ကလေးလုပ်သားပပျောက်ရေးအတွက် ပထမကာလတို(၅)နှစ်စီမံကိန်းအား ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်(၄)ခုတွင် အကောင်အထည်ဖော်ဆောင်ရွက်နေ

 1111

photo : ILO

ယွန်း (NP News) - အောက်တိုဘာ ၁၄

ကလေးသူငယ်အလုပ်သမားပပျောက်ရေးအတွက် ပထမကာလတို(၅)နှစ်စီမံကိန်းအား ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်(၄)ခုတွင် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

နစက ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အောက်တိုဘာလ(၁၃)ရက်တွင်ကျင်းပသော အစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံအားလုံးနီးပါး၏ မိသားစုဝင်ငွေ ထိခိုက်ခဲ့ခြင်းကြောင့် ဆင်းရဲနွမ်းပါးမှုကို ပိုမိုဖြစ်ပွားစေပြီး ဆင်းရဲနွမ်းပါးမှု၊ ကျောင်းပိတ်ထားမှုနှင့် လူမှုရေးဝန်ဆောင်မှုများ လျော့ကျစေမှုများကြောင့် ကလေးများကို လုပ်ငန်း ခွင်သို့ တွန်းပို့နေပြီး ခေါင်းပုံဖြတ်ခံရခြင်း၊ အတင်းအကြပ်ခိုင်းစေခံရခြင်းများကိုကြုံ တွေ့ရလျက်ရှိကြောင်း ဒုဥက္ကဋ္ဌက ဆိုသည်။

မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စီမံချက်၏ ပထမကာလတို(၅)နှစ် (၂ဝ၁၉-၂ဝ၂၃)အရ ကနဦးစီမံချက် နယ်မြေများဖြစ်သော ကရင်၊ မွန်၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတို့၏ ဦးစားပေးနယ်ပယ်(၂)ခုဖြစ်သည့် စက်မှုကုန်ထုတ်ကဏ္ဍနှင့် စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးကဏ္ဍတို့ရှိ ကလေးအလုပ်သမားများလျော့နည်းပပျောက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း နစက ဒုဥက္ကဋ္ဌမှဆိုသည်။

ထို့ပြင် ကလေးအလုပ်သမားများ တိုးပွားလာသည့် လက္ခဏာများကို တုံ့ပြန်နိုင်ရန် ပြည့်စုံသော လူမှုအကာအကွယ်၊ ဆင်းရဲသော မိသားစုများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် အရွယ်ရောက်ပြီးသူများကို သင့်လျော်ကောင်း မွန်သော အလုပ်များတိုးမြှင့်ပေးခြင်းတို့အား နစကအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့စစ်တမ်းများအရ ဆင်းရဲနွမ်းပါးမှု (၁)ရာခိုင်နှုန်း တိုးလာသည်နှင့်အမျှ ကလေးအလုပ်သမား အနည်းဆုံး (၈ ဒသမ ၇) ရာခိုင်နှုန်း ဖြစ်ပေါ်လာစေနိုင်ပြီး ကလေး သူငယ်ဦးရေ (၁ဝ)ယောက်တွင် (၁)ယောက်သည် ကလေးအလုပ်သမားဖြစ်နေရကြောင်း ဒုဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ၂ဝ၁၆ ခုနှစ်၌ ကမ္ဘာပေါ်တွင် ကလေးအလုပ်သမား စုစုပေါင်း(၁၅၂)သန်းရှိခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ်တွင် ကလေးအလုပ်သမား စုစုပေါင်း သန်း(၁၆ဝ)ရှိသဖြင့် (၄)နှစ်တာကာလတွင် ကလေးအလုပ်သမား (၈)သန်းကျော်တိုးလာကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေနှင့် လက်ရှိ အလုပ်သ မားဥပဒေအရ အလုပ်လုပ်နိုင်သည့် အနိမ့်ဆုံးအသက်အရွယ်သည် အသက် ၁၄ နှစ်အဖြစ် သတ်မှတ်ထားကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ကလေးလုပ်သား (၁)သန်းကျော်ရှိနေပြီး (၆) သိန်းကျော်သည် ဘေးအန္တရာယ်ရှိသောအလုပ်များတွင် လုပ်ကိုင်နေကြရကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)၏ စစ်တမ်းအရသိရသည်။

zawgyi version
ကေလးလုပ္သားပေပ်ာက္ေရးအတြက္ ပထမကာလတို(၅)ႏွစ္စီမံကိန္းအား ရန္ကုန္အပါ အဝင္ တိုင္းႏွင့္ျပည္နယ္(၄)ခုတြင္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေန
ယြန္း (NP News) - ေအာက္တိုဘာ ၁၄

ကေလးသူငယ္အလုပ္သမားပေပ်ာက္ေရးအတြက္ ပထမကာလတို(၅)ႏွစ္စီမံကိန္းအား ရန္ကုန္အပါအဝင္ တိုင္းႏွင့္ျပည္နယ္(၄)ခုတြင္ အေကာင္အထည္ေဖာ္ေဆာင္ ႐ြက္လ်က္ရွိေၾကာင္း သိရသည္။

