ထိုင်ဝမ်သမ္မတဟောင်း ဆိုင်အမ်ဝမ်နေရာမှာ အစားထိုးတာဝန်ယူမယ့် ထိုင်ဝမ် သမ္မတအသစ် ကျမ်းသစ္စာကျိန်ဆို

 560

ဂျန်ဇက် (NP News) - မေ ၂ဝ

ထိုင်ဝမ်ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ Lai Ching-te ဟာ မေလ ၂ဝ ရက်မှာ ထိုင်ဝမ်သမ္မတအသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုလိုက်ကြောင်း သိရပါတယ်။
၎င်းဟာ အနောက်အုပ်စုလိုလားသူဖြစ်ပြီး လစ်ဘရယ် အတွေးခေါ်ကို လက်ခံကျင့်သုံးသူဖြစ်ရာ တရုတ်နိုင်ငံနဲ့ အငြင်းပွားမှုများ ပိုမိုဖြစ်လာဖွယ်ရှိနေတယ်လို့ ထင်ကြေးပေးသုံးသပ်မှုတွေ ရှိနေပါတယ်။ တရုတ်နိုင်ငံက ထိုင်ဝမ် ကို ၎င်းတို့ ပိုင်နက်အဖြစ်သတ်မှတ်ထားပြီး ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းဖို့ လိုလားနေရာလိုအပ်ရင် အင်အားသုံးမယ်လို့ ပြောဆိုထားပါတယ်။

ဒါပေမယ့် ထိုင်ဝမ်က တရုတ်လက်အောက်ကခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်ရေးရယူနိုင်ဖို့ ကြိုးပမ်းနေရာ အငြင်းပွားမှုတွေ ရှိနေခဲ့ပါတယ်။ ထိုင်ဝမ်သမ္မတဟောင်း ဆိုင်အမ်ဝမ် လက်ထက်မှာ တရုတ်က ထိုင်ဝမ်ကို စစ်ရေးနည်းလမ်းနဲ့ ဖိအားပေးခဲ့ပြီး တရုတ်စစ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေဟာ ထိုင်ဝမ်ပိုင်နက်တွေကို မကြာခဏ ကျူးကျော်ဝင်ရောက်ကာ ခြိမ်းခြောက်နေခဲ့ပါတယ်။

ထိုင်ဝမ်သမ္မတအသစ်က "တရုတ်နိုင်ငံကို ထိုင်ဝမ်ရဲ့နိုင်ငံရေး၊ စစ်ရေးကိစ္စတွေကို ခြိမ်းခြောက်ဟန့်တားနေတာ တွေ ရပ်တန့်ဖို့ တောင်းဆိုလိုတယ်။ ထိုင်ဝမ်အစိုးရဟာ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ထိန်းသိမ်းနိုင်ဖို့ အလုပ်တွေကို အပြင်းထန်လုပ်ဆောင်နေတယ်။ ကမ္ဘာကြီးကိုလည်း စိုးရိမ်ကြောက်ရွံ့မှုမရှိတဲ့ ပုံစံမျိုးဖြစ်အောင်လုပ်ဆောင်နေတယ်။
ထိုင်ဝမ်ဟာ ဒီမိုကရေစီအရေးနဲ့လွှတ်လပ်ခွင့်တွေအတွက် ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးဟာ တစ်ခုတည်းသော ရွေးချယ်မှုနဲ့ သာယာဝပြောရေးဟာ ကျွန်တော်တို့ရဲ့ရေရှည်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအတွက် ပန်းတိုင်ဖြစ်တယ်" လို့ ပြောပါတယ်။
တရုတ်အစိုးရကိုယ်တိုင်က ထိုင်ဝမ်သမ္မတအဖြစ် တာဝန်ယူမယ့်သူဟာ ထိုင်ဝမ်ကျွန်းအရေးကိစ္စကို အခက်အခဲ ပြဿနာတွေဖြစ်လာအောင် ဖန်တီးမယ့်သူအဖြစ် အစောပိုင်းက ဝေဖန်ပြစ်တင်ခဲ့ဖူးပါတယ်။

Zawgyi Version;
ထိုင္ဝမ္သမၼတေဟာင္း ဆိုင္အမ္ဝမ္ေနရာမွာ အစားထိုးတာဝန္ယူမယ့္ ထိုင္ဝမ္ သမၼတအသစ္ က်မ္းသစၥာက်ိန္ဆို
ဂ်န္ဇက္ (NP News) - ေမ ၂ဝ

