Blackpink ၏ အကလေ့ကျင့်မှုဗီဒီယိုဖိုင်က ကြည့်ရှုသူသန်း(၁ဝဝ)ကျော်ထိရှိခဲ့

727

ဖြိုးခန့်(NP News) - အောက်တိုဘာ ၁၆
ကမ္ဘာကျော်အမျိုးသမီးအဆိုတော်အဖွဲ့တစ်ခုဖြစ်သော Blackpink ၏ အကလေ့ကျင့်နေသော ဗီဒီယိုသည် လူမှုကွန်ရက်တစ်ခုဖြစ်သော YouTube ပေါ်တွင် ကြည့်ရှုသူသန်း(၁ဝဝ)ကျော်ရှိခဲ့ပြီး Blackpink အဖွဲ့၏ ပရိသတ်များသည် ၎င်းတို့၏ကမ္ဘာလှည့်ဖျော်ဖြေရေးအစီအစဥ်ကို ကြည့်ရှုရန် မစောင့်နိုင်တော့ကြောင်း သိရသည်။
Blackpink အဖွဲ့၏ အယ်လ်ဘမ်တစ်ခုဖြစ်သည့် Pink Venom အယ်လ်ဘမ်အတွက် အကလေ့ကျင့်မှုဗီဒီယိုသည် သြဂုတ်(၂၅)ရက်နေ့တွင် ထွက်ရှိခဲ့ပြီး (၅၂)ရက်အကြာ အောက်တိုဘာ(၁၆)ရက်နေ့တွင် စံချိန်တင်နိုင်ခဲ့ကြောင်း YG Entertainment ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါဗီဒီယိုသည် Blackpink အဖွဲ့၏ (၁၄) ကြိမ်မြောက် အကလေ့ကျင့်နေသည့်ဗီဒီယိုတစ်ခုဖြစ်ပြီး ကြည့်ရှုသူ သန်း(၁ဝဝ) ကျော်ခဲ့သော (၃၇)ခုမြောက် ဗီဒီယိုတစ်ခုဖြစ်ကြောင်းသိရသည်။
Blackpink အဖွဲ့၏ How You Like That အယ်လ်ဘမ်သည် ၂ဝ၂ဝ ပြည့်နှစ်တွင် ထွက်ရှိခဲ့ခြင်းဖြစ်ပြီး ထွက်ရှိပြီး (၁၅)ရက် နှင့် (၂၁)နာရီအကြာတွင် လူမှုကွန်ရက်တစ်ခုဖြစ်သည့် YouTube ပေါ်တွင် ကြည့်ရှုသူ သန်း(၁ဝဝ)ကျော် သွားခဲ့ကြောင်းသိရသည်။ Blackpink အဖွဲ့၏ ၂ဝ၁၉ ခုနှစ်တွင် ထွက်ရှိထားသော Kill This Love အယ်လ်ဘမ် သည်လည်း (၅၇)ရက်အတွင်း ကြည့်ရှုသူသန်း(၁ဝဝ)ကျော်ခဲ့ကြောင်းသိရသည်။
၂ဝ၁၈ ခုနှစ်တွင် ထွက်ရှိခဲ့သော Ddu-du Ddu-du အကဗီဒီယိုသည် ကြည့်ရှုသူသန်း(၁ဝဝ)ကျော်ထိ ရောက်ရန် (၃)လနီးပါးကြာမြင့်ခဲ့ကြောင်းသိရသည်။ Blackpink အဖွဲ့သည် ၎င်းတို့၏ Born Pink အမည်ပေးထားသော ကမ္ဘာလှည့်ဖျော်ဖြေပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် စတင်ဖျော်ဖြေမည်ဖြစ်ပြီး မြောက်အမေရိက၊ ဥရောပ၊ အာရှနှင့် Oceania ရှိ မြို့များသို့ ကမ္ဘာပတ်သွားရင်း ဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version;
