မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်မှ သမိုင်းစဉ်သုံးခု မူကြမ်းပြီးစီး

 248

သက်ပိုင် (NP News)- ဇွန် ၁၉

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကိုရေးသားပြုစုလျှက်ရှိရာ သမိုင်းစဉ် သုံးခုကို မူကြမ်းပြုစုရေးသားပြီးစီးနေပြီဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဇွန်လ ၁၈ ရက်က ရန်ကုန်မြို့၊ အမျိုးသားပြတိုက်၊ ဘက်စုံခန်းမ တွင်ပြုလုပ်ခဲ့သော တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ် ရေးသားပြုစုရေးအတွက် ပျူခေတ်ဆိုင်ရာ အထောက်အထားအချက်အလက်များ ဆွေးနွေးပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုလျက်ရှိရာ၊ ပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်းများနှင့် ဆက်စပ်လျက်ရှိသည့် လူဆင့်ကဲဖြစ်စဉ်ကာလသမိုင်းစဉ်၊ ကျောက်ခေတ်ကာလ သမိုင်းစဉ်၊ ကြေးခေတ်၊ သံခေတ်ကာလသမိုင်းစဉ်၊ သမိုင်းတင်ခေတ်ဦးပိုင်း ပျူခေတ်ကာလ သမိုင်းစဉ်တို့နှင့်ပတ်သက်၍ မူကြမ်းပြုစုရေးသားပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
“လူသားအဦးအစ ပရိုင်းမိတ်ကာလ၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် ယဉ်ကျေးမှုထွန်းကားခဲ့သည့် သမိုင်း မတင်မီကာလ၊ သမိုင်းတင်ခေတ်ဦးပိုင်း ပျူခေတ်ကာလတို့နှင့် ပတ်သက်၍ မူကြမ်းများ ရေးသားခဲ့ပြီးဖြစ်ပါ ကြောင်း၊ ၎င်းမူကြမ်းများကိုလည်း သမိုင်းစဉ်ဆွေးနွေးပွဲ များ အကြိမ်ကြိမ်ပြုလုပ်၍ ပညာရှင်ကြီးများမှ အတည်ပြု ထားပြီးဖြစ်ကြောင်း၊ တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်းအတွက် အရေးကြီးသော ဆွေးနွေးပွဲဖြစ်သည်နှင့် အညီ မြန်မာသမိုင်းအဖွဲ့မှ ပညာရှင်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ ပညာရှင်များနှင့် အရာရှိကြီးများ၊ သက်ဆိုင်ရာ သမိုင်းစဉ်ကို အထောက်အကူပြုသည့် သုတေသနပြု တူးဖော်မှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသော ဌာနတွင်းနှင့် အငြိမ်းစားပညာရှင်များ၊ ဌာနတွင်းမှ လေ့လာသူ မျိုးဆက်သစ်ဝန်ထမ်းများ ကို ဖိတ်ခေါ်၍ တက်ရောက်ဆွေးနွေးစေခြင်းဖြစ်ကြောင်း” ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပြောဆိုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ မြန်မာ့သမိုင်းစဉ်တွင် ခိုင်ခိုင်မာမာ ကိုးကားစရာအဖြစ် လွန်ခဲ့သော နှစ် (၅၀)ကျော်က ရေးသားထားသည့် “အခြေပြ မြန်မာ့နိုင်ငံရေးသမိုင်း” သာရှိခဲ့ရာမှ နောက်ပိုင်းတွင် ပြည်တွင်း၊ ပြည်ပပညာရှင်များ၏ ဘာသာရပ်အလိုက် ကွင်းဆင်းလေ့လာ သုတေသနပြု အသစ်တွေ့ရှိချက်များ၊ ပြည်ပဓာတ်ခွဲခန်းများမှ သိပ္ပံနည်းကျ သက်တမ်းတွက်ချက် မှုများကြောင့် ပျူခေတ်ကာလ သမိုင်းစဉ်သည်လည်း ပိုမို၍ရုပ်လုံးပေါ် ပြည့်စုံလာပြီဟုလယူဆရပြီး တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်အား ပြန်လည်ဖြည့်စွက် ပြင်ဆင်ရေးသားနိုင်မည့် ရလဒ်ကို မျှော်မှန်းနိုင်ပြီ ဖြစ်ကြောင်းကိုလည်း ၎င်းက ပြောဆိုခဲ့ကြောင်း သိရသည်။
တစ်ဆက်တစ်စပ်တည်းသော သမိုင်းစဉ် ဆွေးနွေးပွဲနှင့်ပတ်သက်၍ ခေတ်အလိုက် ပျူခေတ်ဆိုင်ရာ အထောက် အထားအချက်အလက် ဆွေးနွေးပွဲကို အမျိုးသားပြတိုက် (ရန်ကုန်)၌ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ၊ ၂၁၊ ၂၂ ရက်နေ့များတွင် ပထမအကြိမ်အဖြစ်လည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၈၊ ၂၉ ရက်များတွင် ဒုတိယအကြိမ် အဖြစ်လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၇၊ ၈ ရက်များတွင် တတိယအကြိမ်အဖြစ် လည်းကောင်း ပြုလုပ်ခဲ့ပြီး ယခုအကြိမ်မှာ စတုတ္ထအကြိမ်မြောက် ကျင်းပနေခြင်းဖြစ်သည်။

