ရုရှားနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်း တဖြည်းဖြည်းကျဆင်းလာနေကြောင်း ရုရှားသမ္မတပူတင်ပြော

 617

ဂျန်ဇက် (NP News) - အောက်တိုဘာ ၇

အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံများမှာ ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်နေပေမယ့် ရုရှားနိုင်ငံမှာတော့ ငွေကြေးဖောင်းပွမှုနှုန်းကျဆင်းလျက်ရှိနေကြောင်း ရုရှားသမ္မပူတင်က ပြောပါတယ်။

ရုရှားသမ္မတပူတင်ဟာ ရုရှားနိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနှုန်းကို ဆက်လက်လျော့ကျစေနိုင်ဖို့ စီးပွားရေး အခက်အခဲ များကို ဖြေရှင်းနိုင်မယ့်အစည်းအဝေးတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရုရှားနိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနှုန်းဟာ အရင်ထက် ၁၃ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းလာခဲ့တယ်လို့ သိရပါတယ်။ ဥရောပတိုက်ရှိ နိုင်ငံအချို့မှာ ငွေကြေးဖောင်းပွမှုနှုန်းဟာ စံချိန်တင်မြင့်တက်နေခဲ့ပြီး ဥရောပနိုင်ငံအများစုမှာ ငွေကြေးဖောင်းပွမှုနှုန်းဟာ အနည်းဆုံး ၁ဝ ရာခိုင်နှုန်းရှိနေပြီး ဂျာမနီနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်းက ၁ဝ ဒသမ ၉ ရာခိုင်နှုန်းရှိနေခဲ့ပါတယ်။

ဒါ့အပြင် နယ်သာလန်နိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်း ၁၇ ဒသမ ၁ ရာခိုင်နှုန်း၊ လတ်ဗီးယားနိုင်ငံမှာ ငွေကြေး ဖောင်းပွမှုနှုန်း ၂၂ ဒသမ ၄ ရာခိုင်နှုန်း၊ လစ်သူယေးနီးယားနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်း ၂၂ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်နေတယ်လို့ သိရပါတယ်။

ယူကရိန်းကို ရုရှားတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံများက ရုရှားအပေါ် ပိတ်ဆို့မှုများချမှတ်ခဲ့ရာ ရုရှားနိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေခဲ့တယ်လို့ သိရပါတယ်။ ရုရှား နိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနှုန်းဟာ ဧပြီလတုန်းက ၁၇ ဒသမ ၈၃ ရာခိုင်နှုန်းရှိခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ရုရှားအစိုးရဟာ နိုင်ငံတဝှမ်းရှိ စီးပွားရေးနဲ့ကုန်သွယ်ရေး ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ခဲ့သလို ရုရှား နိုင်ငံသုံး ရူဘယ်ငွေကြေး တောင့်တင်းအောင်လုပ်ဆောင်ခဲ့ရာ ရုရှားနိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနှုန်းဟာ ဧပြီလနောက်ပိုင်းမှာ တစ်ဖြည်းဖြည်းကျဆင်းလာခဲ့ပြီး လက်ရှိအချိန်မှာ ၁၃ ဒသမ ၇၁ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
႐ုရွားႏိုင္ငံမွာ ေငြေၾကးေဖာင္းပြမႈႏႈန္း တျဖည္းျဖည္းက်ဆင္းလာေနေၾကာင္း ႐ုရွားသမၼတပူတင္ေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၇

အေမရိကန္အပါအဝင္ အေနာက္အုပ္စုႏိုင္ငံမ်ားမွာ ေငြေၾကးေဖာင္းပြမႈႏႈန္းျမင့္တက္ေနေပမယ့္ ႐ုရွားႏိုင္ငံမွာေတာ့ ေငြေၾကးေဖာင္းပြမႈႏႈန္းက်ဆင္းလ်က္ရွိေနေၾကာင္း ႐ုရွားသမၼပူတင္က ေျပာပါတယ္။

