နာမည်ကျော် နတ်သံကွင်းတိုက်ပွဲ ဘယ်လိုတွေ ဆင်နွှဲခဲ့ကြရသလဲ (သီးသန့်အင်တာဗျူး)

 2568

Pearl (NP News) - မေ ၂ဝ

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၂၆) ရက်နေ့မှ စတင်၍ နတ်သံ ကွင်းမြို့ရှိ လုံခြုံရေးစခန်းများကို KNU/ PDF ပူးပေါင်းအဖွဲ့ကအင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ပွဲသည် (၁၀)ရက် ကျော် ကြာမြင့်ခဲ့ပြီး နှစ်ဖက်ကြား အကျအဆုံးများစွာ ရှိခဲ့ကြောင်းလည်း သိရသည်။ ထိုသို့ ပြင်းထန်ခဲ့သည့် တိုက်ပွဲများအတွင်း၌ တွေ့မြင်ခံစားခဲ့ရသော အခြေအနေများနှင့် ပတ်သက်၍ ကိုယ်တိုင်ပါဝင်ခဲ့သူ ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်တစ်ဦးထံ NP News က ဆက်သွယ် မေးမြန်းထားမှုများကိုဖော်ပြလိုက်ပါသည်။

မေး - ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ကျောက်ကြီးမြို့နယ် ၊ နတ်သံကွင်းကို KNU/PDF အဖွဲ့တွေကစပြီး တိုက်ခိုက် တယ်။ သူတို့ ဘယ်လိုပုံစံမျိုးနဲ့စပြီး တိုက်ပွဲလာဖော်ခဲ့တာလဲ။
ဖြေ - သူတို့က (၁၂)လပိုင်း (၂၅)ရက်နေ့မှာ နတ်သံကွင်းမြို့ကိုသိမ်းမယ်ဆိုပြီးတော့ သတင်းလွှင့်တာရှိတယ်။ နတ်သံ ကွင်းမြို့ပတ်ဝန်ကျင်က ရွာကလူတွေကို ပြောင်းရွှေ့နေထိုင်ခိုင်းတာတွေရှိတယ်။ စာထုတ်ပြီးတော့။ ကျွန်တော်တို့ စုံစမ်းသိရှိရတာတော့ နတ်သံကွင်းမြို့နားက လူတွေကို ဒီမြို့ကို (၃၁)ရက်နေ့မတိုင်ခင် အပြီးသိမ်းမယ်ဆိုပြီးတော့ ပြောင်းရွှေ့နေထိုင်ခိုင်းတယ်။ အဲဒီလိုသိတဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ ခံစစ်တွေလုပ်တယ်။ ဘန်ကာတွေဆောက် တယ် Drop Bomb ဒဏ်တွေခံနိုင်အောင်။ ပြီးတော့ ဘေးဘယ်ညာမှာ သူတို့အလွယ်တကူ ဝင်လို့မရအောင် မိုင်းတွေ ထောင်တယ်။ ပြီးတော့ ကျွန်တော်တို့ တာဝန်ယူထားတဲ့နေရာက အလွယ်တကူ ဝင်ရောက်နိုင်တယ်။ မြင်ကွင်းအရမ်း ရှင်းတယ်။ ရန်သူအနေနဲ့ အလွယ်တကူဝင်နိုင်တဲ့ လမ်းကြောင်း တွေရှိတယ်။ (၁၂)လပိုင်း (၂၆)ရက်နေ့ မနက် (၄)နာရီ လောက်မှာ ကျွန်တော်တို့ နတ်သံကွင်းမြို့အရှေ့ဘက် အုန်းပင်ချောဂိတ်လေးကို ဒီကောင်တွေ အင်အား(၅၀ဝ)နဲ့ သိမ်း တယ်။ သိမ်းပြီး နတ်သံကွင်းမြို့ကို မနက် (၅)နာရီခွဲခန့်မှာ စပြီးတော့ ဝင်ရောက်တိုက်ခိုက်တယ်။ တိုက်တဲ့အချိန်မှာ ပထမဆုံး စနိုက်ပါတွေနဲ့စပစ်တယ်။ ပြီးတော့ ကုက္ကိုပင်ကြီးတွေအောက်မှာ သေချာခံစစ်ပြင်ထားတယ်။ လေယာဉ်လာ ရင်ပစ်ဖို့ ပွိုင့် (၅)တွေ ချိန်ထားတယ်။ ပွိုင့် (၅)ရှိတယ်။ ပြီးရင် ကုက္ကိုပင်တွေရဲ့အပေါ်မှာ စနိုက်ပါအဖွဲ့တွေနဲ့ ကျွန်တော် တို့ကို ဘေးဘယ်ညာ ထောက်ထားတယ်။ စပြီးတိုက်ကွက်ဖော်တော့ စနိုက်ပါတွေနဲ့ စပစ်တယ်။ ပစ်ပြီး သိပ်မကြာဘူး ဒရုန်းတွေလာတယ်။ ကျွန်တော်တို့ ဘန်ကာတွေကို Drop Bomb တွေချတယ်။ ပြီးရင် ရှော့တိုက်ဒုံးတွေလာတယ်။ ပထမတစ်ခါ ဖလဲဂန်းပစ်တယ်။ ပစ်တော့ ခံစစ်ယူထားတဲ့ တောက် လျှောက်ကြီးကို မြင်နေရတော့ ရှော့တိုက်ဒုံး ထပ် လွှတ်တယ်။ အဲဒီလို တိုက်ပွဲက (၅)နာရီခွဲခန့်ကစပြီး အပြန်အလှန် ပစ်နေကြတဲ့အချိန်မှာပေါ့။ ဒီကောင်တွေ လူတော့ အလုံးအရင်းတက်မလာဘူး။ တက်မလာဘဲနဲ့ ကျွန်တော်တို့ကို ဖြတ်လေးဖြတ်နဲ့ တိုက်တယ်။ အဲဒီနားက ရွာကအိမ်တွေ မှာနေတယ်။ စနိုက်ပါတွေနဲ့ပစ်တယ်။ ပြီးတော့ ခဏအပစ်ငြိမ်သွားတဲ့ အချိန်မှာ ကျွန်တော်တို့အဖွဲ့တွေကို လက်နက်တွေ ပြန်မျှတယ်၊ အုပ်ချုပ်မှုတွေလုပ်တယ်။ ည (၇)နာရီ ခွဲလောက်မှာ ဒီကောင်တွေ အလုံးအရင်းနဲ့ တက်ပြီး ဝင်လုံးတယ်။ လုံးတဲ့အချိန်မှာ မိုင်းတွေမိပြီး ပြန်ဆုတ်သွားတယ်။ ပြီးတော့ စနိုက်ပါတွေနဲ့ပစ်တယ်။ တရုတ်စက်လက်တွေနဲ့ ပစ်တယ်။ Drop Bomb တွေချတယ်။ ဒါဒီဘက် နတ်သံကွင်းမြို့ တံတား ဒီဘက်အခြမ်းမှာ ဖြစ်နေတဲ့အခြေအနေတွေ။ ဟိုဘက် ရဲစခန်းဘက်ခြမ်းကျတော့လည်း ရဲစခန်းပတ်ဝန်းကျင်ကို ဒီကောင်တွေ အခိုင်အမာခံစစ်ယူပြီးတော့ တရုတ်စက် လက်တွေနဲ့ထောက်ထားပြီးတော့ ရဲစခန်းကို အပြီးသိမ်းမယ်ဆိုပြီးတော့ ကြွေးကြော်တယ်။ ဒါပေမဲ့လည်း ရဲစခန်း ပတ်ဝန်း ကျင်မှာထောင်ထားတဲ့ မိုင်းတွေရှိတယ်။ ဒီကောင်တွေ တိုးမရဘူး။ သူတို့ဘက်လည်း အကျအဆုံးရှိ သလို ကျွန်တော်တို့ဘက်လည်းရှိတယ်။ အဲဒီလိုနဲ့ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်တယ်။ လာပြီးတော့ပစ်လိုက်၊ အုပ်ချုပ်မှု တွေ ပြန်လုပ်လိုက်နဲ့။ သူတို့ဘက် တော်တော်အကျအဆုံးများတယ်။ ပြီးရင် အင်အားတွေဖြည့်ပြီး ပြန်တက်လာတယ်။ ကျွန်တော်တို့လည်း ရိက္ခာတွေပြတ်တယ်။ ကျွန်တော်တို့ကို ရိက္ခာလာ ချပေးတဲ့ ရဟတ်ယာဉ်ကိုလည်း ဒီကောင်တွေ ပွိုင့် (၅) စက်လက်နက်ကြီးတွေနဲ့ပစ်တယ်။ ဒီဇင်ဘာ (၂၆)ရက်နေ့လောက်မှာ ဖော်လိုက်တဲ့ တိုက်ပွဲက ဇန်နဝါရီ(၃)ရက် နေ့လောက်မှာ ဒီကောင်တွေ ကျွန်တော်တို့ဆီ စစ်ကူတွေ ရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့ကို စနိုက်ပါအဖွဲ့လော က်နဲ့ပဲထားခဲ့ပြီး စစ်ကူလာတဲ့အဖွဲ့ကို ဒီကောင်တွေ အင်အား (၆၀ဝ)လောက်နဲ့သွား တိုက်တယ်။ နှစ်ဖက်အထိအခိုက် အကျအဆုံးတွေ ဖြစ်တယ်။ စစ်ကူအဖွဲ့တွေ တဖြည်းဖြည်းတိုးလာတဲ့အချိန်မှာ ဒီကောင်တွေ ဘယ်လိုမှ မရတော့ဘဲ ကျွန်တော်တို့ကို ပိတ်ထားတဲ့ အင်အား (၄၀ဝ)လောက်ရှိတဲ့အဖွဲ့တွေနဲ့ ရွာတွေကို မီးရှို့တယ်။ လက်လုပ်မိုင်းတွေ ထောင်ကြတယ်။ ကျွန်တော် သိတဲ့သတင်းအရ အဲဒီနားကရွာမှာရှိတဲ့ ကျောင်းဆရာမ တစ်ယောက်ကို ဖရဲသီး ၊ ဒလန်လို့ခေါ်ပြီးတော့ မုဒိမ်းကျင့်တယ်။ သူ့အဖေကိုလည်း သတ်ဖြတ်ခဲ့တာ တွေလည်းရှိတယ်။ ကျွန်တော်တို့ကို လုပ်လို့ မရမှန်းသိတော့ တလိုင်းခင်ရွာတို့ နမ်စားတို့ဘက်က ပြန်လည်ဖောက်ထွက်ပြီးတော့ ‌ရွှေကျင်၊ ကျောက်ကြီး၊ ကျွန်တော် တို့ ဟိုဘက်က နတ်သံကွင်းတံတားရဲ့ ဟိုးဘက်ခြမ်းမှာ ကြိုးတံတားရှိတယ်။ အဲဒီတံတားက နေပြီးတော့ အပေါ်ကို ပြန်တက်သွားတယ်။ ပြန်တက် သွားတဲ့အချိန်မှာ (၁)လပိုင်း ၊ (၇)ရက်နေ့လောက်မှာ ဘာအသံမှမကြားတော့ဘူး။ အဲဒီအချိန်မှာ စစ်ကူ တွေရောက်လာပြီး ပိတ်မိနေတဲ့အဖွဲ့တွေကို မဆရ (စစ်မြေပြင်ဆေးတပ်ရင်း) (၃) ကို ပို့တယ်။ မြို့ထဲမှာ တော့ နည်းနည်းပစ်နေတာတွေတော့ ရှိတယ်။ အဲဒီ အဖွဲ့ကို နယ်မြေခံတပ်ရင်းရယ်၊ စစ်ကူလာတဲ့ တပ်ရင်းရယ်၊ တပ်ရင်း (၂)ရင်းနဲ့ မြို့ထဲ ရှင်းလင်းရေးလုပ်တယ်။ ဒီကောင်တွေကို မောင်းထုတ်နိုင်ခဲ့တယ်။ ပြီးတော့ ဒဏ်ရာရ စစ်သည်တွေကို ဆွဲထုတ်တယ်။ ရိက္ခာပြတ် နေတဲ့အဖွဲ့ကို ရိက္ခာဖြည့်တင်းပေးတယ်။ လက်နက်ခဲ ယမ်းတွေလည်း ဖြည့်တယ်။ ဒီကောင်တွေ အကျအဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားတာပေါ့။ ရဲစခန်းကို လုံးထားတာလည်း ရဲစခန်း ဝန်းကျင်မှာ ဒီကောင်တွေ အလောင်းတွေ အများကြီးပဲ။ လက်နက်ခဲယမ်းတွေလည်း ဒီကောင်တွေဆီကရတယ်။ သူတို့ဆွဲလို့ရတဲ့ ကောင်တွေလောက်ပဲဆွဲတာ။ ကျန်ခဲ့တဲ့ အလောင်းတွေလည်း အများကြီးပဲ။

