မြန်မာနိုင်ငံ၌ CMP စက်ရုံ (၅ဝဝ)ကျော်ကို တရုတ်လုပ်ငန်းရှင်များက ထူထောင်ထားပြီး အလုပ်အကိုင်(၄)သိန်းခန့်ပေးအပ်ထားဟုဆို

 987

မျိုးကြီး (NP News) - အောက်တိုဘာ ၁၇

မြန်မာနိုင်ငံ၌ လက်ခစားလုပ်ငန်း(CMP) စက်ရုံပေါင်း (၅ဝဝ)ကျော်ကို တရုတ်လုပ် ငန်းရှင်များက ထူထောင်ထားပြီး အလုပ်အကိုင်(၄)သိန်းခန့် ပေးအပ်ထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ယနေ့ (အောက်တိုဘာလ ၁၇ ရက်)တွင် မြန်မာ နိုင်ငံ “The Belt and Road” နိုင်ငံတကာ ကုန်ထုတ်စွမ်းရည် ပူးပေါင်းဆောင်ရွက်ရေးမွမ်းမံသင်တန်းနှင့်ပတ်သက်၍ ထုတ်ပြန်ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားကို မြန်ဆန်စွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အားဖြည့်ပေးရန် ဆန္ဒရှိပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ် ငန်းရှင်များသည် ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ် ငန်း(CMP)များတွင် အများဆုံးရင်းနှီးမြှုပ်နှံထားကြောင်း သံရုံးက ဆိုသည်။

တရုတ်လုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် CMP စက်ရုံ (၅ဝဝ)ကျော် ထူထောင်ထားကာ အလုပ်အကိုင် (၄)သိန်းခန့် ဖော်ဆောင်ပေးထားကြောင်းလည်း မြန်မာ နိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်ထားသည်။

ထို့ပြင် ၎င်းစက်ရုံများသည် မြန်မာနိုင်ငံ၌ တရားဝင်စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းလည်ပတ်နေသည်ဟုလည်း သံရုံးဘက်က ပြောဆိုထားသည်။

မြန်မာနိုင်ငံရှိ CMP စက်ရုံလုပ်ငန်းများထဲတွင် တရုတ်၊ ထိုင်ဝမ်နှင့် ကိုရီးယားနိုင်ငံတို့က အများဆုံးရင်းနှီးမြှုပ်နှံကာ လုပ်ကိုင်လျက်ရှိပြီး ဂျပန်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့၏ ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှုများရှိသော်လည်း နည်းပါးသေးကြောင်း အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ယခုနှစ် (၂ဝ၂၂ ခုနှစ်) မေလကုန်အထိ စာရင်းများအရ အထည်ချုပ်၊ ဖိနပ်ချုပ်၊ ဆံ ပင်အတုအပါအဝင် အခြားသော လုပ်ငန်းများလုပ်ကိုင်သည့် CMP စက်ရုံပေါင်း ၆၃၂ ရုံရှိပြီး အထည်ချုပ်လုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်း၊ ဆံပင်အတု လုပ်ငန်းများကို လခ စားလုပ်ကိုင်သော CMP စက်ရုံပေါင်းမှာ ၃၉ ရုံရှိကာ စုစုပေါင်း စက်ရုံ ၆၇၁ ရုံအထိ ရှိကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံ၌ CMP စက္႐ုံ (၅ဝဝ)ေက်ာ္ကို တ႐ုတ္လုပ္ငန္းရွင္မ်ားက ထူေထာင္ထားၿပီး အလုပ္အကိုင္(၄)သိန္းခန႔္ေပးအပ္ထားဟုဆို
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၁၇

ျမန္မာႏိုင္ငံ၌ လက္ခစားလုပ္ငန္း(CMP) စက္႐ုံေပါင္း (၅ဝဝ)ေက်ာ္ကို တ႐ုတ္လုပ္ ငန္းရွင္မ်ားက ထူေထာင္ထားၿပီး အလုပ္အကိုင္(၄)သိန္းခန႔္ ေပးအပ္ထားေၾကာင္း သတင္းရရွိသည္။

ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံးက ယေန႔ (ေအာက္တိုဘာလ ၁၇ ရက္)တြင္ ျမန္မာ ႏိုင္ငံ “The Belt and Road” ႏိုင္ငံတကာ ကုန္ထုတ္စြမ္းရည္ ပူးေပါင္းေဆာင္႐ြက္ေရးမြမ္းမံသင္တန္းႏွင့္ပတ္သက္၍ ထုတ္ျပန္ရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္း ထုတ္ျပန္ထားျခင္းျဖစ္သည္။

တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံအပါအဝင္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံအမ်ားအျပားကို ျမန္ဆန္စြာဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အားျဖည့္ေပးရန္ ဆႏၵရွိၿပီး တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ ငန္းရွင္မ်ားသည္ ကုန္ၾကမ္းယူ၊ ကုန္ေခ်ာေပးေဆာင္႐ြက္ေသာ လက္ခစားလုပ္ ငန္း(CMP)မ်ားတြင္ အမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္း သံ႐ုံးက ဆိုသည္။

တ႐ုတ္လုပ္ငန္းရွင္မ်ားက ျမန္မာႏိုင္ငံတြင္ CMP စက္႐ုံ (၅ဝဝ)ေက်ာ္ ထူေထာင္ထားကာ အလုပ္အကိုင္ (၄)သိန္းခန႔္ ေဖာ္ေဆာင္ေပးထားေၾကာင္းလည္း ျမန္မာ ႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံးက ထုတ္ျပန္ထားသည္။

ထို႔ျပင္ ၎စက္႐ုံမ်ားသည္ ျမန္မာႏိုင္ငံ၌ တရားဝင္စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ လုပ္ငန္းလည္ပတ္ေနသည္ဟုလည္း သံ႐ုံးဘက္က ေျပာဆိုထားသည္။

ျမန္မာႏိုင္ငံရွိ CMP စက္႐ုံလုပ္ငန္းမ်ားထဲတြင္ တ႐ုတ္၊ ထိုင္ဝမ္ႏွင့္ ကိုရီးယားႏိုင္ငံတို႔က အမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံကာ လုပ္ကိုင္လ်က္ရွိၿပီး ဂ်ပန္၊ အိႏၵိယႏွင့္ ထိုင္းႏိုင္ငံတို႔၏ ရင္းႏွီးျမႇဳပ္ႏွံလုပ္ကိုင္မႈမ်ားရွိေသာ္လည္း နည္းပါးေသးေၾကာင္း အလုပ္သမားဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

ယခုႏွစ္ (၂ဝ၂၂ ခုႏွစ္) ေမလကုန္အထိ စာရင္းမ်ားအရ အထည္ခ်ဳပ္၊ ဖိနပ္ခ်ဳပ္၊ ဆံ ပင္အတုအပါအဝင္ အျခားေသာ လုပ္ငန္းမ်ားလုပ္ကိုင္သည့္ CMP စက္႐ုံေပါင္း ၆၃၂ ႐ုံရွိၿပီး အထည္ခ်ဳပ္လုပ္ငန္း၊ ဖိနပ္ခ်ဳပ္လုပ္ငန္း၊ ဆံပင္အတု လုပ္ငန္းမ်ားကို လခ စားလုပ္ကိုင္ေသာ CMP စက္႐ုံေပါင္းမွာ ၃၉ ႐ုံရွိကာ စုစုေပါင္း စက္႐ုံ ၆၇၁ ႐ုံအထိ ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.