ဆိုရှယ်မီဒီယာစတား အမေရိကန် တရားသူကြီးဖရန့်ခ် ကက်ပရီယို အသက် ၈၈ နှစ်မှာ ကွယ်လွန်

270

ALynn(NP News)
တရားရုံးတွင်း အဖြစ်အပျက်များကို ရိုက်ကူးတင်ဆက်တဲ့ "Caught in Providence" ရုပ်မြင်သံကြားနဲ့ ဝဘ်စီးရီးကြောင့် အွန်လိုင်းမှာ နာမည်ကြီးခဲ့တဲ့ အမေရိကန်နိုင်ငံ၊ Rhode Island ပြည်နယ် တရားသူကြီးဟောင်း ဖရန့်ခ် ကက်ပရီယို ဟာ အသက် (၈၈) နှစ်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။
သူ့မိသားစုက “ဖရန့်ခ် ကက်ပရီယိုဟာ ပန်ကရိယကင်ဆာကို ကာလအတော်ကြာ ရင်ဆိုင်ခံစားခဲ့ရပြီးနောက် ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပြီ” လို့ ဗုဒ္ဓဟူးနေ့ (ဩဂုတ်လ ၂၀ ရက်) မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ “အမေရိကန်ရဲ့ အကြင်နာဆုံး တရားသူကြီး” အဖြစ် လူသိများတဲ့ ကက်ပရီယိုဟာ Providence မြူနီစီပယ်တရားရုံးမှာ ဆယ်စုနှစ်လေးခုနီးပါး တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး (၂၀၂၃) ခုနှစ်မှာ အနားယူခဲ့ပါတယ်။
ဖရန့်ခ် ကက်ပရီယိုဟာ အခြားသောရုပ်သံတရားသူကြီးတွေလို ပြင်းထန်တဲ့ပုံစံမျိုး မဟုတ်ဘဲ ကြင်နာတတ်တဲ့ ပုံစံကြောင့် ကျော်ကြားပါတယ်။ အခက်အခဲကြုံနေရသူတွေရဲ့ ဒဏ်ငွေတွေကို ပယ်ဖျက်ပေးလေ့ရှိပြီး ကလေးများကိုပါ အမှုဆုံးဖြတ်ရာမှာ ကူညီပေးဖို့ ဖိတ်ခေါ်လေ့ရှိပါတယ်။ သူ့ရဲ့ တရားရုံးတွင်း ဆုံးဖြတ်ပုံ ဗီဒီယိုအပိုင်းလေးတွေကို ကမ္ဘာတစ်ဝန်းက ပရိတ်သတ် တစ်ဘီလီယံကျော်က ကြည့်ရှုခဲ့ကြပြီး သူ့ရဲ့ လူသားဆန်တဲ့ပုံစံကြောင့် လူကြိုက်များခဲ့ပါတယ်။
Rhode Island ပြည်နယ် အုပ်ချုပ်ရေးမှူး ဒန်မက်ကီး က တရားသူကြီး ကက်ပရီယိုကို “တရားစီရင်ရေးမှာ ကြင်နာမှုရဲ့ ပြယုဂ်တစ်ဦးဖြစ်ပြီး လူသားဆန်မှုနဲ့အတူ တရားမျှတမှုကို ဘယ်လိုပေါင်းစပ်နိုင်တယ်ဆိုတာကို ကျွန်တော်တို့ကို ပြသသွားခဲ့သူပါ” လို့ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ဖရန့်ခ် ကက်ပရီယိုဟာ အမေရိကန်ရဲ့ ဥပဒေရေးရာစနစ်မှာ မညီမျှမှုတွေကို မကြာခဏဆိုသလို ထောက်ပြခဲ့ပါတယ်။ အထူးသဖြင့် ဝင်ငွေနည်းပါးတဲ့ အမေရိကန်နိုင်ငံသားတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နေထိုင်စရာအိမ်ရာရေးရာလို အရပ်ဘက်ကိစ္စတွေကို ရှေ့နေမပါဘဲ ရင်ဆိုင်ဖြေရှင်းနေရတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။ “တရားမျှတမှုက လူတိုင်းအတွက် လက်လှမ်းမီနိုင်ရမယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ မဟုတ်ဘူး” လို့ သူတစ်ချိန်က ပြောခဲ့ဖူးပါတယ်။
Providence မြို့ရဲ့ Federal Hill ရပ်ကွက်မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ကက်ပရီယိုဟာ ရိုးသားကြိုးစားမှုနဲ့ ပြည်နယ်ရဲ့ အထင်ရှားဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဝမ်းနည်းကြေကွဲနေတဲ့ မိသားစုတွေကို နှစ်သိမ့်ပေးတာကနေစလို့ စားသောက်ဆိုင်က ဘေလ်တွေကို ရှောင်မပြေးဖို့ စားသုံးသူတွေကို သတိပေးတာအထိ သူ့ရဲ့ ဗီဒီယိုတွေဟာ ကမ္ဘာတစ်ဝန်းမှာ လူအများရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။
ကက်ပရီယို သေဆုံးချိန်မှာတော့ သူ့ရဲ့ဇနီး၊ သားသမီး၊ မြေးမြစ်တွေနဲ့ ကမ္ဘာတစ်ဝန်းက ပရိသတ်ပေါင်းများစွာ ကျန်ရစ်ခဲ့ပါတယ်။

Zawgyi Version:
ဆိုရွယ္မီဒီယာစတား အေမရိကန္ တရားသူႀကီးဖရန႔္ခ္ ကက္ပရီယို အသက္ ၈၈ ႏွစ္မွာ ကြယ္လြန္
ALynn(NP News)
တရား႐ုံးတြင္း အျဖစ္အပ်က္မ်ားကို ႐ိုက္ကူးတင္ဆက္တဲ့ "Caught in Providence" ႐ုပ္ျမင္သံၾကားနဲ႔ ဝဘ္စီးရီးေၾကာင့္ အြန္လိုင္းမွာ နာမည္ႀကီးခဲ့တဲ့ အေမရိကန္ႏိုင္ငံ၊ Rhode Island ျပည္နယ္ တရားသူႀကီးေဟာင္း ဖရန႔္ခ္ ကက္ပရီယို ဟာ အသက္ (၈၈) ႏွစ္မွာ ကြယ္လြန္သြားၿပီျဖစ္တယ္လို႔ သိရပါတယ္။
သူ႔မိသားစုက “ဖရန႔္ခ္ ကက္ပရီယိုဟာ ပန္ကရိယကင္ဆာကို ကာလအေတာ္ၾကာ ရင္ဆိုင္ခံစားခဲ့ရၿပီးေနာက္ ၿငိမ္းခ်မ္းစြာ ကြယ္လြန္သြားခဲ့ၿပီ” လို႔ ဗုဒၶဟူးေန႔ (ဩဂုတ္လ ၂၀ ရက္) မွာ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ “အေမရိကန္ရဲ႕ အၾကင္နာဆုံး တရားသူႀကီး” အျဖစ္ လူသိမ်ားတဲ့ ကက္ပရီယိုဟာ Providence ျမဴနီစီပယ္တရား႐ုံးမွာ ဆယ္စုႏွစ္ေလးခုနီးပါး တရားသူႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး (၂၀၂၃) ခုႏွစ္မွာ အနားယူခဲ့ပါတယ္။
