အိန္ဒိယပြည်ထဲရေးဝန်ကြီးက ကက်ရ်ှမီးယားမှာ ပါကစ္စတန်နဲ့ဆွေးနွေးဖို့မရှိကြောင်း ပြောကြား
 476
ရောင်နီ (NP News) - အောက်တိုဘာ ၆
အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ဆက်ဟ် ဟာ ပြီးခဲ့တဲ့ သုံးနှစ်ခန့်က ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဖျက်သိမ်းခံထားရတဲ့ အငြင်းပွားဒေသ ကက်ရ်ှမီးယားရဲ့ အိန္ဒိယအုပ်ချုပ်ခွင့်ရဒေသကို ဒုတိယအကြိမ်လာရောက်မယ့်ခရီးစဉ်အတွင်း ရန်သူ ပါကစ္စတန်နဲ့ဆွေးနွေးဖို့မရှိကြောင်း ဆိုခဲ့ပါတယ်။
အောက်တိုဘာ ၆ ရက်၊ ဗုဒ္ဓဟူးနေ့က ဘာရာမူလာ ခရိုင်မှာ လူထုစုဝေးပွဲ ထောက်ခံသူများကို မိန့်ခွန်းပြောကြားစဉ် “လူတချို့က ပါကစ္စတန်နဲ့စကားပြောဖို့ ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။ ဘာကြောင့် ပါကစ္စတန်နဲ့ စကားပြောသင့်တာလဲ၊ ငါတို့စကားပြောမှာ မဟုတ်ဘူး" လို့ အမစ်ဆက်ဟ် က ပြောကြားပါတယ်။
မွတ်ဆလင်အများစုနေထိုင်ရာ ကက်ရ်ှမီးယား ဟိမဝန္တာဒေသကို အိန္ဒိယမှ နှုတ်ယူဖို့ တိုက်ခိုက်နေတဲ့အဖွဲ့တွေကို ထောက်ခံအားပေးနေတဲ့ ပါကစ္စတန်နဲ့ဆွေးနွေးဖို့ အိန္ဒိယက ငြင်းဆိုထားပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန်နှစ်နိုင်ငံစလုံးဟာ ကက်ရ်ှမီးယားဒေသအားလုံးကို ပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုကြပေမယ့်လည်း အစိတ်အပိုင်းသာ အုပ်ချုပ်ခွင့်ရကြပါတယ်။
၂ဝ၁၉ ခုနှစ်က အိန္ဒိယဝန်ကြီးချုပ် နာရမ်ဒရာမိုဒီဟာ ကက်ရ်ှမီးယားကို ကန့်သတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့ အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေပါ ဆောင်းပါးတစ်ပုဒ်ကို ဖယ်ရှားခဲ့ပြီး ယင်းဒေသကို ဗဟိုချုပ်ကိုင်သော ကက်ရ်ှမီးယားနဲ့ လာဒက် ဆိုကာ ပိုင်းခြားခဲ့ပါတယ်။
မိုဒီရဲ့ အနီးကပ်လက်ထောက်တစ်ဦးဖြစ်သူ ဆက်ရှ် က အဆိုပါဆုံးဖြတ်ချက်ကို ချီးကျူးခဲ့ပြီး မူရင်းဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များဟာ “ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့် အတားဖြစ်စေတယ်။ ပြည်သူတွေဟာ ကက်ရ်ှမီးယားကို အိန္ဒိယရဲ့ပရဒိသုဖြစ်လာစေချင်ကြတယ်" လို့ ပြောကြားခဲ့ပါတယ်။
အစိုးရရဲ့ရည်ရွယ်ချက်မှာ “ကက်ရ်ှမီးယားမှ အကြမ်းဖက်ဝါဒကို ဖယ်ရှားပစ်ရန်ဖြစ်တယ်” လို့ ၄င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ကက်ရ်ှမီးယားဝန်ကြီးချုပ်ဟောင်း မက်ဘူးဘာ မူဖ်တီ က ဆက်ရှ်ပြည်ထဲရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ ဒေသတွင်း အမှန်တကယ်ဖြစ်ပျက်နေတဲ့အရာတွေကို ဖုံးကွယ်ဖို့ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်ရှ် ရဲ့ခရီးစဉ်အတွင်း ဒေသအနှံ့လုံခြုံရေးအစီအမံများကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး နေရာအများအပြားမှ နေထိုင်သူများကတော့ လမ်းမများပေါ်မှာ တုန်လှုပ်ချောက်ချားွယ် ကျပန်းစစ်ဆေးခြင်းနဲ့ လုံခြုံရေးတပ်ဖွဲ့များဟာ အနှောင့်အယှက်ဖြစ်စေတယ်လို့ ဆိုခဲ့ပါတယ်။
