လက်နက်ခဲယမ်းမီးကျောက်များကို ပြည်ပနိုင်ငံများထံမှ မှာယူတင်သွင်းမည်မဟုတ်ဟု အိန္ဒိယစစ်တပ်အကြီးအကဲပြော

 2051

ဂျန်ဇက် (NP News) - မေ ၁ဝ

အိန္ဒိယစစ်တပ်က ၎င်းတို့အနေဖြင့်လာမည့်နှစ်မှစတင်ပြီး ပြည်ပနိုင်ငံများထံမှ လက်နက်ခဲယမ်းမီးကျောက်များ မှာယူ တင်သွင်းခြင်းများ လုပ်ဆောင်မည်မဟုတ်ကြောင်း အိန္ဒိယစစ်ဘက်အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

အိန္ဒိယနိုင်ငံကာကွယ်ရေးလုပ်ငန်း၏ ထုတ်လုပ်မှုများသည် အရှိန်မြင့်တက်လာမှုနှင့်အတူ တီထွင်ဖန်တီးမှုများ ပိုမိုလုပ်ဆောင်နိုင်ခြင်းကြောင့် ပြည်ပနိုင်ငံများထံမှ လက်နက်ခဲယမ်းမီးကျောက်များ မှာယူတင်သွင်းမည်မဟုတ် ကြောင်း အိန္ဒိယစစ်ဘက်က ပြောသည်။

အိန္ဒိယစစ်တပ်က ၎င်းတို့အသုံးပြုသော စစ်လက်နက်ပစ္စည်းအမျိုးအစား ၁၇၅ ခုအနက် အမျိုးအစား ၁၅ဝ ကို ပြည်တွင်းတွင် ထုတ်လုပ်နိုင်စွမ်းရှိနေကြောင်း သိရသည်။ အိန္ဒိယစစ်တပ်မှ ဗိုလ်ချုပ်ကြီး ဗီကေ ရှာမာက "လာမယ့် ဘဏ္ဍာရေးနှစ်အတွင်း လက်နက်ခဲယမ်းမီးကျောက်တွေကို ပြည်ပကနေ တင်သွင်းမှာ မဟုတ်တော့ဘူး၊ ပြည်တွင်း ကာကွယ်ရေးလုပ်ငန်းတွေမှာ အဲဒီလက်နက်ခဲယမ်းမီးကျောက်တွေကို ထုတ်လုပ်ထားနိုင်တယ်။ အိန္ဒိယစစ်တပ် ဟာ လိုအပ်တဲ့လက်နက်ခဲယမ်းမီးကျော်တွေကို ပြည်ပနိုင်ငံတွေက နှစ်စဉ် ရူပီး ၈ဝ ဘီလျံအကုန်ကျခံ ဝယ်ယူခဲ့ရ တယ်။ လက်ရှိအချိန်မှာ အကုန်ကျခံဝယ်ယူခဲ့တဲ့ လက်နက်ခဲယမ်းမီးကျောက်တွေကို ဝယ်ယူစရာမလိုတော့ဘူး" ဟု ‌ပြောသည်။

အိန္ဒိယစစ်တပ်သည် တရုတ်နိုင်ငံနှင့်အငြင်းပွားမှုများအပြင် ဂျမူး၊ ကက်ရှ်မီးယားအရေးတို့နှင့်ပတ်သက်ပြီး အကြမ်းဖက်အုပ်စုများနှင့် တင်းမာမှုများရှိနေကြောင်း သိရသည်။ အိန္ဒိယစစ်တပ်အနေဖြင့် လက်ရှိအချိန်တွင် လက်နက်ခဲယမ်းမီးကျောက်များနှင့် လိုအပ်သောစစ်လက်နက်ပစ္စည်းအစိတ်အပိုင်းများကို ၈ နှစ်စာ ဖြည့်တင်းထားနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အိန္ဒိယစစ်တပ်သည် လာမည့် ၁ဝ နှစ်အတွင်း လက်နက်ခဲယမ်းမီးကျောက်များ ပိုမိုဖြည့်ဆည်းထားနိုင်ရန် လမ်းပြ မြေပုံရေးဆွဲပြီး လုပ်ကိုင်နေဆဲဖြစ်ကြောင်း သိရသည်။

Zawgyi Version;
လက္နက္ခဲယမ္းမီးေက်ာက္မ်ားကို ျပည္ပႏိုင္ငံမ်ားထံမွ မွာယူတင္သြင္းမည္မဟုတ္ဟု အိႏၵိယစစ္တပ္အႀကီးအကဲေျပာ
ဂ်န္ဇက္ (NP News) - ေမ ၁ဝ