မေး - ကျန်ခဲ့တဲ့အလောင်းတွေထဲမှာ ဘယ်လိုမျိုး အလောင်းတွေ ကျန်ခဲ့လဲ။ ဘယ်လိုအလောင်းတွေကို ပဲ ဆွဲထုတ်သွား တာလဲ။
ဖြေ - သူတို့လာတိုက်တာတော့ တပ်မဟာ (၆) ၊ (၉)။ ပြီးတော့ PDF ပူးပေါင်းအဖွဲ့တွေပေါ့။ အင်အားကတော့ (၁၀ဝဝ)လောက်ရှိတယ်။ (၁၀ဝဝ)လောက်ကို ဖြန့်ခွဲပြီးတော့ ရဲစခန်းဘက်ကို (၄၀ဝ)လောက်နဲ့တိုက်တယ်။ ကျွန်တော် တို့ဘက်ကို တိုက်တာကတော့ (၆၀ဝ)လောက်နဲ့ တိုက်တယ်။ အကုန် လုံး Cut out လုပ်ပြီးတော့ကို ချတာ။ အဲဒီအချိန်မှာ ကျွန်တော်တို့တွေ့ရတဲ့အလောင်းတွေကတော့ အများကြီးပဲ။ လေယာဉ်ဗုံးကျဲတာတွေ၊ တပ်ကမိုင်းတွေ။ တပ်ကပြန်ပစ် တာတွေ။ ဒီကောင်တွေ ဆွဲထုတ် သွားတာတော့ ဟိုလူရယ်၊ ဒီလူရယ်တော့ မရှိဘူး။ နီးစပ်ရာကို ဆွဲထုတ်ကြတာ။ တွေ့ရတာတော့ အင်္ကျီအမည်းတွေဝတ်တယ်၊ Mask တွေတပ်တယ်၊ ဦးထုပ်တွေဆောင်းတယ်။ KNU ပျောက်ကျား ဝတ်တာတွေ လည်းတွေ့တယ်။ အများကြီးပဲ။ ကရင်တွေ ၊ ဗမာတွေတော့ ရုပ်တော့ မခွဲကြည့်မိဘူး။ ကျွန်တော် တို့လည်းသိပ်ထွက်လို့ မရဘူး။ စနိုက်ပါတွေနဲ့ လှမ်းလှမ်းပစ်တယ်။ သူတို့ဘက်က ဆွဲရင် ကိုယ်တွေ ဘက်ကပစ်တယ်။ ကိုယ်တွေ ဆွဲရင် သူတို့ပစ်တယ်။ ဆွဲတာတော့ ညဘက်၊ သန်းခေါင်ကျော်တွေမှာ ဆွဲတယ်။ မနက်ဆွဲရင် စနိုက်ပါ ဒဏ်ရှိတဲ့အတွက်။ အဓိကကတော့ အလောင်းထက် လက်နက်ခဲယမ်းကို ရအောင်ယူတယ်။ မရရင် ရတဲ့အလောင်းကို ဆွဲတာ ကရင်ရယ်၊ ဗမာရယ်တော့ မရှိဘူး။

