လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် အာမခံကြောင်း UEC ကတိပြု

 86

သုတကျော် (NP News) - စက်တင်ဘာ ၁၃
လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် အာမခံကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က စက်တင်ဘာလ (၁၁)ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် UEC ၏ ပြောရေးဆိုခွင့်ရှိသူ အဖွဲ့ဝင် ဦးခင်မောင်ဦးက ကတိပြုပြောကြားသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် NP News က မေးမြန်းခဲ့သော မေးခွန်းနှင့် ပတ်သက်၍ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
‘ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ (၂၀၂၀)မှာ မဲမသမာမှုနဲ့ တရားမဲ့ပြုကျင့်မှုကြောင့် ဖြစ်ပေါ်ခဲ့ တဲ့ပုံရိပ်ကို ပြန်ပြီးဆယ်တင်ရမယ့်အဖွဲ့အစည်းဖြစ်တဲ့အတွက် အသန့်ရှင်းဆုံး၊ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက် လျက်ရှိပါတယ်။ ဒါ့ပြင် လူတွေရဲ့ယုံကြည်စိတ်ချရမှုနဲ့ပတ်သက်ရင်လည်း ပြည်ထောင်စုအဆင့်ကော်မရှင်မှာဆိုရင် လည်း ကျွန်တော်တို့က အများယုံကြည်တဲ့ သတ်မှတ်ချက်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနောက် သက်ဆိုင်ရာရွေး ကောက်ပွဲ ကော်မရှင်ဥပဒေတွေနဲ့အညီ ကျွန်တော်တို့ လုပ်ထားတာဖြစ်ပါတယ်။ များသောအားဖြင့် နိုင်ငံ့ဝန်ထမ်းဟောင်းတွေ ဖြစ်ပါတယ်။ အတွေ့အကြုံအားဖြင့် ရင့်ကျက်တဲ့သူတွေဖြစ်ပါတယ်။ သိက္ခာ၊ သမာဓိ ရှိသူတွေဖြစ်ပါတယ်’ ဟု ဦးခင်မောင်ဦးက ပြောသည်။ ထို့ကြောင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကာ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကလည်း ပါတီ၊ နိုင်ငံရေးကင်းရှင်းသူကို သေချာစွာ စိစစ်၊ အတည်ပြုပြီးမှ တာဝန်ပေးခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
‘ကျွန်တော်တို့ ကော်မရှင်အနေနဲ့ကတော့ ဒီဟာနဲ့ပတ်သက်ပြီး လွတ်လပ်ပြီး တရားမျှတနဲ့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာ အခိုင်အမာ ဝန်ခံနိုင်ပါတယ်။ နောက်ပြီးတော့ အာမခံနိုင်ပါတယ်။ နောက်ကိုယ့်အောက်က ဆောင် ရွက်နေတဲ့ လက်တွဲ ဖော်တွေ၊ မဲရုံအသီးသီးမှာ ဆောင်ရွက်ကြမယ့် ပုဂ္ဂိုလ်တွေကအစ အားလုံးဟာ ဥပဒေ၊ နည်းဥပဒေ တွေနဲ့အညီ ဆောင်ရွက်အောင် လေ့ကျင့်ပြီး ဆောင်ရွက်တာ ဖြစ်တဲ့အတွက် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ဆောင်ရွက်နေပါတယ်။ ဒီလိုဖြစ်မယ်လို့ အာမခံ ကြောင်း ပြောလိုပါတယ်’ ဟု ဦးခင်မောင်ဦးက ပြောသည်။ ပါတီစုံအထွေထွေရွေးကောက်ပွဲကို အကြမ်းဖျင်းအားဖြင့် သုံးပိုင်းခွဲကာ ကျင်းပမည်ဖြစ်ပြီး စက်တင်ဘာလကုန်ပိုင်းတွင် ပထမအကြိမ် မဲစာရင်း ကပ်မည်ဖြစ်ကြောင်းလည်း အဆိုပါ သတင်းစာ ရှင်း လင်းပွဲမှ သိရသည်။
