မှတ်ရေးထိုးခဲ့ကြလေသည်။

ရှန်ဟိုင်း ငါးနိုင်ငံအဖွဲ့သည် ထိပ်သီးအစည်းအဝေးများနှစ်စဉ်ကျင်းပခဲ့ရာ ၁၉၉၈ ခုနှစ်တွင် ကာဇက်စတန်နိုင်ငံ အယ်မာတီတွင်၎င်း၊ ၁၉၉၉ ခုနှစ်တွင် ကီဂစ်စတန်နိုင်ငံ ဘစ်ရှ်ကက်တွင်၎င်း၊ ၂ဝဝဝ ခုနှစ်တွင် တာဂျစ် ကစ္စတန်နိုင်ငံ ဒူရှန်ဘေးတွင် ၎င်း ကျင်းပခဲ့ကြသည်။ ဒူရှန်ဘေး ထိပ်သီးအစည်းအဝေးတွင် “လူအချင်းချင်းစာ နာထောက်ထားရေးဝါဒနှင့် လူ့အခွင့်ရေးကာကွယ်ရေး အကြောင်းပြချက်ဖြင့်” အခြားနိုင်ငံ၏ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုဆန့်ကျင်ရေးကို အဖွဲ့ဝင်နိုင်ငံများက သဘောတူညီခဲ့ကြပြီး၊ ငါးနိုင်ငံတို့၏ အမျိုးသား အမှီခိုကင်းရေး၊ အချုပ် အခြာအာဏာပိုင်ဆိုင်ရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် လူမှုတည်ငြိမ်ရေးတို့အ တွက် ကြိုးပမ်းမှုများကို အပြန်အလှန်ထောက်ခံအားပေးသွားကြမည်ဟု သဘောတူညီကြသည်။

၂ဝဝ၁ ခုနှစ်တွင် နှစ်ပတ်လည်အစည်းအဝေးကို ရှန်ဟိုင်းတွင်ပြန်လည်ကျင်းပသည့်အခါ ဥဇဘက်ကစ္စတန်နိုင်ငံကိုလည်း အဖွဲ့ဝင်အဖြစ်လက်ခံခြင်းအားဖြင့် ရှန်ဟိုင်း ခြောက်နိုင်ငံအဖွဲ့ဖြစ်လာသည်။ ၂ဝဝ၁ ခုနှစ် ဇွန်လ ၁၅ ရက်တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကြေငြာချက်ကို ထုတ်ပြန်ကြေငြာလိုက်ခြင်း အားဖြင့် ရှန်ဟိုင်းငါးနိုင်ငံ အဖွဲ့၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်များကို ပိုမိုမြင့်မားသည့် ပူးပေါင်းဆောင် ရွက်ရေးအဆင့်တခုသို့ ပြုပြင်ပြောင်းလဲလိုက်သည်။

၂ဝဝ၂ ခုနှစ်တွင် SCO ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်များသည် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး SCO စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြသည်။ အဆိုပါစာချုပ်တွင် အဖွဲ့၏ ရည်မှန်းချက်များ၊ အခြေခံမူများ၊ ဖွဲ့ စည်းပုံများနှင့် လုပ်ကိုင်ဆောင်ရွက်ရေးပုံစံများကို နိုင်ငံတကာ ဥပဒေနှင့်အညီ ထည့် သွင်းခဲ့ကြလေသည်။

၂ဝဝ၅ ခုနှစ် ဇူလိုင်လတွင် ကာဇက်စတန်နိုင်ငံ အက်စ်တနာ မြို့တွင်ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် အိန္ဒိယ၊ အီရန်၊ မွန်ဂိုးလီးယားနှင့် ပါကစ္စတန်နိုင်ငံတို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်လာခဲ့ကြရာ အိမ်ရှင် ကာဇက်စတန်နိုင်ငံသမ္မတ နူးလ်စူလ်တန် နာဇာဘာယက်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာမှာ “ ယခုဆွေးနွေးပွဲစားပွဲမှာထိုင်နေကြတဲ့ နိုင်ငံ့ခေါင်းဆောင်များဟာ လူသားအားလုံးရဲ့ တစ်ဝက်ကို ကိုယ်စားပြုကြသူများဖြစ်ကြပါတယ်” လို့ ထည့်သွင်းပြောကြားခဲ့လေသည်။

၂ဝဝ၇ ခုနှစ်အထိ SCO သည် သယ်ယူပို့ဆောင်‌ရေး၊ စွမ်းအင်နှင့် ‌သတင်းဆက်သွယ်ရေး ကဏ္ဍများနှင့်ဆက်နွယ်သည့် စီမံကိန်းကြီး ၂ဝ ကျော်ကို ဦးဆောင်အစပြုခဲ့ပြီးအဖွဲ့ဝင်နိုင်ငံတို့မှ လုံခြုံရေး၊ စစ်ရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ စီးပွား‌ရေး၊ ယဉ် ကျေးမှု၊ ဘဏ်လုပ်ငန်းဆိုင်ရာတို့မှ အရာရှိများ၏ ပုံမှန် အစည်းအဝေးများကို ကျင်း ပခဲ့ကြသည်။

