သဘာဝဘေး ကြိုတင်သတိပေးချက်များ သိရှိနိုင်မည့် မိုဘိုင်းအက်ပလီကေးရှင်းကို ရေးဆွဲပြီးဖြစ်၍ မကြာမီအသုံးပြုနိုင်မည်ဟု နစကဆို

591

မျိုးကြီး (NP News) - အောက်တိုဘာ ၁၄
သဘာဝဘေးကြိုတင်သတိပေးချက်များ သိရှိနိုင်မည့် မိုဘိုင်းအက်ပလီကေးရှင်းကို ရေးဆွဲပြီးဖြစ်၍ မကြာမီအသုံးပြုနိုင်မည်ဟု နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
နစကဒုဥက္ကဋ္ဌက အောက်တိုဘာလ ၁၃ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် သဘာဝဘေးဆိုင်ရာ သတင်းအချက်အလက်များ ကြိုတင်ခန့်မှန်းခြင်း၊ အသိပေးထုတ်ပြန်ခြင်းကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အဓိကတာဝန်ယူ၍ သက်ဆိုင်ရာနယ်မြေဒေသအရောက် ဖြန့်ဝေခြင်းကို အုပ်ချုပ်မှုဆိုင်ရာလမ်းကြောင်းများမှ အဆင့်ဆင့်ပေးပို့ခြင်း၊ မီဒီယာမှတစ်ဆင့် အသိပေးခြင်း နည်းလမ်းများဖြင့် ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ကြိုတင်အသိပေးချက်များ၊ ဆောင်ရန်၊ရှောင်ရန်များ၊ အသိပညာပေးမှုများကို မိုဘိုင်းဖုန်းမှတစ်ဆင့်ပြည်သူများထံအချိန်နှင့်တစ်ပြေးညီ ရောက်ရှိနိုင်ရန် Myanmar Disaster Alert (MDA) မိုဘိုင်းအက်ပလီကေးရှင်းကို ဆောင်ရွက်ပြီးဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌက ပြောသည်။
မကြာမီအချိန်အတွင်း မိုဘိုင်းဖုန်းမှတစ်ဆင့် သဘာဝဘေးနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်ကြောင်း ဒုတိယဗိုလ် ချုပ်မှူးကြီးစိုးဝင်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံ၌ ပြီးခဲ့သော (၁၈)လတာကာလအတွင်း မီးဘေး(၇၄၈)ကြိမ်၊ ရေဘေး (၁၆၁)ကြိမ်၊ လေဘေး(၁၅ဝ၂)ကြိမ်၊ မြေငလျင်အပါအဝင် အခြားဘေး(၁၁၇၈)ကြိမ် စုစုပေါင်း (၃၅၈၉)ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါသဘာဝဘေးများကြောင့် လူဦးရေ(၁၅)သိန်းကျော်မှာ ဘေးဒုက္ခရောက်ရှိခဲ့ပြီး နိုင်ငံတော်က ငွေကျပ်သန်းပေါင်း (၃၆၄၇) သန်းကျော် ထောက်ပံ့ပေးခဲ့ကြောင်း နစကမှ ဆိုသည်။
မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို ထိခိုက်ခံစားလွယ်သည့် နိုင်ငံများအနက် တတိယအဆင့်တွင်ရှိနေသည့် နိုင်ငံတစ်ခုလည်း ဖြစ်သည်။

