ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် နှစ်သန်းခန့်တင်ပို့မည်

95

ပြည့်ဖြိုး(NP News)- စက်တင်ဘာ ၁၈
ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် နှစ်သန်းခန့်တင်ပို့ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ထိုသို့တင်ပို့ရာတွင် ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈ ဘီလီယံခန့်တန်ဖိုးရှိသည့် ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈၃ သန်း တင်ပို့မည်ဖြစ်သည်။
"ပဲမျိုးစုံကို အိန္ဒိယနိုင်ငံကို အဓိက တင်ပို့နေတာပါ၊၊ ပဲမျိုးစုံထဲမှာ အဓိကပို့ကုန်တွေကတော့ မတ်ပဲ၊ ပဲတီစိမ်းတွေပါ၊၊ ဈေးကွက်အသစ်ထက် လက်ရှိတင်ပို့နေတဲ့ ဈေးကွက်တွေကို ပိုမိုတင်ပို့နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ပဲမျိုးစုံတင်ပို့ရာမှာ ပင်လယ်ရေကြောင်းကနေတစ်ဆင့် အဓိက တင်ပို့နေပါတယ်"ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံမှ ပဲမျိုးစုံကို အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့ပြီး တရုတ်နိုင်ငံအပြင် ဥရောပသမဂ္ဂ နိုင်ငံများသို့လည်း တင်ပို့လျက် ရှိကြောင်း သိရသည်။
ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတင်ပို့ရာတွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲယဉ်း၊ ထောပတ်ပဲ စသည့် ပဲအမျိုးအစားပေါင်း ၂၀ ခန့် တင်ပို့လျက်ရှိကြောင်း၊ ပြီးခဲ့သည့်ဘဏ္ဍာနှစ်က ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၂ ဘီလီယံတန်ဖိုးရှိ ပဲမျိုးစုံတန်ချိန် ၂ ဒသမ ၁၄ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ယခုဘ႑ာႏွစ္အတြင္း ျပည္ပသို႔ ပဲမ်ိဳးစုံတန္ခ်ိန္ ႏွစ္သန္းခန႔္တင္ပို႔မည္
ျပည့္ၿဖိဳး(NP News)- စက္တင္ဘာ ၁၈
ယခုဘ႑ာႏွစ္အတြင္း ျပည္ပသို႔ ပဲမ်ိဳးစုံတန္ခ်ိန္ ႏွစ္သန္းခန႔္တင္ပို႔ရန္ လ်ာထားေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံ ပဲမ်ိဳးစုံ၊ ေျပာင္းႏွင့္ ႏွမ္းကုန္သည္မ်ားအသင္းမွ တာဝန္ရွိသူတစ္ဦး၏ ေျပာျပခ်က္အရ သိရသည္။
ထိုသို႔တင္ပို႔ရာတြင္ ပို႔ကုန္ဝင္ေငြ အေမရိကန္ေဒၚလာ ၁ ဒသမ ၄၈ ဘီလီယံခန႔္တန္ဖိုးရွိသည့္ ပဲမ်ိဳးစုံတန္ခ်ိန္ ၁ ဒသမ ၈၃ သန္း တင္ပို႔မည္ျဖစ္သည္။
"ပဲမ်ိဳးစုံကို အိႏၵိယႏိုင္ငံကို အဓိက တင္ပို႔ေနတာပါ၊၊ ပဲမ်ိဳးစုံထဲမွာ အဓိကပို႔ကုန္ေတြကေတာ့ မတ္ပဲ၊ ပဲတီစိမ္းေတြပါ၊၊ ေဈးကြက္အသစ္ထက္ လက္ရွိတင္ပို႔ေနတဲ့ ေဈးကြက္ေတြကို ပိုမိုတင္ပို႔ႏိုင္ဖို႔ ႀကိဳးပမ္းေနပါတယ္။ ပဲမ်ိဳးစုံတင္ပို႔ရာမွာ ပင္လယ္ေရေၾကာင္းကေနတစ္ဆင့္ အဓိက တင္ပို႔ေနပါတယ္"ဟု ၎ကေျပာသည္။
ျမန္မာႏိုင္ငံမွ ပဲမ်ိဳးစုံကို အိႏၵိယႏိုင္ငံသို႔ အမ်ားဆုံးတင္ပို႔ၿပီး တ႐ုတ္ႏိုင္ငံအျပင္ ဥေရာပသမဂၢ ႏိုင္ငံမ်ားသို႔လည္း တင္ပို႔လ်က္ ရွိေၾကာင္း သိရသည္။
ျပည္ပႏိုင္ငံမ်ားသို႔ ပဲမ်ိဳးစုံတင္ပို႔ရာတြင္ မတ္ပဲ၊ ပဲတီစိမ္း၊ ပဲစင္းငုံ၊ ပဲယဥ္း၊ ေထာပတ္ပဲ စသည့္ ပဲအမ်ိဳးအစားေပါင္း ၂၀ ခန႔္ တင္ပို႔လ်က္ရွိေၾကာင္း၊ ၿပီးခဲ့သည့္ဘ႑ာႏွစ္က ပို႔ကုန္ဝင္ေငြ အေမရိကန္ေဒၚလာ ၁ ဒသမ ၈၂ ဘီလီယံတန္ဖိုးရွိ ပဲမ်ိဳးစုံတန္ခ်ိန္ ၂ ဒသမ ၁၄ သန္း တင္ပို႔ႏိုင္ခဲ့ေၾကာင္း သိရသည္။