၂ဝ၁၅ ခုနှစ် ဇူလိုင်လတွင် ရုရှားနိုင်ငံ အူးဖာမြို့တွင်ကျင်းပသည့် SCO အစည်းအ ဝေးက အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံကို တင်းပြည့်အဖွဲ့ဝင်နိုင်ငံများအဖြစ် အသိ အမှတ်ပြုရန် ဆုံးဖြတ်ခဲ့သည်။ ၂ဝ၁၆ ခုနှစ် ဇွန်လတွင် ဥဇဘက်ကစ္စတန်နိုင်ငံ တာ့ရှ်ကင့်၌ နှစ်နိုင်ငံလုံးက တာဝန်ဝတ္တရားနားလည်မှု သဘောတူချက် ကိုလက်မှတ်ရေးထိုးခဲ့ကြပြီး SCO အဖွဲ့၏တင်းပြည့်အဖွဲ့ဝင်ဖြစ်ရန် တရားဝင်လုပ်ငန်းစဉ်ကို စတင်ခဲ့သည်။ ၂ဝ၁၇ ခုနှစ် ဇွန်လ ၉ ရက် အက်စ်တနာတွင်ကျင်းပသော ထိပ်သီးအစည်းအဝေးက အိန္ဒိယနှင့် ပါကစ္စတန်ကို SCO ၏ တင်းပြည့်အဖွဲ့ဝင်ဖြစ်လာခဲ့သည်။

SCO သည် ကမ္ဘာ့ကုလသမဂ္ဂနှင့် ဆက်ဆံရေးကို ၂ဝဝ၄ ခုနှစ်ကစတင်ခဲ့ပြီး လွတ် လပ်သောနိုင်ငံများ၏ ဓနသဟာယအဖွဲ့နှင့် ၂ဝဝ၅ ခုနှစ်တွင်လည်းကောင်း၊ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနှင့် ၂ဝဝ၅ ခုနှစ်တွင်လည်းကောင်း၊ စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့အစည်း Collective Security Treaty Organization နှင့် ၂ဝဝ၇ ခုနှစ်တွင်လည်းကောင်း၊ စီးပွား‌ရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းနှင့် ၂ဝဝ၇ ခုနှစ်တွင်လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂရုံးနှင့် ၂ဝ၁၁ ခုနှစ်တွင်လည်းကောင်း၊ အာရှတိုက်တွင်း အပြန်အလှန်တုံ့ပြန်‌ရေးနှင့် ယုံကြည်မှုတည်ဆောက်ရေးကွန်ဖရင့် ( CICA) နှင့် ၂ဝ၁၄ ခုနှစ်တွင် လည်းကောင်း၊ အာရှနှင့် ပစ္စဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် နှင့် ၂ဝ၁၅ ခုနှစ်တွင်လည်းကောင်း၊ အသီးသီး ဆက်ဆံရေးများထူထောင်ခဲ့သည်။

SCO ၏ ဒေသဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့အစည်း (RATS)သည် အာဖရိကန် ယူနီယံ၏ အကြမ်း ဖက်မှုဝါဒအပေါ် လေ့လာသုတေသနပြုရေး အာဖရိကန်စင်တာ (ACSRT) နှင့်ဆက်ဆံ‌ရေးကိုလည်း ၂ဝ၁၈ ခုနှစ်တွင် ထူထောင်ခဲ့ပေသည်။

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို အဆုံးစွန် ဆုံးဖြတ်ချက်ပေးနှိုင်သော - နိုင်ငံခေါင်းဆောင်များ ကောင်စီ (Heads of State Council – HSC) က ဦးဆောင်ပြီး၊ ၎င်းတို့သည် တစ်နှစ်လျှင် တစ်ကြိမ်တွေ့ဆုံ စည်းဝေးကြသည်။

ကိုးကား : Shanghai Cooperation Organisation From Wikipedia, the free encyclopedia

zawgyi version
“ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ The Shanghai Cooperation Organization (SCO)”
ရဲထြန္း (သီေပါ) (NP News) - ေအာက္တိုဘာ ၁

ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္‌ေရးအဖြဲ႕ The Shanghai Cooperation Organization (SCO) ဆိုသည္မွာ ဥေရာပအာရွေဒသမွႏိုင္ငံအခ်ိဳ႕က ႏိုင္ငံေရး၊ စီးပြားေရးႏွင့္ လုံၿခဳံ ေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈျပဳၾကရန္ ဖြဲ႕စည္းထားသည့္ အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး ပထဝီနယ္ေျမအက်ယ္အဝန္းႏွင့္ လူဉီးေရအရေျပာရလွ်င္ ကမာၻ႔အႀကီးဆုံး ေဒသဆိုင္ရာအဖြဲ႕အစည္းတစ္ခုျဖစ္သည္ဟုဆိုႏိုင္သည္။

