နယ်စပ်ဒေသပဋိပက္ခများကို ငြိမ်းချမ်းစွာအဖြေရှာရန် ထိုင်းနှင့် ကမ္ဘောဒီးယားအစိုးရတို့ ကတိပြုခဲ့ဟုဆို

93

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၆
ထိုင်းနှင့် ကမ္ဘောဒီးယားအစိုးရသည် လတ်တလောဖြစ်ပွားလျက်ရှိနေသည့် နယ်စပ်ဒေသပဋိပက္ခများကို ငြိမ်းချမ်းစွာအဖြေရှာရန် ကတိပြုခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ထုတ်ဖော်ပြောဆိုလိုက်သည်။
မလေးရှားဝန်ကြီးချုပ်သည် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံကြား နယ်စပ်အငြင်းပွားမှုများနှင့် ပတ်သက်ပြီး ပြီးခဲ့ သော နိုဝင်ဘာ(၁၂)ရက်တွင် အပြန်အလှန် ပစ်ခတ်မှုများရှိလာခဲ့ပြီးနောက် ကြားဝင် စေ့စပ်ဆွေးနွေးခဲ့ကြောင်း သိရ သည်။ မလေးရှား ဝန်ကြီးချုပ်သည် ထိုင်းဝန်ကြီးချုပ် အနုတင်အပြင် ကမ္ဘောဒီးယားဝန်ကြီးဟွန်မာနက်တို့နှင့်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မလေးရှားဝန်ကြီးချုပ်က “ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ခေါင်းဆောင်တွေဟာ ကွာလမ်လမ်ပူ ငြိမ်းချမ်းရေး သဘောတူညီမှုအတိုင်း အခက်ခဲပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ ကတိပြုခဲ့တယ်”ဟုပြောသည်။ အငြင်းပွား လျက်ရှိနေသည့်နယ်စပ်ဒေသတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းစစ်သားတစ်ဦး ဒဏ်ရာရခဲ့ပြီးနောက် ထိုင်းအစိုး ရသည် ကမ္ဘောဒီးယားနိုင်ငံနှင့်ရရှိထားသည့် ငြိမ်းချမ်းရေးသဘောတူညီမှုများကို ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
ထိုင်းဘက်က ငြိမ်းချမ်းရေးသဘောတူညီချက်ကို ရပ်ဆိုင်းခဲ့ပြီးနောက်မကြာမီတွင် ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်ဒေသတွင် အပြန်အလှန်တိုက် ခိုက်မှုများဖြစ်လာခဲ့ကြောင်း သိရသည်။ မလေးရှားဝန်ကြီးချုပ်က ‘ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ နယ်စပ်တစ်လျှောက် တည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းဖို့ လိုအပ်တဲ့စိတ်ပိုင်းဖြတ်မှု နှင့် ရဲရင့်မှုတွေကို ဆက်လက်ပြသရမှာဖြစ်တယ်” ဟု ပြောသည်။
ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည် ကိုလိုနီခေတ်က ရေးဆွဲခဲ့သော နိုင်ငံမြေပုံကြောင့် ပိုင်နက်နယ်မြေ အငြင်းပွားမှုများ ကာလအတန်ကြာရှိခဲ့ပြီး လက်ရှိအချိန်အထိ နယ်နိမိတ်ပြဿနာကို အပြီးသတ်ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည် နယ်စပ်ဒေသအငြင်းပွားမှုများကြောင့် ဇူလိုင်လအတွင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ရာ အမေရိကန်သမ္မတနှင့် မလေးရှားဝန်ကြီးချုပ်တို့ ကြားဝင်စေ့စပ်ဆွေးနွေးမှုများကြောင့် အပစ်အခတ်ရပ်စဲရေးရ ယူနိုင်ခဲ့သော်လည်း အငြင်းပွားမှုများဆက်ရှိနေဆဲဖြစ်သည်။

