ဆေးခြောက် လက်ဝယ်ပိုင်ဆိုင်မှုကြောင့် ထောင်ဒဏ်ကျခံရသူများကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် လွတ်ငြိမ်းချမ်းသာခွင့်ပေး

 430

ဂျန်ဇက် (NP News) - အောက်တိုဘာ ၇

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဆေးခြောက်လက်ဝယ်ပိုင်ဆိုင်မှုနဲ့ စွဲချက်တင် ပြစ်ဒဏ်ပေးခံထားရတဲ့ အမေရိကန်နိုင်ငံသား ၆၅ဝဝ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်အစိုးရဟာ ဆေးခြောက်လက်ဝယ်ပိုင်ဆိုင်မှုနဲ့ ဖမ်းဆီးထောင်ချထားသူများကို ပြန်ှတ်ပေးခဲ့ပြီးနောက် အ‌မေမေကန်နိုင်ငံအတွင်း ဆေးခြောက်နဲ့ပတ်သက်ပြီး ဥပဒေများ၊မူဝါဒများကို အပြောင်းအလဲလုပ်ဆောင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အမေရိကန်အစိုးရက "ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့်တွေမှာ မူးယစ်ဆေးဝါးမူဝါဒတွေနဲ့ပတ်သက်ပြီး အရင်တုန်းက အမှားတွေရှိခဲ့တာကိုကူညီပေးဖို့ သမ္မတဂျိုးဘိုင်ဒန်က လုပ်ဆောင်ခဲ့တာဖြစ်တယ်။ အမေရိကန်နိုင်ငံမှာ ဆေးခြောက်လက်ဝယ်ပိုင်ဆိုင်မှု ဒါမှမဟုတ် ဆေးခြောက်သုံးစွဲခြင်းများနဲ့ပတ်သက်ပြီး ထောင်ဒဏ်ပြစ်ဒဏ်ကျခံရတော့မှာမဟုတ်ဘူး။ ဒါပေမယ့် ပြည်နယ်အများစုဟာ ဆေးခြောက်လက်ဝယ်တွေ့ရှိမှုနဲ့ လူအများအပြားကို အကျဉ်းထောင်ပို့ဆောင်ခဲ့တာမျိုးရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဆေးခြောက်လက်ဝယ်တွေ့ရှိသူများ ထောင်ဒဏ်ပြစ်ဒဏ်ခံရတော့မှာ မဟုတ်ဘူး။ ဆေးခြောက်လက်ဝယ်ပိုင်ဆိုင်မှုများကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသူထောင်ချီဟာ အလုပ်အကိုင်အခွင့်အလမ်းရဖို့၊ ပညာသင်ကြားဖို့ အခွင့်အရေးဆုံးရှုံးတာမျိုးတွေလည်း ရှိခဲ့တယ်" လို့ပြောပါတယ်။

ဆေးခြောက်လက်ဝယ်ပိုင်ဆိုင်မှုများနဲ့ပတ်သက်ပြီး ရည်ရွယ်ချက်များကို စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများက ပြောပါတယ်။

အမေရိကန်သမ္မတဟာ ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးရေးကာလအတွင်း ပေးခဲ့တဲ့ကတိကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံမှာ ဆေးခြောက်လက်ဝယ်ပိုင်ဆိုင်မှုများကြောင့် ထောင်ဒဏ်ကျခံနေရတဲ့အမေရိကန်နိုင်ငံသား ထောင်ချီရှိနေပြီး ၁၉၉၂ ခုနှစ်မှ ၂ဝ၂၁ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာ ဆေးခြောက်လက်ဝယ်ပိုင်ဆိုင်မှုများကြောင့် ထောင်ဒဏ်ကျခံခဲ့ရသူပေါင်း ၆၅ဝဝ ကျော်ရှိနေတယ်လို့ သိရပါတယ်။

Zawgyi Version;
ေဆးေျခာက္ လက္ဝယ္ပိုင္ဆိုင္မႈေၾကာင့္ ေထာင္ဒဏ္က်ခံရသူမ်ားကို အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပး
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၇

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ဟာ ေဆးေျခာက္လက္ဝယ္ပိုင္ဆိုင္မႈနဲ႔ စြဲခ်က္တင္ ျပစ္ဒဏ္ေပးခံထားရတဲ့ အေမရိကန္ႏိုင္ငံသား ၆၅ဝဝ ေက်ာ္ကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့တယ္လို႔ သိရပါတယ္။