‘အကြမ်းဖျင်းတော့ သုံးပိုင်းဝန်းကျင်ပါ။ သုံးပိုင်းထက်များရင်လည်း လေးပိုင်းပေါ့။ ဆောင်ရွက်သွားဖို့ရှိပါတယ်။ ဆောင်ရွက်မယ်။ ပါမယ့်မြို့ တွေကို ကျွန်တော်တို့ ကြေညာသွားဦးမှာဖြစ်ပါတယ်။ အဲဒီတော့ တစ်ပိုင်းနဲ့တစ်ပိုင်းကိုတော့ အနည်းဆုံးတစ် ပတ်ကနေ အများဆုံး နှစ်ပတ်ကြားပဲရှိမယ့်အနေအထားမျိုးဖြစ်ပါတယ်။ အဲဒီလောက်အတွင်းမှာ အပိုင်း တွေကို ဆက်ပြီးတော့ ပြီးပြတ်အောင် ဆောင်ရွက် သွားမှာဖြစ်ပါတယ်’ ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဦးက မီဒီယာများကို ပြောသည်။ အပိုင်းလိုက် ဆောင်ရွက်ရာ တွင် ထိုသို့ထုတ်ပြန် မည့်မြို့များနှင့် ကျင်းပမည့် ရက်ကို အချိန်မီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
‘အဲဒီတော့ ကျွန်တော်တို့ကတော့ ဆောင်ရွက်နိုင်တဲ့ နောက်ဆုံးအခြေအနေကို တစ်နိုင်ငံလုံးအ တိုင်းအတာနဲ့ ဆောင်ရွက်နိုင်တဲ့အထိ အပိုင်းအလိုက်မှာ အများဆုံးဆောင်ရွက်နိုင်တဲ့ အနေအထားကို ရည်မှန်းပြီးတော့ ဒုတိယပိုင်း၊ တတိယပိုင်း ဒါတွေ ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဆောင်ရွက်တဲ့အရေအတွက်တွေကိုလည်း မြို့နယ်နဲ့ ရက်တွေနဲ့ အချိန်မီထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်’ ဟု ၎င်းက ဆိုသည်။

Zawgyi Version:
လြတ္လပ္ၿပီး တရားမွ်တေသာ ေ႐ြးေကာက္ပြဲျဖစ္ေစရန္ အာမခံေၾကာင္း UEC ကတိျပဳ
သုတေက်ာ္ (NP News) - စက္တင္ဘာ ၁၃
လြတ္လပ္ၿပီး တရားမွ်တေသာ ေ႐ြးေကာက္ပြဲျဖစ္ေစရန္ အာမခံေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ (UEC) က စက္တင္ဘာလ (၁၁)ရက္က ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ UEC ၏ ေျပာေရးဆိုခြင့္ရွိသူ အဖြဲ႕ဝင္ ဦးခင္ေမာင္ဦးက ကတိျပဳေျပာၾကားသည္။ အဆိုပါ သတင္းစာရွင္းလင္းပြဲတြင္ NP News က ေမးျမန္းခဲ့ေသာ ေမးခြန္းႏွင့္ ပတ္သက္၍ ထည့္သြင္းေျဖၾကားခဲ့ျခင္းျဖစ္သည္။
‘ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္အေနနဲ႔ (၂၀၂၀)မွာ မဲမသမာမႈနဲ႔ တရားမဲ့ျပဳက်င့္မႈေၾကာင့္ ျဖစ္ေပၚခဲ့ တဲ့ပုံရိပ္ကို ျပန္ၿပီးဆယ္တင္ရမယ့္အဖြဲ႕အစည္းျဖစ္တဲ့အတြက္ အသန႔္ရွင္းဆုံး၊ အေကာင္းဆုံးျဖစ္ေအာင္ ေဆာင္႐ြက္ လ်က္ရွိပါတယ္။ ဒါ့ျပင္ လူေတြရဲ႕ယုံၾကည္စိတ္ခ်ရမႈနဲ႔ပတ္သက္ရင္လည္း ျပည္ေထာင္စုအဆင့္ေကာ္မရွင္မွာဆိုရင္ လည္း ကြၽန္ေတာ္တို႔က အမ်ားယုံၾကည္တဲ့ သတ္မွတ္ခ်က္နဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒေနာက္ သက္ဆိုင္ရာေ႐ြး ေကာက္ပြဲ ေကာ္မရွင္ဥပေဒေတြနဲ႔အညီ ကြၽန္ေတာ္တို႔ လုပ္ထားတာျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ ႏိုင္ငံ့ဝန္ထမ္းေဟာင္းေတြ ျဖစ္ပါတယ္။ အေတြ႕အႀကဳံအားျဖင့္ ရင့္က်က္တဲ့သူေတြျဖစ္ပါတယ္။ သိကၡာ၊ သမာဓိ ရွိသူေတြျဖစ္ပါတယ္’ ဟု ဦးခင္ေမာင္ဦးက ေျပာသည္။ ထို႔ေၾကာင့္ ဂုဏ္သိကၡာကို ထိန္းသိမ္းၿပီး ေဆာင္႐ြက္သြားမည္ျဖစ္ကာ ေကာ္မရွင္အဖြဲ႕ခြဲ အဆင့္ဆင့္ကလည္း ပါတီ၊ ႏိုင္ငံေရးကင္းရွင္းသူကို ေသခ်ာစြာ စိစစ္၊ အတည္ျပဳၿပီးမွ တာဝန္ေပးျခင္း ျဖစ္ေၾကာင္းလည္း ၎က ေျပာသည္။
