ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ(၄)ရက်တွင် စတင်ကျင်းပမည်

 919

ယွန်း (NP News) - အောက်တိုဘာ ၃ဝ

ပြင်ဦးလွင်မြို့၊ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား၏ (၁၆)ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ(၄)ရက်မှ (၈)ရက်အထိ (၅) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့၏ အေးချမ်းသာယာမှု၊ ကြွယ်ဝမှုနှင့် တိုင်းဒေသကြီး၏ ဖွံ့ဖြိုးတိုး တက်မှုကို အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ကျင်းပရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဆိုသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုက ပြီးခဲ့သည့် အောက်တို ဘာလ (၂၉)ရက်၊ နေ့လယ်ပိုင်းတွင် ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသော အစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို (၂ဝဝ၅)ခုနှစ်မှ စတင်၍ နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့သော်လည်း ကိုဗစ်(၁၉)ရောဂါကြောင့် (၂)နှစ်ကြာရပ်နားထားခဲ့ရပြီး ယခုကျင်းပမည့် ပွဲတော်သည်(၁၆)ကြိမ်မြောက် ဖြစ်ကြောင်းသိရသည်။

တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ(၄)ရက်မှ (၈)ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မသိုးသင်္ကန်းရက်ကန်းခတ်ပူဇော်ပွဲကို မဟာအံ့ထူးကံသာဘုရားရင်ပြင်ပေါ်တွင် နံနက်(၅)နာရီအချိန်၌အပြီးဆပ်ကပ်ပူဇော်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပြောသည်။

ထို့ပြင် ညနေ(၆)နာရီအချိန်တွင် ဘုရားရင်ပြင်ပေါ်၌ ဆီမီး(၉ဝဝဝ) ဆပ်ကပ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် မီးပုံးကွင်းတွင် စိန်နားပန်မီးပုံးပျံ(၁၆)လုံး၊ ညမီးကျည် မီးပုံးပျံ(၁၄)လုံး၊ နေ့အရုပ်အလှတို့ကို အဖွဲ့(၄၆)ဖွဲ့မှယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဆိုသည်။

ထို့ပြင် ရိုးရာခြင်းအလှခတ်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲများကိုလည်း မီးပုံးကွင်းအတွင်း၌ နိုဝင်ဘာလ(၅)ရက်မှစတင်၍ နေ့ စဉ်နံနက်(၈)နာရီမှ ညနေ(၆)နာရီအထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြင်ဦးလွင်မီးပုံးပျံပွဲတော်တွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ စိတ်ဝင်တစားလာရောက်ကြည့်ရှုခြင်းဖြင့် ဒေသစီးပွားရေးလုပ်ငန်းများ ပိုမိုအား ကောင်းလာမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အသိပေးပြောကြားခဲ့သည်။

zawgyi version
ျပင္ဦးလြင္တန္ေဆာင္တိုင္ မီးပုံးပ်ံပြဲေတာ္ကို ႏိုဝင္ဘာလ(၄)ရက္တြင္ စတင္က်င္းပမည္
ယြန္း (NP News) - ေအာက္တိုဘာ ၃ဝ

ျပင္ဦးလြင္ၿမိဳ႕၊ မဟာအံ့ထူးကံသာ ဆုေတာင္းျပည့္ဘုရား၏ (၁၆)ႀကိမ္ေျမာက္ ျပင္ဦးလြင္တန္ေဆာင္တိုင္မီးပုံးပ်ံပြဲေတာ္ကို ႏိုဝင္ဘာလ(၄)ရက္မွ (၈)ရက္အထိ (၅) ရက္ၾကာက်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျပင္ဦးလြင္ၿမိဳ႕၏ ေအးခ်မ္းသာယာမႈ၊ ႂကြယ္ဝမႈႏွင့္ တိုင္းေဒသႀကီး၏ ဖြံ႕ၿဖိဳးတိုး တက္မႈကို အေထာက္အကူျဖစ္ေစရန္ရည္႐ြယ္၍ တန္ေဆာင္တိုင္ မီးပုံးပ်ံပြဲေတာ္ကို က်င္းပရျခင္းျဖစ္ေၾကာင္း တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္မွ ဆိုသည္။

မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးေမာင္ကိုက ၿပီးခဲ့သည့္ ေအာက္တို ဘာလ (၂၉)ရက္၊ ေန႔လယ္ပိုင္းတြင္ ျပင္ဦးလြင္ခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန႐ုံးတြင္ က်င္းပေသာ အစည္းအေဝး၌ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

ျပင္ဦးလြင္တန္ေဆာင္တိုင္မီးပုံးပ်ံပြဲေတာ္ကို (၂ဝဝ၅)ခုႏွစ္မွ စတင္၍ ႏွစ္စဥ္ႏွစ္တိုင္းက်င္းပခဲ့ေသာ္လည္း ကိုဗစ္(၁၉)ေရာဂါေၾကာင့္ (၂)ႏွစ္ၾကာရပ္နားထားခဲ့ရၿပီး ယခုက်င္းပမည့္ ပြဲေတာ္သည္(၁၆)ႀကိမ္ေျမာက္ ျဖစ္ေၾကာင္းသိရသည္။

တန္ေဆာင္တိုင္မီးပုံးပ်ံပြဲေတာ္ကို ႏိုဝင္ဘာလ(၄)ရက္မွ (၈)ရက္အထိ က်င္းပသြားမည္ျဖစ္ၿပီး မသိုးသကၤန္းရက္ကန္းခတ္ပူေဇာ္ပြဲကို မဟာအံ့ထူးကံသာဘုရားရင္ျပင္ေပၚတြင္ နံနက္(၅)နာရီအခ်ိန္၌အၿပီးဆပ္ကပ္ပူေဇာ္သြားမည္ျဖစ္ေၾကာင္း တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္မွ ေျပာသည္။

ထို႔ျပင္ ညေန(၆)နာရီအခ်ိန္တြင္ ဘုရားရင္ျပင္ေပၚ၌ ဆီမီး(၉ဝဝဝ) ဆပ္ကပ္ပူေဇာ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေနာက္ မီးပုံးကြင္းတြင္ စိန္နားပန္မီးပုံးပ်ံ(၁၆)လုံး၊ ညမီးက်ည္ မီးပုံးပ်ံ(၁၄)လုံး၊ ေန႔အ႐ုပ္အလွတို႔ကို အဖြဲ႕(၄၆)ဖြဲ႕မွယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္မွ ဆိုသည္။

ထို႔ျပင္ ႐ိုးရာျခင္းအလွခတ္ပြဲ၊ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ၊ ေဘာ္လီေဘာၿပိဳင္ပြဲႏွင့္ ဖူဆယ္ေဘာလုံးၿပိဳင္ပြဲမ်ားကိုလည္း မီးပုံးကြင္းအတြင္း၌ ႏိုဝင္ဘာလ(၅)ရက္မွစတင္၍ ေန႔ စဥ္နံနက္(၈)နာရီမွ ညေန(၆)နာရီအထိ ယွဥ္ၿပိဳင္ကစားသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျပင္ဦးလြင္မီးပုံးပ်ံပြဲေတာ္တြင္ ျပည္တြင္း၊ ျပည္ပခရီးသြားဧည့္သည္မ်ား စိတ္ဝင္တစားလာေရာက္ၾကည့္ရႈျခင္းျဖင့္ ေဒသစီးပြားေရးလုပ္ငန္းမ်ား ပိုမိုအား ေကာင္းလာမည္ျဖစ္ေၾကာင္း တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္မွ အသိေပးေျပာၾကားခဲ့သည္။

Picture

Ye Htun

30/10/2022 20:32

kia ခွေးတွေ..အကြမ်းဖက်နိုင်တယ်..သတိကြီးကြီးရှိစေချင်ပါတယွ်

Related news

© 2021. All rights reserved.