zawgyi version
သဘာဝေဘး ႀကိဳတင္သတိေပးခ်က္မ်ား သိရွိႏိုင္မည့္ မိုဘိုင္းအက္ပလီေကးရွင္းကို ေရးဆြဲၿပီးျဖစ္၍ မၾကာမီအသုံးျပဳႏိုင္မည္ဟု နစကဆို
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၁၄
သဘာဝေဘးႀကိဳတင္သတိေပးခ်က္မ်ား သိရွိႏိုင္မည့္ မိုဘိုင္းအက္ပလီေကးရွင္းကို ေရးဆြဲၿပီးျဖစ္၍ မၾကာမီအသုံးျပဳႏိုင္မည္ဟု နစကဒုဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေျပာသည္။
နစကဒုဥကၠ႒က ေအာက္တိုဘာလ ၁၃ ရက္တြင္ ေနျပည္ေတာ္၌ ျပဳလုပ္ေသာ အျပည္ျပည္ဆိုင္ရာသဘာဝေဘးအႏၲရာယ္ ထိခိုက္ဆုံးရႈံးႏိုင္ေျခေလွ်ာ့ခ်ေရးေန႔အခမ္းအနားတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
လက္ရွိတြင္ သဘာဝေဘးဆိုင္ရာ သတင္းအခ်က္အလက္မ်ား ႀကိဳတင္ခန႔္မွန္းျခင္း၊ အသိေပးထုတ္ျပန္ျခင္းကို ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနက အဓိကတာဝန္ယူ၍ သက္ဆိုင္ရာနယ္ေျမေဒသအေရာက္ ျဖန႔္ေဝျခင္းကို အုပ္ခ်ဳပ္မႈဆိုင္ရာလမ္းေၾကာင္းမ်ားမွ အဆင့္ဆင့္ေပးပို႔ျခင္း၊ မီဒီယာမွတစ္ဆင့္ အသိေပးျခင္း နည္းလမ္းမ်ားျဖင့္ ေဆာင္႐ြက္ေနေၾကာင္း ၎က ဆိုသည္။
ထို႔ျပင္ သဘာဝေဘးအႏၲရာယ္ႏွင့္ပတ္သက္သည့္ ႀကိဳတင္အသိေပးခ်က္မ်ား၊ ေဆာင္ရန္၊ေရွာင္ရန္မ်ား၊ အသိပညာေပးမႈမ်ားကို မိုဘိုင္းဖုန္းမွတစ္ဆင့္ျပည္သူမ်ားထံအခ်ိန္ႏွင့္တစ္ေျပးညီ ေရာက္ရွိႏိုင္ရန္ Myanmar Disaster Alert (MDA) မိုဘိုင္းအက္ပလီေကးရွင္းကို ေဆာင္႐ြက္ၿပီးျဖစ္ေၾကာင္း နစကဒုဥကၠ႒က ေျပာသည္။
မၾကာမီအခ်ိန္အတြင္း မိုဘိုင္းဖုန္းမွတစ္ဆင့္ သဘာဝေဘးႏွင့္ပတ္သက္၍ သတင္းအခ်က္အလက္မ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီ သိရွိႏိုင္မည္ျဖစ္ေၾကာင္း ဒုတိယဗိုလ္ ခ်ဳပ္မႉးႀကီးစိုးဝင္းက ဆက္လက္ေျပာသည္။
ျမန္မာႏိုင္ငံ၌ ၿပီးခဲ့ေသာ (၁၈)လတာကာလအတြင္း မီးေဘး(၇၄၈)ႀကိမ္၊ ေရေဘး (၁၆၁)ႀကိမ္၊ ေလေဘး(၁၅ဝ၂)ႀကိမ္၊ ေျမငလ်င္အပါအဝင္ အျခားေဘး(၁၁၇၈)ႀကိမ္ စုစုေပါင္း (၃၅၈၉)ႀကိမ္အထိ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါသဘာဝေဘးမ်ားေၾကာင့္ လူဦးေရ(၁၅)သိန္းေက်ာ္မွာ ေဘးဒုကၡေရာက္ရွိခဲ့ၿပီး ႏိုင္ငံေတာ္က ေငြက်ပ္သန္းေပါင္း (၃၆၄၇) သန္းေက်ာ္ ေထာက္ပံ့ေပးခဲ့ေၾကာင္း နစကမွ ဆိုသည္။
ျမန္မာႏိုင္ငံသည္ ကမာၻလုံးဆိုင္ရာ ရာသီဥတုေျပာင္းလဲမႈကို ထိခိုက္ခံစားလြယ္သည့္ ႏိုင္ငံမ်ားအနက္ တတိယအဆင့္တြင္ရွိေနသည့္ ႏိုင္ငံတစ္ခုလည္း ျဖစ္သည္။