မြောက်ကိုရီးယားက သီတင်းပတ်နှစ်ပတ်အတွင်း ဒုံးကျည် ၆ ကြိမ်မြောက်ပစ်လွှတ်

 477

ဖြိုးခန့် (NP News) - အောက်တိုဘာ ၆

မြောက်ကိုရီးယားသည် အောက်တိုဘာ(၆)ရက်နေ့တွင် ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ထပ်မံပစ်လွှတ်ခဲ့ပြီး အဆိုပါဒုံးကျည်ပစ်ခတ်မှုသည် သီတင်းပတ်နှစ်ပတ်အတွင်း ၆ ကြိမ်မြောက်ပစ်လွှတ်မှုလည်းဖြစ်သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့ စစ်ရေးပူးတွဲလေ့ကျင့်ခြင်းကို တုံ့ပြန်မှုအဖြစ် ဒုံးကျည်များပစ်လွှတ်ခဲ့ခြင်းဖြစ် ကြောင်း မြောက်ကိုရီးယားကဆိုသည်။ မြောက်ကိုရီးယားသည် အောက်တိုဘာ(၄)ရက်နေ့တွင် ဂျပန်ပိုင်နက်ကို ကျော်ပြီး ပစိဖိတ်သမုဒ္ဒရာထဲသို့ ပဲ့ထိန်းဒုံးကျည်တစ်စင်းကိုပစ်လွှတ်ခဲ့ပြီးနောက် အမေရိကန်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ယူရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်းသိရသည်။

အဆိုပါအစည်းအဝေးတွင် အမေရိကန်က မြောက်ကိုရီးယားအား ပိုမိုပြင်းထန်သော ပိတ်ဆို့အရေးယူမှုများပြုလုပ် ရန်တောင်းဆိုခဲ့သော်လည်း ရုရှားနှင့် တရုတ်တို့က ကာကွယ်ပေးလျက်ရှိနေသည်ဟု စွပ်စွဲခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံအပေါ်ချမှတ်မည့် အရေးယူပိတ်ဆို့မှုများကို ရုရှားနှင့်တရုတ်တို့က ဗီတိုအာဏာသုံးကာ ကာကွယ်‌ပေးနေကြကြောင်း ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီးက ပြောကြားခဲ့သည်။

တရုတ်နှင့် ရုရှားကိုယ်စားလှယ်များက အပြန်အလှန်ဆွေးနွေးမှုများ တိုးမြှင့်လုပ်ဆောင်ခြင်းက အရေးယူပိတ်ဆို့မှု ပြစ်ဒဏ်ပေးခြင်းထက် ပိုမိုကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။

အောက်တိုဘာ(၄)ရက်နေ့တွင် မြောက်ကိုရီးယား၏ဒုံးကျည်ပစ်ခတ်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် အောက်တိုဘာ(၅)ရက်နေ့တွင် ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းများကို ပြုလုပ်ခဲ့ကြောင်းသိရသည်။ ထို့ပြင် အမေရိကန်သည် ၎င်း၏လေယာဉ်တင်သင်္ဘော USS Ronald Reagan ကို ကိုရီးယားကျွန်းဆွယ်အနီးတွင် ပြန်လည်နေရာချထားပေးခဲ့ကြောင်းသိရသည်။

မြောက်ကိုရီးယားက အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် ၎င်းတို့ကို တိုက်ခိုက်ရန်အတွက် စီစဥ်ခြင်းဖြစ်ကြောင်း စွပ်စွဲဝေဖန်ထားကြောင်းသိရသည်။ မြောက်ကိုရီးယားက အောက်တိုဘာ(၆)ရက်နေ့ နံနက်ပိုင်းတွင် ပစ်လွှတ်ခဲ့သောဒုံးကျည်သည် အမြင့်(၁ဝဝ)ကီလိုမီတာခန့်မှ ပျံသန်းခဲ့ပြီး အကွာအဝေး (၃၅ဝ)ကီလိုမီတာအထိ ရောက်ရှိခဲ့ကြောင်းသိရသည်။

ဒုတိယမြောက်ပစ်လွှတ်ခဲ့သော ဒုံးကျည်သည် အမြင့်(၅ဝ)ကီလိုမီတာခန့်မှပျံသန်းခဲ့ပြီး အကွာအဝေး(၈ဝဝ) ကီလို မီတာအထိ ရောက်ရှိခဲ့ကြောင်း အမေရိကန်နှင့် ဂျပန်တို့က ပြောကြားခဲ့သည်။ ဂြိုဟ်တုဓာတ်ပုံများအရ မြောက်ကိုရီးယားသည် ၎င်းတို့၏ နျူကလီးယားစမ်းသပ်သည့်နေရာရှိ ဥမင်လှိုဏ်ခေါင်းများကို ပြန်လည်တည်ဆောက်နေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

Zawgyi Version;
ေျမာက္ကိုရီးယားက သီတင္းပတ္ႏွစ္ပတ္အတြင္း ဒုံးက်ည္ ၆ ႀကိမ္ေျမာက္ပစ္လႊတ္
ၿဖိဳးခန႔္ (NP News) - ေအာက္တိုဘာ ၆

ေျမာက္ကိုရီးယားသည္ ေအာက္တိုဘာ(၆)ရက္ေန႔တြင္ ပဲ့ထိန္းဒုံးက်ည္ႏွစ္စင္းကို ထပ္မံပစ္လႊတ္ခဲ့ၿပီး အဆိုပါဒုံးက်ည္ပစ္ခတ္မႈသည္ သီတင္းပတ္ႏွစ္ပတ္အတြင္း ၆ ႀကိမ္ေျမာက္ပစ္လႊတ္မႈလည္းျဖစ္သည္။