အဆိုပါအဖြဲ႕အစည္းဝင္ႏိုင္ငံမ်ား၏ စုစုေပါင္း အက်ယ္အဝန္းမွာ ဥေရာပအာရွေဒသတခုလုံး၏ ၆ဝ ရာခိုင္ႏႈန္း၊ ကမာၻ႔လူဦးေရ၏ ၄ဝ ရာခိုင္ႏႈန္း ႏွင့္ ကမာၻ႔ဂ်ီဒီပီ၏ ၃ဝ ရာခိုင္ႏႈန္းေက်ာ္ရွိပါသည္။

ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ SCO မွာ ၁၉၉၆ ခုႏွစ္က စတင္ဖြဲ႕စည္းခဲ့ေသာ ရွန္ဟိုင္းငါးႏိုင္ငံ (တ႐ုတ္၊ ကာဇက္စတန္၊ ကီဂစ္စတန္၊ ႐ုရွားႏွင့္ တာဂ်စ္ကစၥတန္) အဖြဲ႕မွစတင္သည္။ ၂ဝဝ၁ ခုႏွစ္ ဇြန္လ ၁၅ ရက္က အဆိုပါငါးႏိုင္ငံေခါင္းေဆာင္မ်ားႏွင့္ ဥဇဘက္ကစၥတန္ ေခါင္းေဆာင္တို႔ ရွန္ဟိုင္းၿမိဳ႕တြင္ေတြ႕ဆုံၿပီး ႏိုင္ငံေရးႏွင့္ စီးပြားေရးအရ ပိုမိုနက္နက္ရႈိင္းရႈိင္း ပူးေပါင္းေဆာင္႐ြက္ၾကရန္ အဖြဲ႕အစည္းသစ္တစ္ရပ္ဖြဲ႕စည္း လိုက္ေၾကာင္းေၾကျငာသည္။ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ SCO စာခ်ဳပ္ကို ၂ဝဝ၂ ခုႏွစ္ ဇူလိုင္လ ၇ ရက္တြင္လက္မွတ္ေရးထိုးခဲ့ၾကၿပီး ၂ဝဝ၃ ခုႏွစ္ စက္တင္ဘာလ ၁၉ ရက္တြင္ စတင္အသက္ဝင္သည္။ ၂ဝ၁၇ ခုႏွစ္ ဇြန္လ ၉ ရက္တြင္ အိႏၵိယႏွင့္ ပါကစၥတန္တို႔သည္ အဖြဲ႕ဝင္ႏိုင္ငံမ်ားျဖစ္လာခဲ့ၾကၿပီး ႏိုင္ငံ အေတာ္မ်ားမ်ားမွာ ေစာင့္ၾကည့္ေလ့လာသူ သို႔မဟုတ္ ေဆြးေႏြးေဖၚ မိတ္ဖက္ႏိုင္ငံမ်ားအျဖစ္ ဆက္သြယ္လာလ်က္ရွိၾကသည္။

ေစာင့္ၾကည့္ ေလ့လာသူ observer status ႏိုင္ငံမ်ား
(၁) အာဖဂန္နစၥတန္
(၂) ဘဲလား႐ုစ္
(၃) မြန္ဂိုးလီးယား ႏိုင္ငံတို႔မွာ တင္းျပည့္အဖြဲ႕ဝင္ျဖစ္ရန္ အနီးကပ္ဆုံး အဆင့္ျဖစ္သည့္ ေစာင့္ၾကည့္ေလ့လာသည့္ ႏိုင္ငံမ်ားျဖစ္ၾကသည္။

အာဖဂန္နစၥတန္ႏိုင္ငံမွာ ေစာင့္ၾကည့္ေလ့လာသူအဆင့္ကို ဝ၀၁၂ ခုႏွစ္ ဇြန္လ ၇ ရက္က တ႐ုတ္ႏိုင္ငံ ပီကင္းတြင္ျပဳလုပ္သည့္ SCO အစည္းအေဝးတြင္ လက္ခံရရွိခဲ့သည္။ ယခုအခ်ိန္အထိေတာ့ မည္သည့္ႏိုင္ငံကမွ တာလီဘန္အစိုးရကို SCO အစည္းအေဝးမ်ားတြင္ ကိုယ္စားျပဳပါဝင္ရန္ ေထာက္ခံမႈမျပဳေသးေခ်။