မေး - တိုက်ပွဲကာလက ရက်ဘယ်လောက်လောက် ကြာသွားလဲ။ ပြီးတော့ အဲဒီတိုက်ပွဲကာလအတွင်းမှာ ကိုယ်တိုင်ရင်ဆိုင်ခဲ့ရသူတစ်ယောက်အနေနဲ့ ဘယ် လိုရင်ဆိုင်ခဲ့ရတာမျိုးရှိလဲ။ ဘယ်လိုအခြေအနေမျိုး တွေ ကြုံခဲ့ရလဲ။ တိုက်ပွဲက ဘယ်လောက်အထိ ပြင်း ထန်ခဲ့တယ်လို့ ပြောလို့ရလဲ။
ဖြေ - တိုက်ပွဲကတော့ (၂)ပတ်ကျော်လောက်ထိ ကြာတယ်။ တိုက်မယ်ဆိုတဲ့သတင်းလည်း ကြိုရတယ်။ ကြိုရလို့လည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်ခဲ့တယ်။ မိုင်းတွေလည်း ထောင်ထားခဲ့တယ်။ အဓိကက မိုင်းတွေကယ်သွားတာ။ မိုင်းတွေသာမရှိရင် ကျွန်တော်တို့ကို သူတို့ ချေမှုန်းသွားနိုင်တယ်။ တိုက်ပွဲ ကလည်း တော်တော်ပြင်းထန်တယ်လို့ ပြောလို့ရ တယ်။ အလုံးအရင်းနဲ့ တတ်လာတယ်။ ဆေးကြောင် ကြောင်ပြီး ကျွန်တော်တို့ကို စိန်ခေါ်တာတွေလည်း ရှိ တယ်။ ကျွန်တော်တို့က အဓိကကတော့ အကောင်းဆုံးခံစစ်နဲ့ချမယ်ဆိုပြီး ပြင်ထားတာ။ ဘယ်လိုပဲ လာလာ ကျွန်တော်တို့ မဆုတ်ဘူး။ သူသေကိုယ်သေ ချဖို့ပဲ။ ဆုတ်ဖို့လည်း အတွေးမရှိဘူး။ ကျွန်တော်တို့ ရိက္ခာတွေလည်းပြတ် တယ်။ ခဲယမ်းတွေလည်း အရန်ခဲယမ်းထားရှိတဲ့အတွက် တော်တော်လေးကို သည်းခံရတာရှိတယ်။ ကျည်လည်း ချွေတာရတယ်။ ရိက္ခာမရှိရင် နေလို့ရတယ်။ ကျည်မရှိရင် မရဘူး။ ကျွန်တော်တို့အဖွဲ့ ကျည်ကိုချွေတာတယ်။ လူလည်း အကျအဆုံးများတာတွေ ရှိတယ်။ အကျအဆုံးများလည်း စိတ်ဓာတ်မကျဘူး။ စိတ်ဓာတ်ကို အမြင့်ဆုံး ထားပြီး ခုခံ ကာ ကွယ်ခဲ့တယ်။

မေး - KNU/ PDF တွေအနေနဲ့ တိုက်ပွဲဖော်တဲ့ အချိန် တပ်မတော်လုံခြုံရေးအဖွဲ့တွေဘက်က ပြန် လည် ခုခံတဲ့အခါမှာ ဘယ်လိုအခြေအနေရှိလဲ။ အားနည်းချက်တွေက ဘာတွေရှိပြီးတော့ အားသာ ချက်တွေက ဘာတွေရှိမလဲ။ တပ်မတော် က ရန်သူ ကို ပြန်ခုခံနေတဲ့အချိန်မှာ။
ဖြေ - အားနည်းချက်ကတော့ တပ်မတော်အဖွဲ့ အစည်းအနေနဲ့ကတော့ အင်အားပေါ့။ ရိက္ခာကတော့ ဖြည့်ပေးတယ်။ တိုက်ပွဲတွေ တော်တော်များများမှာ ဖြစ်ရင် အင်အားက (၁၀)ဆ (၁)ဆတို့ ဖြစ်တယ်။ ကျွန်တော်တို့ နတ်သံကွင်းမြို့မှာ အင်အားက (၅၀)လောက်ရှိတယ်။ (၅၀)မှာ ရဲပါတယ်၊ ပြည်သူ့စစ်ပါတယ်၊ တခြားစုပေါင်းစပ်ပေါင်းတပ်အင်အားတွေ ပါတယ်။ ကျွန်တော်တို့ ဒီဘက်ခြမ်းမှာ (၃၀)လောက် ပဲ ရှိမယ်။ အင်အားက စုစုပေါင်း (၈၀)လောက်ပဲ ရှိမယ်။

မေး - KNU/ PDF ပူးပေါင်းအဖွဲ့ကကော ဘာတွေ အားသာချက်ရှိလဲ။ ဘယ်အချက်တွေအားသာလဲ ပေါ့နော်။
‌ဖြေ - ဒီကောင်တွေက လုပ်နေကျပုံစံအတိုင်းပဲ ဘုရားတွေမှာ၊ နတ်သံကွင်းပတ်ဝန်းကျင်မှာရှိတဲ့ ရွာမှာရှိတဲ့ ဘုရားတွေကနေ ဒရုန်းတွေတင်တယ်။ နယ်မြေအခြေအနေက ကျွန်တော်တို့ထက် ပိုကျွမ်း ကျင်တယ်ပေါ့နော်။ ပြီးတော့ ကျွန်တော်တို့ဘက်က ရွာတွေရှင်းတယ်။ ရှင်းပြီး ပြန်ထွက်သွားတော့ ဘာမှမထူးဘူး။ ဒီကောင်တွေ ပြန်ဝင်နေတယ်လေ။ လက်နက်တွေကတော့ ဒီကောင်တွေမှာ ဒရုန်းတွေ၊ စနိုက်ပါတွေပေါ့။ တပ်ကတော့ ဒရုန်းတွေ ပြန်သုံးနေပြီ။ အဓိကကတော့ စနိုက်ပါပါပဲ ။ သူတို့ မှာရှိတဲ့ စနိုက်ပါတွေက ဘန်ကာထဲမှာရှိရင်တောင် ဘန်ကာကိုဖောက်ပြီးတော့ အထဲကလူကို လာမှန်တယ်။ အဲဒီလောက်ထိကောင်းတယ်။ ညမှောင်တဲ့ အချိန်မှာလည်း သွားနေတဲ့အချိန်မှာ ညကြည့်မှန် ပြောင်းပါတာတွေနဲ့ လူ့ရဲ့အရိပ်အယောင်တွေ အပူချိန်တွေကအစ တွက်လို့ရတဲ့ စနိုက်ပါတွေပါ ပါတယ်လို့ ကျွန်တော်တို့ သိရှိရတယ်။ (၃)ယောက်တစ်ဖွဲ့ကို အချိန်လှည့်ကင်းစောင့်ရတယ်။ ကျွန်တော်တို့ကို ဝင်မလုံးနိုင်တဲ့အတွက် မှည့်ခြွေတဲ့ နည်းနဲ့ ကျွန်တော်တို့ကို လုပ်တာ။ အဓိကကတော့ စနိုက်ပါပေါ့။ ဒရုန်းတွေလည်း ကောင်းပါတယ်။

