ပထမဆုံးပြည်တွင်းထုတ် ရေငုပ်သင်္ဘောကို တရုတ်(တိုင်ပေ)အစိုးရ စမ်းသပ်

177

Pika (NP News) - ဇွန် ၁၉
တရုတ်(တိုင်ပေ)အစိုးရဟာ ၎င်းရဲ့ပထမဆုံးပြည်တွင်းထုတ် ရေငုပ်သင်္ဘောကို ပင်လယ်ပြင်မှာစမ်းသပ်မှုတွေ စတင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်(တိုင်ပေ)အစိုးရဟာ ဖြစ်နိုင်ခြေရှိတဲ့ တရုတ်ရဲ့တိုက်ခိုက်မှုတွေ ကနေ ကာကွယ်ဖို့အတွက် ၎င်းရဲ့စစ်ဘက်ဆိုင်ရာစွမ်းရည်တွေကို အဆင့်မြှင့်တင်မှုတွေလုပ်ဆောင်နေမှုနဲ့အတူ ယခုလိုစမ်းသပ်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အဲဒီရေငုပ်သင်္ဘောဟာ ရေငုပ်သင်္ဘော(၈)စင်းကို ဖြန့်ကျက်ချထားနိုင်ဖို့ ရည်ရွယ်ထားတဲ့ (၂၀၁၆)ခုနှစ်မှာ စတင် ခဲ့တဲ့ ရေငုပ်သင်္ဘောအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။ တရုတ်အစိုးရက တရုတ် (တိုင်ပေ)ကျွန်းကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာရှုမြင်ထားပေမယ့်လည်း တရုတ်(တိုင်ပေ)အစိုးရ ကတော့ တရုတ်ရဲ့ပြောဆိုချက်တွေကို ငြင်းဆန်ပယ်ချထားတယ်လို့ သိရပါတယ်။
ဒါ့ပြင် တရုတ်(တိုင်ပေ)ပြည်သူတွေကသာ ၎င်းတို့ရဲ့အနာဂါတ်ကို ဆုံးဖြတ်နိုင်တယ်လို့ တရုတ်(တိုင်ပေ)အစိုးရက ပြောကြားခဲ့ပါတယ်။ အဲဒီရေငုပ်သင်္ဘောကို ထုတ်ပြန်ပြသခဲ့ပြီးနောက် အချိန်(၂)နှစ်နီးပါးအကြာမှာ ပင်လယ်ရေပြင်မှာစမ်းသပ်မှုတွေကို စတင်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သင်္ဘောတည်ဆောက်တဲ့ CSBC ကော်ပိုရေးရှင်းက ပြောကြားခဲ့ပါတယ်။
အဲဒီရေငုပ်သင်္ဘောဟာ အရှည်(၈၀)မီတာရှိပြီး အလေးချိန် တန်ချိန်စုစုပေါင်း (၂၅၀၀)တန်မှ (၃၀၀၀)တန်ကြားရှိ ကာ အမေရိကန် ကာကွယ်ရေးကုမ္ပဏီ Lockheed Martin က ထုတ်လုပ်တဲ့ တိုက်ခိုက်ရေးစနစ်တွေနဲ့ တော်ပီဒိုတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ပထမဆုံးျပည္တြင္းထုတ္ ေရငုပ္သေဘၤာကို တ႐ုတ္(တိုင္ေပ)အစိုးရ စမ္းသပ္
Pika (NP News) - ဇြန္ ၁၉
တ႐ုတ္(တိုင္ေပ)အစိုးရဟာ ၎ရဲ႕ပထမဆုံးျပည္တြင္းထုတ္ ေရငုပ္သေဘၤာကို ပင္လယ္ျပင္မွာစမ္းသပ္မႈေတြ စတင္လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ တ႐ုတ္(တိုင္ေပ)အစိုးရဟာ ျဖစ္ႏိုင္ေျခရွိတဲ့ တ႐ုတ္ရဲ႕တိုက္ခိုက္မႈေတြ ကေန ကာကြယ္ဖို႔အတြက္ ၎ရဲ႕စစ္ဘက္ဆိုင္ရာစြမ္းရည္ေတြကို အဆင့္ျမႇင့္တင္မႈေတြလုပ္ေဆာင္ေနမႈနဲ႔အတူ ယခုလိုစမ္းသပ္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
အဲဒီေရငုပ္သေဘၤာဟာ ေရငုပ္သေဘၤာ(၈)စင္းကို ျဖန႔္က်က္ခ်ထားႏိုင္ဖို႔ ရည္႐ြယ္ထားတဲ့ (၂၀၁၆)ခုႏွစ္မွာ စတင္ ခဲ့တဲ့ ေရငုပ္သေဘၤာအစီအစဥ္ရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔လည္း သိရပါတယ္။ တ႐ုတ္အစိုးရက တ႐ုတ္ (တိုင္ေပ)ကြၽန္းကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ အခိုင္အမာရႈျမင္ထားေပမယ့္လည္း တ႐ုတ္(တိုင္ေပ)အစိုးရ ကေတာ့ တ႐ုတ္ရဲ႕ေျပာဆိုခ်က္ေတြကို ျငင္းဆန္ပယ္ခ်ထားတယ္လို႔ သိရပါတယ္။
ဒါ့ျပင္ တ႐ုတ္(တိုင္ေပ)ျပည္သူေတြကသာ ၎တို႔ရဲ႕အနာဂါတ္ကို ဆုံးျဖတ္ႏိုင္တယ္လို႔ တ႐ုတ္(တိုင္ေပ)အစိုးရက ေျပာၾကားခဲ့ပါတယ္။ အဲဒီေရငုပ္သေဘၤာကို ထုတ္ျပန္ျပသခဲ့ၿပီးေနာက္ အခ်ိန္(၂)ႏွစ္နီးပါးအၾကာမွာ ပင္လယ္ေရျပင္မွာစမ္းသပ္မႈေတြကို စတင္လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ သေဘၤာတည္ေဆာက္တဲ့ CSBC ေကာ္ပိုေရးရွင္းက ေျပာၾကားခဲ့ပါတယ္။
အဲဒီေရငုပ္သေဘၤာဟာ အရွည္(၈၀)မီတာရွိၿပီး အေလးခ်ိန္ တန္ခ်ိန္စုစုေပါင္း (၂၅၀၀)တန္မွ (၃၀၀၀)တန္ၾကားရွိ ကာ အေမရိကန္ ကာကြယ္ေရးကုမၸဏီ Lockheed Martin က ထုတ္လုပ္တဲ့ တိုက္ခိုက္ေရးစနစ္ေတြနဲ႔ ေတာ္ပီဒိုေတြ ပါဝင္တယ္လို႔လည္း သိရပါတယ္။