Zawgyi Version:
နယ္စပ္ေဒသပဋိပကၡမ်ားကို ၿငိမ္းခ်မ္းစြာအေျဖရွာရန္ ထိုင္းႏွင့္ ကေမာၻဒီးယားအစိုးရတို႔ ကတိျပဳခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁၆
ထိုင္းႏွင့္ ကေမာၻဒီးယားအစိုးရသည္ လတ္တေလာျဖစ္ပြားလ်က္ရွိေနသည့္ နယ္စပ္ေဒသပဋိပကၡမ်ားကို ၿငိမ္းခ်မ္းစြာအေျဖရွာရန္ ကတိျပဳခဲ့ေၾကာင္း မေလးရွားဝန္ႀကီးခ်ဳပ္ အန္ဝါအီဘရာဟင္ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
မေလးရွားဝန္ႀကီးခ်ဳပ္သည္ ထိုင္းႏွင့္ ကေမာၻဒီးယားႏိုင္ငံၾကား နယ္စပ္အျငင္းပြားမႈမ်ားႏွင့္ ပတ္သက္ၿပီး ၿပီးခဲ့ ေသာ ႏိုဝင္ဘာ(၁၂)ရက္တြင္ အျပန္အလွန္ ပစ္ခတ္မႈမ်ားရွိလာခဲ့ၿပီးေနာက္ ၾကားဝင္ ေစ့စပ္ေဆြးေႏြးခဲ့ေၾကာင္း သိရ သည္။ မေလးရွား ဝန္ႀကီးခ်ဳပ္သည္ ထိုင္းဝန္ႀကီးခ်ဳပ္ အႏုတင္အျပင္ ကေမာၻဒီးယားဝန္ႀကီးဟြန္မာနက္တို႔ႏွင့္လည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
မေလးရွားဝန္ႀကီးခ်ဳပ္က “ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံတို႔ရဲ႕ေခါင္းေဆာင္ေတြဟာ ကြာလမ္လမ္ပူ ၿငိမ္းခ်မ္းေရး သေဘာတူညီမႈအတိုင္း အခက္ခဲျပႆနာမ်ားကို ၿငိမ္းခ်မ္းစြာေျဖရွင္းဖို႔ ကတိျပဳခဲ့တယ္”ဟုေျပာသည္။ အျငင္းပြား လ်က္ရွိေနသည့္နယ္စပ္ေဒသတြင္ ေျမျမႇဳပ္မိုင္းေပါက္ကြဲမႈေၾကာင့္ ထိုင္းစစ္သားတစ္ဦး ဒဏ္ရာရခဲ့ၿပီးေနာက္ ထိုင္းအစိုး ရသည္ ကေမာၻဒီးယားႏိုင္ငံႏွင့္ရရွိထားသည့္ ၿငိမ္းခ်မ္းေရးသေဘာတူညီမႈမ်ားကို ရပ္ဆိုင္းခဲ့ေၾကာင္း သိရသည္။
ထိုင္းဘက္က ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို ရပ္ဆိုင္းခဲ့ၿပီးေနာက္မၾကာမီတြင္ ထိုင္းႏွင့္ ကေမာၻဒီးယား နယ္စပ္ေဒသတြင္ အျပန္အလွန္တိုက္ ခိုက္မႈမ်ားျဖစ္လာခဲ့ေၾကာင္း သိရသည္။ မေလးရွားဝန္ႀကီးခ်ဳပ္က ‘ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံတို႔ဟာ နယ္စပ္တစ္ေလွ်ာက္ တည္ၿငိမ္မႈကို ျပန္လည္ထိန္းသိမ္းဖို႔ လိုအပ္တဲ့စိတ္ပိုင္းျဖတ္မႈ ႏွင့္ ရဲရင့္မႈေတြကို ဆက္လက္ျပသရမွာျဖစ္တယ္” ဟု ေျပာသည္။
ထိုင္းႏွင့္ကေမာၻဒီးယားႏိုင္ငံတို႔သည္ ကိုလိုနီေခတ္က ေရးဆြဲခဲ့ေသာ ႏိုင္ငံေျမပုံေၾကာင့္ ပိုင္နက္နယ္ေျမ အျငင္းပြားမႈမ်ား ကာလအတန္ၾကာရွိခဲ့ၿပီး လက္ရွိအခ်ိန္အထိ နယ္နိမိတ္ျပႆနာကို အၿပီးသတ္ေျဖရွင္းႏိုင္ျခင္း မရွိေသးေၾကာင္း သိရသည္။
ထိုင္းႏွင့္ကေမာၻဒီးယားႏိုင္ငံတို႔သည္ နယ္စပ္ေဒသအျငင္းပြားမႈမ်ားေၾကာင့္ ဇူလိုင္လအတြင္း အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္မႈမ်ားရွိခဲ့ရာ အေမရိကန္သမၼတႏွင့္ မေလးရွားဝန္ႀကီးခ်ဳပ္တို႔ ၾကားဝင္ေစ့စပ္ေဆြးေႏြးမႈမ်ားေၾကာင့္ အပစ္အခတ္ရပ္စဲေရးရ ယူႏိုင္ခဲ့ေသာ္လည္း အျငင္းပြားမႈမ်ားဆက္ရွိေနဆဲျဖစ္သည္။