ဥရောပရဲ့အကြီးဆုံးနျူကလီးယားစက်ရုံကို လွှဲပြောင်းထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ရုရှားသမ္မတပူတင် ပြော

 981

ဂျန်ဇက် (NP News) - အောက်တိုဘာ ၆

ရုရှားသမ္မတပူတင်က ဥရောပတိုက်ရဲ့အကြီးမားဆုံး နျူကလီးယားစက်ရုံကို လွှဲပြောင်းထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

ရုရှားသမ္မတပူတင်ဟာ ယူကရိန်းနိုင်ငံ ဇာပိုရိုဂျီလ်ဒေသရှိ နျူကလီးယားစက်ရုံဟာ ရုရှားထိန်းချုပ်မှုအောက်ရောက်ရှိသွားခဲ့တယ်လို့ ဆိုပါတယ်။ ရုရှားဟာ ပြီးခဲ့တဲ့လမှာ ယူကရိန်းအရှေ့ဘက်ပိုင်းရှိ ဇာပိုရိုဂျီလ်ဒေသအပါအဝင် ဒေသ ၄ ခုမှာ ဆန္ဒခံယူပွဲပြုလုပ်ကာ ရုရှားနဲ့ပြန်ပေါင်းစည်းဖို့ ဆန္ဒမဲပေးခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းဒေသ ၄ ခုကို ရုရှားပိုင်နက်များအဖြစ် ရုရှားသမ္မတပူတင်၊ ရုရှားအောက်လွှတ်တော်၊ ရုရှားအထက်လွှတ်တော် နဲ့ ရုရှားဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးတို့က အသိအမှတ်ပြုခဲ့တယ်လို့ သိရပါတယ်။

ရုရှားသမ္မတပူတင်က ဇာပိုရိုဂျီလ်ဒေသရှိ နျူကလီးယားစက်ရုံကိုလွှဲပြောင်းရယူခဲ့ပြီး ရုရှားနိုင်ငံပိုင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Rosatom က နျူကလီးယားစက်ရုံကို စီမံခန့်ခွဲသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါနျူကလီးယားစက်ရုံရဲ့လိုင်စင်ဟာ ယူကရိန်းလိုင်စင်ဖြစ်နေတဲ့အတွက် ရုရှားစီမံခန့်ခွဲမှုအောက်ရောက်ရှိအောင် လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ယူကရိန်းပိုင်နက်တွေဖြစ်တဲ့ ဒွန်းညက်စ်၊ လူဟန်စ့်၊ ခါဆွန် နဲ့ ဇာပိုရိုဂျီလ်ဒေသတို့ဟာ ဆန္ဒခံယူပွဲပြုလုပ်ရာမှာ ယူကရိန်းနဲ့ ပေါင်းစည်းမယ့်အစား ရုရှားနဲ့ပေါင်းစည်းဖို့ ဆန္ဒခဲပေးကာ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံများက ရုရှားအစိုးရဦးဆောင်လုပ်ဆောင်တဲ့ဆန္ဒခံယူပွဲကို ဝေဖန်ပြစ်တင်ထားပြီး ရလဒ်များကိုအသိအမှတ်ပြုမှာမဟုတ်ကြောင်း တုံ့ပြန်ထားပြီးလည်းဖြစ်ပါတယ်။

ယူကရိန်းဟာ လက်ရှိအချိန်မှာ စွန့်လွှတ်လိုက်ရတဲ့ပိုင်နက်ဒေသများကို ပြန်လည်ရရှိအောင် တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
ဥေရာပရဲ႕အႀကီးဆုံးန်ဴကလီးယားစက္႐ုံကို လႊဲေျပာင္းထိန္းခ်ဳပ္လိုက္ၿပီျဖစ္ေၾကာင္း ႐ုရွား သမၼတပူတင္ ေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၆

႐ုရွားသမၼတပူတင္က ဥေရာပတိုက္ရဲ႕အႀကီးမားဆုံး န်ဴကလီးယားစက္႐ုံကို လႊဲေျပာင္းထိန္းခ်ဳပ္လိုက္ၿပီျဖစ္ေၾကာင္း ေၾကညာလိုက္ပါတယ္။