႐ုရွားသမၼတပူတင္ဟာ ႐ုရွားႏိုင္ငံရဲ႕ေငြေၾကးေဖာင္းပြမႈႏႈန္းကို ဆက္လက္ေလ်ာ့က်ေစႏိုင္ဖို႔ စီးပြားေရး အခက္အခဲ မ်ားကို ေျဖရွင္းႏိုင္မယ့္အစည္းအေဝးေတြ ျပဳလုပ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

႐ုရွားႏိုင္ငံရဲ႕ေငြေၾကးေဖာင္းပြမႈႏႈန္းဟာ အရင္ထက္ ၁၃ ဒသမ ၅ ရာခိုင္ႏႈန္း က်ဆင္းလာခဲ့တယ္လို႔ သိရပါတယ္။ ဥေရာပတိုက္ရွိ ႏိုင္ငံအခ်ိဳ႕မွာ ေငြေၾကးေဖာင္းပြမႈႏႈန္းဟာ စံခ်ိန္တင္ျမင့္တက္ေနခဲ့ၿပီး ဥေရာပႏိုင္ငံအမ်ားစုမွာ ေငြေၾကးေဖာင္းပြမႈႏႈန္းဟာ အနည္းဆုံး ၁ဝ ရာခိုင္ႏႈန္းရွိေနၿပီး ဂ်ာမနီႏိုင္ငံမွာ ေငြေၾကးေဖာင္းပြမႈႏႈန္းက ၁ဝ ဒသမ ၉ ရာခိုင္ႏႈန္းရွိေနခဲ့ပါတယ္။

ဒါ့အျပင္ နယ္သာလန္ႏိုင္ငံမွာ ေငြေၾကးေဖာင္းပြမႈႏႈန္း ၁၇ ဒသမ ၁ ရာခိုင္ႏႈန္း၊ လတ္ဗီးယားႏိုင္ငံမွာ ေငြေၾကး ေဖာင္းပြမႈႏႈန္း ၂၂ ဒသမ ၄ ရာခိုင္ႏႈန္း၊ လစ္သူေယးနီးယားႏိုင္ငံမွာ ေငြေၾကးေဖာင္းပြမႈႏႈန္း ၂၂ ဒသမ ၅ ရာခိုင္ႏႈန္းအထိ ျမင့္တက္ေနတယ္လို႔ သိရပါတယ္။

ယူကရိန္းကို ႐ုရွားတပ္ဖြဲ႕မ်ား တိုက္ခိုက္ခဲ့ၿပီးေနာက္ အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံမ်ားက ႐ုရွားအေပၚ ပိတ္ဆို႔မႈမ်ားခ်မွတ္ခဲ့ရာ ႐ုရွားႏိုင္ငံရဲ႕ေငြေၾကးေဖာင္းပြမႈႏႈန္း ျမင့္တက္ေနခဲ့တယ္လို႔ သိရပါတယ္။ ႐ုရွား ႏိုင္ငံရဲ႕ေငြေၾကးေဖာင္းပြမႈႏႈန္းဟာ ဧၿပီလတုန္းက ၁၇ ဒသမ ၈၃ ရာခိုင္ႏႈန္းရွိခဲ့တယ္လို႔ သိရပါတယ္။

ဒါေပမယ့္ ႐ုရွားအစိုးရဟာ ႏိုင္ငံတဝွမ္းရွိ စီးပြားေရးနဲ႔ကုန္သြယ္ေရး ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ခဲ့သလို ႐ုရွား ႏိုင္ငံသုံး ႐ူဘယ္ေငြေၾကး ေတာင့္တင္းေအာင္လုပ္ေဆာင္ခဲ့ရာ ႐ုရွားႏိုင္ငံရဲ႕ေငြေၾကးေဖာင္းပြမႈႏႈန္းဟာ ဧၿပီလေနာက္ပိုင္းမွာ တစ္ျဖည္းျဖည္းက်ဆင္းလာခဲ့ၿပီး လက္ရွိအခ်ိန္မွာ ၁၃ ဒသမ ၇၁ ရာခိုင္ႏႈန္းအထိ က်ဆင္းလာခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.