ဘဲလား႐ုစ္ႏိုင္ငံမွာ ၂ဝဝ၈ ခုႏွစ္က ေဆြးေႏြးေဖၚမိတ္ဖက္ႏိုင္ငံအျဖစ္ ေလွ်ာက္ထားခဲ့ၿပီး ကာဇက္စတန္ႏိုင္ငံက ေထာက္ခံခဲ့သည္။ သို႔ေသာ္လည္း ႐ုရွားကာကြယ္‌ေရးဝန္ႀကီး ဆာေဂအိုင္ဗန္ေနာ့က ဘီလား႐ုစ္ႏိုင္ငံမွာ ဥေရာပႏိုင္ငံလုံးလုံးျဖစ္သည့္ အတြက္ အဖြဲ႕ဝင္ျဖစ္ေရးအတြက္ သံသယျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္။ သို႔ ေသာ္ လည္း ၂ဝဝ၉ ခုႏွစ္ ‌ေရကာတာရင္ဘတ္တြင္က်င္းပသည့္ ထိပ္သီးအစည္းအေဝးတြင္ ဘီလား႐ုစ္ႏိုင္ငံကို ေဆြးေႏြးေဖၚမိတ္ဖက္ႏိုင္ငံအျဖစ္ ခြင့္ျပဳရန္ဆုံးျဖတ္ခဲ့သည္။ တရားဝင္အေၾကာင္းၾကားခ်က္ကို ၂ဝ၁ဝ ခုႏွစ္ ဧၿပီလ ၂၈ ရက္တြင္မွလက္ ခံရရွိသည္။ ၂ဝ၁၂ ခုႏွစ္တြင္ ေစာင့္ၾကည့္ေလ့လာသူအဆင့္ကို ေလွ်ာက္ထားခဲ့ၿပီး ၂ဝ၁၅ ခုႏွစ္တြင္ ထိုအဆင့္ကို တရားဝင္ရရွိခဲ့သည္။ ၂ဝ၂၂ ခုႏွစ္ ဇြန္လ ၁၄ ရက္တြင္ ဘီလား႐ုစ္သည္ တင္းျပည့္အဖြဲ႕ဝင္အျဖစ္ ေလွ်ာက္ထားခဲ့သည္။

မြန္ဂိုးလီးယားႏိုင္ငံမွာ ၂ဝဝ၄ ခုႏွစ္ တာ့ရွ္ကင့္ ထိပ္သီးအစည္းအေဝးတြင္ ေစာင့္ၾကည့္ေလ့လာသူအဆင့္ကို ပထမဆုံးရရွိခဲ့ေသာႏိုင္ငံျဖစ္သည္။ ပါကစၥတန္၊ အိႏၵိယႏွင့္ အီရန္ႏိုင္ငံတို႔မွာ ၂ဝဝ၅ ခုႏွစ္ဇူလိုင္လ ၅ ရက္က ကာဇက္စတန္ႏိုင္ငံ အက္စ္တနာ SCO ထိပ္သီးအစည္းအေဝးတြင္ ေစာင့္ၾကည့္ေလ့လာသူ အဆင့္ကိုရရွိခဲ့ၾကသည္။

ေဆြးေႏြးေဖၚ မိတ္ဖက္ dialogue partner ႏိုင္ငံမ်ား
(၁) သီရိလကၤာ
(၂) တူရကီ
(၃) ကေမာၻဒီးယား
(၄) အဇာဘိုင္ဂ်န္
(၅) နီေပါ
(၆) အာေမးနီးယား
(၇) အီဂ်စ္
(၈) ကာတာ
(၉) ေဆာ္ဒီအာေရဗ် တို႔မွာ ေဆြးေႏြးေဖၚ မိတ္ဖက္ႏိုင္ငံမ်ား ျဖစ္ၾကသည္။ ေဆြးေႏြးေဖၚ မိတ္ဖက္ ႏိုင္ငံမ်ားဆိုသည့္ အဆင့္အတန္းကို ၂ဝဝ၈ ခုႏွစ္က စတင္ဖန္တီးခဲ့ျခင္းျဖစ္သည္။

ေဆြးေႏြးေဖၚ မိတ္ဖက္ အေလာင္းအလ်ာ Upcoming dialogue partners ႏိုင္ငံမ်ား
(၁) ဘာရိန္း
(၂) ကူဝိတ္
(၃) ေမာ္လ္ဒိုက္ဗ္
(၄) ျမန္မာ
(၅) ယူေအအီး

အနာဂါတ္ အဖြဲ႕ဝင္အျဖစ္ ပါဝင္ႏိုင္ေရး
၂ဝ၁ဝ ခုႏွစ္က SCO သည္ အဖြဲ႕ဝင္သစ္မ်ားကို ခြင့္ျပဳေရးအတြက္ လုပ္ထုံးလုပ္နည္းမ်ားကို အတည္ျပဳျပ႒ာန္းခဲ့သည္။ ေစာင့္ၾကည့္ေလ့လာသူ အဆင့္ရၿပီးျဖစ္ေသာ မြန္ဂိုလီးယားႏွင့္ အာဖဂန္နစၥတန္ႏိုင္ငံတို႔သည္ တင္းျပည့္အဖြဲ႕ဝင္ျဖစ္ေရး သူတို႔၏ဆႏၵကို ထုတ္ေဖၚေျပာဆိုခဲ့ၾကၿပီးျဖစ္သည္။