အေမရိကန္ႏွင့္ ေတာင္ကိုရီးယားတို႔ စစ္ေရးပူးတြဲေလ့က်င့္ျခင္းကို တုံ႔ျပန္မႈအျဖစ္ ဒုံးက်ည္မ်ားပစ္လႊတ္ခဲ့ျခင္းျဖစ္ ေၾကာင္း ေျမာက္ကိုရီးယားကဆိုသည္။ ေျမာက္ကိုရီးယားသည္ ေအာက္တိုဘာ(၄)ရက္ေန႔တြင္ ဂ်ပန္ပိုင္နက္ကို ေက်ာ္ၿပီး ပစိဖိတ္သမုဒၵရာထဲသို႔ ပဲ့ထိန္းဒုံးက်ည္တစ္စင္းကိုပစ္လႊတ္ခဲ့ၿပီးေနာက္ အေမရိကန္သည္ ကုလသမဂၢ လုံၿခဳံေရးေကာင္စီ အေရးေပၚအစည္းအေဝးေခၚယူရန္ တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္းသိရသည္။

အဆိုပါအစည္းအေဝးတြင္ အေမရိကန္က ေျမာက္ကိုရီးယားအား ပိုမိုျပင္းထန္ေသာ ပိတ္ဆို႔အေရးယူမႈမ်ားျပဳလုပ္ ရန္ေတာင္းဆိုခဲ့ေသာ္လည္း ႐ုရွားႏွင့္ တ႐ုတ္တို႔က ကာကြယ္ေပးလ်က္ရွိေနသည္ဟု စြပ္စြဲခဲ့သည္။ ေျမာက္ကိုရီးယားႏိုင္ငံအေပၚခ်မွတ္မည့္ အေရးယူပိတ္ဆို႔မႈမ်ားကို ႐ုရွားႏွင့္တ႐ုတ္တို႔က ဗီတိုအာဏာသုံးကာ ကာကြယ္‌ေပးေနၾကေၾကာင္း ကုလသမဂၢဆိုင္ရာအေမရိကန္သံအမတ္ႀကီးက ေျပာၾကားခဲ့သည္။

တ႐ုတ္ႏွင့္ ႐ုရွားကိုယ္စားလွယ္မ်ားက အျပန္အလွန္ေဆြးေႏြးမႈမ်ား တိုးျမႇင့္လုပ္ေဆာင္ျခင္းက အေရးယူပိတ္ဆို႔မႈ ျပစ္ဒဏ္ေပးျခင္းထက္ ပိုမိုေကာင္းမြန္ေၾကာင္း ေျပာၾကားခဲ့သည္။

ေအာက္တိုဘာ(၄)ရက္ေန႔တြင္ ေျမာက္ကိုရီးယား၏ဒုံးက်ည္ပစ္ခတ္မႈမ်ားကို လက္တုံ႔ျပန္သည့္အေနျဖင့္ အေမရိကန္၊ ဂ်ပန္ႏွင့္ ေတာင္ကိုရီးယားတို႔သည္ ေအာက္တိုဘာ(၅)ရက္ေန႔တြင္ ပူးတြဲစစ္ေရးေလ့က်င့္ျခင္းမ်ားကို ျပဳလုပ္ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ အေမရိကန္သည္ ၎၏ေလယာဥ္တင္သေဘၤာ USS Ronald Reagan ကို ကိုရီးယားကြၽန္းဆြယ္အနီးတြင္ ျပန္လည္ေနရာခ်ထားေပးခဲ့ေၾကာင္းသိရသည္။

ေျမာက္ကိုရီးယားက အေမရိကန္ႏွင့္ ေတာင္ကိုရီးယားတို႔၏ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားသည္ ၎တို႔ကို တိုက္ခိုက္ရန္အတြက္ စီစဥ္ျခင္းျဖစ္ေၾကာင္း စြပ္စြဲေဝဖန္ထားေၾကာင္းသိရသည္။ ေျမာက္ကိုရီးယားက ေအာက္တိုဘာ(၆)ရက္ေန႔ နံနက္ပိုင္းတြင္ ပစ္လႊတ္ခဲ့ေသာဒုံးက်ည္သည္ အျမင့္(၁ဝဝ)ကီလိုမီတာခန႔္မွ ပ်ံသန္းခဲ့ၿပီး အကြာအေဝး (၃၅ဝ)ကီလိုမီတာအထိ ေရာက္ရွိခဲ့ေၾကာင္းသိရသည္။

ဒုတိယေျမာက္ပစ္လႊတ္ခဲ့ေသာ ဒုံးက်ည္သည္ အျမင့္(၅ဝ)ကီလိုမီတာခန႔္မွပ်ံသန္းခဲ့ၿပီး အကြာအေဝး(၈ဝဝ) ကီလို မီတာအထိ ေရာက္ရွိခဲ့ေၾကာင္း အေမရိကန္ႏွင့္ ဂ်ပန္တို႔က ေျပာၾကားခဲ့သည္။ ၿဂိဳဟ္တုဓာတ္ပုံမ်ားအရ ေျမာက္ကိုရီးယားသည္ ၎တို႔၏ န်ဴကလီးယားစမ္းသပ္သည့္ေနရာရွိ ဥမင္လႈိဏ္ေခါင္းမ်ားကို ျပန္လည္တည္ေဆာက္ေနၿပီျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚလ်က္ရွိသည္။

Related news

© 2021. All rights reserved.