နစက ဒုဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေအာက္တိုဘာလ(၁၃)ရက္တြင္က်င္းပေသာ အစည္းအေဝး၌ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ကမာၻ႔ႏိုင္ငံအားလုံးနီးပါး၏ မိသားစုဝင္ေငြ ထိခိုက္ခဲ့ျခင္းေၾကာင့္ ဆင္းရဲႏြမ္းပါးမႈကို ပိုမိုျဖစ္ပြားေစၿပီး ဆင္းရဲႏြမ္းပါးမႈ၊ ေက်ာင္းပိတ္ထားမႈႏွင့္ လူမႈေရးဝန္ေဆာင္မႈမ်ား ေလ်ာ့က်ေစမႈမ်ားေၾကာင့္ ကေလးမ်ားကို လုပ္ငန္း ခြင္သို႔ တြန္းပို႔ေနၿပီး ေခါင္းပုံျဖတ္ခံရျခင္း၊ အတင္းအၾကပ္ခိုင္းေစခံရျခင္းမ်ားကိုႀကဳံ ေတြ႕ရလ်က္ရွိေၾကာင္း ဒုဥကၠ႒က ဆိုသည္။

ျမန္မာႏိုင္ငံကေလးအလုပ္သမားပေပ်ာက္ေရးဆိုင္ရာ စီမံခ်က္၏ ပထမကာလတို(၅)ႏွစ္ (၂ဝ၁၉-၂ဝ၂၃)အရ ကနဦးစီမံခ်က္ နယ္ေျမမ်ားျဖစ္ေသာ ကရင္၊ မြန္၊ ပဲခူး၊ ရန္ကုန္ႏွင့္ ဧရာဝတီတို႔၏ ဦးစားေပးနယ္ပယ္(၂)ခုျဖစ္သည့္ စက္မႈကုန္ထုတ္က႑ႏွင့္ စီးပြားေရး၊ ကူးသန္းေရာင္းဝယ္ေရးက႑တို႔ရွိ ကေလးအလုပ္သမားမ်ားေလ်ာ့နည္းပေပ်ာက္ေရးကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစက ဒုဥကၠ႒မွဆိုသည္။

ထို႔ျပင္ ကေလးအလုပ္သမားမ်ား တိုးပြားလာသည့္ လကၡဏာမ်ားကို တုံ႔ျပန္ႏိုင္ရန္ ျပည့္စုံေသာ လူမႈအကာအကြယ္၊ ဆင္းရဲေသာ မိသားစုမ်ားအတြက္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ဖန္တီးေပးျခင္းႏွင့္ အ႐ြယ္ေရာက္ၿပီးသူမ်ားကို သင့္ေလ်ာ္ေကာင္း မြန္ေသာ အလုပ္မ်ားတိုးျမႇင့္ေပးျခင္းတို႔အား နစကအေနျဖင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ကမာၻ႔စစ္တမ္းမ်ားအရ ဆင္းရဲႏြမ္းပါးမႈ (၁)ရာခိုင္ႏႈန္း တိုးလာသည္ႏွင့္အမွ် ကေလးအလုပ္သမား အနည္းဆုံး (၈ ဒသမ ၇) ရာခိုင္ႏႈန္း ျဖစ္ေပၚလာေစႏိုင္ၿပီး ကေလး သူငယ္ဦးေရ (၁ဝ)ေယာက္တြင္ (၁)ေယာက္သည္ ကေလးအလုပ္သမားျဖစ္ေနရေၾကာင္း ဒုဥကၠ႒ကေျပာသည္။

ထို႔ျပင္ ၂ဝ၁၆ ခုႏွစ္၌ ကမာၻေပၚတြင္ ကေလးအလုပ္သမား စုစုေပါင္း(၁၅၂)သန္းရွိခဲ့ၿပီး ၂ဝ၂ဝ ျပည့္ႏွစ္တြင္ ကေလးအလုပ္သမား စုစုေပါင္း သန္း(၁၆ဝ)ရွိသျဖင့္ (၄)ႏွစ္တာကာလတြင္ ကေလးအလုပ္သမား (၈)သန္းေက်ာ္တိုးလာေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒႏွင့္ လက္ရွိ အလုပ္သ မားဥပေဒအရ အလုပ္လုပ္ႏိုင္သည့္ အနိမ့္ဆုံးအသက္အ႐ြယ္သည္ အသက္ ၁၄ ႏွစ္အျဖစ္ သတ္မွတ္ထားေၾကာင္းသိရသည္။

ျမန္မာႏိုင္ငံတြင္ ကေလးလုပ္သား (၁)သန္းေက်ာ္ရွိေနၿပီး (၆) သိန္းေက်ာ္သည္ ေဘးအႏၲရာယ္ရွိေသာအလုပ္မ်ားတြင္ လုပ္ကိုင္ေနၾကရေၾကာင္း အျပည္ျပည္ဆိုင္ရာအလုပ္သမားေရးရာအဖြဲ႕ (ILO)၏ စစ္တမ္းအရသိရသည္။

Related news

© 2021. All rights reserved.