၂ဝ၁၁ ခုႏွစ္တြင္ တူရကီက ေဆြးေႏြးေဖၚမိတ္ဖက္ႏိုင္ငံအဆင့္အတန္းအတြက္ ေလွ်ာက္ထားခဲ့ၿပီး ၂ဝ၁၃ ခုႏွစ္တြင္ ရရွိခဲ့သည္။

တူရကီ ဝန္ႀကီးခ်ဳပ္ ရီဆက္ ေတယစ္ အာဒိုဂန္ က “ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ SCO တင္းျပည့္ အဖြဲ႕ဝင္ျဖစ္ေရးအတြက္ ဥေရာပသမဂၢအဖြဲ႕ဝင္အျဖစ္တူရကီ၏ေလွ်ာက္ထားမႈကိုပယ္ဖ်က္ဖြယ္ရွိႏိုင္ေၾကာင္း"ထုတ္ေဖၚေျပာဆိုခဲ့သည္။ ထိုသို႔ေျပာဆိုမႈကို ၂ဝ၁၆ ခုႏွစ္ ႏိုဝင္ဘာလ ၂၁ ရက္တြင္ ဥေရာပပါလီမန္က တူရကီႏိုင္ငံ ဥ‌ေရာပသမဂၢအဖြဲ႕ဝင္ျဖစ္ေရးကို ဆိုင္းငံ့ထားရန္ တညီတၫြတ္တည္းဆုံးျဖတ္လိုက္ျခင္းက အားျဖည့္ေပးလိုက္သလိုျဖစ္ခဲ့သည္။ ေနာက္ႏွစ္ရက္အၾကာ ႏိုဝင္ ဘာလ ၂၃ ရက္တြင္ SCO အဖြဲ႕ႀကီးက ၂ဝ၁၇ ခုႏွစ္အတြက္ ၎၏စြမ္းအင္ကလပ္ဥကၠ႒တာဝန္ထမ္းေဆာင္ရန္ တူရကီႏိုင္ငံကို ခြင့္ျပဳခဲ့ၾကသည္။ ဤသည္က တင္းျပည့္အဖြဲ႕ဝင္ မဟုတ္ေသးေသာ ႏိုင္ငံတႏိုင္ငံကို SCO ကလပ္တခု၏ ဥကၠ႒တာဝန္ ေပးအပ္သည့္ ပထမဆုံးအႀကိမ္ျဖစ္လာခဲ့သည္။ ၂ဝ၂၂ ခုႏွစ္တြင္ အာဒိုဂန္က တူရကီႏိုင္ငံသည္ SCO တင္းျပည့္အဖြဲ႕ဝင္ ျဖစ္ရန္ဆက္လက္ႀကိဳးပမ္းသြားမည္ဟု ေၾကျငာခဲ့ေလသည္။

၂ဝ၁၁ ခုႏွစ္တြင္ ဗီယက္နမ္က ေစာင့္ၾကည့္ေလ့လာသူအဆင့္ျဖစ္ရန္ စိတ္ဝင္စားေၾကာင္းေဖၚျပခဲ့ေသာ္လည္း ေလွ်ာက္ထားျခင္းေတာ့ မျပဳေသးေပ။

၂ဝ၁၂ ခုႏွစ္တြင္ ယူကရိန္းႏိုင္ငံက ေစာင့္ၾကည့္ေလ့လာသူအဆင့္ရရွိရန္ စိတ္ဝင္စားေၾကာင္းေဖၚျပခဲ့ေသာ္လည္း ယခုထိေတာ့ ေလွ်ာက္ထားျခင္းမရွိေသးေပ။ ၂ဝ၁၂ ခုႏွစ္တြင္ ဘဂၤလားဒက္ရွ္ႏိုင္ငံက ေစာင့္ၾကည့္ေလ့လာသူ အဆင့္ရရွိရန္ေလွ်ာက္ထားခဲ့သည္။

၂ဝ၁၅ ခုႏွစ္တြင္ ဆီးရီးယားႏိုင္ငံသည္ ေဆြးေႏြးေဖၚ မိတ္ဖက္ႏိုင္ငံ အဆင့္ကို ေလွ်ာက္ထားခဲ့သည္။

၂ဝ၁၆ ခုႏွစ္တြင္ အစၥေရးႏိုင္ငံသည္ ေဆြးေႏြးေဖၚ မိတ္ဖက္ႏိုင္ငံ အဆင့္ကို ေလွ်ာက္ထားခဲ့သည္။

၂ဝ၁၉ ခုႏွစ္ သို႔မဟုတ္ ထို႔ထက္ေစာေသာ အခ်ိန္က အီရတ္ႏိုင္ငံသည္ ေဆြးေႏြးေဖၚ မိတ္ဖက္ႏိုင္ငံ အဆင့္ ကိုေလွ်ာက္ထားခဲ့သည္။