Zawgyi Version:
ျမန္မာႏိုင္ငံ၏ တစ္ဆက္တစ္စပ္တည္းေသာ ျမန္မာ့သမိုင္းစဥ္မွ သမိုင္းစဥ္သုံးခု မူၾကမ္းၿပီးစီး
သက္ပိုင္ (NP News)- ဇြန္ ၁၉

ျမန္မာႏိုင္ငံ၏ တစ္ဆက္တစ္စပ္တည္းေသာ ျမန္မာ့သမိုင္းစဥ္ကိုေရးသားျပဳစုလွ်က္ရွိရာ သမိုင္းစဥ္ သုံးခုကို မူၾကမ္းျပဳစုေရးသားၿပီးစီးေနၿပီျဖစ္ေၾကာင္း သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနမွ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ဇြန္လ ၁၈ ရက္က ရန္ကုန္ၿမိဳ႕၊ အမ်ိဳးသားျပတိုက္၊ ဘက္စုံခန္းမ တြင္ျပဳလုပ္ခဲ့ေသာ တစ္ဆက္တစ္စပ္တည္းေသာ ျမန္မာ့သမိုင္းစဥ္ ေရးသားျပဳစုေရးအတြက္ ပ်ဴေခတ္ဆိုင္ရာ အေထာက္အထားအခ်က္အလက္မ်ား ေဆြးေႏြးပြဲတြင္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ေဒၚႏုျမဇံက ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္ တြင္ ေဖာ္ျပထားသည္။
ျမန္မာႏိုင္ငံ၏ တစ္ဆက္တစ္စပ္တည္းေသာ ျမန္မာ့သမိုင္းစဥ္ကို ေရးသားျပဳစုလ်က္ရွိရာ၊ ပ႐ိုင္းမိတ္ေက်ာက္ျဖစ္ ႐ုပ္ႂကြင္းမ်ားႏွင့္ ဆက္စပ္လ်က္ရွိသည့္ လူဆင့္ကဲျဖစ္စဥ္ကာလသမိုင္းစဥ္၊ ေက်ာက္ေခတ္ကာလ သမိုင္းစဥ္၊ ေၾကးေခတ္၊ သံေခတ္ကာလသမိုင္းစဥ္၊ သမိုင္းတင္ေခတ္ဦးပိုင္း ပ်ဴေခတ္ကာလ သမိုင္းစဥ္တို႔ႏွင့္ပတ္သက္၍ မူၾကမ္းျပဳစုေရးသားၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရသည္။
“လူသားအဦးအစ ပ႐ိုင္းမိတ္ကာလ၊ ေက်ာက္ေခတ္၊ ေၾကးေခတ္၊ သံေခတ္ ယဥ္ေက်းမႈထြန္းကားခဲ့သည့္ သမိုင္း မတင္မီကာလ၊ သမိုင္းတင္ေခတ္ဦးပိုင္း ပ်ဴေခတ္ကာလတို႔ႏွင့္ ပတ္သက္၍ မူၾကမ္းမ်ား ေရးသားခဲ့ၿပီးျဖစ္ပါ ေၾကာင္း၊ ၎မူၾကမ္းမ်ားကိုလည္း သမိုင္းစဥ္ေဆြးေႏြးပြဲ မ်ား အႀကိမ္ႀကိမ္ျပဳလုပ္၍ ပညာရွင္ႀကီးမ်ားမွ အတည္ျပဳ ထားၿပီးျဖစ္ေၾကာင္း၊ တစ္ဆက္တစ္စပ္တည္းေသာ ျမန္မာသမိုင္းအတြက္ အေရးႀကီးေသာ ေဆြးေႏြးပြဲျဖစ္သည္ႏွင့္ အညီ ျမန္မာသမိုင္းအဖြဲ႕မွ ပညာရွင္ႀကီးမ်ား၊ ပညာေရးဝန္ႀကီးဌာနမွ ပညာရွင္မ်ားႏွင့္ အရာရွိႀကီးမ်ား၊ သက္ဆိုင္ရာ သမိုင္းစဥ္ကို အေထာက္အကူျပဳသည့္ သုေတသနျပဳ တူးေဖာ္မႈ လုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္႐ြက္ ခဲ့ၾကေသာ ဌာနတြင္းႏွင့္ အၿငိမ္းစားပညာရွင္မ်ား၊ ဌာနတြင္းမွ ေလ့လာသူ မ်ိဳးဆက္သစ္ဝန္ထမ္းမ်ား ကို ဖိတ္ေခၚ၍ တက္ေရာက္ေဆြးေႏြးေစျခင္းျဖစ္ေၾကာင္း” ဒုတိယဝန္ႀကီး ေဒၚႏုျမဇံက ေျပာဆိုခဲ့သည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔အတူ ျမန္မာ့သမိုင္းစဥ္တြင္ ခိုင္ခိုင္မာမာ ကိုးကားစရာအျဖစ္ လြန္ခဲ့ေသာ ႏွစ္ (၅၀)ေက်ာ္က ေရးသားထားသည့္ “အေျချပ ျမန္မာ့ႏိုင္ငံေရးသမိုင္း” သာရွိခဲ့ရာမွ ေနာက္ပိုင္းတြင္ ျပည္တြင္း၊ ျပည္ပပညာရွင္မ်ား၏ ဘာသာရပ္အလိုက္ ကြင္းဆင္းေလ့လာ သုေတသနျပဳ အသစ္ေတြ႕ရွိခ်က္မ်ား၊ ျပည္ပဓာတ္ခြဲခန္းမ်ားမွ သိပၸံနည္းက် သက္တမ္းတြက္ခ်က္ မႈမ်ားေၾကာင့္ ပ်ဴေခတ္ကာလ သမိုင္းစဥ္သည္လည္း ပိုမို၍႐ုပ္လုံးေပၚ ျပည့္စုံလာၿပီဟုလယူဆရၿပီး တစ္ဆက္တစ္စပ္တည္းေသာ ျမန္မာ့သမိုင္းစဥ္အား ျပန္လည္ျဖည့္စြက္ ျပင္ဆင္ေရးသားႏိုင္မည့္ ရလဒ္ကို ေမွ်ာ္မွန္းႏိုင္ၿပီ ျဖစ္ေၾကာင္းကိုလည္း ၎က ေျပာဆိုခဲ့ေၾကာင္း သိရသည္။
တစ္ဆက္တစ္စပ္တည္းေသာ သမိုင္းစဥ္ ေဆြးေႏြးပြဲႏွင့္ပတ္သက္၍ ေခတ္အလိုက္ ပ်ဴေခတ္ဆိုင္ရာ အေထာက္ အထားအခ်က္အလက္ ေဆြးေႏြးပြဲကို အမ်ိဳးသားျပတိုက္ (ရန္ကုန္)၌ ၂၀၂၂ ခုႏွစ္၊ ဇြန္လ ၂၀ ၊ ၂၁၊ ၂၂ ရက္ေန႔မ်ားတြင္ ပထမအႀကိမ္အျဖစ္လည္းေကာင္း၊ ၂၀၂၃ ခုႏွစ္၊ ဩဂုတ္လ ၂၈၊ ၂၉ ရက္မ်ားတြင္ ဒုတိယအႀကိမ္ အျဖစ္လည္းေကာင္း၊ ၂၀၂၄ ခုႏွစ္၊ ဩဂုတ္လ ၇၊ ၈ ရက္မ်ားတြင္ တတိယအႀကိမ္အျဖစ္ လည္းေကာင္း ျပဳလုပ္ခဲ့ၿပီး ယခုအႀကိမ္မွာ စတုတၳအႀကိမ္ေျမာက္ က်င္းပေနျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.