မေး - နတ်သံကွင်းမြို့ကို သူတို့ ထိန်းနိုင်တဲ့အခြေ အနေ၊ သိမ်းနိုင်သွားတဲ့အခြေအနေရှိတယ်လို့ ပြောလို့ရလား ။
ဖြေ - တိုက်ပွဲဖြစ်ပြီး တစ်ပတ်လောက်အကြာမှာ နတ်သံကွင်းကို သိမ်းပြီးပြီဆိုပြီး သတင်းလွှင့်တယ်။ လိုင်းပေါ်မှာလည်း တော်တော်များများတွေ့ရ လိမ့်မယ်။ အဲဒီအချိန်မှာ အင်တာနက်တွေကလည်း သိပ်မမိဘူး။ အဲဒီအချိန်မှာ နတ်သံကွင်းကို သိမ်းပြီးသွားပြီ။ တပ်ကျသွားပြီဆိုပြီးတက်လာတာတွေ့တယ်။ အမှန်က အဲဒါတွေက ဝါဒဖြန့်တာပဲ။ နတ်သံကွင်းကို လည်း ထိန်းချုပ်မထားနိုင်ဘူး။ ထိထိရောက်ရောက်လည်း မလုပ်နိုင်ဘူး။ ကျွန်တော်တို့ဘက်ခြမ်းကိုလည်း ထိထိရောက် ရောက်မလုံးနိုင်ဘူး။ ပြီးတော့ အင်အားဖြည့်ပြီး လာထပ်တိုက်တယ်။ ကျွန်တော်တို့လည်းပြန် ခုခံတယ်။ နောက်ဆုံးမှာ သူတို့ ဘယ်လိုမှမနိုင်တော့ ရွာတွေကို မီးရှို့ပြီးတော့ ပြန်ဆုတ်သွားတယ်။

မေး- ဘယ်လိုအခြေအနေမျိုးမှာ သူတို့ နတ် သံကွင်းကနေ ပြန်ခွာသွားလဲ။
‌ဖြေ - (၂)ပတ်မြောက်မှာ ကျွန်တော်တို့ စစ်ကူတွေက တိုးလာနိုင်ပြီ။ စစ်ကူတွေကို ဒီကောင်တွေ သွားတိုက်တယ်။ (၂)ဖက် အထိအခိုက်တွေ ရှိတယ်။ တစ်ရက် တစ်ရက် စစ်ကူအဖွဲ့တွေက တိုးလာတဲ့အချိန်မှာ၊ တင့်ကားတွေနဲ့ရော ပစ်ရှင်းရှင်းတယ်၊ ဒရုန်းနဲ့လည်း တိုက်တယ်။ အဲဒီအချိန် သူတို့အကျအဆုံးများတယ်။ ရဲစခန်းဘက်မှာလည်း ဒီကောင်တွေ အကျအဆုံးများတော့ ဒီဘက်ကိုလည်း အင်အားထပ်မဖြည့်နိုင်တော့ တဲ့အချိန်မှာ ဒီဘက်ကအဖွဲ့တွေကို လည်း စနိုက်ပါ နဲ့ပဲ ထောက်ထားနိုင်တော့တယ်။ စစ်ကူတွေ‌ ရောက် လာတဲ့အချိန် ဒီကောင်တွေ ဘယ်လိုမှ လုပ်လို့မရ တော့ အကျအဆုံးများနေပြီ။ အဲဒီအချိန်မှာ ရွာတွေကိုမီးရှို့ပြီး ဆုတ်ခွာသွားတယ်။ နတ်သံကွင်းမြို့ထဲက အိမ်တွေကို လည်း မီးရှို့ခဲ့တာတွေရှိတယ်။ လိုင်းပေါ် တင်တော့ ကျွန်တော်တို့တပ်မတော်က ရှို့သလိုတွေ တင်နေကြတယ်။

မေး - တိုက်ပွဲတွေကြောင့် မြို့ရဲ့အဆောက်အအုံတွေ ဘယ်လောက်လောက် ပျက်စီးသွားလဲ။
ဖြေ - တိုက်ပွဲ ဖြစ်တာတွေကြောင့် မြို့ရဲ့အဆောက် အအုံ (၅၀)ရာခိုင်းနှုန်းလောက်တော့ ပျက်စီးသွား တယ်လို့ ပြောလို့ရတယ်။

မေး - ဒေသခံတွေကကော ထောက်ခံကြလား တိုက်ပွဲကိုလေ။ တိုက်ပွဲဖြစ်တဲ့အချိန် ဒေသခံတွေက ကော ဘယ်လို အခြေနေရှိလဲ။
ဖြေ - တိုက်ပွဲဖြစ်တော့ ဒေသခံတွေက စပါးတွေ မရိတ် ရသေးတဲ့လူတွေအများကြီးရှိတယ်။ တချို့ဆို ရင် မြို့ပေါ်သွားပြီး စစ်ဘေးရှောင်ဖို့ အိမ်ငှားခတွေ မတတ်နိုင်တဲ့လူတွေလည်း ရှိတယ်။ ပေတေပြီး နေနေတဲ့အဖွဲ့တွေ ရှိတယ်။ နီးစပ်ရာ ရွာလေး တွေမှာလည်း သွားရောက်စစ်ဘေးရှောင်နေတာ လည်းရှိတယ်။ ကျွန်တော်တို့ကို အားပေးလို့တော့ မဟုတ်ဘူး တိုက်ပွဲကိုလည်း မထောက်ခံဘူး။

မေး - တခြားဖြည့်စွက်ပြောချင်တာ ရှိပါသေးလား။
ဖြေ - ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး ရလဒ်ကို ရခဲ့တယ်။ အဲဒီ နတ်သံကွင်းတိုက်ပွဲမှာ။ ကျွန်တော်တို့ အနေနဲ့ရှိတဲ့ အင်အားနဲ့၊ ရှိတဲ့ရိက္ခာနဲ့ လက်နက်ခဲ ယမ်းနဲ့ အကောင်းဆုံးတောင့်ခံခဲ့တယ်။ အကောင်းဆုံး ချွေတာထားနိုင်ခဲ့တယ်။ ပြီးတော့ အကောင်းဆုံး ကာကွယ်ထားနိုင်ခဲ့တယ်။ အဲဒီအတွက် ကျွန်တော်တို့တပ်မတော်သားအဖွဲ့တွေအတွက်လည်း ဂုဏ် ယူပါတယ်။ ရန်သူရဲ့ ဗျူဟာတွေကလည်း ကိုယ်တွေ ဗျူဟာတွေကို အသုံးပြုနေတာတွေ့ရတယ်။ အတွေ့အကြုံ တွေလည်း အများကြီးရတယ်။

မေး - ဟုတ်ကဲ့ ။ အခုလို ဖြေပေးတာ ကျေးဇူးတင် ပါတယ်ရှင်။

zawgyi version
နာမည္ေက်ာ္ နတ္သံကြင္းတိုက္ပြဲ ဘယ္လိုေတြ ဆင္ႏႊဲခဲ့ၾကရသလဲ (သီးသန႔္အင္တာဗ်ဴး)
Pearl (NP News) - ေမ ၂ဝ

ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္ ဒီဇင္ဘာ (၂၆) ရက္ေန႔မွ စတင္၍ နတ္သံ ကြင္းၿမိဳ႕ရွိ လုံၿခဳံေရးစခန္းမ်ားကို KNU/ PDF ပူးေပါင္းအဖြဲ႕ကအင္အား အလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့သည္။ အဆိုပါ တိုက္ပြဲသည္ (၁၀)ရက္ ေက်ာ္ ၾကာျမင့္ခဲ့ၿပီး ႏွစ္ဖက္ၾကား အက်အဆုံးမ်ားစြာ ရွိခဲ့ေၾကာင္းလည္း သိရသည္။ ထိုသို႔ ျပင္းထန္ခဲ့သည့္ တိုက္ပြဲမ်ားအတြင္း၌ ေတြ႕ျမင္ခံစားခဲ့ရေသာ အေျခအေနမ်ားႏွင့္ ပတ္သက္၍ ကိုယ္တိုင္ပါဝင္ခဲ့သူ ယုံၾကည္စိတ္ခ်ရေသာ သတင္းရင္းျမစ္တစ္ဦးထံ NP News က ဆက္သြယ္ ေမးျမန္းထားမႈမ်ားကိုေဖာ္ျပလိုက္ပါသည္။