အေမရိကန္အစိုးရဟာ ေဆးေျခာက္လက္ဝယ္ပိုင္ဆိုင္မႈနဲ႔ ဖမ္းဆီးေထာင္ခ်ထားသူမ်ားကို ျပႏ္ွတ္ေပးခဲ့ၿပီးေနာက္ အ‌ေမေမကန္ႏိုင္ငံအတြင္း ေဆးေျခာက္နဲ႔ပတ္သက္ၿပီး ဥပေဒမ်ား၊မူဝါဒမ်ားကို အေျပာင္းအလဲလုပ္ေဆာင္ဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

အေမရိကန္အစိုးရက "ျပည္ေထာင္စုအဆင့္နဲ႔ ျပည္နယ္အဆင့္ေတြမွာ မူးယစ္ေဆးဝါးမူဝါဒေတြနဲ႔ပတ္သက္ၿပီး အရင္တုန္းက အမွားေတြရွိခဲ့တာကိုကူညီေပးဖို႔ သမၼတဂ်ိဳးဘိုင္ဒန္က လုပ္ေဆာင္ခဲ့တာျဖစ္တယ္။ အေမရိကန္ႏိုင္ငံမွာ ေဆးေျခာက္လက္ဝယ္ပိုင္ဆိုင္မႈ ဒါမွမဟုတ္ ေဆးေျခာက္သုံးစြဲျခင္းမ်ားနဲ႔ပတ္သက္ၿပီး ေထာင္ဒဏ္ျပစ္ဒဏ္က်ခံရေတာ့မွာမဟုတ္ဘူး။ ဒါေပမယ့္ ျပည္နယ္အမ်ားစုဟာ ေဆးေျခာက္လက္ဝယ္ေတြ႕ရွိမႈနဲ႔ လူအမ်ားအျပားကို အက်ဥ္းေထာင္ပို႔ေဆာင္ခဲ့တာမ်ိဳးရွိခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ေဆးေျခာက္လက္ဝယ္ေတြ႕ရွိသူမ်ား ေထာင္ဒဏ္ျပစ္ဒဏ္ခံရေတာ့မွာ မဟုတ္ဘူး။ ေဆးေျခာက္လက္ဝယ္ပိုင္ဆိုင္မႈမ်ားေၾကာင့္ ျပစ္ဒဏ္က်ခံခဲ့ရသူေထာင္ခ်ီဟာ အလုပ္အကိုင္အခြင့္အလမ္းရဖို႔၊ ပညာသင္ၾကားဖို႔ အခြင့္အေရးဆုံးရႈံးတာမ်ိဳးေတြလည္း ရွိခဲ့တယ္" လို႔ေျပာပါတယ္။

ေဆးေျခာက္လက္ဝယ္ပိုင္ဆိုင္မႈမ်ားနဲ႔ပတ္သက္ၿပီး ရည္႐ြယ္ခ်က္မ်ားကို စုံစမ္းစစ္ေဆးသြားမွာျဖစ္ေၾကာင္း အေမရိကန္အစိုးရတာဝန္ရွိသူမ်ားက ေျပာပါတယ္။

အေမရိကန္သမၼတဟာ ၂ဝ၂ဝ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲမတိုင္ခင္ မဲဆြယ္စည္း႐ုံးေရးကာလအတြင္း ေပးခဲ့တဲ့ကတိကို အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္ေၾကာင္း သတင္းမ်ားက ေဖာ္ျပထားပါတယ္။

အေမရိကန္ႏိုင္ငံမွာ ေဆးေျခာက္လက္ဝယ္ပိုင္ဆိုင္မႈမ်ားေၾကာင့္ ေထာင္ဒဏ္က်ခံေနရတဲ့အေမရိကန္ႏိုင္ငံသား ေထာင္ခ်ီရွိေနၿပီး ၁၉၉၂ ခုႏွစ္မွ ၂ဝ၂၁ ခုႏွစ္အတြင္း အေမရိကန္ႏိုင္ငံမွာ ေဆးေျခာက္လက္ဝယ္ပိုင္ဆိုင္မႈမ်ားေၾကာင့္ ေထာင္ဒဏ္က်ခံခဲ့ရသူေပါင္း ၆၅ဝဝ ေက်ာ္ရွိေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.