တာ့မင္နစၥတန္ႏိုင္ငံသည္ ယခင္က အစဥ္ထာဝရ ၾကားေနႏိုင္ငံ တစ္ခုအျဖစ္ မိမိကိုယ္ကို ေၾကျငာထားခဲ့သည္။ ဤေၾကျငာခ်က္ကို ကုလသမဂၢ အေထြေထြညီလာခံက အသိအမွတ္ျပဳေၾကာင္းဆုံးျဖတ္ခဲ့သည္။ သို႔ျဖစ္၍ ဤအခ်က္က တာ့မင္နစၥတန္ ႏိုင္ငံကို SCO အဖြဲ႕ဝင္ျဖစ္လာရန္ အဟန႔္အတားျဖစ္ခဲ့ေလသည္။ သို႔ေသာ္လည္း ၂ဝဝ၇ ခုႏွစ္မွစတင္ကာ တာ့မင္နစၥတန္ ႏိုင္ငံ့ေခါင္းေဆာင္သည္ SCO ထိပ္သီးအ စည္းအေဝးကို ဧည့္သည္ေတာ္အျဖစ္သာ တက္ေရာက္သည္။

မူလ အဖြဲ႕အစည္း
၁၉၉၆ ခုႏွစ္ ဧၿပီလ ၂၆ ရက္တြင္ တ႐ုတ္၊ ကာဇက္စတန္၊ ကီဂစ္စတန္၊ ႐ုရွားႏွင့္ တာဂ်စ္ကစၥတန္ ငါးႏိုင္ငံတို႔သည္ နယ္စပ္ေဒသမ်ားတြင္စစ္ေရးအရ ယုံၾကည္စိတ္ ခ်မႈနက္နက္ရႈိင္းရႈိင္းရွိေစေရးရည္႐ြယ္လ်က္ တ႐ုတ္ႏိုင္ငံရွန္ဟိုင္းၿမိဳ႕တြင္ စာခ်ဳပ္တစ္ခုကို လက္မွတ္ေရးထိုးလိုက္ၾကပါသည္။

၁၉၉၇ ခုႏွစ္ ဧၿပီလ ၂၄ ရက္တြင္ အဆိုပါ ငါးႏိုင္ငံသည္ ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕တြင္ ေတြ႕ဆုံလ်က္ နယ္စပ္ေဒသမ်ားတြင္ စစ္အင္အားေလွ်ာ့ခ်ေရးစာခ်ဳပ္ကိုလက္မွတ္ေရးထိုးခဲ့ျပန္ပါသည္။ ၁၉၉၇ ခုႏွစ္ ေမလ ၂ဝ ရက္တြင္ ႐ုရွားသမၼတ ေဘာရစ္ယဲ့ဆင္ႏွင့္ တ႐ုတ္သမၼတ က်န္းဇိမင္တို႔သည္ “ဝန္႐ိုးစုံ ကမာၻ” (Multipolar world) ဆိုသည့္ေၾကျငာခ်က္ကို လက္မွတ္ေရးထိုးခဲ့ၾကေလသည္။

ရွန္ဟိုင္း ငါးႏိုင္ငံအဖြဲ႕သည္ ထိပ္သီးအစည္းအေဝးမ်ားႏွစ္စဥ္က်င္းပခဲ့ရာ ၁၉၉၈ ခုႏွစ္တြင္ ကာဇက္စတန္ႏိုင္ငံ အယ္မာတီတြင္၎၊ ၁၉၉၉ ခုႏွစ္တြင္ ကီဂစ္စတန္ႏိုင္ငံ ဘစ္ရွ္ကက္တြင္၎၊ ၂ဝဝဝ ခုႏွစ္တြင္ တာဂ်စ္ ကစၥတန္ႏိုင္ငံ ဒူရွန္ေဘးတြင္ ၎ က်င္းပခဲ့ၾကသည္။ ဒူရွန္ေဘး ထိပ္သီးအစည္းအေဝးတြင္ “လူအခ်င္းခ်င္းစာ နာေထာက္ထားေရးဝါဒႏွင့္ လူ႔အခြင့္ေရးကာကြယ္ေရး အေၾကာင္းျပခ်က္ျဖင့္” အျခားႏိုင္ငံ၏ ျပည္တြင္းေရး ဝင္ေရာက္စြက္ဖက္မႈဆန႔္က်င္ေရးကို အဖြဲ႕ဝင္ႏိုင္ငံမ်ားက သေဘာတူညီခဲ့ၾကၿပီး၊ ငါးႏိုင္ငံတို႔၏ အမ်ိဳးသား အမွီခိုကင္းေရး၊ အခ်ဳပ္ အျခာအာဏာပိုင္ဆိုင္ေရး၊ နယ္ေျမတည္တံ့ခိုင္ၿမဲေရးႏွင့္ လူမႈတည္ၿငိမ္ေရးတို႔အ တြက္ ႀကိဳးပမ္းမႈမ်ားကို အျပန္အလွန္ေထာက္ခံအားေပးသြားၾကမည္ဟု သေဘာတူညီၾကသည္။