ေမး - ၿပီးခဲ့တဲ့ ၂၀၂၃ ခုႏွစ္ ဒီဇင္ဘာလမွာ ေက်ာက္ႀကီးၿမိဳ႕နယ္ ၊ နတ္သံကြင္းကို KNU/PDF အဖြဲ႕ေတြကစၿပီး တိုက္ခိုက္ တယ္။ သူတို႔ ဘယ္လိုပုံစံမ်ိဳးနဲ႔စၿပီး တိုက္ပြဲလာေဖာ္ခဲ့တာလဲ။
ေျဖ - သူတို႔က (၁၂)လပိုင္း (၂၅)ရက္ေန႔မွာ နတ္သံကြင္းၿမိဳ႕ကိုသိမ္းမယ္ဆိုၿပီးေတာ့ သတင္းလႊင့္တာရွိတယ္။ နတ္သံ ကြင္းၿမိဳ႕ပတ္ဝန္က်င္က ႐ြာကလူေတြကို ေျပာင္းေ႐ႊ႕ေနထိုင္ခိုင္းတာေတြရွိတယ္။ စာထုတ္ၿပီးေတာ့။ ကြၽန္ေတာ္တို႔ စုံစမ္းသိရွိရတာေတာ့ နတ္သံကြင္းၿမိဳ႕နားက လူေတြကို ဒီၿမိဳ႕ကို (၃၁)ရက္ေန႔မတိုင္ခင္ အၿပီးသိမ္းမယ္ဆိုၿပီးေတာ့ ေျပာင္းေ႐ႊ႕ေနထိုင္ခိုင္းတယ္။ အဲဒီလိုသိတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔အေနနဲ႔ ခံစစ္ေတြလုပ္တယ္။ ဘန္ကာေတြေဆာက္ တယ္ Drop Bomb ဒဏ္ေတြခံႏိုင္ေအာင္။ ၿပီးေတာ့ ေဘးဘယ္ညာမွာ သူတို႔အလြယ္တကူ ဝင္လို႔မရေအာင္ မိုင္းေတြ ေထာင္တယ္။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ တာဝန္ယူထားတဲ့ေနရာက အလြယ္တကူ ဝင္ေရာက္ႏိုင္တယ္။ ျမင္ကြင္းအရမ္း ရွင္းတယ္။ ရန္သူအေနနဲ႔ အလြယ္တကူဝင္ႏိုင္တဲ့ လမ္းေၾကာင္း ေတြရွိတယ္။ (၁၂)လပိုင္း (၂၆)ရက္ေန႔ မနက္ (၄)နာရီ ေလာက္မွာ ကြၽန္ေတာ္တို႔ နတ္သံကြင္းၿမိဳ႕အေရွ႕ဘက္ အုန္းပင္ေခ်ာဂိတ္ေလးကို ဒီေကာင္ေတြ အင္အား(၅၀ဝ)နဲ႔ သိမ္း တယ္။ သိမ္းၿပီး နတ္သံကြင္းၿမိဳ႕ကို မနက္ (၅)နာရီခြဲခန႔္မွာ စၿပီးေတာ့ ဝင္ေရာက္တိုက္ခိုက္တယ္။ တိုက္တဲ့အခ်ိန္မွာ ပထမဆုံး စႏိုက္ပါေတြနဲ႔စပစ္တယ္။ ၿပီးေတာ့ ကုကၠိဳပင္ႀကီးေတြေအာက္မွာ ေသခ်ာခံစစ္ျပင္ထားတယ္။ ေလယာဥ္လာ ရင္ပစ္ဖို႔ ပြိဳင့္ (၅)ေတြ ခ်ိန္ထားတယ္။ ပြိဳင့္ (၅)ရွိတယ္။ ၿပီးရင္ ကုကၠိဳပင္ေတြရဲ႕အေပၚမွာ စႏိုက္ပါအဖြဲ႕ေတြနဲ႔ ကြၽန္ေတာ္ တို႔ကို ေဘးဘယ္ညာ ေထာက္ထားတယ္။ စၿပီးတိုက္ကြက္ေဖာ္ေတာ့ စႏိုက္ပါေတြနဲ႔ စပစ္တယ္။ ပစ္ၿပီး သိပ္မၾကာဘူး ဒ႐ုန္းေတြလာတယ္။ ကြၽန္ေတာ္တို႔ ဘန္ကာေတြကို Drop Bomb ေတြခ်တယ္။ ၿပီးရင္ ေရွာ့တိုက္ဒုံးေတြလာတယ္။ ပထမတစ္ခါ ဖလဲဂန္းပစ္တယ္။ ပစ္ေတာ့ ခံစစ္ယူထားတဲ့ ေတာက္ ေလွ်ာက္ႀကီးကို ျမင္ေနရေတာ့ ေရွာ့တိုက္ဒုံး ထပ္ လႊတ္တယ္။ အဲဒီလို တိုက္ပြဲက (၅)နာရီခြဲခန႔္ကစၿပီး အျပန္အလွန္ ပစ္ေနၾကတဲ့အခ်ိန္မွာေပါ့။ ဒီေကာင္ေတြ လူေတာ့ အလုံးအရင္းတက္မလာဘူး။ တက္မလာဘဲနဲ႔ ကြၽန္ေတာ္တို႔ကို ျဖတ္ေလးျဖတ္နဲ႔ တိုက္တယ္။ အဲဒီနားက ႐ြာကအိမ္ေတြ မွာေနတယ္။ စႏိုက္ပါေတြနဲ႔ပစ္တယ္။ ၿပီးေတာ့ ခဏအပစ္ၿငိမ္သြားတဲ့ အခ်ိန္မွာ ကြၽန္ေတာ္တို႔အဖြဲ႕ေတြကို လက္နက္ေတြ ျပန္မွ်တယ္၊ အုပ္ခ်ဳပ္မႈေတြလုပ္တယ္။ ည (၇)နာရီ ခြဲေလာက္မွာ ဒီေကာင္ေတြ အလုံးအရင္းနဲ႔ တက္ၿပီး ဝင္လုံးတယ္။ လုံးတဲ့အခ်ိန္မွာ မိုင္းေတြမိၿပီး ျပန္ဆုတ္သြားတယ္။ ၿပီးေတာ့ စႏိုက္ပါေတြနဲ႔ပစ္တယ္။ တ႐ုတ္စက္လက္ေတြနဲ႔ ပစ္တယ္။ Drop Bomb ေတြခ်တယ္။ ဒါဒီဘက္ နတ္သံကြင္းၿမိဳ႕ တံတား ဒီဘက္အျခမ္းမွာ ျဖစ္ေနတဲ့အေျခအေနေတြ။ ဟိုဘက္ ရဲစခန္းဘက္ျခမ္းက်ေတာ့လည္း ရဲစခန္းပတ္ဝန္းက်င္ကို ဒီေကာင္ေတြ အခိုင္အမာခံစစ္ယူၿပီးေတာ့ တ႐ုတ္စက္ လက္ေတြနဲ႔ေထာက္ထားၿပီးေတာ့ ရဲစခန္းကို အၿပီးသိမ္းမယ္ဆိုၿပီးေတာ့ ေႂကြးေၾကာ္တယ္။ ဒါေပမဲ့လည္း ရဲစခန္း ပတ္ဝန္း က်င္မွာေထာင္ထားတဲ့ မိုင္းေတြရွိတယ္။ ဒီေကာင္ေတြ တိုးမရဘူး။ သူတို႔ဘက္လည္း အက်အဆုံးရွိ သလို ကြၽန္ေတာ္တို႔ဘက္လည္းရွိတယ္။ အဲဒီလိုနဲ႔ တိုက္ပြဲေတြ ေန႔စဥ္ရက္ဆက္ျဖစ္တယ္။ လာၿပီးေတာ့ပစ္လိုက္၊ အုပ္ခ်ဳပ္မႈ ေတြ ျပန္လုပ္လိုက္နဲ႔။ သူတို႔ဘက္ ေတာ္ေတာ္အက်အဆုံးမ်ားတယ္။ ၿပီးရင္ အင္အားေတြျဖည့္ၿပီး ျပန္တက္လာတယ္။ ကြၽန္ေတာ္တို႔လည္း ရိကၡာေတြျပတ္တယ္။ ကြၽန္ေတာ္တို႔ကို ရိကၡာလာ ခ်ေပးတဲ့ ရဟတ္ယာဥ္ကိုလည္း ဒီေကာင္ေတြ ပြိဳင့္ (၅) စက္လက္နက္ႀကီးေတြနဲ႔ပစ္တယ္။ ဒီဇင္ဘာ (၂၆)ရက္ေန႔ေလာက္မွာ ေဖာ္လိုက္တဲ့ တိုက္ပြဲက ဇန္နဝါရီ(၃)ရက္ ေန႔ေလာက္မွာ ဒီေကာင္ေတြ ကြၽန္ေတာ္တို႔ဆီ စစ္ကူေတြ ေရာက္လာတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ကို စႏိုက္ပါအဖြဲ႕ေလာ က္နဲ႔ပဲထားခဲ့ၿပီး စစ္ကူလာတဲ့အဖြဲ႕ကို ဒီေကာင္ေတြ အင္အား (၆၀ဝ)ေလာက္နဲ႔သြား တိုက္တယ္။ ႏွစ္ဖက္အထိအခိုက္ အက်အဆုံးေတြ ျဖစ္တယ္။ စစ္ကူအဖြဲ႕ေတြ တျဖည္းျဖည္းတိုးလာတဲ့အခ်ိန္မွာ ဒီေကာင္ေတြ ဘယ္လိုမွ မရေတာ့ဘဲ ကြၽန္ေတာ္တို႔ကို ပိတ္ထားတဲ့ အင္အား (၄၀ဝ)ေလာက္ရွိတဲ့အဖြဲ႕ေတြနဲ႔ ႐ြာေတြကို မီးရႈိ႕တယ္။ လက္လုပ္မိုင္းေတြ ေထာင္ၾကတယ္။ ကြၽန္ေတာ္ သိတဲ့သတင္းအရ အဲဒီနားက႐ြာမွာရွိတဲ့ ေက်ာင္းဆရာမ တစ္ေယာက္ကို ဖရဲသီး ၊ ဒလန္လို႔ေခၚၿပီးေတာ့ မုဒိမ္းက်င့္တယ္။ သူ႔အေဖကိုလည္း သတ္ျဖတ္ခဲ့တာ ေတြလည္းရွိတယ္။ ကြၽန္ေတာ္တို႔ကို လုပ္လို႔ မရမွန္းသိေတာ့ တလိုင္းခင္႐ြာတို႔ နမ္စားတို႔ဘက္က ျပန္လည္ေဖာက္ထြက္ၿပီးေတာ့ ‌ေ႐ႊက်င္၊ ေက်ာက္ႀကီး၊ ကြၽန္ေတာ္ တို႔ ဟိုဘက္က နတ္သံကြင္းတံတားရဲ႕ ဟိုးဘက္ျခမ္းမွာ ႀကိဳးတံတားရွိတယ္။ အဲဒီတံတားက ေနၿပီးေတာ့ အေပၚကို ျပန္တက္သြားတယ္။ ျပန္တက္ သြားတဲ့အခ်ိန္မွာ (၁)လပိုင္း ၊ (၇)ရက္ေန႔ေလာက္မွာ ဘာအသံမွမၾကားေတာ့ဘူး။ အဲဒီအခ်ိန္မွာ စစ္ကူ ေတြေရာက္လာၿပီး ပိတ္မိေနတဲ့အဖြဲ႕ေတြကို မဆရ (စစ္ေျမျပင္ေဆးတပ္ရင္း) (၃) ကို ပို႔တယ္။ ၿမိဳ႕ထဲမွာ ေတာ့ နည္းနည္းပစ္ေနတာေတြေတာ့ ရွိတယ္။ အဲဒီ အဖြဲ႕ကို နယ္ေျမခံတပ္ရင္းရယ္၊ စစ္ကူလာတဲ့ တပ္ရင္းရယ္၊ တပ္ရင္း (၂)ရင္းနဲ႔ ၿမိဳ႕ထဲ ရွင္းလင္းေရးလုပ္တယ္။ ဒီေကာင္ေတြကို ေမာင္းထုတ္ႏိုင္ခဲ့တယ္။ ၿပီးေတာ့ ဒဏ္ရာရ စစ္သည္ေတြကို ဆြဲထုတ္တယ္။ ရိကၡာျပတ္ ေနတဲ့အဖြဲ႕ကို ရိကၡာျဖည့္တင္းေပးတယ္။ လက္နက္ခဲ ယမ္းေတြလည္း ျဖည့္တယ္။ ဒီေကာင္ေတြ အက်အဆုံးမ်ားစြာနဲ႔ ျပန္လည္ဆုတ္ခြာသြားတာေပါ့။ ရဲစခန္းကို လုံးထားတာလည္း ရဲစခန္း ဝန္းက်င္မွာ ဒီေကာင္ေတြ အေလာင္းေတြ အမ်ားႀကီးပဲ။ လက္နက္ခဲယမ္းေတြလည္း ဒီေကာင္ေတြဆီကရတယ္။ သူတို႔ဆြဲလို႔ရတဲ့ ေကာင္ေတြေလာက္ပဲဆြဲတာ။ က်န္ခဲ့တဲ့ အေလာင္းေတြလည္း အမ်ားႀကီးပဲ။

