ပိတ်ဆို့အရေးယူမှုတွေက အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးပြော

119

Pika(NP News)-စက်တင်ဘာ ၁၈
ဂါဇာကမ်းမြောင်ဒေသစစ်ပွဲကို အဆုံးသတ်ဖို့အတွက် အစ္စရေးကိုဖိအားပေးမယ့် ကုန်သွယ်ရေးဆိုင်ရာဆက်ဆံရေးတွေကို ဆိုင်းငံ့ထားဖို့ အဆိုပြုချက်ကို ရုတ်သိမ်းဖို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလီယန်ကို အစ္စရေးက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Gideon Saarက”ပိတ်ဆို့အရေးယူမှုတွေကနေတစ်ဆင့် ဖိအားပေးမှုတွေက အလုပ်ဖြစ်မှာမဟုတ်ပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။ဥရောပကော်မရှင်ဟာ အစ္စရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာဆက်ဆံရေးတွေကို ဆိုင်းငံ့ထားဖို့ အဆိုပြုချက်ကို မကြာခင်အချိန်အတွင်း ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။အဲ့ဒီအဆိုပြုချက်ကိုသာ အတည်ပြုခဲ့မယ်ဆိုရင် ဥရောပဟာ အစ္စရေးနဲ့လွတ်လပ်တဲ့ကုန်သွယ်မှု သဘောတူညီချက်အားလုံးကို ရပ်ဆိုင်းပြီး ကူညီပံ့ပိုးပေးမှုတွေကို ဆိုင်းငံ့သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ကြီးမားတဲ့ပိတ်ဆို့အရေးယူမှုဒဏ်တွေကို ခံနိုင်ရည်ရှိစေဖို့အတွက် အစ္စရေးနိုင်ငံဟာ ၎င်းရဲ့စီးပွားရေးကို ပြန်လည်ပုံဖော်ရလိမ့်မယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာမှာ Gideon Saarက ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ဖိအားပေးမှုတွေဟာ အစ္စရေးနိုင်ငံကို ကိုယ်ပိုင်စီးပွားရေးဖူလုံမှုဆီကို ဦးတည်သွားစေဖို့ တွန်းအားပေးနေတယ်လို့လည်း နေတန်ရာဟုက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ပိတ္ဆို႔အေရးယူမႈေတြက အလုပ္ျဖစ္မွာမဟုတ္ဘူးလို႔ အစၥေရးႏိုင္ငံျခားေရးဝန္ႀကီးေျပာ
Pika(NP News)-စက္တင္ဘာ ၁၈
ဂါဇာကမ္းေျမာင္ေဒသစစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ အစၥေရးကိုဖိအားေပးမယ့္ ကုန္သြယ္ေရးဆိုင္ရာဆက္ဆံေရးေတြကို ဆိုင္းငံ့ထားဖို႔ အဆိုျပဳခ်က္ကို ႐ုတ္သိမ္းဖို႔ ဥေရာပေကာ္မရွင္ဥကၠ႒ ဗြန္ဒါလီယန္ကို အစၥေရးက တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။အစၥေရးႏိုင္ငံျခားေရးဝန္ႀကီး Gideon Saarက”ပိတ္ဆို႔အေရးယူမႈေတြကေနတစ္ဆင့္ ဖိအားေပးမႈေတြက အလုပ္ျဖစ္မွာမဟုတ္ပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။ဥေရာပေကာ္မရွင္ဟာ အစၥေရးနဲ႔ ကုန္သြယ္ေရးဆိုင္ရာဆက္ဆံေရးေတြကို ဆိုင္းငံ့ထားဖို႔ အဆိုျပဳခ်က္ကို မၾကာခင္အခ်ိန္အတြင္း ေဆြးေႏြးသြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။အဲ့ဒီအဆိုျပဳခ်က္ကိုသာ အတည္ျပဳခဲ့မယ္ဆိုရင္ ဥေရာပဟာ အစၥေရးနဲ႔လြတ္လပ္တဲ့ကုန္သြယ္မႈ သေဘာတူညီခ်က္အားလုံးကို ရပ္ဆိုင္းၿပီး ကူညီပံ့ပိုးေပးမႈေတြကို ဆိုင္းငံ့သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။ ႀကီးမားတဲ့ပိတ္ဆို႔အေရးယူမႈဒဏ္ေတြကို ခံႏိုင္ရည္ရွိေစဖို႔အတြက္ အစၥေရးႏိုင္ငံဟာ ၎ရဲ႕စီးပြားေရးကို ျပန္လည္ပုံေဖာ္ရလိမ့္မယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ Gideon Saarက ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ဂါဇာစစ္ပြဲနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာရဲ႕ဖိအားေပးမႈေတြဟာ အစၥေရးႏိုင္ငံကို ကိုယ္ပိုင္စီးပြားေရးဖူလုံမႈဆီကို ဦးတည္သြားေစဖို႔ တြန္းအားေပးေနတယ္လို႔လည္း ေနတန္ရာဟုက ေျပာၾကားခဲ့ပါတယ္။