ဘင်္ဂလားဒေရှ့် လေကြောင်းပိုင်နက်ကိုချိုးဖောက်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်း မြန်မာ BGP ဆို

4754

ဂျန်ဇက် (NP News) - အောက်တိုဘာ ၃၁
ပြီးခဲ့တဲ့လများအတွင်း မြန်မာစစ်တပ် နဲ့ ရခိုင်ပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များ တိုက်ပွဲများဖြစ်ပွားချိန်အတွင်း ဘင်္ဂလားဒေရှ့်လေကြောင်းပိုင်နက်ထဲကို ချိုးဖောက်သလိုဖြစ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိကြောင်း မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့တာဝန်ရှိသူက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ရဲမှူးကြီး ရဲဝေစိုး ဦးဆောင်တဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ BGP ကိုယ်စား လှယ်အဖွဲ့နဲ့ ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ်ဖွဲ့တို့ အောက်တိုဘာ ၃ဝ ရက်နေ့က အလံတင်အစည်းအဝေးလုပ် တွေ့ဆုံဆွေးနွေးချိန်အတွင်း မြန်မာနယ်ခြားစောင့်တပ်ဖွဲ့က အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။
ဘင်္ဂလားဒေရှ့်အမှတ် ၂ နယ်ခြားစောင့်တပ်ဖွဲ့အကြီးအကဲ ဒုတိယဗိုလ်မှူးကြီး Sheikh Khalid Mohammad Iftekhar က မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ BGP က နယ်စပ်ဖြတ်ကျော်မှုများ ထပ်မံမဖြစ်စေဖို့ ကတိပြုခဲ့ကြောင်းဆိုပါတယ်။
ဘင်္ဂလားဒေရှ့်အမှတ် ၂ နယ်ခြားစောင့်တပ်ဖွဲ့အကြီးအကဲက "ကျွန်တော်တို့ BGB နဲ့ မြန်မာနိုင်ငံရဲ့ BGP တို့ဟာ နယ်စပ်ဒေသအခြေအနေများနဲ့ပတ်သက်ပြီး အတူတကွပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့တယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်းကို မြန်မာနိုင်ငံသားများ စိမ့်ဝင်ခြင်း၊ မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းမှုများ တားဆီးရေးအပါအဝင် ကိစ္စတော်တော်များများကို ဆွေးနွေးခဲ့တယ်" လို့ပြောပါတယ်။
မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ BGP က ရခိုင်ပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့ဟာ နယ်စပ်ဒေသကိုဖြတ်သန်းပြီး ဘင်္ဂလားဒေရှ့်နိုင်ငံထဲ ထွက်ပြေးခဲ့သလို အဲဒီလက်နက်ကိုင်အဖွဲ့တွေဟာ ဘင်္ဂလားဒေရှ့် နဲ့ မြန်မာနယ်စပ်ဒေသတွေမှာ ရာဇဝတ်မှုများကျူးလွန်လျက်ရှိနေကြောင်း ဆိုခဲ့ပါတယ်။
ဘင်္ဂလားဒေရှ့်အမှတ် ၂ နယ်ခြားစောင့်တပ်ဖွဲ့အကြီးအကဲ ဒုတိယဗိုလ်မှူးကြီး Sheikh Khalid Mohammad Iftekhar ဟာ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ပြေဆိုချက်တွေကို ငြင်းဆန်ထားတယ်လို့ သိရပါတယ်။
၄င်းက "ကျွန်တော်တို့ဟာ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ BGP ကို ပြန်ပြောခဲ့တယ်။ ဘယ်လက်နက်ကိုင်အဖွဲ့ကိုမှ ဘင်္ဂလားဒေရှ့်ပိုင်နက်ကိုအသုံးပြုခွင့်ပေးမှာ မဟုတ်ဘူးလို့ BGP ကို ပြန်အသိပေးပြောဆိုခဲ့တယ်။
လက်ရှိအချိန်မှာ ဘင်္ဂလားဒေရှ့်အစိုးရဟာ လက်နက်ကိုင်အဖွဲ့တွေကို ကူညီထောက်ပံ့တာမျိုးမရှိသလို နိုင်ငံအတွင်းမှာ လက်ခံထားတာမျိုးမရှိဘူး" လို့ပြောပါတယ်။