ေမး - က်န္ခဲ့တဲ့အေလာင္းေတြထဲမွာ ဘယ္လိုမ်ိဳး အေလာင္းေတြ က်န္ခဲ့လဲ။ ဘယ္လိုအေလာင္းေတြကို ပဲ ဆြဲထုတ္သြား တာလဲ။
ေျဖ - သူတို႔လာတိုက္တာေတာ့ တပ္မဟာ (၆) ၊ (၉)။ ၿပီးေတာ့ PDF ပူးေပါင္းအဖြဲ႕ေတြေပါ့။ အင္အားကေတာ့ (၁၀ဝဝ)ေလာက္ရွိတယ္။ (၁၀ဝဝ)ေလာက္ကို ျဖန႔္ခြဲၿပီးေတာ့ ရဲစခန္းဘက္ကို (၄၀ဝ)ေလာက္နဲ႔တိုက္တယ္။ ကြၽန္ေတာ္ တို႔ဘက္ကို တိုက္တာကေတာ့ (၆၀ဝ)ေလာက္နဲ႔ တိုက္တယ္။ အကုန္ လုံး Cut out လုပ္ၿပီးေတာ့ကို ခ်တာ။ အဲဒီအခ်ိန္မွာ ကြၽန္ေတာ္တို႔ေတြ႕ရတဲ့အေလာင္းေတြကေတာ့ အမ်ားႀကီးပဲ။ ေလယာဥ္ဗုံးက်ဲတာေတြ၊ တပ္ကမိုင္းေတြ။ တပ္ကျပန္ပစ္ တာေတြ။ ဒီေကာင္ေတြ ဆြဲထုတ္ သြားတာေတာ့ ဟိုလူရယ္၊ ဒီလူရယ္ေတာ့ မရွိဘူး။ နီးစပ္ရာကို ဆြဲထုတ္ၾကတာ။ ေတြ႕ရတာေတာ့ အက်ႌအမည္းေတြဝတ္တယ္၊ Mask ေတြတပ္တယ္၊ ဦးထုပ္ေတြေဆာင္းတယ္။ KNU ေပ်ာက္က်ား ဝတ္တာေတြ လည္းေတြ႕တယ္။ အမ်ားႀကီးပဲ။ ကရင္ေတြ ၊ ဗမာေတြေတာ့ ႐ုပ္ေတာ့ မခြဲၾကည့္မိဘူး။ ကြၽန္ေတာ္ တို႔လည္းသိပ္ထြက္လို႔ မရဘူး။ စႏိုက္ပါေတြနဲ႔ လွမ္းလွမ္းပစ္တယ္။ သူတို႔ဘက္က ဆြဲရင္ ကိုယ္ေတြ ဘက္ကပစ္တယ္။ ကိုယ္ေတြ ဆြဲရင္ သူတို႔ပစ္တယ္။ ဆြဲတာေတာ့ ညဘက္၊ သန္းေခါင္ေက်ာ္ေတြမွာ ဆြဲတယ္။ မနက္ဆြဲရင္ စႏိုက္ပါ ဒဏ္ရွိတဲ့အတြက္။ အဓိကကေတာ့ အေလာင္းထက္ လက္နက္ခဲယမ္းကို ရေအာင္ယူတယ္။ မရရင္ ရတဲ့အေလာင္းကို ဆြဲတာ ကရင္ရယ္၊ ဗမာရယ္ေတာ့ မရွိဘူး။