၂ဝဝ၁ ခုႏွစ္တြင္ ႏွစ္ပတ္လည္အစည္းအေဝးကို ရွန္ဟိုင္းတြင္ျပန္လည္က်င္းပသည့္အခါ ဥဇဘက္ကစၥတန္ႏိုင္ငံကိုလည္း အဖြဲ႕ဝင္အျဖစ္လက္ခံျခင္းအားျဖင့္ ရွန္ဟိုင္း ေျခာက္ႏိုင္ငံအဖြဲ႕ျဖစ္လာသည္။ ၂ဝဝ၁ ခုႏွစ္ ဇြန္လ ၁၅ ရက္တြင္ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ ေၾကျငာခ်က္ကို ထုတ္ျပန္ေၾကျငာလိုက္ျခင္း အားျဖင့္ ရွန္ဟိုင္းငါးႏိုင္ငံ အဖြဲ႕၏ ရည္႐ြယ္ခ်က္ႏွင့္ လုပ္ေဆာင္ခ်က္မ်ားကို ပိုမိုျမင့္မားသည့္ ပူးေပါင္းေဆာင္ ႐ြက္ေရးအဆင့္တခုသို႔ ျပဳျပင္ေျပာင္းလဲလိုက္သည္။

၂ဝဝ၂ ခုႏွစ္တြင္ SCO ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ဝင္မ်ားသည္ ႐ုရွားႏိုင္ငံ စိန႔္ပီတာစဘတ္ၿမိဳ႕တြင္ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကၿပီး SCO စာခ်ဳပ္ကို လက္မွတ္ေရးထိုးလိုက္ၾကသည္။ အဆိုပါစာခ်ဳပ္တြင္ အဖြဲ႕၏ ရည္မွန္းခ်က္မ်ား၊ အေျခခံမူမ်ား၊ ဖြဲ႕ စည္းပုံမ်ားႏွင့္ လုပ္ကိုင္ေဆာင္႐ြက္ေရးပုံစံမ်ားကို ႏိုင္ငံတကာ ဥပေဒႏွင့္အညီ ထည့္ သြင္းခဲ့ၾကေလသည္။

၂ဝဝ၅ ခုႏွစ္ ဇူလိုင္လတြင္ ကာဇက္စတန္ႏိုင္ငံ အက္စ္တနာ ၿမိဳ႕တြင္က်င္းပေသာ ထိပ္သီးအစည္းအေဝးတြင္ အိႏၵိယ၊ အီရန္၊ မြန္ဂိုးလီးယားႏွင့္ ပါကစၥတန္ႏိုင္ငံတို႔မွ ကိုယ္စားလွယ္မ်ားလည္း တက္ေရာက္လာခဲ့ၾကရာ အိမ္ရွင္ ကာဇက္စတန္ႏိုင္ငံသမၼတ ႏူးလ္စူလ္တန္ နာဇာဘာယက္က ႀကိဳဆိုႏႈတ္ခြန္းဆက္စကားေျပာၾကားရာမွာ “ ယခုေဆြးေႏြးပြဲစားပြဲမွာထိုင္ေနၾကတဲ့ ႏိုင္ငံ့ေခါင္းေဆာင္မ်ားဟာ လူသားအားလုံးရဲ႕ တစ္ဝက္ကို ကိုယ္စားျပဳၾကသူမ်ားျဖစ္ၾကပါတယ္” လို႔ ထည့္သြင္းေျပာၾကားခဲ့ေလသည္။

၂ဝဝ၇ ခုႏွစ္အထိ SCO သည္ သယ္ယူပို႔ေဆာင္‌ေရး၊ စြမ္းအင္ႏွင့္ ‌သတင္းဆက္သြယ္ေရး က႑မ်ားႏွင့္ဆက္ႏြယ္သည့္ စီမံကိန္းႀကီး ၂ဝ ေက်ာ္ကို ဦးေဆာင္အစျပဳခဲ့ၿပီးအဖြဲ႕ဝင္ႏိုင္ငံတို႔မွ လုံၿခဳံေရး၊ စစ္ေရး၊ ကာကြယ္ေရး၊ ႏိုင္ငံျခားေရး၊ စီးပြား‌ေရး၊ ယဥ္ ေက်းမႈ၊ ဘဏ္လုပ္ငန္းဆိုင္ရာတို႔မွ အရာရွိမ်ား၏ ပုံမွန္ အစည္းအေဝးမ်ားကို က်င္း ပခဲ့ၾကသည္။

