ရုရှားကို လက်တုံ့ပြန်တိုက်ခိုက်ဖို့ တရားဝင်အခွင့်အရေးပေးလိုက်တယ်လို့ အမေရိကန်သမ္မတ ပြော

142

ဂျန်ဇက် (NP News) - ဇွန် ၇
ရုရှားရဲ့မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ ယူကရိန်းစစ်တပ်ရဲ့လုပ်ရပ်ဟာ တင်းမာမှုအရှိန်ပိုမိုမြင့်တက်လာစေခဲ့ပြီး ရုရှားနိုင်ငံကို အင်အားသုံးပြီး လက်တုံ့ပြန်ဖို့ တရားဝင်အခွင့်အရေးပေးလိုက်သလိုဖြစ်ခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရုရှားသမ္မတပူတင်နဲ့ ဖုန်းဆက်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ယူကရိန်းဟာ ရုရှားလေတပ်အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ရုရှားဟာ အမေရိကန်ဒေါ်လာ ၇ ဘီလျံနဲ့အထက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ယူကရိန်းဟာ လေတပ်အခြေစိုက်စခန်းတွေ အပြင် တံတားတွေ။ မီးရထားလမ်းတွေကို ဖောက်ခွဲတိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ရာ မီးရထားလမ်းချော်ပြီး အနည်းဆုံး ၇ ဦးသေဆုံးကာ ၁၂၀ ဦးဒဏ်ရာရခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရုရှားသမ္မတဟာ အမေရိကန်သမ္မတ နဲ့ ဖုန်းဆက်ချိန်အတွင်း ထိုက်တန်တဲ့ တုံ့ပြန်မှုတွေလုပ်ဆောင်မယ်လို့ အသိပေးခဲ့ပါတယ်။
အမေရိကန်သမ္မတက "ကျွန်တော်အနေနဲ့တင်းမာမှုမြင့်တက်လာမှာမလိုချင်ဘူး။ ယူကရိန်းရဲ့လုပ်ရပ်ဟာ ရုရှားကို ညလုံးပေါက်ဗုံးကြဲ တိုက်ခိုက်ဖို့ တရားဝင်အခွင့်ရေး ပေးလိုက်သလိုဖြစ်ခဲ့တယ်။ ရုရှားဟာ ယူကရိန်းကိုတိုက်ခိုက်နေပြီး ယူကရိန်းကို ငရဲဘုံသဖွယ်ဖြစ်နေတာကိုအားလုံး တွေ့မြင်နေရတယ်’’ လို့ ပြောပါတယ်။
ရုရှားဟာ ယူကရိန်းကို ဇွန်လ ၆ ရက်က ပဲ့ထိန်းဒုံးကျည်တွေ အပါအဝင် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
႐ုရွားကို လက္တုံ႔ျပန္တိုက္ခိုက္ဖို႔ တရားဝင္အခြင့္အေရးေပးလိုက္တယ္လို႔ အေမရိကန္သမၼတ ေျပာ
ဂ်န္ဇက္ (NP News) - ဇြန္ ၇
႐ုရွားရဲ႕မဟာဗ်ဴဟာေျမာက္ ဗုံးႀကဲေလယာဥ္ေတြကို ဒ႐ုန္းနဲ႔တိုက္ခိုက္ခဲ့တဲ့ ယူကရိန္းစစ္တပ္ရဲ႕လုပ္ရပ္ဟာ တင္းမာမႈအရွိန္ပိုမိုျမင့္တက္လာေစခဲ့ၿပီး ႐ုရွားႏိုင္ငံကို အင္အားသုံးၿပီး လက္တုံ႔ျပန္ဖို႔ တရားဝင္အခြင့္အေရးေပးလိုက္သလိုျဖစ္ခဲ့တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာပါတယ္။
ေဒၚနယ္ထရမ့္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ႐ုရွားသမၼတပူတင္နဲ႔ ဖုန္းဆက္ေဆြးေႏြးခဲ့တယ္လို႔ ဆိုပါတယ္။ ယူကရိန္းဟာ ႐ုရွားေလတပ္အေျခစိုက္စခန္းေတြကို ပစ္မွတ္ထားၿပီး ဒ႐ုန္းနဲ႔တိုက္ခိုက္ခဲ့ရာ ႐ုရွားဟာ အေမရိကန္ေဒၚလာ ၇ ဘီလ်ံနဲ႔အထက္ ပ်က္စီးဆုံးရႈံးခဲ့တယ္လို႔ သိရပါတယ္။
ယူကရိန္းဟာ ေလတပ္အေျခစိုက္စခန္းေတြ အျပင္ တံတားေတြ။ မီးရထားလမ္းေတြကို ေဖာက္ခြဲတိုက္ခိုက္ဖို႔ ႀကိဳးပမ္းခဲ့ရာ မီးရထားလမ္းေခ်ာ္ၿပီး အနည္းဆုံး ၇ ဦးေသဆုံးကာ ၁၂၀ ဦးဒဏ္ရာရခဲ့ပါတယ္။ အဲဒီတိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး ႐ုရွားသမၼတဟာ အေမရိကန္သမၼတ နဲ႔ ဖုန္းဆက္ခ်ိန္အတြင္း ထိုက္တန္တဲ့ တုံ႔ျပန္မႈေတြလုပ္ေဆာင္မယ္လို႔ အသိေပးခဲ့ပါတယ္။
အေမရိကန္သမၼတက "ကြၽန္ေတာ္အေနနဲ႔တင္းမာမႈျမင့္တက္လာမွာမလိုခ်င္ဘူး။ ယူကရိန္းရဲ႕လုပ္ရပ္ဟာ ႐ုရွားကို ညလုံးေပါက္ဗုံးႀကဲ တိုက္ခိုက္ဖို႔ တရားဝင္အခြင့္ေရး ေပးလိုက္သလိုျဖစ္ခဲ့တယ္။ ႐ုရွားဟာ ယူကရိန္းကိုတိုက္ခိုက္ေနၿပီး ယူကရိန္းကို ငရဲဘုံသဖြယ္ျဖစ္ေနတာကိုအားလုံး ေတြ႕ျမင္ေနရတယ္’’ လို႔ ေျပာပါတယ္။
႐ုရွားဟာ ယူကရိန္းကို ဇြန္လ ၆ ရက္က ပဲ့ထိန္းဒုံးက်ည္ေတြ အပါအဝင္ တိုက္ေလယာဥ္နဲ႔ ဗုံးႀကဲတိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။