ကျိုင်းတုံနယ်ရှင် စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဟော်နန်းပုံစံတူပြတိုက် စတင်ဖွင့်လှစ်

 1128

Pearl (NP News) - မေ ၁၃

ကျိုင်းတုံနယ်ရှင် စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဟော်နန်းပုံစံတူပြတိုက် ဖွင့်ပွဲအခမ်းအနားကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ် (၅) ရပ်ကွက်၊ နောင်တုံကန်ပတ်လမ်းရှိ ဟော်နန်းဥယျာဉ်မြေ၊ ဟော်နန်းမြေနှင့် တစ်ဆက်စပ်တည်း တည်ရှိသည့်နေရာတွင် အသစ်ပြန်လည် တည်ဆောက်ပြီးစီးခဲ့သည့် ကျိုင်းတုံနယ်ရှင် စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဟော်နန်းပုံစံတူပြတိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ (မေလ ၁၂ ရက်)တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ကျိုင်းတုံဟော်နန်းကြီးကို ၁၉၀၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ ပညာရှင်များခေါ်ဆောင်၍ စတင်ဆောက်လုပ်စေခဲ့ခြင်းဖြစ်ပြီး ၁၉၀၆ ခုနှစ်တွင် ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဥရောပနှင့် အိန္ဒိယဟန်များ လွှမ်းမိုးထားပြီး ရှမ်းရိုးရာနှင့် မြန်မာဗိသုကာပုံစံတို့ကို ပေါင်းစပ်တည်ဆောက်ထားခြင်းဖြစ်ကာ ကျိုင်းတုံမြို့၏ ပထမဆုံးသော ဘိလပ်မြေအဆောက်အအုံဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ဟော်နန်းကြီးတွင် စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၊ သားဖြစ်သူ စော်ဘွားစဝ်ကောင်တိုင်းနှင့် မြေးဖြစ်သူ စော်ဘွားစဝ်စိုင်းလုံတို့ မိသားစုများ နေထိုင်ခဲ့ကာ ၁၉၅၉ ခုနှစ်အထိ စော်ဘွားမိသားစုများနေ ထိုင်ခဲ့ကြခြင်းဖြစ်ပြီး ၁၉၆၂ ခုနှစ်တွင် ဟော်နန်းအား အစိုးရရုံးအဖြစ် အသုံးပြုခဲ့ကြောင်းလည်း သိရသည်။

ကျိုင်းတုံဟော်နန်းပုံစံတူပြတိုက်အား ပြန်လည်တည်ဆောက်နိုင်ရေး အတွက် နှစ်အဆက်ဆက်ကြိုးပမ်းခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တည်ဆောက်နိုင်ခြင်းမရှိဘဲ ၂၀၂၁ ခုနှစ်တွင် စော်ဘွားကြီး၏ ဆွေတော်မျိုးတော်များ၊ ဒေသခံမြို့မိမြို့ဖများ၏ တောင်းဆိုချက်အရ နစကဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ကျိုင်းတုံဟော်နန်းကို ၁၉၉၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် ဖြိုချခဲ့ပြီး ဟိုတယ်အဖြစ် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

zawgyi version
က်ိဳင္းတုံနယ္ရွင္ ေစာ္ဘြားႀကီး စဝ္ကြန္ေက်ာက္အင္းထလ်ဲန္၏ ေဟာ္နန္းပုံစံတူျပတိုက္ စတင္ဖြင့္လွစ္
Pearl (NP News) - ေမ ၁၃