‘ကြၽန္ေတာ္တို႔ ေကာ္မရွင္အေနနဲ႔ကေတာ့ ဒီဟာနဲ႔ပတ္သက္ၿပီး လြတ္လပ္ၿပီး တရားမွ်တနဲ႔ ေ႐ြးေကာက္ပြဲ က်င္းပမယ္ဆိုတာ အခိုင္အမာ ဝန္ခံႏိုင္ပါတယ္။ ေနာက္ၿပီးေတာ့ အာမခံႏိုင္ပါတယ္။ ေနာက္ကိုယ့္ေအာက္က ေဆာင္ ႐ြက္ေနတဲ့ လက္တြဲ ေဖာ္ေတြ၊ မဲ႐ုံအသီးသီးမွာ ေဆာင္႐ြက္ၾကမယ့္ ပုဂၢိဳလ္ေတြကအစ အားလုံးဟာ ဥပေဒ၊ နည္းဥပေဒ ေတြနဲ႔အညီ ေဆာင္႐ြက္ေအာင္ ေလ့က်င့္ၿပီး ေဆာင္႐ြက္တာ ျဖစ္တဲ့အတြက္ လြတ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲ၊ ဂုဏ္သိကၡာရွိတဲ့ ေ႐ြးေကာက္ပြဲ ျဖစ္ေအာင္ ေဆာင္႐ြက္ေနပါတယ္။ ဒီလိုျဖစ္မယ္လို႔ အာမခံ ေၾကာင္း ေျပာလိုပါတယ္’ ဟု ဦးခင္ေမာင္ဦးက ေျပာသည္။ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို အၾကမ္းဖ်င္းအားျဖင့္ သုံးပိုင္းခြဲကာ က်င္းပမည္ျဖစ္ၿပီး စက္တင္ဘာလကုန္ပိုင္းတြင္ ပထမအႀကိမ္ မဲစာရင္း ကပ္မည္ျဖစ္ေၾကာင္းလည္း အဆိုပါ သတင္းစာ ရွင္း လင္းပြဲမွ သိရသည္။
‘အၾကမ္းဖ်င္းေတာ့ သုံးပိုင္းဝန္းက်င္ပါ။ သုံးပိုင္းထက္မ်ားရင္လည္း ေလးပိုင္းေပါ့။ ေဆာင္႐ြက္သြားဖို႔ရွိပါတယ္။ ေဆာင္႐ြက္မယ္။ ပါမယ့္ၿမိဳ႕ ေတြကို ကြၽန္ေတာ္တို႔ ေၾကညာသြားဦးမွာျဖစ္ပါတယ္။ အဲဒီေတာ့ တစ္ပိုင္းနဲ႔တစ္ပိုင္းကိုေတာ့ အနည္းဆုံးတစ္ ပတ္ကေန အမ်ားဆုံး ႏွစ္ပတ္ၾကားပဲရွိမယ့္အေနအထားမ်ိဳးျဖစ္ပါတယ္။ အဲဒီေလာက္အတြင္းမွာ အပိုင္း ေတြကို ဆက္ၿပီးေတာ့ ၿပီးျပတ္ေအာင္ ေဆာင္႐ြက္ သြားမွာျဖစ္ပါတယ္’ ဟု ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္မွ ေျပာေရးဆိုခြင့္ရွိသူ ဦးခင္ေမာင္ဦးက မီဒီယာမ်ားကို ေျပာသည္။ အပိုင္းလိုက္ ေဆာင္႐ြက္ရာ တြင္ ထိုသို႔ထုတ္ျပန္ မည့္ၿမိဳ႕မ်ားႏွင့္ က်င္းပမည့္ ရက္ကို အခ်ိန္မီ ထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။
‘အဲဒီေတာ့ ကြၽန္ေတာ္တို႔ကေတာ့ ေဆာင္႐ြက္ႏိုင္တဲ့ ေနာက္ဆုံးအေျခအေနကို တစ္ႏိုင္ငံလုံးအ တိုင္းအတာနဲ႔ ေဆာင္႐ြက္ႏိုင္တဲ့အထိ အပိုင္းအလိုက္မွာ အမ်ားဆုံးေဆာင္႐ြက္ႏိုင္တဲ့ အေနအထားကို ရည္မွန္းၿပီးေတာ့ ဒုတိယပိုင္း၊ တတိယပိုင္း ဒါေတြ ကြၽန္ေတာ္တို႔ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ ေဆာင္႐ြက္တဲ့အေရအတြက္ေတြကိုလည္း ၿမိဳ႕နယ္နဲ႔ ရက္ေတြနဲ႔ အခ်ိန္မီထုတ္ျပန္ေပးသြားမွာျဖစ္ပါတယ္’ ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.