Blackpink ၏ အကေလ့က်င့္မႈဗီဒီယိုဖိုင္က ၾကည့္ရႈသူသန္း(၁ဝဝ)ေက်ာ္ထိရွိခဲ့
ၿဖိဳးခန႔္(NP News) - ေအာက္တိုဘာ ၁၆
ကမာၻေက်ာ္အမ်ိဳးသမီးအဆိုေတာ္အဖြဲ႕တစ္ခုျဖစ္ေသာ Blackpink ၏ အကေလ့က်င့္ေနေသာ ဗီဒီယိုသည္ လူမႈကြန္ရက္တစ္ခုျဖစ္ေသာ YouTube ေပၚတြင္ ၾကည့္ရႈသူသန္း(၁ဝဝ)ေက်ာ္ရွိခဲ့ၿပီး Blackpink အဖြဲ႕၏ ပရိသတ္မ်ားသည္ ၎တို႔၏ကမာၻလွည့္ေဖ်ာ္ေျဖေရးအစီအစဥ္ကို ၾကည့္ရႈရန္ မေစာင့္ႏိုင္ေတာ့ေၾကာင္း သိရသည္။
Blackpink အဖြဲ႕၏ အယ္လ္ဘမ္တစ္ခုျဖစ္သည့္ Pink Venom အယ္လ္ဘမ္အတြက္ အကေလ့က်င့္မႈဗီဒီယိုသည္ ၾသဂုတ္(၂၅)ရက္ေန႔တြင္ ထြက္ရွိခဲ့ၿပီး (၅၂)ရက္အၾကာ ေအာက္တိုဘာ(၁၆)ရက္ေန႔တြင္ စံခ်ိန္တင္ႏိုင္ခဲ့ေၾကာင္း YG Entertainment ၏ ေဖာ္ျပခ်က္အရ သိရသည္။
အဆိုပါဗီဒီယိုသည္ Blackpink အဖြဲ႕၏ (၁၄) ႀကိမ္ေျမာက္ အကေလ့က်င့္ေနသည့္ဗီဒီယိုတစ္ခုျဖစ္ၿပီး ၾကည့္ရႈသူ သန္း(၁ဝဝ) ေက်ာ္ခဲ့ေသာ (၃၇)ခုေျမာက္ ဗီဒီယိုတစ္ခုျဖစ္ေၾကာင္းသိရသည္။
Blackpink အဖြဲ႕၏ How You Like That အယ္လ္ဘမ္သည္ ၂ဝ၂ဝ ျပည့္ႏွစ္တြင္ ထြက္ရွိခဲ့ျခင္းျဖစ္ၿပီး ထြက္ရွိၿပီး (၁၅)ရက္ ႏွင့္ (၂၁)နာရီအၾကာတြင္ လူမႈကြန္ရက္တစ္ခုျဖစ္သည့္ YouTube ေပၚတြင္ ၾကည့္ရႈသူ သန္း(၁ဝဝ)ေက်ာ္ သြားခဲ့ေၾကာင္းသိရသည္။ Blackpink အဖြဲ႕၏ ၂ဝ၁၉ ခုႏွစ္တြင္ ထြက္ရွိထားေသာ Kill This Love အယ္လ္ဘမ္ သည္လည္း (၅၇)ရက္အတြင္း ၾကည့္ရႈသူသန္း(၁ဝဝ)ေက်ာ္ခဲ့ေၾကာင္းသိရသည္။
၂ဝ၁၈ ခုႏွစ္တြင္ ထြက္ရွိခဲ့ေသာ Ddu-du Ddu-du အကဗီဒီယိုသည္ ၾကည့္ရႈသူသန္း(၁ဝဝ)ေက်ာ္ထိ ေရာက္ရန္ (၃)လနီးပါးၾကာျမင့္ခဲ့ေၾကာင္းသိရသည္။ Blackpink အဖြဲ႕သည္ ၎တို႔၏ Born Pink အမည္ေပးထားေသာ ကမာၻလွည့္ေဖ်ာ္ေျဖပြဲကို ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕တြင္ စတင္ေဖ်ာ္ေျဖမည္ျဖစ္ၿပီး ေျမာက္အေမရိက၊ ဥေရာပ၊ အာရွႏွင့္ Oceania ရွိ ၿမိဳ႕မ်ားသို႔ ကမာၻပတ္သြားရင္း ေဖ်ာ္ေျဖသြားမည္ျဖစ္ေၾကာင္းသိရသည္။