႐ုရွားသမၼတပူတင္ဟာ ယူကရိန္းႏိုင္ငံ ဇာပို႐ိုဂ်ီလ္ေဒသရွိ န်ဴကလီးယားစက္႐ုံဟာ ႐ုရွားထိန္းခ်ဳပ္မႈေအာက္ေရာက္ရွိသြားခဲ့တယ္လို႔ ဆိုပါတယ္။ ႐ုရွားဟာ ၿပီးခဲ့တဲ့လမွာ ယူကရိန္းအေရွ႕ဘက္ပိုင္းရွိ ဇာပို႐ိုဂ်ီလ္ေဒသအပါအဝင္ ေဒသ ၄ ခုမွာ ဆႏၵခံယူပြဲျပဳလုပ္ကာ ႐ုရွားနဲ႔ျပန္ေပါင္းစည္းဖို႔ ဆႏၵမဲေပးခဲ့တယ္လို႔ သိရပါတယ္။

ယူကရိန္းေဒသ ၄ ခုကို ႐ုရွားပိုင္နက္မ်ားအျဖစ္ ႐ုရွားသမၼတပူတင္၊ ႐ုရွားေအာက္လႊတ္ေတာ္၊ ႐ုရွားအထက္လႊတ္ေတာ္ နဲ႔ ႐ုရွားဖြဲ႕စည္းပုံအေျခခံဥပေဒ တရား႐ုံးတို႔က အသိအမွတ္ျပဳခဲ့တယ္လို႔ သိရပါတယ္။

႐ုရွားသမၼတပူတင္က ဇာပို႐ိုဂ်ီလ္ေဒသရွိ န်ဴကလီးယားစက္႐ုံကိုလႊဲေျပာင္းရယူခဲ့ၿပီး ႐ုရွားႏိုင္ငံပိုင္ ကုမၸဏီတစ္ခုျဖစ္တဲ့ Rosatom က န်ဴကလီးယားစက္႐ုံကို စီမံခန႔္ခြဲသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

အဆိုပါန်ဴကလီးယားစက္႐ုံရဲ႕လိုင္စင္ဟာ ယူကရိန္းလိုင္စင္ျဖစ္ေနတဲ့အတြက္ ႐ုရွားစီမံခန႔္ခြဲမႈေအာက္ေရာက္ရွိေအာင္ လုပ္ေဆာင္ေနဆဲျဖစ္တယ္လို႔ သိရပါတယ္။ ယူကရိန္းပိုင္နက္ေတြျဖစ္တဲ့ ဒြန္းညက္စ္၊ လူဟန္စ့္၊ ခါဆြန္ နဲ႔ ဇာပို႐ိုဂ်ီလ္ေဒသတို႔ဟာ ဆႏၵခံယူပြဲျပဳလုပ္ရာမွာ ယူကရိန္းနဲ႔ ေပါင္းစည္းမယ့္အစား ႐ုရွားနဲ႔ေပါင္းစည္းဖို႔ ဆႏၵခဲေပးကာ ဆုံးျဖတ္ခဲ့တယ္လို႔ သိရပါတယ္။

အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံမ်ားက ႐ုရွားအစိုးရဦးေဆာင္လုပ္ေဆာင္တဲ့ဆႏၵခံယူပြဲကို ေဝဖန္ျပစ္တင္ထားၿပီး ရလဒ္မ်ားကိုအသိအမွတ္ျပဳမွာမဟုတ္ေၾကာင္း တုံ႔ျပန္ထားၿပီးလည္းျဖစ္ပါတယ္။

ယူကရိန္းဟာ လက္ရွိအခ်ိန္မွာ စြန႔္လႊတ္လိုက္ရတဲ့ပိုင္နက္ေဒသမ်ားကို ျပန္လည္ရရွိေအာင္ တန္ျပန္ထိုးစစ္ဆင္တိုက္ခိုက္ေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.