PDF အဖွဲ့များနှင့်ပူးပေါင်းကာ တိုက်ပွဲဖော်ဆောင်နေသော KIA လက်နက် ကိုင်အဖွဲ့၏ စစ်ဦးစီးချုပ် ကွယ်လွန်

5781

မြူနစ် (NP News) - မေ ၁၄
လက်ရှိနစကအစိုးရလက်ထက်တွင် PDF အဖွဲ့များနှင့်ပူးပေါင်းကာ တိုက်ပွဲဖော်ဆောင်နေသည့် ကချင်လက်နက်ကိုင်အဖွဲ့ KIA ၏ စစ်ဦးစီးချုပ်ဖြစ်သူ ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
KIA စစ်ဦးစီးချုပ်ခေါင်လွမ်းသည် ယမန်နေ့(မေ ၁၃ ရက်) ညနေ ၆ နာရီခွဲအချိန်ခန့်တွင် အသည်းရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းသည် မကွယ်လွန်ခင်အချိန်တွင် တရုတ်နိုင်ငံသို့ သွားရောက်ကာ ဆေးကုသမှုများခံယူခဲ့ကြောင်းလည်း ဒေသတွင်းသတင်းများက ဖော်ပြထားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၂)နှစ်အရွယ်ရှိပြီဖြစ်ကြောင်း သိရသည်။ ၎င်းကဲ့သို့ ကွယ်လွန်သွားမှုအပေါ် ချင်းလက်နက် ကိုင်အဖွဲ့တစ်ခုဖြစ်သော CNF ကလည်း ဝမ်းနည်းကြေကွဲရကြောင်းနှင့် CNF အပေါ် အကောင်းဆုံးပံ့ပိုးကူညီပေးခဲ့သူအဖြစ် မှတ်ကျောက်တင်အပ် ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
လက်ရှိတွင် KIA အဖွဲ့၏ စစ်ဦးစီးချုပ်နေရာအား မည်သူ့ကို တာဝန်ပေးအပ်မည်လဲဆိုသည်ကို လက်နက်ကိုင်အဖွဲ့များအပါအဝင် ဒေသခံများက စိတ် ဝင်စားနေလျက်ရှိကြောင်း သိရသည်။ ကချင်လက်နက်ကိုင်အဖွဲ့ KIA သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းမှစ၍ ပေါ်ပေါက်လာခဲ့သော PDF အဖွဲ့များကို သင်တန်းများပေးကာ နစကအစိုးရအား ပူးပေါင်းတိုက်ခိုက်နေသော အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။
zawgyi version
PDF အဖြဲ႕မ်ားႏွင့္ပူးေပါင္းကာ တိုက္ပြဲေဖာ္ေဆာင္ေနေသာ KIA လက္နက္ ကိုင္အဖြဲ႕၏ စစ္ဦးစီးခ်ဳပ္ ကြယ္လြန္
ျမဴနစ္ (NP News) - ေမ ၁၄
လက္ရွိနစကအစိုးရလက္ထက္တြင္ PDF အဖြဲ႕မ်ားႏွင့္ပူးေပါင္းကာ တိုက္ပြဲေဖာ္ေဆာင္ေနသည့္ ကခ်င္လက္နက္ကိုင္အဖြဲ႕ KIA ၏ စစ္ဦးစီးခ်ဳပ္ျဖစ္သူ ဒုဗိုလ္ခ်ဳပ္ႀကီးေခါင္လြမ္း ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။
KIA စစ္ဦးစီးခ်ဳပ္ေခါင္လြမ္းသည္ ယမန္ေန႔(ေမ ၁၃ ရက္) ညေန ၆ နာရီခြဲအခ်ိန္ခန႔္တြင္ အသည္းေရာဂါျဖင့္ ကြယ္လြန္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဒုဗိုလ္ခ်ဳပ္ႀကီးေခါင္လြမ္းသည္ မကြယ္လြန္ခင္အခ်ိန္တြင္ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္ကာ ေဆးကုသမႈမ်ားခံယူခဲ့ေၾကာင္းလည္း ေဒသတြင္းသတင္းမ်ားက ေဖာ္ျပထားၿပီး ၎ကြယ္လြန္ခ်ိန္တြင္ အသက္ (၆၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေၾကာင္း သိရသည္။ ၎ကဲ့သို႔ ကြယ္လြန္သြားမႈအေပၚ ခ်င္းလက္နက္ ကိုင္အဖြဲ႕တစ္ခုျဖစ္ေသာ CNF ကလည္း ဝမ္းနည္းေၾကကြဲရေၾကာင္းႏွင့္ CNF အေပၚ အေကာင္းဆုံးပံ့ပိုးကူညီေပးခဲ့သူအျဖစ္ မွတ္ေက်ာက္တင္အပ္ ေၾကာင္း ထုတ္ျပန္ထားသည္ကို ေတြ႕ရသည္။
လက္ရွိတြင္ KIA အဖြဲ႕၏ စစ္ဦးစီးခ်ဳပ္ေနရာအား မည္သူ႔ကို တာဝန္ေပးအပ္မည္လဲဆိုသည္ကို လက္နက္ကိုင္အဖြဲ႕မ်ားအပါအဝင္ ေဒသခံမ်ားက စိတ္ ဝင္စားေနလ်က္ရွိေၾကာင္း သိရသည္။ ကခ်င္လက္နက္ကိုင္အဖြဲ႕ KIA သည္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္းမွစ၍ ေပၚေပါက္လာခဲ့ေသာ PDF အဖြဲ႕မ်ားကို သင္တန္းမ်ားေပးကာ နစကအစိုးရအား ပူးေပါင္းတိုက္ခိုက္ေနေသာ အဖြဲ႕အစည္းတစ္ခုလည္းျဖစ္သည္။