က်ိဳင္းတုံနယ္ရွင္ ေစာ္ဘြားႀကီး စဝ္ကြန္ေက်ာက္အင္းထလ်ဲန္၏ ေဟာ္နန္းပုံစံတူျပတိုက္ ဖြင့္ပြဲအခမ္းအနားကို နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ဖြင့္လွစ္ေပးခဲ့ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ိဳင္းတုံၿမိဳ႕၊ အမွတ္ (၅) ရပ္ကြက္၊ ေနာင္တုံကန္ပတ္လမ္းရွိ ေဟာ္နန္းဥယ်ာဥ္ေျမ၊ ေဟာ္နန္းေျမႏွင့္ တစ္ဆက္စပ္တည္း တည္ရွိသည့္ေနရာတြင္ အသစ္ျပန္လည္ တည္ေဆာက္ၿပီးစီးခဲ့သည့္ က်ိဳင္းတုံနယ္ရွင္ ေစာ္ဘြားႀကီး စဝ္ကြန္ေက်ာက္အင္းထလ်ဲန္၏ ေဟာ္နန္းပုံစံတူျပတိုက္ဖြင့္ပြဲအခမ္းအနားကို ယမန္ေန႔ (ေမလ ၁၂ ရက္)တြင္ က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ က်ိဳင္းတုံနယ္ရွင္ေစာ္ဘြားႀကီး စဝ္ကြန္ေက်ာက္အင္းထလ်ဲန္၏ က်ိဳင္းတုံေဟာ္နန္းႀကီးကို ၁၉၀၃ ခုႏွစ္တြင္ အိႏၵိယႏိုင္ငံမွ ပညာရွင္မ်ားေခၚေဆာင္၍ စတင္ေဆာက္လုပ္ေစခဲ့ျခင္းျဖစ္ၿပီး ၁၉၀၆ ခုႏွစ္တြင္ ၿပီးစီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ဥေရာပႏွင့္ အိႏၵိယဟန္မ်ား လႊမ္းမိုးထားၿပီး ရွမ္း႐ိုးရာႏွင့္ ျမန္မာဗိသုကာပုံစံတို႔ကို ေပါင္းစပ္တည္ေဆာက္ထားျခင္းျဖစ္ကာ က်ိဳင္းတုံၿမိဳ႕၏ ပထမဆုံးေသာ ဘိလပ္ေျမအေဆာက္အအုံျဖစ္ေၾကာင္းလည္း သိရသည္။

အဆိုပါ ေဟာ္နန္းႀကီးတြင္ ေစာ္ဘြားႀကီး စဝ္ကြန္ေက်ာက္အင္းထလ်ဲန္၊ သားျဖစ္သူ ေစာ္ဘြားစဝ္ေကာင္တိုင္းႏွင့္ ေျမးျဖစ္သူ ေစာ္ဘြားစဝ္စိုင္းလုံတို႔ မိသားစုမ်ား ေနထိုင္ခဲ့ကာ ၁၉၅၉ ခုႏွစ္အထိ ေစာ္ဘြားမိသားစုမ်ားေန ထိုင္ခဲ့ၾကျခင္းျဖစ္ၿပီး ၁၉၆၂ ခုႏွစ္တြင္ ေဟာ္နန္းအား အစိုးရ႐ုံးအျဖစ္ အသုံးျပဳခဲ့ေၾကာင္းလည္း သိရသည္။

က်ိဳင္းတုံေဟာ္နန္းပုံစံတူျပတိုက္အား ျပန္လည္တည္ေဆာက္ႏိုင္ေရး အတြက္ ႏွစ္အဆက္ဆက္ႀကိဳးပမ္းခဲ့ေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တည္ေဆာက္ႏိုင္ျခင္းမရွိဘဲ ၂၀၂၁ ခုႏွစ္တြင္ ေစာ္ဘြားႀကီး၏ ေဆြေတာ္မ်ိဳးေတာ္မ်ား၊ ေဒသခံၿမိဳ႕မိၿမိဳ႕ဖမ်ား၏ ေတာင္းဆိုခ်က္အရ နစကဥကၠ႒၏ လမ္းၫႊန္ခ်က္ျဖင့္ တည္ေဆာက္ေရးလုပ္ငန္းမ်ားကို စတင္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

က်ိဳင္းတုံေဟာ္နန္းကို ၁၉၉၁ ခုႏွစ္ ႏိုဝင္ဘာလ ၉ ရက္ေန႔တြင္ ၿဖိဳခ်ခဲ့ၿပီး ဟိုတယ္အျဖစ္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.