ပြည်ပသို့ထွက်ခွာရန် UID လက်မှတ်ထုတ်ယူရာ၌ အခက်အခဲရှိခြင်း၊ ငွေ ကြေးတောင်းခံခြင်းများရှိပါက တိုင်ကြားနိုင်ကြောင်း အသိပေး

 1099

ယွန်း (NP News) - မေ ၁၃

ပြည်ပသို့ထွက်ခွာရန် UID လက်မှတ်ထုတ်ယူရာ၌ အခက်အခဲရှိခြင်း၊ ငွေ ကြေးတောင်းခံခြင်းများရှိပါက တိုင်ကြားနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ယနေ့(မေလ ၁၃ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။

လဝကအနေဖြင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များကောက်ယူ၍ ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ် ထုတ်ပေးခြင်းကို သက်ဆိုင်ရာ လဝကမြို့နယ်ရုံးအားလုံး၌ ဥပဒေနှင့်အညီစိစစ်၍ အခမဲ့ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သို့သော် ပြည်ပထွက်ခွာလိုသူများအနေဖြင့် ၎င်းတို့နှင့်သက်ဆိုင်သည့် လဝကမြို့နယ်ရုံးများတွင် UID နံပါတ် ထုတ်ယူခြင်းမရှိဘဲ နယ်စပ်ဒေသများရှိ UID လုပ်ငန်းဆောင်ရွက်သည့် နေရာများတွင်သာ ပြုလုပ်နေကြောင်း လဝကမှ ဆိုထားသည်။

ထို့ကြောင့် အဆိုပါနေရာများ၌ လူစုလူဝေးများ ဖြစ်ပေါ်ခြင်း၊ လုပ်ငန်းဆောင်ရွက်မှုအချိန် နှောင့်နှေးကြန့်ကြာခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သို့ဖြစ်၍ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပထွက်ခွာလိုသူများအနေဖြင့် သက် ဆိုင်ရာ လဝကမြို့နယ်ရုံးများသို့ လူကိုယ်တိုင်သွားရောက်၍ UID နံပါတ် ကြိုတင်ထုတ်ယူရန် လဝကမှ ဆိုထားသည်။

UID နံပါတ်ထုတ်ယူရာ၌ အခက်အခဲများရှိခြင်း၊ ငွေကြေးတောင်းခံခြင်းများရှိပါက အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန၏ Facebook စာမျက်နှာဖြစ်သည့် www.facebook.com/eIDDept မှတစ်ဆင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ျပည္ပသို႔ထြက္ခြာရန္ UID လက္မွတ္ထုတ္ယူရာ၌ အခက္အခဲရွိျခင္း၊ ေငြ ေၾကးေတာင္းခံျခင္းမ်ားရွိပါက တိုင္ၾကားႏိုင္ေၾကာင္း အသိေပး
ယြန္း (NP News) - ေမ ၁၃

ျပည္ပသို႔ထြက္ခြာရန္ UID လက္မွတ္ထုတ္ယူရာ၌ အခက္အခဲရွိျခင္း၊ ေငြ ေၾကးေတာင္းခံျခင္းမ်ားရွိပါက တိုင္ၾကားႏိုင္ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနက ယေန႔(ေမလ ၁၃ ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။

လဝကအေနျဖင့္ လူတစ္ဦးခ်င္းစီ၏ ကိုယ္ေရးအခ်က္အလက္ႏွင့္ ဇီဝဆိုင္ရာအခ်က္အလက္မ်ားေကာက္ယူ၍ ဂဏန္း(၁၀)လုံးပါ Unique ID နံပါတ္ ထုတ္ေပးျခင္းကို သက္ဆိုင္ရာ လဝကၿမိဳ႕နယ္႐ုံးအားလုံး၌ ဥပေဒႏွင့္အညီစိစစ္၍ အခမဲ့ ထုတ္ေပးလ်က္ရွိေၾကာင္း သိရသည္။

သို႔ေသာ္ ျပည္ပထြက္ခြာလိုသူမ်ားအေနျဖင့္ ၎တို႔ႏွင့္သက္ဆိုင္သည့္ လဝကၿမိဳ႕နယ္႐ုံးမ်ားတြင္ UID နံပါတ္ ထုတ္ယူျခင္းမရွိဘဲ နယ္စပ္ေဒသမ်ားရွိ UID လုပ္ငန္းေဆာင္႐ြက္သည့္ ေနရာမ်ားတြင္သာ ျပဳလုပ္ေနေၾကာင္း လဝကမွ ဆိုထားသည္။

ထို႔ေၾကာင့္ အဆိုပါေနရာမ်ား၌ လူစုလူေဝးမ်ား ျဖစ္ေပၚျခင္း၊ လုပ္ငန္းေဆာင္႐ြက္မႈအခ်ိန္ ေႏွာင့္ေႏွးၾကန႔္ၾကာျခင္းမ်ား ျဖစ္ေပၚလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

သို႔ျဖစ္၍ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ျပည္ပထြက္ခြာလိုသူမ်ားအေနျဖင့္ သက္ ဆိုင္ရာ လဝကၿမိဳ႕နယ္႐ုံးမ်ားသို႔ လူကိုယ္တိုင္သြားေရာက္၍ UID နံပါတ္ ႀကိဳတင္ထုတ္ယူရန္ လဝကမွ ဆိုထားသည္။

UID နံပါတ္ထုတ္ယူရာ၌ အခက္အခဲမ်ားရွိျခင္း၊ ေငြေၾကးေတာင္းခံျခင္းမ်ားရွိပါက အီလက္ထေရာနစ္မွတ္ပုံတင္စနစ္ဦးစီးဌာန၏ Facebook စာမ်က္ႏွာျဖစ္သည့္ www.facebook.com/eIDDept မွတစ္ဆင့္ ဆက္သြယ္တိုင္ၾကားႏိုင္ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.