ေမး - တိုက္ပြဲကာလက ရက္ဘယ္ေလာက္ေလာက္ ၾကာသြားလဲ။ ၿပီးေတာ့ အဲဒီတိုက္ပြဲကာလအတြင္းမွာ ကိုယ္တိုင္ရင္ဆိုင္ခဲ့ရသူတစ္ေယာက္အေနနဲ႔ ဘယ္ လိုရင္ဆိုင္ခဲ့ရတာမ်ိဳးရွိလဲ။ ဘယ္လိုအေျခအေနမ်ိဳး ေတြ ႀကဳံခဲ့ရလဲ။ တိုက္ပြဲက ဘယ္ေလာက္အထိ ျပင္း ထန္ခဲ့တယ္လို႔ ေျပာလို႔ရလဲ။
ေျဖ - တိုက္ပြဲကေတာ့ (၂)ပတ္ေက်ာ္ေလာက္ထိ ၾကာတယ္။ တိုက္မယ္ဆိုတဲ့သတင္းလည္း ႀကိဳရတယ္။ ႀကိဳရလို႔လည္း ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ႏိုင္ခဲ့တယ္။ မိုင္းေတြလည္း ေထာင္ထားခဲ့တယ္။ အဓိကက မိုင္းေတြကယ္သြားတာ။ မိုင္းေတြသာမရွိရင္ ကြၽန္ေတာ္တို႔ကို သူတို႔ ေခ်မႈန္းသြားႏိုင္တယ္။ တိုက္ပြဲ ကလည္း ေတာ္ေတာ္ျပင္းထန္တယ္လို႔ ေျပာလို႔ရ တယ္။ အလုံးအရင္းနဲ႔ တတ္လာတယ္။ ေဆးေၾကာင္ ေၾကာင္ၿပီး ကြၽန္ေတာ္တို႔ကို စိန္ေခၚတာေတြလည္း ရွိ တယ္။ ကြၽန္ေတာ္တို႔က အဓိကကေတာ့ အေကာင္းဆုံးခံစစ္နဲ႔ခ်မယ္ဆိုၿပီး ျပင္ထားတာ။ ဘယ္လိုပဲ လာလာ ကြၽန္ေတာ္တို႔ မဆုတ္ဘူး။ သူေသကိုယ္ေသ ခ်ဖို႔ပဲ။ ဆုတ္ဖို႔လည္း အေတြးမရွိဘူး။ ကြၽန္ေတာ္တို႔ ရိကၡာေတြလည္းျပတ္ တယ္။ ခဲယမ္းေတြလည္း အရန္ခဲယမ္းထားရွိတဲ့အတြက္ ေတာ္ေတာ္ေလးကို သည္းခံရတာရွိတယ္။ က်ည္လည္း ေခြၽတာရတယ္။ ရိကၡာမရွိရင္ ေနလို႔ရတယ္။ က်ည္မရွိရင္ မရဘူး။ ကြၽန္ေတာ္တို႔အဖြဲ႕ က်ည္ကိုေခြၽတာတယ္။ လူလည္း အက်အဆုံးမ်ားတာေတြ ရွိတယ္။ အက်အဆုံးမ်ားလည္း စိတ္ဓာတ္မက်ဘူး။ စိတ္ဓာတ္ကို အျမင့္ဆုံး ထားၿပီး ခုခံ ကာ ကြယ္ခဲ့တယ္။

ေမး - KNU/ PDF ေတြအေနနဲ႔ တိုက္ပြဲေဖာ္တဲ့ အခ်ိန္ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕ေတြဘက္က ျပန္ လည္ ခုခံတဲ့အခါမွာ ဘယ္လိုအေျခအေနရွိလဲ။ အားနည္းခ်က္ေတြက ဘာေတြရွိၿပီးေတာ့ အားသာ ခ်က္ေတြက ဘာေတြရွိမလဲ။ တပ္မေတာ္ က ရန္သူ ကို ျပန္ခုခံေနတဲ့အခ်ိန္မွာ။
ေျဖ - အားနည္းခ်က္ကေတာ့ တပ္မေတာ္အဖြဲ႕ အစည္းအေနနဲ႔ကေတာ့ အင္အားေပါ့။ ရိကၡာကေတာ့ ျဖည့္ေပးတယ္။ တိုက္ပြဲေတြ ေတာ္ေတာ္မ်ားမ်ားမွာ ျဖစ္ရင္ အင္အားက (၁၀)ဆ (၁)ဆတို႔ ျဖစ္တယ္။ ကြၽန္ေတာ္တို႔ နတ္သံကြင္းၿမိဳ႕မွာ အင္အားက (၅၀)ေလာက္ရွိတယ္။ (၅၀)မွာ ရဲပါတယ္၊ ျပည္သူ႔စစ္ပါတယ္၊ တျခားစုေပါင္းစပ္ေပါင္းတပ္အင္အားေတြ ပါတယ္။ ကြၽန္ေတာ္တို႔ ဒီဘက္ျခမ္းမွာ (၃၀)ေလာက္ ပဲ ရွိမယ္။ အင္အားက စုစုေပါင္း (၈၀)ေလာက္ပဲ ရွိမယ္။

ေမး - KNU/ PDF ပူးေပါင္းအဖြဲ႕ကေကာ ဘာေတြ အားသာခ်က္ရွိလဲ။ ဘယ္အခ်က္ေတြအားသာလဲ ေပါ့ေနာ္။
‌ေျဖ - ဒီေကာင္ေတြက လုပ္ေနက်ပုံစံအတိုင္းပဲ ဘုရားေတြမွာ၊ နတ္သံကြင္းပတ္ဝန္းက်င္မွာရွိတဲ့ ႐ြာမွာရွိတဲ့ ဘုရားေတြကေန ဒ႐ုန္းေတြတင္တယ္။ နယ္ေျမအေျခအေနက ကြၽန္ေတာ္တို႔ထက္ ပိုကြၽမ္း က်င္တယ္ေပါ့ေနာ္။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ဘက္က ႐ြာေတြရွင္းတယ္။ ရွင္းၿပီး ျပန္ထြက္သြားေတာ့ ဘာမွမထူးဘူး။ ဒီေကာင္ေတြ ျပန္ဝင္ေနတယ္ေလ။ လက္နက္ေတြကေတာ့ ဒီေကာင္ေတြမွာ ဒ႐ုန္းေတြ၊ စႏိုက္ပါေတြေပါ့။ တပ္ကေတာ့ ဒ႐ုန္းေတြ ျပန္သုံးေနၿပီ။ အဓိကကေတာ့ စႏိုက္ပါပါပဲ ။ သူတို႔ မွာရွိတဲ့ စႏိုက္ပါေတြက ဘန္ကာထဲမွာရွိရင္ေတာင္ ဘန္ကာကိုေဖာက္ၿပီးေတာ့ အထဲကလူကို လာမွန္တယ္။ အဲဒီေလာက္ထိေကာင္းတယ္။ ညေမွာင္တဲ့ အခ်ိန္မွာလည္း သြားေနတဲ့အခ်ိန္မွာ ညၾကည့္မွန္ ေျပာင္းပါတာေတြနဲ႔ လူ႔ရဲ႕အရိပ္အေယာင္ေတြ အပူခ်ိန္ေတြကအစ တြက္လို႔ရတဲ့ စႏိုက္ပါေတြပါ ပါတယ္လို႔ ကြၽန္ေတာ္တို႔ သိရွိရတယ္။ (၃)ေယာက္တစ္ဖြဲ႕ကို အခ်ိန္လွည့္ကင္းေစာင့္ရတယ္။ ကြၽန္ေတာ္တို႔ကို ဝင္မလုံးႏိုင္တဲ့အတြက္ မွည့္ေႁခြတဲ့ နည္းနဲ႔ ကြၽန္ေတာ္တို႔ကို လုပ္တာ။ အဓိကကေတာ့ စႏိုက္ပါေပါ့။ ဒ႐ုန္းေတြလည္း ေကာင္းပါတယ္။