ဖရန႔္ခ္ ကက္ပရီယိုဟာ အျခားေသာ႐ုပ္သံတရားသူႀကီးေတြလို ျပင္းထန္တဲ့ပုံစံမ်ိဳး မဟုတ္ဘဲ ၾကင္နာတတ္တဲ့ ပုံစံေၾကာင့္ ေက်ာ္ၾကားပါတယ္။ အခက္အခဲႀကဳံေနရသူေတြရဲ႕ ဒဏ္ေငြေတြကို ပယ္ဖ်က္ေပးေလ့ရွိၿပီး ကေလးမ်ားကိုပါ အမႈဆုံးျဖတ္ရာမွာ ကူညီေပးဖို႔ ဖိတ္ေခၚေလ့ရွိပါတယ္။ သူ႔ရဲ႕ တရား႐ုံးတြင္း ဆုံးျဖတ္ပုံ ဗီဒီယိုအပိုင္းေလးေတြကို ကမာၻတစ္ဝန္းက ပရိတ္သတ္ တစ္ဘီလီယံေက်ာ္က ၾကည့္ရႈခဲ့ၾကၿပီး သူ႔ရဲ႕ လူသားဆန္တဲ့ပုံစံေၾကာင့္ လူႀကိဳက္မ်ားခဲ့ပါတယ္။
Rhode Island ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉး ဒန္မက္ကီး က တရားသူႀကီး ကက္ပရီယိုကို “တရားစီရင္ေရးမွာ ၾကင္နာမႈရဲ႕ ျပယုဂ္တစ္ဦးျဖစ္ၿပီး လူသားဆန္မႈနဲ႔အတူ တရားမွ်တမႈကို ဘယ္လိုေပါင္းစပ္ႏိုင္တယ္ဆိုတာကို ကြၽန္ေတာ္တို႔ကို ျပသသြားခဲ့သူပါ” လို႔ ခ်ီးက်ဴးဂုဏ္ျပဳခဲ့ပါတယ္။
ဖရန႔္ခ္ ကက္ပရီယိုဟာ အေမရိကန္ရဲ႕ ဥပေဒေရးရာစနစ္မွာ မညီမွ်မႈေတြကို မၾကာခဏဆိုသလို ေထာက္ျပခဲ့ပါတယ္။ အထူးသျဖင့္ ဝင္ေငြနည္းပါးတဲ့ အေမရိကန္ႏိုင္ငံသားေတြဟာ က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ ေနထိုင္စရာအိမ္ရာေရးရာလို အရပ္ဘက္ကိစၥေတြကို ေရွ႕ေနမပါဘဲ ရင္ဆိုင္ေျဖရွင္းေနရတယ္လို႔ သူက ေထာက္ျပခဲ့ပါတယ္။ “တရားမွ်တမႈက လူတိုင္းအတြက္ လက္လွမ္းမီႏိုင္ရမယ္။ ဒါေပမဲ့ လက္ေတြ႕မွာေတာ့ မဟုတ္ဘူး” လို႔ သူတစ္ခ်ိန္က ေျပာခဲ့ဖူးပါတယ္။
Providence ၿမိဳ႕ရဲ႕ Federal Hill ရပ္ကြက္မွာ ေမြးဖြားႀကီးျပင္းခဲ့တဲ့ ကက္ပရီယိုဟာ ႐ိုးသားႀကိဳးစားမႈနဲ႔ ျပည္နယ္ရဲ႕ အထင္ရွားဆုံး ပုဂၢိဳလ္တစ္ဦး ျဖစ္လာခဲ့ပါတယ္။ ဝမ္းနည္းေၾကကြဲေနတဲ့ မိသားစုေတြကို ႏွစ္သိမ့္ေပးတာကေနစလို႔ စားေသာက္ဆိုင္က ေဘလ္ေတြကို ေရွာင္မေျပးဖို႔ စားသုံးသူေတြကို သတိေပးတာအထိ သူ႔ရဲ႕ ဗီဒီယိုေတြဟာ ကမာၻတစ္ဝန္းမွာ လူအမ်ားရဲ႕ စိတ္ဝင္စားမႈကို ရရွိခဲ့ပါတယ္။
ကက္ပရီယို ေသဆုံးခ်ိန္မွာေတာ့ သူ႔ရဲ႕ဇနီး၊ သားသမီး၊ ေျမးျမစ္ေတြနဲ႔ ကမာၻတစ္ဝန္းက ပရိသတ္ေပါင္းမ်ားစြာ က်န္ရစ္ခဲ့ပါတယ္။