အိႏၵိယစစ္တပ္က ၎တို႔အေနျဖင့္လာမည့္ႏွစ္မွစတင္ၿပီး ျပည္ပႏိုင္ငံမ်ားထံမွ လက္နက္ခဲယမ္းမီးေက်ာက္မ်ား မွာယူ တင္သြင္းျခင္းမ်ား လုပ္ေဆာင္မည္မဟုတ္ေၾကာင္း အိႏၵိယစစ္ဘက္အႀကီးတန္းအရာရွိတစ္ဦးက ေျပာသည္။

အိႏၵိယႏိုင္ငံကာကြယ္ေရးလုပ္ငန္း၏ ထုတ္လုပ္မႈမ်ားသည္ အရွိန္ျမင့္တက္လာမႈႏွင့္အတူ တီထြင္ဖန္တီးမႈမ်ား ပိုမိုလုပ္ေဆာင္ႏိုင္ျခင္းေၾကာင့္ ျပည္ပႏိုင္ငံမ်ားထံမွ လက္နက္ခဲယမ္းမီးေက်ာက္မ်ား မွာယူတင္သြင္းမည္မဟုတ္ ေၾကာင္း အိႏၵိယစစ္ဘက္က ေျပာသည္။

အိႏၵိယစစ္တပ္က ၎တို႔အသုံးျပဳေသာ စစ္လက္နက္ပစၥည္းအမ်ိဳးအစား ၁၇၅ ခုအနက္ အမ်ိဳးအစား ၁၅ဝ ကို ျပည္တြင္းတြင္ ထုတ္လုပ္ႏိုင္စြမ္းရွိေနေၾကာင္း သိရသည္။ အိႏၵိယစစ္တပ္မွ ဗိုလ္ခ်ဳပ္ႀကီး ဗီေက ရွာမာက "လာမယ့္ ဘ႑ာေရးႏွစ္အတြင္း လက္နက္ခဲယမ္းမီးေက်ာက္ေတြကို ျပည္ပကေန တင္သြင္းမွာ မဟုတ္ေတာ့ဘူး၊ ျပည္တြင္း ကာကြယ္ေရးလုပ္ငန္းေတြမွာ အဲဒီလက္နက္ခဲယမ္းမီးေက်ာက္ေတြကို ထုတ္လုပ္ထားႏိုင္တယ္။ အိႏၵိယစစ္တပ္ ဟာ လိုအပ္တဲ့လက္နက္ခဲယမ္းမီးေက်ာ္ေတြကို ျပည္ပႏိုင္ငံေတြက ႏွစ္စဥ္ ႐ူပီး ၈ဝ ဘီလ်ံအကုန္က်ခံ ဝယ္ယူခဲ့ရ တယ္။ လက္ရွိအခ်ိန္မွာ အကုန္က်ခံဝယ္ယူခဲ့တဲ့ လက္နက္ခဲယမ္းမီးေက်ာက္ေတြကို ဝယ္ယူစရာမလိုေတာ့ဘူး" ဟု ‌ေျပာသည္။

အိႏၵိယစစ္တပ္သည္ တ႐ုတ္ႏိုင္ငံႏွင့္အျငင္းပြားမႈမ်ားအျပင္ ဂ်မူး၊ ကက္ရွ္မီးယားအေရးတို႔ႏွင့္ပတ္သက္ၿပီး အၾကမ္းဖက္အုပ္စုမ်ားႏွင့္ တင္းမာမႈမ်ားရွိေနေၾကာင္း သိရသည္။ အိႏၵိယစစ္တပ္အေနျဖင့္ လက္ရွိအခ်ိန္တြင္ လက္နက္ခဲယမ္းမီးေက်ာက္မ်ားႏွင့္ လိုအပ္ေသာစစ္လက္နက္ပစၥည္းအစိတ္အပိုင္းမ်ားကို ၈ ႏွစ္စာ ျဖည့္တင္းထားႏိုင္ၿပီျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

အိႏၵိယစစ္တပ္သည္ လာမည့္ ၁ဝ ႏွစ္အတြင္း လက္နက္ခဲယမ္းမီးေက်ာက္မ်ား ပိုမိုျဖည့္ဆည္းထားႏိုင္ရန္ လမ္းျပ ေျမပုံေရးဆြဲၿပီး လုပ္ကိုင္ေနဆဲျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.