ကက်ရ်ှမီးယား ဒေသတွင်းအကြမ်းဖက်မှုကိုဖယ်ရှားပြီး ဖွံ့ဖြိုးတိုးတက်လာစေမယ်လို့ အိန္ဒိယအစိုးရက ဆိုခဲ့ပေမယ့်လည်း လက်တွေ့မှာ အနည်းငယ်သာ ပြောင်းလဲခဲ့ပါတယ်။ သူပုန်များနဲ့ အိန္ဒိယတပ်ဖွဲ့များကြား နိုင်ငံရေးမတည်ငြိမ်မှုများနဲ့ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိပါတယ်။ အိန္ဒိယလက်နက်ကိုင်တပ်ဖွဲ့များဟာ ကက်ရ်ှမီးယားရဲ့လမ်းမတွေပေါ်မှာ အရှိန်မြှင့်ဖြန့်ကျက်ထားပြီး လုံခြုံရေးစစ်ဆေးရေးဂိတ်အသစ်အများအပြားကိုလည်း ထူထောင်ထားရှိထားတယ်လို့ သိရပါတယ်။
Zawgyi Version;
အိန္ဒိယပြည်ထဲရေးဝန်ကြီးက ကက်ရှ်မီးယားမှာ ပါကစ္စတန်နဲ့ဆွေးနွေးဖို့ မရှိကြောင်း ပြောကြား
အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ဆက်ဟ် ဟာ ပြီးခဲ့တဲ့ သုံးနှစ်ခန့်က ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဖျက်သိမ်းခံထားရတဲ့ အငြင်းပွားဒေသ ကက်ရှ်မီးယားရဲ့ အိန္ဒိယအုပ်ချုပ်ခွင့်ရဒေသကို ဒုတိယအကြိမ်လာရောက်မယ့်ခရီးစဉ်အတွင်း ရန်သူ ပါကစ္စတန်နဲ့ဆွေးနွေးဖို့မရှိကြောင်း ဆိုခဲ့ပါတယ်။
မွတ်ဆလင်အများစုနေထိုင်ရာ ကက်ရှ်မီးယား ဟိမဝန္တာဒေသကို အိန္ဒိယမှ နှုတ်ယူဖို့ တိုက်ခိုက်နေတဲ့အဖွဲ့တွေကို ထောက်ခံအားပေးနေတဲ့ ပါကစ္စတန်နဲ့ဆွေးနွေးဖို့ အိန္ဒိယက ငြင်းဆိုထားပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန်နှစ်နိုင်ငံစလုံးဟာ ကက်ရှ်မီးယားဒေသအားလုံးကို ပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုကြပေမယ့်လည်း အစိတ်အပိုင်းသာ အုပ်ချုပ်ခွင့်ရကြပါတယ်။
၂ဝ၁၉ ခုနှစ်က အိန္ဒိယဝန်ကြီးချုပ် နာရမ်ဒရာမိုဒီဟာ ကက်ရှ်မီးယားကို ကန့်သတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့ အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေပါ ဆောင်းပါးတစ်ပုဒ်ကို ဖယ်ရှားခဲ့ပြီး ယင်းဒေသကို ဗဟိုချုပ်ကိုင်သော ကက်ရှ်မီးယားနဲ့ လာဒက် ဆိုကာ ပိုင်းခြားခဲ့ပါတယ်။
အစိုးရရဲ့ရည်ရွယ်ချက်မှာ “ကက်ရှ်မီးယားမှ အကြမ်းဖက်ဝါဒကို ဖယ်ရှားပစ်ရန်ဖြစ်တယ်” လို့ ၄င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ကက်ရှ်မီးယားဝန်ကြီးချုပ်ဟောင်း မက်ဘူးဘာ မူဖ်တီ က ဆက်ရှ်ပြည်ထဲရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ ဒေသတွင်း အမှန်တကယ်ဖြစ်ပျက်နေတဲ့အရာတွေကို ဖုံးကွယ်ဖို့ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်ရှ် ရဲ့ခရီးစဉ်အတွင်း ဒေသအနှံ့လုံခြုံရေးအစီအမံများကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး နေရာအများအပြားမှ နေထိုင်သူများကတော့ လမ်းမများပေါ်မှာ တုန်လှုပ်ချောက်ချာွးယ် ကျပန်းစစ်ဆေးခြင်းနဲ့ လုံခြုံရေးတပ်ဖွဲ့များဟာ အနှောင့်အယှက်ဖြစ်စေတယ်လို့ ဆိုခဲ့ပါတယ်။
Related news
© 2021. All rights reserved.