ရုရှားကို အနိုင်ယူဖို့ အနောက်အုပ်စုရဲ့ကြိုးပမ်းမှုတွေက ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးလို့ ရုရှားပြော

206

Pika (NP News) - ဇူလိုင် ၁
ရုရှားနိုင်ငံကို အနိုင်ယူဖို့ အနောက်အုပ်စုနိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေဟာ ဘယ်တော့မှအောင်မြင်လိမ့်မှာမဟုတ်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က ပြောကြားခဲ့ပါတယ်။ ဆာဂေးလာရော့ဗ်ဟာ ကာဂျစ္စတန်နိုင်ငံခြားရေးဝန်ကြီး Jeenbek Kulubaev နဲ့တွေ့ဆုံစဉ်အချိန်အတွင်း ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
နေတိုးအဖွဲ့နဲ့ ဥရောပသမဂ္ဂတို့ဟာ ရုရှားကိုဆန့်ကျင်ဖို့အတွက် ယူကရိန်းပဋိပက္ခကို လက်နက်တစ်ခုအဖြစ် အသုံးပြုနေတယ်လို့ ဆာဂေးလာရော့ဗ်က ပြောကြားခဲ့ပါတယ်။ ၎င်းက "ရုရှားနိုင်ငံကို အနိုင်ယူဖို့ အနောက်အုပ်စုတွေရဲ့ ကြိုးပမ်းမှုတွေကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရပါတယ်။ အနောက်အုပ်စုဟာ ရုရှားကိုဆန့်ကျင်ဖို့ ယူကရိန်းပဋိပက္ခကို လက်နက်တစ်ခုအဖြစ် အသုံးပြုနေပါတယ်။ ဒါပေမဲ့လည်း အနောက်အုပ်စုရဲ့ ကြိုးပမ်းမှုတွေက ဘယ်တော့မှအောင်မြင်မှာမဟုတ်ပါဘူး"လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ရုရှားကိုကျရှုံးသွားစေဖို့ အနောက်အုပ်စုနိုင်ငံတွေရဲ့ ချဉ်းကပ်မှုမှန်သမျှဟာ အသုံးဝင်မှာမဟုတ်ဘူးလို့လည်း ဆာဂေးလာရော့ဗ်က ပြောကြားခဲ့ပါတယ်။ ယူကရိန်းကို စစ်ရေးအရထောက်ပံ့ပေးမှုတွေလုပ် ဆောင်ပေးနေတဲ့ နေတိုးအဖွဲ့နဲ့ဥရောပသမဂ္ဂတို့ရဲ့လုပ်ရပ်တွေဟာ စစ်ရေးအရထိပ်တိုက်တွေ့ဆုံမှုတွေကို ဖြစ်ပေါ်လာစေနိုင်တယ်လို့လည်း ဆာဂေးလာရော့ဗ်က ထပ်မံသတိပေးပြောဆိုခဲ့ပါတယ်။
zawgyi version
Pika (NP News) - ဇူလိုင် ၁