ထိုင္ဝမ္ေ႐ြးေကာက္ပြဲမွာအႏိုင္ရခဲ့တဲ့ Lai Ching-te ဟာ ေမလ ၂ဝ ရက္မွာ ထိုင္ဝမ္သမၼတအသစ္အျဖစ္ က်မ္းသစၥာ က်ိန္ဆိုလိုက္ေၾကာင္း သိရပါတယ္။
၎ဟာ အေနာက္အုပ္စုလိုလားသူျဖစ္ၿပီး လစ္ဘရယ္ အေတြးေခၚကို လက္ခံက်င့္သုံးသူျဖစ္ရာ တ႐ုတ္ႏိုင္ငံနဲ႔ အျငင္းပြားမႈမ်ား ပိုမိုျဖစ္လာဖြယ္ရွိေနတယ္လို႔ ထင္ေၾကးေပးသုံးသပ္မႈေတြ ရွိေနပါတယ္။ တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ ကို ၎တို႔ ပိုင္နက္အျဖစ္သတ္မွတ္ထားၿပီး ထိုင္ဝမ္နဲ႔ ျပန္လည္ေပါင္းစည္းဖို႔ လိုလားေနရာလိုအပ္ရင္ အင္အားသုံးမယ္လို႔ ေျပာဆိုထားပါတယ္။

ဒါေပမယ့္ ထိုင္ဝမ္က တ႐ုတ္လက္ေအာက္ကခြဲထြက္ၿပီး ကိုယ္ပိုင္လြတ္လပ္ေရးရယူႏိုင္ဖို႔ ႀကိဳးပမ္းေနရာ အျငင္းပြားမႈေတြ ရွိေနခဲ့ပါတယ္။ ထိုင္ဝမ္သမၼတေဟာင္း ဆိုင္အမ္ဝမ္ လက္ထက္မွာ တ႐ုတ္က ထိုင္ဝမ္ကို စစ္ေရးနည္းလမ္းနဲ႔ ဖိအားေပးခဲ့ၿပီး တ႐ုတ္စစ္သေဘၤာေတြနဲ႔ တိုက္ေလယာဥ္ေတြဟာ ထိုင္ဝမ္ပိုင္နက္ေတြကို မၾကာခဏ က်ဴးေက်ာ္ဝင္ေရာက္ကာ ၿခိမ္းေျခာက္ေနခဲ့ပါတယ္။

ထိုင္ဝမ္သမၼတအသစ္က "တ႐ုတ္ႏိုင္ငံကို ထိုင္ဝမ္ရဲ႕ႏိုင္ငံေရး၊ စစ္ေရးကိစၥေတြကို ၿခိမ္းေျခာက္ဟန႔္တားေနတာ ေတြ ရပ္တန႔္ဖို႔ ေတာင္းဆိုလိုတယ္။ ထိုင္ဝမ္အစိုးရဟာ ထိုင္ဝမ္ေရလက္ၾကားမွာ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရး ထိန္းသိမ္းႏိုင္ဖို႔ အလုပ္ေတြကို အျပင္းထန္လုပ္ေဆာင္ေနတယ္။ ကမာၻႀကီးကိုလည္း စိုးရိမ္ေၾကာက္႐ြံ႕မႈမရွိတဲ့ ပုံစံမ်ိဳးျဖစ္ေအာင္လုပ္ေဆာင္ေနတယ္။
ထိုင္ဝမ္ဟာ ဒီမိုကေရစီအေရးနဲ႔လႊတ္လပ္ခြင့္ေတြအတြက္ ဘယ္ေတာ့မွ အညံ့ခံမွာ မဟုတ္ဘူး။ ၿငိမ္းခ်မ္းေရးဟာ တစ္ခုတည္းေသာ ေ႐ြးခ်ယ္မႈနဲ႔ သာယာဝေျပာေရးဟာ ကြၽန္ေတာ္တို႔ရဲ႕ေရရွည္ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္မႈအတြက္ ပန္းတိုင္ျဖစ္တယ္" လို႔ ေျပာပါတယ္။
တ႐ုတ္အစိုးရကိုယ္တိုင္က ထိုင္ဝမ္သမၼတအျဖစ္ တာဝန္ယူမယ့္သူဟာ ထိုင္ဝမ္ကြၽန္းအေရးကိစၥကို အခက္အခဲ ျပႆနာေတြျဖစ္လာေအာင္ ဖန္တီးမယ့္သူအျဖစ္ အေစာပိုင္းက ေဝဖန္ျပစ္တင္ခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.