မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့်ရှမ်းပြည်နယ်တို့ရှိ ‌ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပျက်စီးထိခိုက်မှုစာရင်း ကောက်ယူခဲ့

 141

စော(NP News)- ဇူလိုင် ၄
မန္တလေးငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့ရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပျက်စီးထိခိုက်မှုစာရင်းများကို ကမ္ဘာ့အဆင့်သတ်မှတ်ထားသော ပုံစံဖြင့် ကွင်းဆင်းမေးမြန်း မှတ်တမ်းတင်၍ ကောက်ယူခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ဇူလိုင် ၄ရက်က အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ မန္တလေးတိုင်းဒေသကြီးအတွင်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် သုတေသနလုပ်ငန်းထိခိုက်ပျက်စီးမှုစာရင်းကိုအား လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးက ဦးစီးကာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာစစ်တမ်းများဖြင့် လုပ်ငန်း (၁၀)ခုကို ကောက်ယူခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်း(၁၀)ခုမှာ မဟာမြတ်မုနိဘုရားပွဲတော်၊ ရှင်မာလဲဘုရားပွဲတော်၊ ဝါဆိုခြင်းအလှခတ်ပွဲတော်၊ ရက်ကန်းရက်လုပ်ခြင်း၊ အထည်ဆိုးဆေးလုပ်ငန်း၊ သဘာဝချည်ထည်ဆိုးဆေးလုပ်ငန်း၊ ရတနာ့ဂူနတ်ပွဲ၊ ပလိပ်မြွေဘုရားပွဲတော်၊ မင်္ဂလာလှည်းအလှဆင်နှင့် မြက်ဖျာရက်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်ပြီး ကျန်ရှိသည့် အမွေအနှစ်များအား ဆက်လက် စာရင်းကောက်ယူလျက် ရှိကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ရှမ်းပြည်နယ်၊ အင်းလေဒေသအတွင်း ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်သုတေသန လုပ်ငန်း ထိခိုက်ပျက်စီးမှုစာရင်းများကို မေလ (၁၀)ရက်မှ (၁၂)ရက်အထိ လုပ်ငန်း (၅)ခုကို စာရင်းကောက်ယူပြီဖြစ်ကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။
အဆိုပါလုပ်ငန်းများမှာ မြစင်္ကြာရက်ကန်းလုပ်ငန်း၊ ခေတ်ဆန်းယဉ်ရက်ကန်းလုပ်ငန်း၊ ပဒုမ္မာကြာသင်္ကန်းလုပ်ငန်း၊ ပန်းတိမ်လုပ်ငန်းနှင့် ပန်းပဲလုပ်ငန်းတို့ဖြစ်ပြီး ကောက်ယူရရှိသော မှတ်တမ်းများနှင့် ပတ်သက်၍လည်း မှတ်တမ်းသေချာစွာ ထားရှိကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ဆိုထားသည်။

Zawgyi Version:
မႏၲေလးတိုင္း၊ စစ္ကိုင္းတိုင္းႏွင့္ရွမ္းျပည္နယ္တို႔ရွိ ‌ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ပ်က္စီးထိခိုက္မႈစာရင္း ေကာက္ယူခဲ့
ေစာ(NP News)- ဇူလိုင္ ၄
မႏၲေလးငလ်င္ႀကီးေၾကာင့္ မႏၲေလးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ရွမ္းျပည္နယ္တို႔ရွိ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ ပ်က္စီးထိခိုက္မႈစာရင္းမ်ားကို ကမာၻ႔အဆင့္သတ္မွတ္ထားေသာ ပုံစံျဖင့္ ကြင္းဆင္းေမးျမန္း မွတ္တမ္းတင္၍ ေကာက္ယူခဲ့ေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာနမွ ဇူလိုင္ ၄ရက္က အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
အဆိုပါ မႏၲေလးတိုင္းေဒသႀကီးအတြင္း ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ သုေတသနလုပ္ငန္းထိခိုက္ပ်က္စီးမႈစာရင္းကိုအား လက္ေထာက္ၫႊန္ၾကားေရးမႉးတစ္ဦးက ဦးစီးကာ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ဆိုင္ရာစစ္တမ္းမ်ားျဖင့္ လုပ္ငန္း (၁၀)ခုကို ေကာက္ယူခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
အဆိုပါလုပ္ငန္း(၁၀)ခုမွာ မဟာျမတ္မုနိဘုရားပြဲေတာ္၊ ရွင္မာလဲဘုရားပြဲေတာ္၊ ဝါဆိုျခင္းအလွခတ္ပြဲေတာ္၊ ရက္ကန္းရက္လုပ္ျခင္း၊ အထည္ဆိုးေဆးလုပ္ငန္း၊ သဘာဝခ်ည္ထည္ဆိုးေဆးလုပ္ငန္း၊ ရတနာ့ဂူနတ္ပြဲ၊ ပလိပ္ေႁမြဘုရားပြဲေတာ္၊ မဂၤလာလွည္းအလွဆင္ႏွင့္ ျမက္ဖ်ာရက္လုပ္ျခင္းလုပ္ငန္းတို႔ျဖစ္ၿပီး က်န္ရွိသည့္ အေမြအႏွစ္မ်ားအား ဆက္လက္ စာရင္းေကာက္ယူလ်က္ ရွိေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ျပင္ ရွမ္းျပည္နယ္၊ အင္းေလေဒသအတြင္း ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္သုေတသန လုပ္ငန္း ထိခိုက္ပ်က္စီးမႈစာရင္းမ်ားကို ေမလ (၁၀)ရက္မွ (၁၂)ရက္အထိ လုပ္ငန္း (၅)ခုကို စာရင္းေကာက္ယူၿပီျဖစ္ေၾကာင္း ထုတ္ျပန္ထားခ်က္အရ သိရသည္။
အဆိုပါလုပ္ငန္းမ်ားမွာ ျမစၾကၤာရက္ကန္းလုပ္ငန္း၊ ေခတ္ဆန္းယဥ္ရက္ကန္းလုပ္ငန္း၊ ပဒုမၼာၾကာသကၤန္းလုပ္ငန္း၊ ပန္းတိမ္လုပ္ငန္းႏွင့္ ပန္းပဲလုပ္ငန္းတို႔ျဖစ္ၿပီး ေကာက္ယူရရွိေသာ မွတ္တမ္းမ်ားႏွင့္ ပတ္သက္၍လည္း မွတ္တမ္းေသခ်ာစြာ ထားရွိေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာနက ဆိုထားသည္။

Related news

© 2021. All rights reserved.