Zawgyi Version;
ဘဂၤလားေဒရွ႕္ ေလေၾကာင္းပိုင္နက္ကိုခ်ိဳးေဖာက္ခဲ့တဲ့အတြက္ စိတ္မေကာင္းျဖစ္မိေၾကာင္း ျမန္မာ BGP ဆို
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၃၁
ၿပီးခဲ့တဲ့လမ်ားအတြင္း ျမန္မာစစ္တပ္ နဲ႔ ရခိုင္ျပည္နယ္ရွိ လက္နက္ကိုင္အဖြဲ႕မ်ား တိုက္ပြဲမ်ားျဖစ္ပြားခ်ိန္အတြင္း ဘဂၤလားေဒရွ႕္ေလေၾကာင္းပိုင္နက္ထဲကို ခ်ိဳးေဖာက္သလိုျဖစ္ခဲ့ျခင္းနဲ႔ပတ္သက္ၿပီး စိတ္မေကာင္းျဖစ္မိေၾကာင္း ျမန္မာနယ္ျခားေစာင့္ရဲတပ္ဖြဲ႕တာဝန္ရွိသူက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ရဲမႉးႀကီး ရဲေဝစိုး ဦးေဆာင္တဲ့ ျမန္မာနယ္ျခားေစာင့္ရဲတပ္ဖြဲ႕ BGP ကိုယ္စား လွယ္အဖြဲ႕နဲ႔ ဘဂၤလားေဒရွ႕္နယ္ျခားေစာင့္တပ္ဖြဲ႕တို႔ ေအာက္တိုဘာ ၃ဝ ရက္ေန႔က အလံတင္အစည္းအေဝးလုပ္ ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း ျမန္မာနယ္ျခားေစာင့္တပ္ဖြဲ႕က အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။
ဘဂၤလားေဒရွ႕္အမွတ္ ၂ နယ္ျခားေစာင့္တပ္ဖြဲ႕အႀကီးအကဲ ဒုတိယဗိုလ္မႉးႀကီး Sheikh Khalid Mohammad Iftekhar က ျမန္မာနယ္ျခားေစာင့္ရဲတပ္ဖြဲ႕ BGP က နယ္စပ္ျဖတ္ေက်ာ္မႈမ်ား ထပ္မံမျဖစ္ေစဖို႔ ကတိျပဳခဲ့ေၾကာင္းဆိုပါတယ္။
ဘဂၤလားေဒရွ႕္အမွတ္ ၂ နယ္ျခားေစာင့္တပ္ဖြဲ႕အႀကီးအကဲက "ကြၽန္ေတာ္တို႔ BGB နဲ႔ ျမန္မာႏိုင္ငံရဲ႕ BGP တို႔ဟာ နယ္စပ္ေဒသအေျခအေနမ်ားနဲ႔ပတ္သက္ၿပီး အတူတကြပူးေပါင္းေဆာင္႐ြက္ဖို႔ သေဘာတူညီခဲ့တယ္။ ဘဂၤလားေဒရွ႕္ႏိုင္ငံအတြင္းကို ျမန္မာႏိုင္ငံသားမ်ား စိမ့္ဝင္ျခင္း၊ မူးယစ္ေဆးဝါးေမွာင္ခိုတင္သြင္းမႈမ်ား တားဆီးေရးအပါအဝင္ ကိစၥေတာ္ေတာ္မ်ားမ်ားကို ေဆြးေႏြးခဲ့တယ္" လို႔ေျပာပါတယ္။
ျမန္မာနယ္ျခားေစာင့္ရဲတပ္ဖြဲ႕ BGP က ရခိုင္ျပည္နယ္ရွိ လက္နက္ကိုင္အဖြဲ႕ဟာ နယ္စပ္ေဒသကိုျဖတ္သန္းၿပီး ဘဂၤလားေဒရွ႕္ႏိုင္ငံထဲ ထြက္ေျပးခဲ့သလို အဲဒီလက္နက္ကိုင္အဖြဲ႕ေတြဟာ ဘဂၤလားေဒရွ႕္ နဲ႔ ျမန္မာနယ္စပ္ေဒသေတြမွာ ရာဇဝတ္မႈမ်ားက်ဴးလြန္လ်က္ရွိေနေၾကာင္း ဆိုခဲ့ပါတယ္။
ဘဂၤလားေဒရွ႕္အမွတ္ ၂ နယ္ျခားေစာင့္တပ္ဖြဲ႕အႀကီးအကဲ ဒုတိယဗိုလ္မႉးႀကီး Sheikh Khalid Mohammad Iftekhar ဟာ ျမန္မာနယ္ျခားေစာင့္ရဲတပ္ဖြဲ႕ရဲ႕ေျပဆိုခ်က္ေတြကို ျငင္းဆန္ထားတယ္လို႔ သိရပါတယ္။
၄င္းက "ကြၽန္ေတာ္တို႔ဟာ ျမန္မာနယ္ျခားေစာင့္ရဲတပ္ဖြဲ႕ BGP ကို ျပန္ေျပာခဲ့တယ္။ ဘယ္လက္နက္ကိုင္အဖြဲ႕ကိုမွ ဘဂၤလားေဒရွ႕္ပိုင္နက္ကိုအသုံးျပဳခြင့္ေပးမွာ မဟုတ္ဘူးလို႔ BGP ကို ျပန္အသိေပးေျပာဆိုခဲ့တယ္။
လက္ရွိအခ်ိန္မွာ ဘဂၤလားေဒရွ႕္အစိုးရဟာ လက္နက္ကိုင္အဖြဲ႕ေတြကို ကူညီေထာက္ပံ့တာမ်ိဳးမရွိသလို ႏိုင္ငံအတြင္းမွာ လက္ခံထားတာမ်ိဳးမရွိဘူး" လို႔ေျပာပါတယ္။