နိုင်ငံ့စီးပွား‌မြှင့် တင်ရေး ရန်ပုံငွေမှ စံသတ်မှတ်ချက်နှင့် ကိုက်ညီသည့် ဆီစက်လုပ်ငန်းရှင်များကို ထုတ်ချေးပေးလျက်ရှိ

 74

Pearl (NP News) - စက်တင်ဘာ ၁၈
နိုင်ငံ့စီးပွား‌မြှင့် တင်ရေး ရန်ပုံငွေမှ စံသတ်မှတ်ချက်နှင့် ကိုက်ညီသည့် ဆီစက်လုပ်ငန်းရှင်များကို ထုတ်ချေးလျက်ရှိကြောင်း ဆန်စက်၊ ဆီစက်ချေးငွေထုတ်ချေးမှုလုပ်ငန်းစဉ်များ ရှင်းလင်း ဆွေးနွေးပွဲ ၏ အချက်အလက်များအရ သိရသည်။
MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ မတည်ထောက်ပံ့ငွေကျပ် ၁၇၀ ဘီလီယံကို ထူထောင်ထားရှိပြီး ယင်းမတည်ထောက်ပံ့ငွေအနက် ငွေကျပ် ၂၀ ဘီလီယံကို MSME ဖွံ့ဖြိုးတိုးတက်ရေးအကူအညီအထောက်အပံ့အဖြစ်လည်းကောင်း၊ ငွေကျပ် ၁၅၀ ဘီလီယံကို ချေးငွေထုတ်ချေးနိုင်ရေးအတွက်လည်းကောင်း သုံးစွဲရန်လျာထားကြောင်း သိရသည်။
ထို့ပြင် MSME လုပ်ငန်းရှင်များသို့ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ထုတ်ပြန်ခဲ့ပြီး MSME လုပ်ငန်းရှင်များက ချေးငွေကို နိုင်ငံပိုင်ဘဏ်များဖြစ်ကြသည့် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်များ အပြင် ပုဂ္ဂလိကဘဏ် ၁၆ ဘဏ်တွင် ချေးငွေများ လျှောက်ထားနိုင်ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံတွင် ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျော့ကျစေရန်နှင့် ပြည်တွင်းစားသုံးဆီ ဖူလုံရေးကို အကောင်အထည်ဖော်ရန် ဆီစက်များ တပ်ဆင်ထုတ်လုပ်နိုင်ရေးနှင့် လက်ရှိဆီစက်များ တိုးချဲ့အဆင့်မြှင့်တင်ရေးအတွက် ဆီစက်လုပ်ငန်းများဖွံ့ ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားကြောင်းလည်း သိရသည်။
ထိုသို့ဖွဲ့စည်းထားပြီး ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအတွက် နိုင်ငံ့စီးပွား‌မြှင့် တင်ရေး ရန်ပုံငွေ မှ ငွေကျပ် ၅၀ ဘီလီယံကိုမတည်ပေးခဲ့ပြီး လက်ရှိအချိန်ထိ ချေးငွေစံ သတ်မှတ် ချက်နှင့် ကိုက်ညီသည့် ဆီစက်လုပ်ငန်းရှင်များကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ႏိုင္ငံ့စီးပြား‌ျမႇင့္ တင္ေရး ရန္ပုံေငြမွ စံသတ္မွတ္ခ်က္ႏွင့္ ကိုက္ညီသည့္ ဆီစက္လုပ္ငန္းရွင္မ်ားကို ထုတ္ေခ်းေပးလ်က္ရွိ
Pearl (NP News) - စက္တင္ဘာ ၁၈
ႏိုင္ငံ့စီးပြား‌ျမႇင့္ တင္ေရး ရန္ပုံေငြမွ စံသတ္မွတ္ခ်က္ႏွင့္ ကိုက္ညီသည့္ ဆီစက္လုပ္ငန္းရွင္မ်ားကို ထုတ္ေခ်းလ်က္ရွိေၾကာင္း ဆန္စက္၊ ဆီစက္ေခ်းေငြထုတ္ေခ်းမႈလုပ္ငန္းစဥ္မ်ား ရွင္းလင္း ေဆြးေႏြးပြဲ ၏ အခ်က္အလက္မ်ားအရ သိရသည္။
MSME လုပ္ငန္းမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏိုင္ငံေတာ္မွ မတည္ေထာက္ပံ့ေငြက်ပ္ ၁၇၀ ဘီလီယံကို ထူေထာင္ထားရွိၿပီး ယင္းမတည္ေထာက္ပံ့ေငြအနက္ ေငြက်ပ္ ၂၀ ဘီလီယံကို MSME ဖြံ႕ၿဖိဳးတိုးတက္ေရးအကူအညီအေထာက္အပံ့အျဖစ္လည္းေကာင္း၊ ေငြက်ပ္ ၁၅၀ ဘီလီယံကို ေခ်းေငြထုတ္ေခ်းႏိုင္ေရးအတြက္လည္းေကာင္း သုံးစြဲရန္လ်ာထားေၾကာင္း သိရသည္။
ထို႔ျပင္ MSME လုပ္ငန္းရွင္မ်ားသို႔ ေခ်းေငြထုတ္ေခ်းျခင္းဆိုင္ရာ လုပ္ထုံးလုပ္နည္းကို ထုတ္ျပန္ခဲ့ၿပီး MSME လုပ္ငန္းရွင္မ်ားက ေခ်းေငြကို ႏိုင္ငံပိုင္ဘဏ္မ်ားျဖစ္ၾကသည့္ ျမန္မာ့စီးပြားေရးဘဏ္ႏွင့္ ျမန္မာ့လယ္ယာ ဖြံ႕ၿဖိဳးေရးဘဏ္မ်ား အျပင္ ပုဂၢလိကဘဏ္ ၁၆ ဘဏ္တြင္ ေခ်းေငြမ်ား ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။
အလားတူ ျမန္မာႏိုင္ငံတြင္ ျပည္ပမွ စားသုံးဆီတင္သြင္းမႈ ေလ်ာ့က်ေစရန္ႏွင့္ ျပည္တြင္းစားသုံးဆီ ဖူလုံေရးကို အေကာင္အထည္ေဖာ္ရန္ ဆီစက္မ်ား တပ္ဆင္ထုတ္လုပ္ႏိုင္ေရးႏွင့္ လက္ရွိဆီစက္မ်ား တိုးခ်ဲ႕အဆင့္ျမႇင့္တင္ေရးအတြက္ ဆီစက္လုပ္ငန္းမ်ားဖြံ႕ ၿဖိဳးေရး ေခ်းေငြစီမံခန႔္ခြဲမႈ လုပ္ငန္းအဖြဲ႕ကို ဖြဲ႕စည္းထားေၾကာင္းလည္း သိရသည္။
ထိုသို႔ဖြဲ႕စည္းထားၿပီး ဆီစက္လုပ္ငန္းမ်ားဖြံ႕ၿဖိဳးေရးေခ်းေငြအတြက္ ႏိုင္ငံ့စီးပြား‌ျမႇင့္ တင္ေရး ရန္ပုံေငြ မွ ေငြက်ပ္ ၅၀ ဘီလီယံကိုမတည္ေပးခဲ့ၿပီး လက္ရွိအခ်ိန္ထိ ေခ်းေငြစံ သတ္မွတ္ ခ်က္ႏွင့္ ကိုက္ညီသည့္ ဆီစက္လုပ္ငန္းရွင္မ်ားကို ထုတ္ေခ်းေပးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.