၂ဝ၁၅ ခုႏွစ္ ဇူလိုင္လတြင္ ႐ုရွားႏိုင္ငံ အူးဖာၿမိဳ႕တြင္က်င္းပသည့္ SCO အစည္းအ ေဝးက အိႏၵိယႏွင့္ ပါကစၥတန္ ႏွစ္ႏိုင္ငံကို တင္းျပည့္အဖြဲ႕ဝင္ႏိုင္ငံမ်ားအျဖစ္ အသိ အမွတ္ျပဳရန္ ဆုံးျဖတ္ခဲ့သည္။ ၂ဝ၁၆ ခုႏွစ္ ဇြန္လတြင္ ဥဇဘက္ကစၥတန္ႏိုင္ငံ တာ့ရွ္ကင့္၌ ႏွစ္ႏိုင္ငံလုံးက တာဝန္ဝတၱရားနားလည္မႈ သေဘာတူခ်က္ ကိုလက္မွတ္ေရးထိုးခဲ့ၾကၿပီး SCO အဖြဲ႕၏တင္းျပည့္အဖြဲ႕ဝင္ျဖစ္ရန္ တရားဝင္လုပ္ငန္းစဥ္ကို စတင္ခဲ့သည္။ ၂ဝ၁၇ ခုႏွစ္ ဇြန္လ ၉ ရက္ အက္စ္တနာတြင္က်င္းပေသာ ထိပ္သီးအစည္းအေဝးက အိႏၵိယႏွင့္ ပါကစၥတန္ကို SCO ၏ တင္းျပည့္အဖြဲ႕ဝင္ျဖစ္လာခဲ့သည္။

SCO သည္ ကမာၻ႔ကုလသမဂၢႏွင့္ ဆက္ဆံေရးကို ၂ဝဝ၄ ခုႏွစ္ကစတင္ခဲ့ၿပီး လြတ္ လပ္ေသာႏိုင္ငံမ်ား၏ ဓနသဟာယအဖြဲ႕ႏွင့္ ၂ဝဝ၅ ခုႏွစ္တြင္လည္းေကာင္း၊ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း အာဆီယံႏွင့္ ၂ဝဝ၅ ခုႏွစ္တြင္လည္းေကာင္း၊ စုေပါင္းလုံၿခဳံေရးစာခ်ဳပ္အဖြဲ႕အစည္း Collective Security Treaty Organization ႏွင့္ ၂ဝဝ၇ ခုႏွစ္တြင္လည္းေကာင္း၊ စီးပြား‌ေရးပူးေပါင္းေဆာင္႐ြက္မႈ အဖြဲ႕အစည္းႏွင့္ ၂ဝဝ၇ ခုႏွစ္တြင္လည္းေကာင္း၊ မူးယစ္ေဆးဝါးႏွင့္ ရာဇဝတ္မႈ ဆိုင္ရာ ကမာၻ႔ကုလသမဂၢ႐ုံးႏွင့္ ၂ဝ၁၁ ခုႏွစ္တြင္လည္းေကာင္း၊ အာရွတိုက္တြင္း အျပန္အလွန္တုံ႔ျပန္‌ေရးႏွင့္ ယုံၾကည္မႈတည္ေဆာက္ေရးကြန္ဖရင့္ ( CICA) ႏွင့္ ၂ဝ၁၄ ခုႏွစ္တြင္ လည္းေကာင္း၊ အာရွႏွင့္ ပစၥဖိတ္ေဒသဆိုင္ရာ ကမာၻ႔ကုလသမဂၢ၏ စီးပြားေရးႏွင့္ လူမႈေရး ေကာ္မရွင္ ႏွင့္ ၂ဝ၁၅ ခုႏွစ္တြင္လည္းေကာင္း၊ အသီးသီး ဆက္ဆံေရးမ်ားထူေထာင္ခဲ့သည္။

SCO ၏ ေဒသဆိုင္ရာ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးအဖြဲ႕အစည္း (RATS)သည္ အာဖရိကန္ ယူနီယံ၏ အၾကမ္း ဖက္မႈဝါဒအေပၚ ေလ့လာသုေတသနျပဳေရး အာဖရိကန္စင္တာ (ACSRT) ႏွင့္ဆက္ဆံ‌ေရးကိုလည္း ၂ဝ၁၈ ခုႏွစ္တြင္ ထူေထာင္ခဲ့ေပသည္။

ရွန္ဟိုင္း ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ကို အဆုံးစြန္ ဆုံးျဖတ္ခ်က္ေပးႏႈိင္ေသာ - ႏိုင္ငံေခါင္းေဆာင္မ်ား ေကာင္စီ (Heads of State Council – HSC) က ဦးေဆာင္ၿပီး၊ ၎တို႔သည္ တစ္ႏွစ္လွ်င္ တစ္ႀကိမ္ေတြ႕ဆုံ စည္းေဝးၾကသည္။

ကိုးကား : Shanghai Cooperation Organisation From Wikipedia, the free encyclopedia

Related news

© 2021. All rights reserved.