ေမး - နတ္သံကြင္းၿမိဳ႕ကို သူတို႔ ထိန္းႏိုင္တဲ့အေျခ အေန၊ သိမ္းႏိုင္သြားတဲ့အေျခအေနရွိတယ္လို႔ ေျပာလို႔ရလား ။
ေျဖ - တိုက္ပြဲျဖစ္ၿပီး တစ္ပတ္ေလာက္အၾကာမွာ နတ္သံကြင္းကို သိမ္းၿပီးၿပီဆိုၿပီး သတင္းလႊင့္တယ္။ လိုင္းေပၚမွာလည္း ေတာ္ေတာ္မ်ားမ်ားေတြ႕ရ လိမ့္မယ္။ အဲဒီအခ်ိန္မွာ အင္တာနက္ေတြကလည္း သိပ္မမိဘူး။ အဲဒီအခ်ိန္မွာ နတ္သံကြင္းကို သိမ္းၿပီးသြားၿပီ။ တပ္က်သြားၿပီဆိုၿပီးတက္လာတာေတြ႕တယ္။ အမွန္က အဲဒါေတြက ဝါဒျဖန႔္တာပဲ။ နတ္သံကြင္းကို လည္း ထိန္းခ်ဳပ္မထားႏိုင္ဘူး။ ထိထိေရာက္ေရာက္လည္း မလုပ္ႏိုင္ဘူး။ ကြၽန္ေတာ္တို႔ဘက္ျခမ္းကိုလည္း ထိထိေရာက္ ေရာက္မလုံးႏိုင္ဘူး။ ၿပီးေတာ့ အင္အားျဖည့္ၿပီး လာထပ္တိုက္တယ္။ ကြၽန္ေတာ္တို႔လည္းျပန္ ခုခံတယ္။ ေနာက္ဆုံးမွာ သူတို႔ ဘယ္လိုမွမႏိုင္ေတာ့ ႐ြာေတြကို မီးရႈိ႕ၿပီးေတာ့ ျပန္ဆုတ္သြားတယ္။

ေမး- ဘယ္လိုအေျခအေနမ်ိဳးမွာ သူတို႔ နတ္ သံကြင္းကေန ျပန္ခြာသြားလဲ။
‌ေျဖ - (၂)ပတ္ေျမာက္မွာ ကြၽန္ေတာ္တို႔ စစ္ကူေတြက တိုးလာႏိုင္ၿပီ။ စစ္ကူေတြကို ဒီေကာင္ေတြ သြားတိုက္တယ္။ (၂)ဖက္ အထိအခိုက္ေတြ ရွိတယ္။ တစ္ရက္ တစ္ရက္ စစ္ကူအဖြဲ႕ေတြက တိုးလာတဲ့အခ်ိန္မွာ၊ တင့္ကားေတြနဲ႔ေရာ ပစ္ရွင္းရွင္းတယ္၊ ဒ႐ုန္းနဲ႔လည္း တိုက္တယ္။ အဲဒီအခ်ိန္ သူတို႔အက်အဆုံးမ်ားတယ္။ ရဲစခန္းဘက္မွာလည္း ဒီေကာင္ေတြ အက်အဆုံးမ်ားေတာ့ ဒီဘက္ကိုလည္း အင္အားထပ္မျဖည့္ႏိုင္ေတာ့ တဲ့အခ်ိန္မွာ ဒီဘက္ကအဖြဲ႕ေတြကို လည္း စႏိုက္ပါ နဲ႔ပဲ ေထာက္ထားႏိုင္ေတာ့တယ္။ စစ္ကူေတြ‌ ေရာက္ လာတဲ့အခ်ိန္ ဒီေကာင္ေတြ ဘယ္လိုမွ လုပ္လို႔မရ ေတာ့ အက်အဆုံးမ်ားေနၿပီ။ အဲဒီအခ်ိန္မွာ ႐ြာေတြကိုမီးရႈိ႕ၿပီး ဆုတ္ခြာသြားတယ္။ နတ္သံကြင္းၿမိဳ႕ထဲက အိမ္ေတြကို လည္း မီးရႈိ႕ခဲ့တာေတြရွိတယ္။ လိုင္းေပၚ တင္ေတာ့ ကြၽန္ေတာ္တို႔တပ္မေတာ္က ရႈိ႕သလိုေတြ တင္ေနၾကတယ္။

ေမး - တိုက္ပြဲေတြေၾကာင့္ ၿမိဳ႕ရဲ႕အေဆာက္အအုံေတြ ဘယ္ေလာက္ေလာက္ ပ်က္စီးသြားလဲ။
ေျဖ - တိုက္ပြဲ ျဖစ္တာေတြေၾကာင့္ ၿမိဳ႕ရဲ႕အေဆာက္ အအုံ (၅၀)ရာခိုင္းႏႈန္းေလာက္ေတာ့ ပ်က္စီးသြား တယ္လို႔ ေျပာလို႔ရတယ္။

ေမး - ေဒသခံေတြကေကာ ေထာက္ခံၾကလား တိုက္ပြဲကိုေလ။ တိုက္ပြဲျဖစ္တဲ့အခ်ိန္ ေဒသခံေတြက ေကာ ဘယ္လို အေျခေနရွိလဲ။
ေျဖ - တိုက္ပြဲျဖစ္ေတာ့ ေဒသခံေတြက စပါးေတြ မရိတ္ ရေသးတဲ့လူေတြအမ်ားႀကီးရွိတယ္။ တခ်ိဳ႕ဆို ရင္ ၿမိဳ႕ေပၚသြားၿပီး စစ္ေဘးေရွာင္ဖို႔ အိမ္ငွားခေတြ မတတ္ႏိုင္တဲ့လူေတြလည္း ရွိတယ္။ ေပေတၿပီး ေနေနတဲ့အဖြဲ႕ေတြ ရွိတယ္။ နီးစပ္ရာ ႐ြာေလး ေတြမွာလည္း သြားေရာက္စစ္ေဘးေရွာင္ေနတာ လည္းရွိတယ္။ ကြၽန္ေတာ္တို႔ကို အားေပးလို႔ေတာ့ မဟုတ္ဘူး တိုက္ပြဲကိုလည္း မေထာက္ခံဘူး။

ေမး - တျခားျဖည့္စြက္ေျပာခ်င္တာ ရွိပါေသးလား။
ေျဖ - ကြၽန္ေတာ္တို႔အေနနဲ႔ အေကာင္းဆုံး ရလဒ္ကို ရခဲ့တယ္။ အဲဒီ နတ္သံကြင္းတိုက္ပြဲမွာ။ ကြၽန္ေတာ္တို႔ အေနနဲ႔ရွိတဲ့ အင္အားနဲ႔၊ ရွိတဲ့ရိကၡာနဲ႔ လက္နက္ခဲ ယမ္းနဲ႔ အေကာင္းဆုံးေတာင့္ခံခဲ့တယ္။ အေကာင္းဆုံး ေခြၽတာထားႏိုင္ခဲ့တယ္။ ၿပီးေတာ့ အေကာင္းဆုံး ကာကြယ္ထားႏိုင္ခဲ့တယ္။ အဲဒီအတြက္ ကြၽန္ေတာ္တို႔တပ္မေတာ္သားအဖြဲ႕ေတြအတြက္လည္း ဂုဏ္ ယူပါတယ္။ ရန္သူရဲ႕ ဗ်ဴဟာေတြကလည္း ကိုယ္ေတြ ဗ်ဴဟာေတြကို အသုံးျပဳေနတာေတြ႕ရတယ္။ အေတြ႕အႀကဳံ ေတြလည္း အမ်ားႀကီးရတယ္။

ေမး - ဟုတ္ကဲ့ ။ အခုလို ေျဖေပးတာ ေက်းဇူးတင္ ပါတယ္ရွင္။

Related news

© 2021. All rights reserved.